ပရီးမီး ယားလိဂ် ရာသီ သစ် စတင် ခဲ့တာ ဟာ

ပွဲစဉ် ၄ ပြီးသည် အထိ အစွမ်းပြ ထားကြတဲ့ ကစား သမား တွေ ထဲ မှာတော့ တန်းတက် နောဝှစ်ခ်ျ အသင်း ရဲ့ တိုက်စစ်မှုး တေမူး ပက်ကီ လည်း ပါဝင် နေခဲ့ ပါတယ် ။ ပက်ကီ ဟာ ၄ ပွဲ ကစား အပြီးမှာ သွင်းဂိုး ၅ ဂိုး ရယူ ပေးထားခဲ့ ပြီး ဂိုးသွင်း ဘုရင် ဇယား မှာ ဒုတိယ နေရာ ကို ရောက်ရှိ နေခဲ့ ပါတယ် ။

ဘရွန်ဘီ အသင်း ကနေ နောဝှစ်ခ်ျ ကို ၂၀၁၈ ခုနှစ် မှာ ပြောင်းရွှေ့ လာခဲ့တဲ့ ဖန်လန် တိုက်စစ်မှုး ပက်ကီ ဟာ ၀က်စ်ဟမ်း ကို ၂ – ၀ နဲ့ အရေး နိမ့် ခဲ့တဲ့ ပွဲက လွဲရင် ကျန် ၃ ပွဲ စလုံး မှာ ဂိုးသွင်း နိုင်ခဲ့ ပါတယ် ။ ဒီ အထဲ မှာတော့ နယူး ကာဆယ် နဲ့ ပွဲ က ဟက်ထရစ် ဟာ ပက်ပီ ဆိုတဲ့ အမည် ကို လူသိ များ ထင်ရှား စေခဲ့ ပါတယ်

အထူး သဖြင့် Fantasy Premier League ကစား သူများ အကြား မှာ ဈေးနှုန်း နည်းပါးပြီး ဂိုးသွင်း ခြေ ရ နေတဲ့ နောဝှစ်ခ်ျ တိုက်စစ်မှုး ဟာ အပြိုင် အဆိုင် ၀ယ်ယူ ခြင်း ခံရတဲ့ ကစား သမား တစ်ဦး ဖြစ် လာခဲ့ ပါတယ် ။ နောဝှစ်ခ်ျ ဟာ အဆင့် ၁၉ ကို ရောက် နေ ပေမယ့် တေမူး ပက်ကီ ရဲ့ အမည် ကတော့ ကျော်ဇော ထင်ရှား နေခဲ့ ပါတယ် ။

ဒါပေမယ့် ဒီလို မျိုး ထင် ရှား ကျော် ဇော မှု ဟာ မလေးရှား နိုင်ငံ က အစီ အစဉ် ကြေညာ သူ တွေ အတွက် အကြီး အကျယ် အခက် တွေ့ စေခဲ့ တယ်လို့ သိရ ပါတယ် ။ ဘာဖြစ်လို့ လည်း ဆို တော့ ပက်ကီ ဆိုတဲ့ အမည် ဟာ မလေးရှား ဘာသာ စကား အရ ( C**t =ေ-ာက်ဖုတ် ၊ေ-ာက်ကောင်မ ) ဆိုတဲ့ အဓိပ္ပါယ် ဖြစ် နေတာ ကြောင့် ပက်ကီ ရဲ့ အမည် ကို ခေါ်ဝေါ် ရတိုင်း မှာ အစီ အစဉ် ကြေညာ သူတွေ အတွက် ချွေးပြန် စေခဲ့ရ တယ် လို့ သိရ ပါတယ် ။

အဆိုပါ သတင်း ကို လီဗာပူး ကစား သမား ဟောင်း စတန် ကော်လီမိုး က သယ်ဆောင် လာခဲ့ တာ ဖြစ်ပြီး မလေးရှား ရုပ်သံ လိုင်း တစ်ခု နဲ့ ဆွေးနွေး ပွဲ လုပ်ဆောင် စဉ် မှာ အဆိုပါ သတင်း ကို ကြား သိလာခဲ့ ရတာပဲ ဖြစ် ပါတယ် ။

မလေးရှား ဘာသာ နဲ့ အစီအစဉ် တင်ဆက် နေသူ တွေ အတွက် တော့ Pukki ဆိုတဲ့ အမည် ဟာ အသံထွက် ခေါ်ဆို ဖို့ အလွန် ခက်ခဲ နေပြီး အထူး သဖြင့် ဂိုးသွင်းယူ လိုက်တဲ့ အချိန် မျိုးတွေ မှာ ဘယ်လို အသံထွက်ပြီး အော်ဟစ် တင်ဆက် ရမလဲ ဆိုတာ စဉ်းစား ရခက် စေခဲ့ ပါတယ် ။

အချို့ ကတော့ ပက်ကီ ရဲ့ ကျောနံပါတ် ကို သာ ခေါ်ဆိုပြီး အစီအစဉ် ကြေညာ ခဲ့ပေမယ့် အမည် ကို အသံထွက် ခေါ်ဆို ဖို့ ကတော့ တော်တော်လေး ကို အဆင်မပြေ တဲ့ ကိစ္စ ဖြစ်နေ ဆဲ ဖြစ်တယ်လို့ သိရ ပါတယ်

တကယ်တမ်းမှာလည်း (ေ-ာက်ဖုတ် ၊ေ-ာက်ကောင်မ ) ဆိုတဲ့ စကားလုံး ကို အသံကုန်ဟစ်ပြီး ပြောဆိုဖို့ ဆိုတာ တော်တော်လေးကို ခွကျတဲ့ ကိစ္စ ဖြစ်နေ မှာ အမှန် ပါပဲဗျာ . . .

SPORTS MYANMAR