မုိက္ကယ္ အို၀င္ ရဲ႕ စာအုပ္ သစ္ ကေတာ့ မိတ္ေဆြ ထက္ ရန္သူ ေတြကို ပိုၿပီး မ်ားျပား လာေစ မလား မသိ ပါဘူး ။ Reboot လို႔ အမည္ ေပးထား တဲ့ စာအုပ္ ကို ယမန္ေန႔ က စတင္ျဖန္႔ခ်ီ ခဲ့ၿပီး ေရွ႕ တစ္ပတ္ ေလာက္ ကတည္းက နယူးကာဆယ္ ၊ အလန္ရွီးယား ၊ ကာပယ္လုိ ၊ ဘက္ခမ္း ၊ ဆာအဲလက္စ္ ဖာဂူဆန္ တို႔ အေၾကာင္းေတြ ကို စာျမည္း အျဖစ္ အပုိင္း အခ်ဳိ႕ ကို သတင္း ဌာန ေတြ က ေဖာ္ျပ ေပးခဲ့ၿပီး ျဖစ္ ပါတယ္ ။

ဒီ တစ္ခါ မွာေတာ့ မိုက္ကယ္ အို၀င္ ဟာ ေဘာလံုး ေလာက ရဲ႕ သစၥာ ရွိမႈေတြ အေပၚ ေမးခြန္း ထုတ္သြားခဲ့ ၿပီး အားကစား ကို စီးပြားေရး လုပ္ေနတဲ့ ကလပ္ အသင္းေတြ မွာ သစၥာ တရား ဆုိတာ မရွိ ပါဘူး လုိ႔ ဆုိသြား ခဲ့ ပါတယ္ ။ ယေန႔ အခ်ိန္မွာ ကလပ္ ေတြ ဟာ ကစား သမားေတြ ကို ျမန္ျမန္ ဆန္ဆန္ ေရာင္းထုတ္ ေနၾကၿပီး ယခင္ ကတည္းက လည္း ဒါမ်ဳိးေတြ ရွိခဲ့တယ္ လို႔ အို၀င္ က ဆုိခဲ့ ပါတယ္ ။

လီဗာပူး ဟာ အသင္းမွာ ကစား သမား ဘ၀ တစ္ေလ်ာက္ လံုး နီးပါး ကစားခဲ့တဲ့ ဂႏၳ၀င္ အသင္း ေခါင္းေဆာင္ စတီဗင္ ဂ်ရတ္ ကို ပင္ ေရာင္းထုတ္ ဖို႔ စိတ္ကူး ခဲ့ဖူး သလို ရုိင္ယန္ဂစ္ ၊ ေပါလ္စခိုး တို႔ ဘာေၾကာင့္ မန္ခ်က္စတာ ယူႏုိက္တက္ မွာပဲ တစ္သက္လံုး ကစားခဲ့ ၾကသလဲ ဆုိတာ ကိုလည္း သံုးသပ္ ေရးသား သြားခဲ့ ပါတယ္ ။

စတီဗင္ ဂ်ရတ္ ဟာ လီဗာပူး ကို အလြန္ ခ်စ္ျမတ္ႏိုး ခဲ့ၿပီး လူငယ္ ကစား သမား ဘ၀ ကေန ႏွစ္ေပါင္း မ်ားစြာ ၾကာေအာင္ ကစားခဲ့ သူျဖစ္ပါတယ္ ။ အသင္း က ေအာင္ျမင္မႈေတြ နဲ႔ ေ၀းကြာ ေနခ်ိန္ မွာေတာင္ ပိုေကာင္းတဲ့ ကမ္းလွမ္းမႈ ေတြကို ျငင္းပယ္ ခဲ့တဲ့ ဂ်ရတ္ ဟာ ၂၀၁၅ ခုႏွစ္ မွာေတာ့ ေမဂ်ာလိဂ္ ကလပ္ LA Galaxy ကို ေျပာင္းေရႊ႕ ခဲ့ၿပီး ၁၇ ႏွစ္ ၾကာ အန္ဖီးလ္ ကစား သမား ဘ၀ ကို အဆံုးသတ္ ခဲ့ ပါတယ္ ။

ဒါေပမယ့္ အို၀င္ ကေတာ့ လီဗာပူး ဟာ ဂ်ရတ္ ရဲ႕ သစၥာ ရွိမႈ ကို ေရာင္းထုတ္ျခင္း နဲ႔ ျပန္လည္ ေပးဆပ္ ခဲ့ၿပီး အေမရိက ကို မေျပာင္းခင္ ၂ ႏွစ္ အလိုတုန္းက ေရာင္းထုတ္ ဖို႔ စီစဥ္ ခဲ့ဖူးတယ္ လို႔ ဖြင့္ဟ သြားခဲ့ ပါတယ္ ။

“စတီဗင္ ရဲ႕ ကိစၥ တုန္းက သူ ဟာ တကယ္ပဲ အေမရိက ကို သြားၿပီး ကစားခ်င္ ခဲ့ သလား ဆုိတာ ကြ်န္ေတာ္ သံသယ ရွိခဲ့ ပါတယ္ ။ ဘာလုိ႔လည္း ဆိုေတာ့ အဲ့ မတုိင္ခင္ ၂ ႏွစ္ ေလာက္ တုန္း က လီဗာပူး ဟ သူ႔ကို ေရာင္းထုတ္ ဖုိ႔ စီစဥ္ ခဲ့လုိ႔ ပါပဲ”

“စတီဗင္ ဟာ အသက္အရြယ္ ေၾကာင့္ လီဗာပူး မွာ တျဖည္းျဖည္း ပြဲ ကစားမႈ နည္းလာမယ္ ၊ ဒါေပမယ့္ အသင္းမွာ ဆက္ရွိ ေနၿပီး ေနာက္ဆံုး မွာ အသင္းရဲ႕ နည္းျပ အဖြဲ႕၀င္ တစ္ေယာက္ ျဖစ္လာမယ္ ၊ ေနာက္ပုိင္း မွာ နည္းစနစ္ ဒါရုိက္တာ ျဖစ္ျဖစ္ အဖြဲ႕မွာ ေနရာ တစ္ခုခု အျဖစ္ နဲ႔ ဆက္ၿပီး လုပ္ေဆာင္ သြားမယ္ . . . ဒါေတြ ဟာ အသင္း အေပၚ သစၥာ ရွိသူေတြ ကို ျပန္လည္ တုန္႔ျပန္ တဲ့ နည္းလမ္း ေကာင္း တစ္ခုပါ”

“ဒါေပမယ့္ ကြ်န္ေတာ္ ၾကားခဲ့တာ ကေတာ့ တကယ္ စိတ္ပ်က္ စရာ ပါပဲ ။ ေဘာလံုး မွာ သစၥာ တရား ဆုိတာ အလကားပါ ။ အဲ့ အခ်ိန္တုန္းက စတီဗင္ ဟာ လီဗာပူး ထက္ ေတာင္ ပုိ ေက်ာ္ၾကား ေနပါတယ္ ။ ဒါေၾကာင့္ သူ ဆက္ရွိ ႏုိင္ ခဲ့တာ ျဖစ္ေကာင္း ျဖစ္ မွာပါ” လို႔ အို၀င္ က ေျပာဆို ခဲ့ ပါတယ္ ။

ဆက္လက္ၿပီး မိုက္ကယ္ အို၀င္ က သူ႔ရဲ႕ ဘ၀ မွာ ကလပ္ အသင္း တစ္သင္းတည္း မွာ ကစား သမား ဘ၀ စတင္ၿပီး ကုန္ဆံုး ခဲ့တဲ့ one-clubbed man မ်ားစြာ နဲ႔ ဆံုခဲ့ ဖူးေၾကာင္း ၊ ဒီ အထဲ က အခ်ဳိ႕ ဟာ အသင္း မေျပာင္းလိုတာ ထက္ လက္ရွိ အသင္းထက္ ပိုေကာင္းတဲ့ ေနရာ မရွိႏုိင္ တာ ေၾကာင့္ အသင္းမေျပာင္း ျဖစ္ၾကတာ က ပိုၿပီး ျဖစ္ႏုိင္တယ္ လို႔ ထင္မိ ေၾကာင္း ေျပာဆို သြားခဲ့ ပါတယ္ ။

“ကလပ္ အသင္း တစ္သင္း တည္းမွာ ကစားခဲ့ တုိင္း သစၥာ ရွိတယ္ လို႔ မွတ္ယူ လုိ႔ မရ ပါဘူး ။ ဥပမာ ေပးရ မယ္ ဆိုရင္ ရုိင္ယန္ဂစ္ နဲ႔ ေပါလ္ စခိုး တုိ႔ပါ ။ သူတို႔ ဟာ မန္ခ်က္စတာ ယူႏုိက္တက္ မွာပဲ ကစားခဲ့ၾက ပါတယ္ ။ ဒါေပမယ့္ ကြ်န္ေတာ့ အျမင္ မွာေတာ့ သူတို႔ ဟာ ယူႏုိက္တက္ အေပၚ သစၥာ ရွိတယ္ ဆုိတာထက္ ယူႏုိက္တက္ ထက္ ပိုေကာင္းတဲ့ ေနရာ ကို ရွာ မေတြ႕ ႏုိင္တာ ေၾကာင့္ ဆက္ေနခဲ့ တာက ပိုၿပီး ျဖစ္ႏုိင္တယ္ လို႔ ထင္ပါတယ္ ။ အဲ့ အခ်ိန္တုန္းက ယူႏုိက္တက္ ဟာ တကယ္ကို ေနခ်င္ စရာ ျဖစ္ေနခဲ့တာကိုး” လို႔ အို၀င္ က ေျပာဆို သြားခဲ့ ပါတယ္ ။

SPORTS MYANMAR

Unicode

“ဘောလုံးမှာ သစ္စာတရားဆိုတာ မရှိ ၊ လီဗာပူးပင် ဂျရတ်ကို ရောင်းဖို့ စိတ်ကူးခဲ့ဖူး” – မိုက်ကယ်အိုဝင်

========================================

မိုက်ကယ် အိုဝင် ရဲ့ စာအုပ် သစ် ကတော့ မိတ်ဆွေ ထက် ရန်သူ တွေကို ပိုပြီး များပြား လာစေ မလား မသိ ပါဘူး ။ Reboot လို့ အမည် ပေးထား တဲ့ စာအုပ် ကို ယမန်နေ့ က စတင်ဖြန့်ချီ ခဲ့ပြီး ရှေ့ တစ်ပတ် လောက် ကတည်းက နယူးကာဆယ် ၊ အလန်ရှီးယား ၊ ကာပယ်လို ၊ ဘက်ခမ်း ၊ ဆာအဲလက်စ် ဖာဂူဆန် တို့ အကြောင်းတွေ ကို စာမြည်း အဖြစ် အပိုင်း အချို့ ကို သတင်း ဌာန တွေ က ဖော်ပြ ပေးခဲ့ပြီး ဖြစ် ပါတယ် ။

ဒီ တစ်ခါ မှာတော့ မိုက်ကယ် အိုဝင် ဟာ ဘောလုံး လောက ရဲ့ သစ္စာ ရှိမှုတွေ အပေါ် မေးခွန်း ထုတ်သွားခဲ့ ပြီး အားကစား ကို စီးပွားရေး လုပ်နေတဲ့ ကလပ် အသင်းတွေ မှာ သစ္စာ တရား ဆိုတာ မရှိ ပါဘူး လို့ ဆိုသွား ခဲ့ ပါတယ် ။ ယနေ့ အချိန်မှာ ကလပ် တွေ ဟာ ကစား သမားတွေ ကို မြန်မြန် ဆန်ဆန် ရောင်းထုတ် နေကြပြီး ယခင် ကတည်းက လည်း ဒါမျိုးတွေ ရှိခဲ့တယ် လို့ အိုဝင် က ဆိုခဲ့ ပါတယ် ။

လီဗာပူး ဟာ အသင်းမှာ ကစား သမား ဘဝ တစ်လျောက် လုံး နီးပါး ကစားခဲ့တဲ့ ဂန္ထဝင် အသင်း ခေါင်းဆောင် စတီဗင် ဂျရတ် ကို ပင် ရောင်းထုတ် ဖို့ စိတ်ကူး ခဲ့ဖူး သလို ရိုင်ယန်ဂစ် ၊ ပေါလ်စခိုး တို့ ဘာကြောင့် မန်ချက်စတာ ယူနိုက်တက် မှာပဲ တစ်သက်လုံး ကစားခဲ့ ကြသလဲ ဆိုတာ ကိုလည်း သုံးသပ် ရေးသား သွားခဲ့ ပါတယ် ။

စတီဗင် ဂျရတ် ဟာ လီဗာပူး ကို အလွန် ချစ်မြတ်နိုး ခဲ့ပြီး လူငယ် ကစား သမား ဘဝ ကနေ နှစ်ပေါင်း များစွာ ကြာအောင် ကစားခဲ့ သူဖြစ်ပါတယ် ။ အသင်း က အောင်မြင်မှုတွေ နဲ့ ဝေးကွာ နေချိန် မှာတောင် ပိုကောင်းတဲ့ ကမ်းလှမ်းမှု တွေကို ငြင်းပယ် ခဲ့တဲ့ ဂျရတ် ဟာ ၂၀၁၅ ခုနှစ် မှာတော့ မေဂျာလိဂ် ကလပ် LA Galaxy ကို ပြောင်းရွှေ့ ခဲ့ပြီး ၁၇ နှစ် ကြာ အန်ဖီးလ် ကစား သမား ဘဝ ကို အဆုံးသတ် ခဲ့ ပါတယ် ။

ဒါပေမယ့် အိုဝင် ကတော့ လီဗာပူး ဟာ ဂျရတ် ရဲ့ သစ္စာ ရှိမှု ကို ရောင်းထုတ်ခြင်း နဲ့ ပြန်လည် ပေးဆပ် ခဲ့ပြီး အမေရိက ကို မပြောင်းခင် ၂ နှစ် အလိုတုန်းက ရောင်းထုတ် ဖို့ စီစဉ် ခဲ့ဖူးတယ် လို့ ဖွင့်ဟ သွားခဲ့ ပါတယ် ။

“စတီဗင် ရဲ့ ကိစ္စ တုန်းက သူ ဟာ တကယ်ပဲ အမေရိက ကို သွားပြီး ကစားချင် ခဲ့ သလား ဆိုတာ ကျွန်တော် သံသယ ရှိခဲ့ ပါတယ် ။ ဘာလို့လည်း ဆိုတော့ အဲ့ မတိုင်ခင် ၂ နှစ် လောက် တုန်း က လီဗာပူး ဟ သူ့ကို ရောင်းထုတ် ဖို့ စီစဉ် ခဲ့လို့ ပါပဲ”

“စတီဗင် ဟာ အသက်အရွယ် ကြောင့် လီဗာပူး မှာ တဖြည်းဖြည်း ပွဲ ကစားမှု နည်းလာမယ် ၊ ဒါပေမယ့် အသင်းမှာ ဆက်ရှိ နေပြီး နောက်ဆုံး မှာ အသင်းရဲ့ နည်းပြ အဖွဲ့ဝင် တစ်ယောက် ဖြစ်လာမယ် ၊ နောက်ပိုင်း မှာ နည်းစနစ် ဒါရိုက်တာ ဖြစ်ဖြစ် အဖွဲ့မှာ နေရာ တစ်ခုခု အဖြစ် နဲ့ ဆက်ပြီး လုပ်ဆောင် သွားမယ် . . . ဒါတွေ ဟာ အသင်း အပေါ် သစ္စာ ရှိသူတွေ ကို ပြန်လည် တုန့်ပြန် တဲ့ နည်းလမ်း ကောင်း တစ်ခုပါ”

“ဒါပေမယ့် ကျွန်တော် ကြားခဲ့တာ ကတော့ တကယ် စိတ်ပျက် စရာ ပါပဲ ။ ဘောလုံး မှာ သစ္စာ တရား ဆိုတာ အလကားပါ ။ အဲ့ အချိန်တုန်းက စတီဗင် ဟာ လီဗာပူး ထက် တောင် ပို ကျော်ကြား နေပါတယ် ။ ဒါကြောင့် သူ ဆက်ရှိ နိုင် ခဲ့တာ ဖြစ်ကောင်း ဖြစ် မှာပါ” လို့ အိုဝင် က ပြောဆို ခဲ့ ပါတယ် ။

ဆက်လက်ပြီး မိုက်ကယ် အိုဝင် က သူ့ရဲ့ ဘဝ မှာ ကလပ် အသင်း တစ်သင်းတည်း မှာ ကစား သမား ဘဝ စတင်ပြီး ကုန်ဆုံး ခဲ့တဲ့ one-clubbed man များစွာ နဲ့ ဆုံခဲ့ ဖူးကြောင်း ၊ ဒီ အထဲ က အချို့ ဟာ အသင်း မပြောင်းလိုတာ ထက် လက်ရှိ အသင်းထက် ပိုကောင်းတဲ့ နေရာ မရှိနိုင် တာ ကြောင့် အသင်းမပြောင်း ဖြစ်ကြတာ က ပိုပြီး ဖြစ်နိုင်တယ် လို့ ထင်မိ ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“ကလပ် အသင်း တစ်သင်း တည်းမှာ ကစားခဲ့ တိုင်း သစ္စာ ရှိတယ် လို့ မှတ်ယူ လို့ မရ ပါဘူး ။ ဥပမာ ပေးရ မယ် ဆိုရင် ရိုင်ယန်ဂစ် နဲ့ ပေါလ် စခိုး တို့ပါ ။ သူတို့ ဟာ မန်ချက်စတာ ယူနိုက်တက် မှာပဲ ကစားခဲ့ကြ ပါတယ် ။ ဒါပေမယ့် ကျွန်တော့ အမြင် မှာတော့ သူတို့ ဟာ ယူနိုက်တက် အပေါ် သစ္စာ ရှိတယ် ဆိုတာထက် ယူနိုက်တက် ထက် ပိုကောင်းတဲ့ နေရာ ကို ရှာ မတွေ့ နိုင်တာ ကြောင့် ဆက်နေခဲ့ တာက ပိုပြီး ဖြစ်နိုင်တယ် လို့ ထင်ပါတယ် ။ အဲ့ အချိန်တုန်းက ယူနိုက်တက် ဟာ တကယ်ကို နေချင် စရာ ဖြစ်နေခဲ့တာကိုး” လို့ အိုဝင် က ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR