• စပိန္ အသင္းဟာ မေန႔ညက ယွဥ္ျပိဳင္ ကစားခဲ့တဲ့ ယူရုိ 2020 ေျခစစ္ပြဲမွာ ရိုေမးနီးယား အသင္းကို 1-2 နဲ႔ အႏိုင္ရရွိခဲ့ျပီး ၊ စုစုေပါင္း 5 ပြဲ ကစားထားရာ ၊ 100% ႏိုင္ပြဲ နဲ႔ အတူ ရမွတ္ 15 မွတ္ နဲ႔ အုပ္စု ထိပ္ဆံုးမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာ တိုက္စစ္မႈး လိုရန္တီ အနီကဒ္ ျပခံရတာေၾကာင့္ ၊ 10 ေယာက္ နဲ႔ သာ ကစားခဲ့ရျပီး ၊ ပြဲျပီးခါနီးမွာ ရိုးေမးနီးယား အသင္းရဲ႕ ကန္ခ်က္ကို ဂိုးသမား ကီပါ က အေကာင္းဆံုး ကာကြယ္သြားႏိုင္တာေၾကာင္း ၊ ရာႏႈန္းျပည့္ ႏိုင္ပြဲ ရလာဒ္ကို ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ စပိန္အတြက္ ဂိုးေတြကို ရာမို႔စ္ ၊ အယ္ကာဆာ တို႔က သြင္းယူ ေပးသြားခဲ့တာ ျဖစ္ပါတယ္။

• စပါး အသင္းဟာ ဇန္န၀ါရီ အေျပာင္းအေရႊ႕ ေရာက္ရွိတာနဲ႔ ဂ်ဴဗင္တပ္ အသင္းရဲ႕ ကြင္းလယ္ ကစားသမား ဒီဘားလား ကို ေခၚယူဖို႔ ထပ္မံ ၾကိဳးစားလာဖြယ္ ရွိေနပါတယ္။ လက္ရွိမွာ ဘက္တစ္က လိုစယ္စုိ ကို ေခၚယူထားခဲ့သည့္တိုင္ေအာင္ ၊ အဲရစ္ဆင္ ရဲ႕ ေနရာကို ျဖည့္တင္းႏိုင္တဲ့ အေနအထားမ်ိဳး မရွိတာေၾကာင့္ ၊ ေနာက္ထပ္ အာဂ်င္တီးနား ကစားသမား တစ္ေယာက္ကုိ ထပ္မံ ပစ္မွတ္ထားလာခဲ့တာပါ။

• စီးရီးေအ ခ်န္ပီယံ ဂ်ဴဗင္တပ္ အသင္းဟာ ယူႏိုက္တက္ ကစားသမားေတြ ျဖစ္တဲ့ ဒီဂီယာ ၊ မာတစ္ နဲ႔ ဘိုင္လီ တို႔ကို ေစာင့္ၾကည့္ စာရင္းမွာ ထည့္သြင္းထားပါတယ္။ ဒီဂီယာ ဟာ စာခ်ဳပ္သစ္ ကိစၥ အဆင္မေျပပဲ ျဖစ္ေနတဲ့ ကစားသမား ျဖစ္တာေၾကာင့္ ၊ ရာသီ အကုန္မွာ အလြတ္ေၾကး နဲ႔ ေခၚယူႏုိင္မွာ ျဖစ္သလုိ ၊ ဘိုင္လီ နဲ႔ မာတစ္ တို႔ဟာလဲ ပြဲထြက္ ကစားသမား ေနရာကို အသီးသီး ဆံုးရႈံးထားတာေၾကာင့္ အခုလို ေစာင့္ၾကည့္ေနတာ ျဖစ္ပါတယ္။

• အသင္းေျပာင္းေတာ့မယ္လို႔ သတင္းေတြ ၾကီးခဲ့တဲ့ ပီအက္စ္ဂ်ီ ေနာက္တန္း ကစားသမား မူနီယာ ဟာ လာမယ့္ ဇန္န၀ါရီ အေျပာင္းအေရႊ႕မွာေတာ့ တရား၀င္ ေျပာင္းေရႊ႕ခြင့္ရဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ ဆိုပါတယ္။ သူ႔ရဲ႕ လက္ရွိ စာခ်ဳပ္ သက္တမ္းဟာ ဒီရာသီ အကုန္မွာ ကုန္ဆံုးမွာ ျဖစ္ျပီး ၊ အာဆင္နယ္ ၊ ယူနိုက္တက္ တို႔နဲ႔ သတင္းေတြ ထြက္ေပၚထားခဲ့သူ ျဖစ္ပါတယ္။

• လမ္းပတ္ ရဲ႕ လက္ထက္မွာလဲ ပြဲထြက္ ကစားသမား ေနရာကို ရယူဖို႔ ရုန္းကန္ေနရဆဲ ျဖစ္တဲ့ တိုက္စစ္မႈး ဂ်ရူးဟာ ေမဂ်ာလိဂ္ ကလပ္ေတြ ဆီ ေျပာင္းေရႊ႕ဖို႔ ဆႏၵရွိေနပါတယ္။

• ရီးရဲ မက္ဒရစ္ နည္းျပ ဇီဒန္း ကေတာ့ စိတ္ဓါတ္ပိုင္း ဆိုင္ရာ ခံယူခ်က္ေတြ ေျပာင္းလဲျပီး အသင္းအတြက္ ေျခစြမ္းျပေနတဲ့ ေဘးလ္ရဲ႕ စြမ္းေဆာင္ရည္ေတြ အေပၚ ေက်နပ္လွ်က္ ရွိေနပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ေဘးလ္ နဲ႔ ဟာဇက္ တို႔ ႏွစ္ေယာက္ဟာ သူ႔ရဲ႕ တိုက္စစ္လမ္းေၾကာင္းကို အဓိက ပံုေဖာ္လာမယ့္ သူေတြလို႔ ေမွ်ာ္လင့္ထားေနပါတယ္။

• ယူႏိုက္တက္ အသင္းရဲ႕ ကင္းေထာက္ေတြ ဟာ ျပီးခဲ့တဲ့ အပတ္က ကစားခဲ့တဲ့ ဘင္ဖီကာ နဲ႔ ဘရာဂါ တို႔ ကစားခဲ့တ့ဲ ပြဲစဥ္မွာ ဘင္ဖီကာ ေနာက္တန္း ကစားသမား ရူဘင္ ဒီယက္ ရဲ႕ ေျခစြမ္းကို ေစာင့္ၾကည့္ခဲ့ၾကပါတယ္။ အဆိုပါ ကစားသမားကို ၀ုဖ္ အသင္းကလဲ ေခၚယူဖို႔ စိတ္၀င္စားေနတာပါ။

• အင္တာမီလန္ အသင္းဟာလဲ ေဒါ့မြန္ အသင္းက ကြင္းလယ္ တိုက္စစ္ ကစားသမား မာရီယို ေဂါ့ဇီ ကို ေစာင့္ၾကည့္မႈေတြ ျပဳလုပ္လွ်က္ ရွိေနျပီး ၊ လာမယ့္ ဇန္န၀ါရီ ကာလမွာ တရား၀င္ ကမ္းလွမ္းမႈေတြ ျပဳလုပ္ဖို႔ စဥ္းစားလာဖြယ္ ရွိေနပါတယ္။

• ေဘာလံုးဂုရုၾကီး မာရာဒိုနာ ကေတာ့ နည္းျပေလာက ထဲကို ျပန္လည္ ေရာက္ရွိလာခဲ့ျပီ ျဖစ္ျပီး ၊ အာဂ်င္တီးနား ကလပ္ ဂ်င္နာစီယာ အသင္းက သူ႔ကို ရာသီအကုန္ထိ နည္းျပသစ္ ခန္႔အပ္လုိက္ေၾကာင္း မေန႔ညက တရား၀င္ ထုတ္ျပန္ ေၾကျငာသြားခဲ့ပါတယ္။

• ဂ်ဴဗီ နဲ႔ ရာကီတစ္ တို႔အၾကား လာမယ့္ ဇန္န၀ါရီ ကာလမွာ အေျပာင္းအေရႊ႕ ကိစၥေတြ ကို ထပ္မံ ေဆြးေႏြၾကးဖို႔ သေဘာတူညီမႈ ရရွိထားတယ္လို႔ စပိန္ သတင္းေတြက ေဖာ္ျပလိုက္ပါတယ္။ ရာကီတစ္ဟာ ဒီရာသီမွာေတာ့ နည္းျပ ဗယ္ဗာဒီ ရဲ႕ ေနရာေပးမႈကို မရရွိပဲ ျဖစ္ေနတာေၾကာင့္ ၊ အသင္းေျပာင္းဖို႔လဲ စိတ္ကူးေနျပီ ျဖစ္ပါတယ္။

• စပိန္ နည္းျပေဟာင္း ဒဲလ္ေဘာ့ စေကးက သူသာ ဆိုရင္ ေနမာ ကို ျပန္လည္ေခၚယူဖုိ႔ လံုး၀ ၾကိဳးစားမွာ မဟုတ္ဘူးလို႔ မွတ္ခ်က္ ေပးသြားခဲ့ပါတယ္။ ေနမာ ျပန္လည္ ေရာက္ရွိလာျခင္းဟာ လာလီဂါ အတြက္ ၊ ကစားသမား အတြက္ အက်ိဳးရွိႏိုင္ေသာ္လဲ ၊ အျခား စဥ္းစားစရာ အခ်က္အလက္ေတြ အမ်ားၾကီး ရွိေသးတယ္လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ပါတယ္။

• ယူရုိ 2020 ေျခစစ္ပြဲ ရလာဒ္မ်ား
ဂ်ီဘေရာ့တာ 0-6 ဒိန္းမတ္
အိုင္ယာလန္ 1-1 ဆြစ္ဇာလန္
ဖာရိုးကြ်န္းစု 0-4 ဆြီဒင္
ေနာ္ေ၀ 2-0 ေမာ္လ္တာ
ရိုေမးနီးယား 1-2 စပိန္
အစၥေရး 1-1 မက္ဆီဒိုးနီးယား
အာေမးနီးယား 1-3 အီတလီ
ေဘာ့စနီးယား ဟာဇကိုဗီးနာ 5-0 လက္ခ်င္စတိန္း
ဖင္လန္ 1-0 ဂရိ

SPORTS MYANMAR

Unicode

နံနက်ခင်း သတင်းများ
****************

• စပိန် အသင်းဟာ မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရို 2020 ခြေစစ်ပွဲမှာ ရိုမေးနီးယား အသင်းကို 1-2 နဲ့ အနိုင်ရရှိခဲ့ပြီး ၊ စုစုပေါင်း 5 ပွဲ ကစားထားရာ ၊ 100% နိုင်ပွဲ နဲ့ အတူ ရမှတ် 15 မှတ် နဲ့ အုပ်စု ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ တိုက်စစ်မှုး လိုရန်တီ အနီကဒ် ပြခံရတာကြောင့် ၊ 10 ယောက် နဲ့ သာ ကစားခဲ့ရပြီး ၊ ပွဲပြီးခါနီးမှာ ရိုးမေးနီးယား အသင်းရဲ့ ကန်ချက်ကို ဂိုးသမား ကီပါ က အကောင်းဆုံး ကာကွယ်သွားနိုင်တာကြောင်း ၊ ရာနှုန်းပြည့် နိုင်ပွဲ ရလာဒ်ကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ စပိန်အတွက် ဂိုးတွေကို ရာမို့စ် ၊ အယ်ကာဆာ တို့က သွင်းယူ ပေးသွားခဲ့တာ ဖြစ်ပါတယ်။

• စပါး အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ရောက်ရှိတာနဲ့ ဂျူဗင်တပ် အသင်းရဲ့ ကွင်းလယ် ကစားသမား ဒီဘားလား ကို ခေါ်ယူဖို့ ထပ်မံ ကြိုးစားလာဖွယ် ရှိနေပါတယ်။ လက်ရှိမှာ ဘက်တစ်က လိုစယ်စို ကို ခေါ်ယူထားခဲ့သည့်တိုင်အောင် ၊ အဲရစ်ဆင် ရဲ့ နေရာကို ဖြည့်တင်းနိုင်တဲ့ အနေအထားမျိုး မရှိတာကြောင့် ၊ နောက်ထပ် အာဂျင်တီးနား ကစားသမား တစ်ယောက်ကို ထပ်မံ ပစ်မှတ်ထားလာခဲ့တာပါ။

• စီးရီးအေ ချန်ပီယံ ဂျူဗင်တပ် အသင်းဟာ ယူနိုက်တက် ကစားသမားတွေ ဖြစ်တဲ့ ဒီဂီယာ ၊ မာတစ် နဲ့ ဘိုင်လီ တို့ကို စောင့်ကြည့် စာရင်းမှာ ထည့်သွင်းထားပါတယ်။ ဒီဂီယာ ဟာ စာချုပ်သစ် ကိစ္စ အဆင်မပြေပဲ ဖြစ်နေတဲ့ ကစားသမား ဖြစ်တာကြောင့် ၊ ရာသီ အကုန်မှာ အလွတ်ကြေး နဲ့ ခေါ်ယူနိုင်မှာ ဖြစ်သလို ၊ ဘိုင်လီ နဲ့ မာတစ် တို့ဟာလဲ ပွဲထွက် ကစားသမား နေရာကို အသီးသီး ဆုံးရှုံးထားတာကြောင့် အခုလို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

• အသင်းပြောင်းတော့မယ်လို့ သတင်းတွေ ကြီးခဲ့တဲ့ ပီအက်စ်ဂျီ နောက်တန်း ကစားသမား မူနီယာ ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ တရားဝင် ပြောင်းရွှေ့ခွင့်ရဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ လက်ရှိ စာချုပ် သက်တမ်းဟာ ဒီရာသီ အကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ၊ အာဆင်နယ် ၊ ယူနိုက်တက် တို့နဲ့ သတင်းတွေ ထွက်ပေါ်ထားခဲ့သူ ဖြစ်ပါတယ်။

• လမ်းပတ် ရဲ့ လက်ထက်မှာလဲ ပွဲထွက် ကစားသမား နေရာကို ရယူဖို့ ရုန်းကန်နေရဆဲ ဖြစ်တဲ့ တိုက်စစ်မှုး ဂျရူးဟာ မေဂျာလိဂ် ကလပ်တွေ ဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။

• ရီးရဲ မက်ဒရစ် နည်းပြ ဇီဒန်း ကတော့ စိတ်ဓါတ်ပိုင်း ဆိုင်ရာ ခံယူချက်တွေ ပြောင်းလဲပြီး အသင်းအတွက် ခြေစွမ်းပြနေတဲ့ ဘေးလ်ရဲ့ စွမ်းဆောင်ရည်တွေ အပေါ် ကျေနပ်လျှက် ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ ဘေးလ် နဲ့ ဟာဇက် တို့ နှစ်ယောက်ဟာ သူ့ရဲ့ တိုက်စစ်လမ်းကြောင်းကို အဓိက ပုံဖော်လာမယ့် သူတွေလို့ မျှော်လင့်ထားနေပါတယ်။

• ယူနိုက်တက် အသင်းရဲ့ ကင်းထောက်တွေ ဟာ ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ ဘင်ဖီကာ နဲ့ ဘရာဂါ တို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘင်ဖီကာ နောက်တန်း ကစားသမား ရူဘင် ဒီယက် ရဲ့ ခြေစွမ်းကို စောင့်ကြည့်ခဲ့ကြပါတယ်။ အဆိုပါ ကစားသမားကို ၀ုဖ် အသင်းကလဲ ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

• အင်တာမီလန် အသင်းဟာလဲ ဒေါ့မွန် အသင်းက ကွင်းလယ် တိုက်စစ် ကစားသမား မာရီယို ဂေါ့ဇီ ကို စောင့်ကြည့်မှုတွေ ပြုလုပ်လျှက် ရှိနေပြီး ၊ လာမယ့် ဇန်နဝါရီ ကာလမှာ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ စဉ်းစားလာဖွယ် ရှိနေပါတယ်။

• ဘောလုံးဂုရုကြီး မာရာဒိုနာ ကတော့ နည်းပြလောက ထဲကို ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး ၊ အာဂျင်တီးနား ကလပ် ဂျင်နာစီယာ အသင်းက သူ့ကို ရာသီအကုန်ထိ နည်းပြသစ် ခန့်အပ်လိုက်ကြောင်း မနေ့ညက တရားဝင် ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။

• ဂျူဗီ နဲ့ ရာကီတစ် တို့အကြား လာမယ့် ဇန်နဝါရီ ကာလမှာ အပြောင်းအရွှေ့ ကိစ္စတွေ ကို ထပ်မံ ဆွေးနွေကြးဖို့ သဘောတူညီမှု ရရှိထားတယ်လို့ စပိန် သတင်းတွေက ဖော်ပြလိုက်ပါတယ်။ ရာကီတစ်ဟာ ဒီရာသီမှာတော့ နည်းပြ ဗယ်ဗာဒီ ရဲ့ နေရာပေးမှုကို မရရှိပဲ ဖြစ်နေတာကြောင့် ၊ အသင်းပြောင်းဖို့လဲ စိတ်ကူးနေပြီ ဖြစ်ပါတယ်။

• စပိန် နည်းပြဟောင်း ဒဲလ်ဘော့ စကေးက သူသာ ဆိုရင် နေမာ ကို ပြန်လည်ခေါ်ယူဖို့ လုံးဝ ကြိုးစားမှာ မဟုတ်ဘူးလို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။ နေမာ ပြန်လည် ရောက်ရှိလာခြင်းဟာ လာလီဂါ အတွက် ၊ ကစားသမား အတွက် အကျိုးရှိနိုင်သော်လဲ ၊ အခြား စဉ်းစားစရာ အချက်အလက်တွေ အများကြီး ရှိသေးတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

• ယူရို 2020 ခြေစစ်ပွဲ ရလာဒ်များ
ဂျီဘရော့တာ 0-6 ဒိန်းမတ်
အိုင်ယာလန် 1-1 ဆွစ်ဇာလန်
ဖာရိုးကျွန်းစု 0-4 ဆွီဒင်
နော်ဝေ 2-0 မော်လ်တာ
ရိုမေးနီးယား 1-2 စပိန်
အစ္စရေး 1-1 မက်ဆီဒိုးနီးယား
အာမေးနီးယား 1-3 အီတလီ
ဘော့စနီးယား ဟာဇကိုဗီးနာ 5-0 လက်ချင်စတိန်း
ဖင်လန် 1-0 ဂရိ

SPORTS MYANMAR