အာဆင္နယ္ အသင္းကေန ခ်န္ပီယံရွစ္ လိဒ္ယူနိုက္တက္ အသင္းကို တစ္ရာသီ အငွား သြားေရာက္ ကစားေနတဲ့ အန္ခီတီးယား က သူ႔ရဲ့ ဂိုးသြင္း စြမ္းရည္ တိုးတက္ ေကာင္းမြန္လာဖို႔ ဂန္းနား ဂႏၲဝင္ တိုက္စစ္မွူး အီယန္ရိုက္ ဟာ အႀကံဉာဏ္ေတြ အမ်ားႀကီး ေပးခဲ့ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ပါတယ္။

အသက္ ၂၀ အရြယ္သာ ရွိေသးတဲ့ အန္ခီတီးယားဟာ အာဆင္နယ္ အသင္းရဲ့ ရာသီႀကိဳ ေျခစမ္းပြဲေတြမွာ သုံးဂိုး အထိ သြင္းယူ နိုင္ခဲ့ၿပီး အေကာင္းဆုံး ကစားသမားဆုကိုလည္း ႏွစ္ႀကိမ္တိုင္တိုင္ ဆြတ္ခူး ရရွိ ခဲ့သူပါ ။

အေစာပိုင္းတုန္းက နည္းၿပ အူနိုင္း အမ္မရီ ဟာ အန္ခီတီးယား ကို အသင္းႀကီးမွာ အူဘာမီယန္း ၊ လာကာဇက္ တို႔ရဲ့ အရန္ အျဖစ္ အခြင့္အေရး ေပးသြားမယ္လို႔ ဆိုထားခဲ့ၿပီး ၊ အေျပာင္းအေရႊ႕ပိတ္ခါနီးမွာမွ လိဒ္ယူနိုက္တက္ ထံ အငွား ခ်လိုက္တာေၾကာင့္ ပရိသတ္ေတြအတြက္ အံ့ၾသသင့္စရာ ျဖစ္ခဲ့ရပါတယ္ ။

ဒါေပမယ့္လည္း အန္ခီတီးယား ဟာ လိဒ္ယူနိုက္တက္ အသင္းမွာ အေရးပါတဲ့ အနိုင္ဂိုးေတြကို သြင္းယူေနၿပီး ပရိသတ္ေတြရဲ့ အားေပး ခ်စ္ခင္မွုကို အခိုင္အမာ ရရွိေနၿပီ ျဖစ္ပါတယ္။အန္ခီတီးယား ဟာ လိဒ္ယူနိုက္တက္ အသင္းအတြက္ ငါးပြဲ ပါဝင္ ကစားေပးထားၿပီး သုံးဂိုး အထိ သြင္းယူ ထားပါတယ္။

အန္ခီတီးယား က အာဆင္နယ္ တိုက္စစ္မွူးေဟာင္းအီယန္ရိုက္ ဟာ သူ႔ကို ရင္းရင္းႏွီးႏွီး နဲ႔ တိုက္စစ္မွူး တစ္ဦး အတြက္ လိုအပ္တဲ့ အရာေတြကို အျမဲလိုလို အႀကံဉာဏ္ ေပးေလ့ ရွိေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ပါတယ္ ။

” မႏွစ္က ေလာက္ကတည္းက သူ(အီယန္ရိိုက္) က က်ေနာ့္ကို ခဏခဏ ဆက္သြယ္ စကား ေျပာပါတယ္။ မတ္ေဆ့ခ်္ ပို႔ၿပီး အေျခအေန ဘယ္လို ရွိသလဲ ၊လိဒ္ အသင္းမွာ ကစားရတာ အဆင္ေျပရဲ့လားလို႔ အျမဲ ေမးပါတယ္။

” က်ေနာ့္အတြက္ေတာ့ ဟီးရိုး ကစားသမား တစ္ဦး ျဖစ္တဲ့ သူ(အီယန္ရိုက္)နဲ႔ စကားေျပာခ်င္တဲ့ အိပ္မက္ေတြ အမွန္တကယ္ ျဖစ္လာခဲ့တာေပါ့ဗ်ာ။ သူက က်ေနာ့္ရဲ့ ေျခစြမ္းေတြကို ဘယ္လို ထုတ္ေဖာ္ ျပသရမလဲ၊ တိုက္စစ္မွူး တစ္ေယာက္အတြက္ အေရးႀကီးတဲ့ အရာေတြကို အႀကံေပးပါတယ္။သူက က်ေနာ့္ကို တရင္းတႏွီးနဲ႔ ေပြ႕ဖက္ၿပီး အားေပး ႏွစ္သိမ့္ပါတယ္။” လို႔ ေျပာၾကား လိုက္ပါတယ္။

အာဆင္နယ္ အသင္းရဲ့ ဂႏၲဝင္ တိုက္စစ္မွူးေဟာင္း တစ္ဦး ျဖစ္တဲ့ အီယန္ရိုက္ဟာ ၿပီးခဲ့တဲ့လ ကစားခဲ့တဲ့ လိဒ္ယူနိုက္တက္ နဲ႔ ဘရန္ဖိုဒ့္ အသင္း ပြဲကို သသြားေရာက္ ၾကည့္ရွု ခဲ့ၿပီး အန္ခီတီးယား အနိုင္ဂိုး သြင္းလိုက္တဲ့ အခ်ိန္မွာ အီယန္ရိုက္ ဟာ ” အက္ဒီ ၊ အက္ဒီ ” လို႔ ေအာ္ဟစ္ကာ လိဒ္ယူနိုက္တက္ ပရိသတ္ေတြနဲ႔ အတူ ေအာင္ပြဲခံ ခဲ့ပါေသးတယ္ ။

SPORTS MYANMAR

Unicode

အဆုံးသတ် စွမ်းရည် ပိုကောင်းလာဖို့ ဂန်းနား ဂန္တဝင် ကစားသမား တစ်ဦးက သင်ကြားပေးခဲ့ကြောင်း ဖွင့်ဟလာတဲ့ အန်ခီတီးယား
==================================

အာဆင်နယ် အသင်းကနေ ချန်ပီယံရှစ် လိဒ်ယူနိုက်တက် အသင်းကို တစ်ရာသီ အငှား သွားရောက် ကစားနေတဲ့ အန်ခီတီးယား က သူ့ရဲ့ ဂိုးသွင်း စွမ်းရည် တိုးတက် ကောင်းမွန်လာဖို့ ဂန်းနား ဂန္တဝင် တိုက်စစ်မှူး အီယန်ရိုက် ဟာ အကြံဉာဏ်တွေ အများကြီး ပေးခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အန်ခီတီးယားဟာ အာဆင်နယ် အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ သုံးဂိုး အထိ သွင်းယူ နိုင်ခဲ့ပြီး အကောင်းဆုံး ကစားသမားဆုကိုလည်း နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူး ရရှိ ခဲ့သူပါ ။

အစောပိုင်းတုန်းက နည်းပြ အူနိုင်း အမ်မရီ ဟာ အန်ခီတီးယား ကို အသင်းကြီးမှာ အူဘာမီယန်း ၊ လာကာဇက် တို့ရဲ့ အရန် အဖြစ် အခွင့်အရေး ပေးသွားမယ်လို့ ဆိုထားခဲ့ပြီး ၊ အပြောင်းအရွှေ့ပိတ်ခါနီးမှာမှ လိဒ်ယူနိုက်တက် ထံ အငှား ချလိုက်တာကြောင့် ပရိသတ်တွေအတွက် အံ့သြသင့်စရာ ဖြစ်ခဲ့ရပါတယ် ။

ဒါပေမယ့်လည်း အန်ခီတီးယား ဟာ လိဒ်ယူနိုက်တက် အသင်းမှာ အရေးပါတဲ့ အနိုင်ဂိုးတွေကို သွင်းယူနေပြီး ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို အခိုင်အမာ ရရှိနေပြီ ဖြစ်ပါတယ်။အန်ခီတီးယား ဟာ လိဒ်ယူနိုက်တက် အသင်းအတွက် ငါးပွဲ ပါဝင် ကစားပေးထားပြီး သုံးဂိုး အထိ သွင်းယူ ထားပါတယ်။

အန်ခီတီးယား က အာဆင်နယ် တိုက်စစ်မှူးဟောင်းအီယန်ရိုက် ဟာ သူ့ကို ရင်းရင်းနှီးနှီး နဲ့ တိုက်စစ်မှူး တစ်ဦး အတွက် လိုအပ်တဲ့ အရာတွေကို အမြဲလိုလို အကြံဉာဏ် ပေးလေ့ ရှိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

” မနှစ်က လောက်ကတည်းက သူ(အီယန်ရိိုက်) က ကျနော့်ကို ခဏခဏ ဆက်သွယ် စကား ပြောပါတယ်။ မတ်ဆေ့ချ် ပို့ပြီး အခြေအနေ ဘယ်လို ရှိသလဲ ၊လိဒ် အသင်းမှာ ကစားရတာ အဆင်ပြေရဲ့လားလို့ အမြဲ မေးပါတယ်။ ”

” ကျနော့်အတွက်တော့ ဟီးရိုး ကစားသမား တစ်ဦး ဖြစ်တဲ့ သူ(အီယန်ရိုက်)နဲ့ စကားပြောချင်တဲ့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့တာပေါ့ဗျာ။ သူက ကျနော့်ရဲ့ ခြေစွမ်းတွေကို ဘယ်လို ထုတ်ဖော် ပြသရမလဲ၊ တိုက်စစ်မှူး တစ်ယောက်အတွက် အရေးကြီးတဲ့ အရာတွေကို အကြံပေးပါတယ်။သူက ကျနော့်ကို တရင်းတနှီးနဲ့ ပွေ့ဖက်ပြီး အားပေး နှစ်သိမ့်ပါတယ်။” လို့ ပြောကြား လိုက်ပါတယ်။

အာဆင်နယ် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ အီယန်ရိုက်ဟာ ပြီးခဲ့တဲ့လ ကစားခဲ့တဲ့ လိဒ်ယူနိုက်တက် နဲ့ ဘရန်ဖိုဒ့် အသင်း ပွဲကို သသွားရောက် ကြည့်ရှု ခဲ့ပြီး အန်ခီတီးယား အနိုင်ဂိုး သွင်းလိုက်တဲ့ အချိန်မှာ အီယန်ရိုက် ဟာ ” အက်ဒီ ၊ အက်ဒီ ” လို့ အော်ဟစ်ကာ လိဒ်ယူနိုက်တက် ပရိသတ်တွေနဲ့ အတူ အောင်ပွဲခံ ခဲ့ပါသေးတယ် ။

SPORTS MYANMAR