မန္စီးတီး အသင္းရဲ႔ ခံစစ္ ညာအစြန္ ကစားသမား ေဟာင္း တဦးျဖစ္တဲ႔ မီကာရစ္ခ်က္ က ယမန္ႏွစ္ေဘာလံုး ရာသီမွာ အေကာင္းဆံုးကစားသမား က ဂ်ဴဗီ အသင္းရဲ႕ တိုက္စစ္မွဴး ေရာ္နယ္ဒုိျဖစ္တယ္ လို႕ ဆိုသြားခဲ႔ပါတယ္။ဒါေပမယ့္ သူ႔ရဲ႕ ကစားသမားဘဝတေလ်ွာက္ ရင္ဆိုင္ရအခက္ခဲဆံုးျပိဳင္ဘက္အျဖစ္ ေတာ့ စပါးအသင္းရဲ႕ေတာင္ပံကစားသမားေဟာင္းျဖစ္တဲ႕ ဂါရတ္ေဘးလ္ကို ေရြးခ်ယ္သြားခဲ႕ပါတယ္။

Bale

အသက္ ၃၁ ႏွစ္ အရြယ္ ရွိေနျပီ ျဖစ္တဲ႔မီကာရစ္ခ်က္ဟာ ၂၀၀၅ခုႏွစ္ကေန ၂၀၁၅ ခုႏွစ္အထိ မန္စီးတီးအသင္းမွာ ကစားခဲ႔သူျဖစ္ျပီး ေရာ္နယ္ဒို၊ ဂါရတ္ေဘးလ္တို႕ နဲ႕ မျကာခဏဆိုသလိုထိပ္တိုက္ေတြ႔ဆံုထားခဲ႔ရဖူးတာျဖစ္ပါတယ္။မီကာရစ္ခ်က္ဟာအီတီဟတ္မွာရွိေနခဲ႔တ႔ဲအေတာအတြင္းမွာ ပရီးမီးယားလိဂ္ နဲ႔ FA ဖလား တလံုးစီဆြတ္ခူးႏိုင္ခဲ႔ပါတယ္။

မီကာရစ္ခ်က္ရဲ႕ ျမိဳ႔ခံျပိဳင္ဘက္ ယူႏိုက္တက္ အသင္းရဲ႕တိုက္စစ္ကစားသမားေရာ္နယ္ဒိုဟာ လက္ရွိအခ်ိန္မွာေတာ့ စီးရီးေအကလပ္ ဂ်ဴဗီအသင္းကိုေရာက္ရွိေနတာျဖစ္ပါတယ္။ခ်န္ပီယံလိဂ္ျပိဳင္ပြဲရဲ႔ အေကာင္းဆံုးကစားသမားျဖစ္တဲ႔ ဒီေပၚတူဂီသားကို ဂ်ဴဗီအသင္းက ျမင့္မားတဲ႕ ေျပာင္းေရႊ႕ေျကးတရပ္နဲ႔ျပီးခဲ႔တဲ႔ ႏွစ္ေႏြရာသီမွာေခၚယူထားခဲ႔တာျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ဂ်ဴဗီအသင္းခ်န္ပီယံလိဂ္ေအာင္ျမင္မွဳရဖို႔အစြမ္းကုန္ျကိုးစားေပးခဲ႔ေပမယ့္ ကြာတားအဆင့္မွာပဲ ေအဂ်က္ကို အေရးနိမ့္ျပီး ထြက္ခဲ႔ရတာျဖစ္ပါတယ္။ဒါေပမယ့္စီးရီးေအ ခ်န္ပီယံဆုရယူေပးႏိုင္ခဲ႕လို႔ ျပိဳင္ပြဲရဲ႕အေကာင္းဆံုးကစားသမားဆုကိုရရွိခဲ႔ပါတယ္။

ဒါ့အျပင္ ေႏြရာသီအတြင္း ကစားခဲ႔တဲ႔ UEFA NATIONS LEAGUE ျပိဳင္ပြဲ မွာ ေပၚတူဂီ အသင္း ခ်န္ပီယံျဖစ္ေအာင္ အေကာင္းဆံုး စြမ္းေဆာင္ေပးခဲ႔လို႔ အခုႏွစ္ရဲ႕ အေကာင္းဆံုး အျဖစ္မီကာရစ္ခ်က္က ရွဳျမင္ေနတာျဖစ္ပါတယ္။ဘလြန္းဒီီေအာဆုအတြက္ ဗန္ဒိုက္၊မက္ဆီ ၊ ေရာ္နယ္ဒိုတို႔ကို ေရြးရခက္ေနတဲ႔ အေပၚမီကာရစ္ခ်က္က-

” ဒီႏွစ္အတြင္းအေကာင္းဆံုးကစားသမားက ေရာ္နယ္ဒိုျဖစ္တယ္လို႕ က်ြန္ေတာ္ထင္ပါတယ္။ဘာေျကာင့္လည္းဆိုေတာ့ သူ႔ရဲ႕ ႏိုင္ငံ အတြက္ သူလုပ္ေဆာင္ေပးထားခဲ႔တဲ႔ အရာဟာ အေတာ္ေလးကို အံ့မခန္း ျကီးက်ယ္လို႕ျဖစ္ပါတယ္။

သူနဲ႔ မက္ဆီဟာ မယံုစရာေကာင္းတဲ႔ ကစားသမားေတြ ျဖစ္ျကပါတယ္။ ဗန္ဒိုက္ ကလည္း ကစားသမား ေကာင္း တဦးဆိုေပမယ့္ ေရာ္နယ္ဒို နဲ႔ မက္ဆီ တို႔ လုပ္ေဆာင္ေနတာေတြက တကယ့္ကို အံ့မခန္းျကီးက်ယ္တဲ႔ အရာေတြ ျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

မီကာရစ္ခ်က္ဟာ မန္ခ်က္စတာဒါဘီ ပြဲေတြ မွာေရာ္နယ္ဒိုရဲ႕ ဒုကၡေပးမွဳ ကုိ မျကာခဏ ခံထားခဲ႔ရဖူးေပမယ့္ သူ႔ရဲ႕ ကစားသမား ဘဝရင္ဆိုင္ရအခက္ခဲဆံုးအျဖစ္ေတာ့ ဒီေပၚတူဂီသားကို မသတ္မွတ္ပဲ စပါး အသင္းရဲ႕ ကစားသမားေဟာင္း ဂါရတ္ေဘးလ္ကို ပဲ ေရြးခ်ယ္ခဲ႔ပါတယ္။

ဒီအေျကာင္း နဲ႔ ပတ္သက္ျပီး မီကာရစ္ခ်က္က – ” က်ြန္ေတာ့္အတြက္ ကစားူမားဘဝ တေလွ်ာက္လံုးမွွာ ရင္ဆိုင္ရ အခက္ခဲဆံုး ျပိဳင္ဘက္ကေတာ့ ဂါရတ္ေဘးလ္ပဲျဖစ္ပါတယ္။သူဟာ စပါး အသင္း မွာ ရွိစဥ္ကတည္းက ေန အခုထိ ထိပ္တန္း အဆင့္ ကစားသမားတဦးျဖစ္ပါတယ္။သူနဲ႔ က်ြန္ေတာ္ပြဲေတြအတြင္း မျကခဏဆိုသလို တဦးခ်င္း ထိပ္တိုက္ျပိဳင္မွဳေတြ ျကံုေတြ႔ထားခဲ႕ဖူးပါတယ္ ” လို႔ေျပာသြားခဲ႕တာျဖစ္ပါတယ္။

မီကာရစ္ခ်က္ဟာ မန္စီးတီး အကယ္ဒမီထြက္ ကစားသမားတဦးျဖစ္ျပီး စီနီယာ အသင္းမွာ ဆယ္စုႏွစ္တခုျကာကစားေပးခဲ႔သူျဖစ္ပါတယ္။အဲ႔ဒီေနာက္မွာေတာ့ အက္စတြန္ ဗီလာအသင္းကိုေျပာင္းေရႊ႕သြားခဲ႔ျပီး အခုႏွစ္ဇူလိုင္လအတြင္းကစားသမားဘဝကေန အနားယူခဲ႔ပါတယ္။

SPORTS MYANMAR

Unicode

ပြီးခဲ့တဲ့ရာသီအတွင်းကမ္ဘာ့အကောင်းဆုံးကဘယ်သူလဲဆိုတာပြောကြားရင်းကစားသမားဘဝရင်ဆိုင်ရအခက်ဆုံးပြိုင်ဘက်ရဲ့အမည်ကိုပြောပြလိုက်တဲ့#မီကာရစ်ချက်
==================================

မန်စီးတီး အသင်းရဲ့ ခံစစ် ညာအစွန် ကစားသမား ဟောင်း တဦးဖြစ်တဲ့ မီကာရစ်ချက် က ယမန်နှစ်ဘောလုံး ရာသီမှာ အကောင်းဆုံးကစားသမား က ဂျူဗီ အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဖြစ်တယ် လို့ ဆိုသွားခဲ့ပါတယ်။ဒါပေမယ့် သူ့ရဲ့ ကစားသမားဘဝတလျှောက် ရင်ဆိုင်ရအခက်ခဲဆုံးပြိုင်ဘက်အဖြစ် တော့ စပါးအသင်းရဲ့တောင်ပံကစားသမားဟောင်းဖြစ်တဲ့ ဂါရတ်ဘေးလ်ကို ရွေးချယ်သွားခဲ့ပါတယ်။

အသက် ၃၁ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့မီကာရစ်ချက်ဟာ ၂၀၀၅ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ မန်စီးတီးအသင်းမှာ ကစားခဲ့သူဖြစ်ပြီး ရော်နယ်ဒို၊ ဂါရတ်ဘေးလ်တို့ နဲ့ မကြာခဏဆိုသလိုထိပ်တိုက်တွေ့ဆုံထားခဲ့ရဖူးတာဖြစ်ပါတယ်။မီကာရစ်ချက်ဟာအီတီဟတ်မှာရှိနေခဲ့တဲ့အတောအတွင်းမှာ ပရီးမီးယားလိဂ် နဲ့ FA ဖလား တလုံးစီဆွတ်ခူးနိုင်ခဲ့ပါတယ်။

မီကာရစ်ချက်ရဲ့ မြို့ခံပြိုင်ဘက် ယူနိုက်တက် အသင်းရဲ့တိုက်စစ်ကစားသမားရော်နယ်ဒိုဟာ လက်ရှိအချိန်မှာတော့ စီးရီးအေကလပ် ဂျူဗီအသင်းကိုရောက်ရှိနေတာဖြစ်ပါတယ်။ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဖြစ်တဲ့ ဒီပေါ်တူဂီသားကို ဂျူဗီအသင်းက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတရပ်နဲ့ပြီးခဲ့တဲ့ နှစ်နွေရာသီမှာခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗီအသင်းချန်ပီယံလိဂ်အောင်မြင်မှုရဖို့အစွမ်းကုန်ကြိုးစားပေးခဲ့ပေမယ့် ကွာတားအဆင့်မှာပဲ အေဂျက်ကို အရေးနိမ့်ပြီး ထွက်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့်စီးရီးအေ ချန်ပီယံဆုရယူပေးနိုင်ခဲ့လို့ ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။

ဒါ့အပြင် နွေရာသီအတွင်း ကစားခဲ့တဲ့ UEFA NATIONS LEAGUE ပြိုင်ပွဲ မှာ ပေါ်တူဂီ အသင်း ချန်ပီယံဖြစ်အောင် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့လို့ အခုနှစ်ရဲ့ အကောင်းဆုံး အဖြစ်မီကာရစ်ချက်က ရှုမြင်နေတာဖြစ်ပါတယ်။ဘလွန်းဒီီအောဆုအတွက် ဗန်ဒိုက်၊မက်ဆီ ၊ ရော်နယ်ဒိုတို့ကို ရွေးရခက်နေတဲ့ အပေါ်မီကာရစ်ချက်က-

” ဒီနှစ်အတွင်းအကောင်းဆုံးကစားသမားက ရော်နယ်ဒိုဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ဘာကြောင့်လည်းဆိုတော့ သူ့ရဲ့ နိုင်ငံ အတွက် သူလုပ်ဆောင်ပေးထားခဲ့တဲ့ အရာဟာ အတော်လေးကို အံ့မခန်း ကြီးကျယ်လို့ဖြစ်ပါတယ်။

သူနဲ့ မက်ဆီဟာ မယုံစရာကောင်းတဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်။ ဗန်ဒိုက် ကလည်း ကစားသမား ကောင်း တဦးဆိုပေမယ့် ရော်နယ်ဒို နဲ့ မက်ဆီ တို့ လုပ်ဆောင်နေတာတွေက တကယ့်ကို အံ့မခန်းကြီးကျယ်တဲ့ အရာတွေ ဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

မီကာရစ်ချက်ဟာ မန်ချက်စတာဒါဘီ ပွဲတွေ မှာရော်နယ်ဒိုရဲ့ ဒုက္ခပေးမှု ကို မကြာခဏ ခံထားခဲ့ရဖူးပေမယ့် သူ့ရဲ့ ကစားသမား ဘဝရင်ဆိုင်ရအခက်ခဲဆုံးအဖြစ်တော့ ဒီပေါ်တူဂီသားကို မသတ်မှတ်ပဲ စပါး အသင်းရဲ့ ကစားသမားဟောင်း ဂါရတ်ဘေးလ်ကို ပဲ ရွေးချယ်ခဲ့ပါတယ်။

ဒီအကြောင်း နဲ့ ပတ်သက်ပြီး မီကာရစ်ချက်က – ” ကျွန်တော့်အတွက် ကစားူမားဘဝ တလျှောက်လုံးမှှာ ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်ကတော့ ဂါရတ်ဘေးလ်ပဲဖြစ်ပါတယ်။သူဟာ စပါး အသင်း မှာ ရှိစဉ်ကတည်းက နေ အခုထိ ထိပ်တန်း အဆင့် ကစားသမားတဦးဖြစ်ပါတယ်။သူနဲ့ ကျွန်တော်ပွဲတွေအတွင်း မကြခဏဆိုသလို တဦးချင်း ထိပ်တိုက်ပြိုင်မှုတွေ ကြုံတွေ့ထားခဲ့ဖူးပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

မီကာရစ်ချက်ဟာ မန်စီးတီး အကယ်ဒမီထွက် ကစားသမားတဦးဖြစ်ပြီး စီနီယာ အသင်းမှာ ဆယ်စုနှစ်တခုကြာကစားပေးခဲ့သူဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ အက်စတွန် ဗီလာအသင်းကိုပြောင်းရွှေ့သွားခဲ့ပြီး အခုနှစ်ဇူလိုင်လအတွင်းကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။

SPORTS MYANMAR