အင်္ဂလန်​နဲ့ အက်​စတွန်​​ဗီလာ ​နောက်​ခံလူ တိုင်​ရွန်​မင့်​က လီ​ဗာပူး ​​ဗဟို​နောက်​ခံလူ ​ဗာဂျယ်​​ဗန်​ဒိုက်​ဟာ ​ဘောလုံးကွင်းထဲမှာ သူ အတုယူ ရတဲ့ ကစားသမား တစ်​ဦး ဖြစ်​တယ်​လို့ ဝန်​ခံသွား ခဲ့ပါတယ်​။ မင့်​ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ​ခြေစွမ်းပြ ကစား​နေတာ​ကြောင့်​ အင်္ဂလန်​ လက်​​ရွေးစင်​ အသင်းအတွက်​ ပထမဦးဆုံး ​ရွေးချယ်​ ခံထားရတဲ့ သူဖြစ်​ပါတယ်​။

ပြီးခဲ့တဲ့ ​နွေရာသီက ဘုန်း​မောက်​ အသင်းက​နေ ​ပြောင်း​ရွေ့ လာခဲ့ပြီး​နောက်​ အသက် ၂၆ နှစ်​အရွယ်​ ကစားသမားရဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပြသ​နေတဲ့ ​ခြေစွမ်း​တွေဟာ လီ​ဗာပူး ​နောက်​ခံလူ ​ဗန်​ဒိုက်​ နဲ့ အနှိုင်းခံ ​နေရပါတယ်​။ နယ်​သာလန်​ ​နောက်​ခံလူဟာ ၂၀၁၈ ဇန်​န၀ါရီက ​ဆောက်​သမ်​တန်​ မှ လီ​ဗာပူး ကို အဆိုပါ အချိန်​ရဲ့ ​နောက်​ခံလူ တစ်​ဦးအတွက်​ ကမ္ဘာ့စံချိန်​တင်​ ​ပြောင်း​ရွေ့​ကြေး ​ပေါင်​ ၇၅ သန်းနဲ့ ​ပြောင်းလာခဲ့သူ ဖြစ်​ပြီး ​ဗန်​ဒိုက်​ဟာ ၎င်း​ရောက်​ရှိ လာခဲ့ပြီး​နောက်​ လီ​ဗာပူးကို များစွာ တိုးတက်​လာ​စေခဲ့ကာ စစ​ရောက်​ခြင်း ရာသီမှာ ချန်​ပီယံလိဂ်​ဖိုင်​နယ်​ ​​ရောက်​​အောင်​ ကူညီ ​ပေးခဲ့သလို ပြီးခဲ့တဲ့ရာသီကလည်း ချန်​ပီယံလိဂ်​ဖလား ရယူ​ပေးခဲ့ပါတယ်​။

ဒီအတွက်​​ကြောင့်​ ​ဗန်​ဒိုက်​ဟာ ယူအီးအက်​​​အေ တစ်​နှစ်​တာအ​ကောင်းဆုံး ကစားသမားဆု အပြင်​ PFA တစ်​နှစ်​တာ အ​ကောင်းဆုံး ဆုတို့ကို ရရှိထားပြီး ဖြစ်​ပါတယ်​။ ​ဗန်​ဒိုက်​နဲ့ နှိုင်းယှဉ်​မှု​တွေ အ​ပေါ် တိုင်​ရွန်​မင့်​က “ကျွန်​​တော်​က​တော့ သူဟာ လက်​ရှိအချိန် ကမ္ဘာ​ပေါ်မှာ အပြီးပြည့်​စုံဆုံး ​ဗဟို ​နောက်​ခံလူ​တွေ ထဲက တစ်ဦးလို့ ကျွန်​​တော်​ ထင်​ပါတယ်​။ ကျွန်​​တော်​ဟာ တက်​နိုင်​သမျှ ​​ဗဟို​နောက်​ခံလူ အမျိုးမျိုးရဲ့ video clips ​တွေကို ကြိုးစား ကြည့်​ဖြစ်​ပါတယ်​။ ​ပြီး​တော့ ​နေရာ အမျိုးမျိုး ၊ လူအမျိုးမျိုး ဆီက ခြားနားတဲ့ သင်​ယူမှု​တွေ လုပ်​ပါတယ်​။

သူဟာ ကျွန်​​တော်​ ကွင်းထဲမှာ အတူယူချင်​တဲ့ လူပုဂ္ဂိုလ်​ တစ်​ဦးဆိုတာ အ​သေအချာ ပါပဲ။ သူနဲ့ တစ်​တန်းတည်း ထားပြီး ​ပြောခံရတာ ၊ နှိုင်းယှဉ်​ခံရတာ​တွေဟာ တကယ်​ကို အ​ပေါင်းလက္ခဏာ ​ဆောင်​တဲ့ အရာပါ။ ကျွန်​​တော်​ ဒီနှိုင်းယှဉ်​မှု​တွေ အ​ပေါ် ​နစ်​​မျောသွားမှာ မဟုတ်​ပါဘူး။ ဒီအတွက်​ ကျွန်​​တော်​ ခရီး အ​ဝေးကြီး ​လျှောက်​လှမ်း ရအုံးမှာပါ။ ဒါ​ပေမယ့်​ ဒီလို နှိုင်းယှ​ဉ်​ ခံရတာဟာ ​ကောင်းပါတယ်​။” လို့ ဆိုလိုက်​ပါတယ်​။

လီ​ဗာပူး နဲ့ အက်​စတွန်​​ဗီလာ တို့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် မှာ ပထမဦးဆုံး ​တွေ့ဆုံမှုက​တော့ လာမည့်​ နိုဝင်​ဘာ ၂ရက်​​နေ့ ​ဗီလာပက်​မှာ ဖြစ်​ပါတယ်​။ ​နောက်​ခံလူ ​ဗန်​ဒိုက်​ က သူဟာ ပြီးခဲ့တဲ့ရာသီက လီ​ဗာပူး မှာ တစ်​ဦးချင်း​ကော အသင်းလိုက်​ပါ ​အောင်​မြင်​မှု​တွေ ရခဲ့​ပေမယ့်​ ဒီရာသီ ​နောက်​ထပ်​ ဆုဖလား​တွေ အတွက်​ ဆိုရင်​ သူနဲ့ လီ​ဗာပူးတို့ ​အောက်​​ခြေက​နေ စတင်​သွားရမယ်​လို့ ​ဆိုသွားပါတယ်​။

ဗန်​ဒိုက်​က “ကျွန်​​တော်​ လုပ်​ချင်​တဲ့ တစိခုတည်း​သော အရာက​တော့ အာရုံစိုက်​ဖို့ နဲ့ ပို​ကောင်းလာဖို့ ဖြစ်​ပါတယ်​။ ကျွန်​​တော်​တို့ အ​နေနဲ့ တိုးတက်​ဖို့ လိုအပ်​​နေတာ​တွေ အများကြီးပါ။ ဒါဟာ ကျွန်​​တော်​ လုပ်​ချင်​တဲ့ တစ်​ခုတည်း​သော အရာပါ။ ​ခေါင်းထဲကို ထည့်​ထားရမယ့်​ တစ်​ခုတည်း​သော အရာက​တော့ ကျွန်​​တော်​တို့ အားလုံး ​အောက်​​ခြေက​နေ စတင်​သွားရမယ်​ ဆိုတာပါပဲ။ ကျွန်​​တော်​တို့ ပြီးခဲ့တဲ့ရာသီက ချန်​ပီယံလိဂ်​ဖလား ဆွတ်​ခူး နိုင်​ခဲ့ပါတယ်​။ ဒါကို အခု ​မေ့ထားရ​တော့ မှာပါ။ ကျွန်​တော်​တို့ ​အောက်​​ခြေက​နေ စတင်​သွား ရပါမယ်​။ ဒီလိုပဲ ဖြစ်​ရပါမယ်​။ ဘာလို့လဲဆို​တော့ ဒါဟာ အမှန်​တရား ဖြစ်​​နေလို့ပါ။ ကျွန်​​တော်​တို့ အားလုံး ဒါကို ​ခေါင်းထဲမှာ ထည့်​ထား နိုင်​ခဲ့မယ်​ဆိုရင်​ ကျွန်​​တော်​တို့ အဆင်​​ပြေ မှာပါ။” လို့ ဆိုသွားပါတယ်​။

SM