PSG အသင္းရဲ႕ တိုက္စစ္ ကစားသမား ေနမာဟာ အေျပာင္းအေရႊ႕ ျပသနာေတြ ဒဏ္ရာျပသနာေတြေျကာင့္ အခုရာသီသစ္အတြင္းမွာ PSG အသင္းအတြက္ ပြဲေတြပါဝင္ကစားေပးထားျခင္း မရွိေသးတာျဖစ္ပါတယ္။ဘရာဇီးလ္နည္းျပျကီးတီေတးကေတာ့ေနမာ ဟာႏိုင္ငံအသင္းအတြက္အေရးပါတဲ႔ ကစားသမားတဦးျဖစ္ျပီး ဒဏ္ရာကေနျပန္လာဖို႕ အသင့္ျဖစ္ေနျပီလို႕ထုတ္ေျပာလိုက္ပါတယ္။

ေနမာဟာ ဇြန္လအေစာပိုင္းမွာ ကစားခဲ႔တဲ႔ ကာတာ နဲ႔ ေျခစမ္းပြဲမွာ ဘရာဇီးလ္အတြက္ ေနာက္ဆံုးကစားေပးထားခဲ႔တာျဖစ္ျပီး ထိုပြဲမွာရခဲ႔တဲ႔ ဒဏ္ရာေျကာင့္ ကိုပါအေမရိကဖလားျပိဳင္ပြဲျကီးကိုပါ လြဲေခ်ာ္ထားခဲ႔တာျဖစ္ပါတယ္။ဘရာဇီးလ္အသင္းဟာ မနက္ျဖန္မွာေတာ့ ကိုလံဘီယာအသင္းနဲ႔မိုင္ယာမီမွာေျခစမ္းသြားမွာျဖစ္ျပီး ေနမာကို လည္းတီေတးက ေရြးခ်ယ္ထားတာျဖစ္ပါတယ္။

ပြဲျကို မီဒီယာ ေတြ႔ဆံုပြဲမွာတီေတးက –
” ကိုပါျပိဳင္ပြဲလူစာရင္းကေန ေနမာထြက္ခဲ႔ရတာကို အားလံုး အမွတ္ရမိျကမယ္လို႔ ထင္ပါတယ္။သူအခုေတာ့ ဒဏ္ရာကေန ျပန္သက္သာေနျပီျဖစ္ပါတယ္။သူဟာ ျကံ့ခိုင္မွဳရွိမေနရင္ ႏိုင္ငံအသင္းမွာပါဝင္ေနမွာမဟုတ္ပါဘူး။

ကစားသမား တဦးရဲ႕ က်န္းမာေရးနဲ႔ပတ္သက္ျပီး က်ြန္ေတာ္တို႕ ကအတင္းအျကပ္ တိုက္တြန္းလို႔ မျဖစ္ပါဘူး။က်ြန္ေတာ္အပါအဝင္ နည္းျပ တဖြဲ႕လံုးက သူတိုးတက္ေကာင္းမြန္ေစဖို႔ကိုပဲ အာရံုစုိက္သြားမွာျဖစ္ပါတယ္။အသင္းလုိအပ္ေနတဲ႔ အရာကိုလုပ္ေဆာင္ေပးဖို႔သူက အသင့္ျဖစ္ေနပါျပီ ” လို႕ေျပာခဲ႔တာျဖစ္ပါတယ္။

ဘရာဇီးလ္ အသင္းဟာ ေနမာ မပါပဲ ကိုပါအေမရိက ဖလားျပိဳင္ပြဲ မွာ ဗိုလ္စြဲ ခဲ႔ေပမယ့္ တီေတးက ေတာ့ ဒီ PSGတိုက္စစ္ ကစားသမားဟာ အသင္းရဲ႕စီမံကိန္းေတြ အတြင္း အေရးပါတဲ႔ အစိတ္အပိုင္းတရပ္အျဖစ္ရွိေနေသးတယ္လို႔ ဆိုပါတယ္။ဒါ့အျပင္သူဟာ ကမၻာ့အေကာင္းဆံုး ကစားသမား စာရင္းမွာ ေရာ္နယ္ဒို၊ မက္ဆီ တို႔ရဲ႕ ေနာက္မွာရွိေနတယ္လို႔ ဆိုပါတယ္။

တီေတးက ဆက္လက္ျပီး -” ေနမာသာကြင္းအတြင္း မွာရွိေနရင္ အသင္းရရွိတဲ႔ ဂိုးေတြရဲ႕ ၅၀ ရာခိုင္ႏွဳန္းေလာက္အထိ သူကပတ္သတ္ပါဝင္ႏိုင္ပါတယ္။ဘာေျကာင့္လည္းဆိုေတာ့ သူဟာဂိုးမသြင္းႏိုင္ရင္ေတာင္ ဖန္တီးမွဳ တခုေလာက္ေတာ့ ျပဳလုပ္ေပးလို႕ ျဖစ္ပါတယ္။

နည္းစနစ္ အရည္အေသြးပိုင္းအရ ေျပာရရင္ မက္ဆီ နဲ႕ ေရာ္နယ္ဒို တို႔ကို က်ြန္ေတာ္က ထိပ္ဆံုးမွာ ထားခ်င္ပါတယ္။ဘာေျကာင့္လည္းဆိုေတာ့ သူတို႔ဟာ အျခားမ်ိဳးဆက္ က ကစားသမားေတြျဖစ္လို႕ ပါပဲ။အဲ႔ဒီ ေနာက္မ်ိဳးဆက္သစ္ေတြမွာေတာ့ ေနမာနဲ႔ ဟာဇက္တို႔ဟာက်ြန္ေတာ့္အတြက္ အထူးကစားသမားေကာင္းေတြ ပါပဲ။

Messi

ေနမာပိုင္ဆိုင္ ထားတဲ႔ ဟာဇက္ထက္ သာတဲ႕ အခ်က္ေတာ့ လုပ္ငန္းေဆာင္တာေတြကို ပိုျပီးျမန္ျမန္လုပ္ေဆာင္ႏိုင္စြမ္းပဲ ျဖစ္ပါတယ္။ဒီအပိုင္းမွာ ၂ဦးစလံုး တူတူပဲ လို႕ ထင္ရေပမယ့္ ေနမာက ရပ္တန္႔ လို႕ မရတဲ႔ ကစားသမားတဦးျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

ေျခက်င္းဝတ္ ဒဏ္ရာေျကာင့္ ကိုပါအေမရိက ဖလားျပိဳင္ပြဲနဲ႔ လြဲေခ်ာ္ခဲ႕တဲ႔ ဗင္နီရွပ္ ဂ်ဴနီယာ ဟာ ကိုလံဘီယာ၊ ပီရူးတို႔နဲ႔ ေျခစမ္းပြဲေတြ အတြက္ လူစာရင္းမွာ ျပန္လည္ပါဝင္လာပါတယ္။ဒီျကယ္ပြင့္ေလးနဲ႕ပတ္သက္ျပီး တီေတးက –

” သူ႔ရဲ႕ ေျခစြမ္း ပံုမွန္ အေနအထားမ်ိဳးမွာ ရွိမေနမွဳ ဟာသူ႔ရဲ႕ အသက္အရြယ္ မ်ိဳး ရွိတဲ႕ ကစားသမားေတြ အတြက္ သဘာဝပဲ ျဖစ္ပါတယ္။ဒီရက္ပိုင္းအတြင္းသူနဲ႔ က်ြန္ေတာ္ စကားေတြေျပာျဖစ္ခဲ႔ျကပါတယ္။သူဟာ ပါရမီထူးကို ပိုင္ဆိုင္ထားတဲ႔ အံ့မခန္းကစားသမားေကာင္းတေယာက္ျဖစ္ပါတယ္။

သူဟာ ဂီယာ ၇ခ်က္ရွိတဲ႕ ကားတစီးလိုအျမန္ႏွုန္းရွိပါတယ္။ရီးရဲလ္လို အသင္းမွာ ကစားေနတာျဖစ္လို႕ က်ြန္ေတာ္တို႔ရဲ႕ ေတာင္းဆိုမွဳေမ်ွာ္လင့္မွဳက မ်ားေနတာျဖစ္ပါတယ္။သူ႔အသက္ ၁၉ႏွစ္ဆိုတာကိုလည္း က်ြန္ေတာ္တို႔ေမ့ေနခဲ႔ျကပါတယ္။သူ႔ကိုအခ်ိန္ေပးျပီး ဂရုစုိက္ကူညီေပးသြားဖို႕ လိုပါေသးတယ္ ” လို႔အဆံုးသတ္ေျပာသြားခဲ႔ပါတယ္။

SPORTS MYANMAR

Unicode

နေမာထက်ပိုကောင်းတဲ့ ကစားသမား၂ဦးရဲ့အမည်တွေကိုပြောပြလိုက်တဲ့ ဘရာဇီးလ်နည်းပြကြီး #တီတေး
==================================

PSG အသင်းရဲ့ တိုက်စစ် ကစားသမား နေမာဟာ အပြောင်းအရွှေ့ ပြသနာတွေ ဒဏ်ရာပြသနာတွေကြောင့် အခုရာသီသစ်အတွင်းမှာ PSG အသင်းအတွက် ပွဲတွေပါဝင်ကစားပေးထားခြင်း မရှိသေးတာဖြစ်ပါတယ်။ဘရာဇီးလ်နည်းပြကြီးတီတေးကတော့နေမာ ဟာနိုင်ငံအသင်းအတွက်အရေးပါတဲ့ ကစားသမားတဦးဖြစ်ပြီး ဒဏ်ရာကနေပြန်လာဖို့ အသင့်ဖြစ်နေပြီလို့ထုတ်ပြောလိုက်ပါတယ်။

နေမာဟာ ဇွန်လအစောပိုင်းမှာ ကစားခဲ့တဲ့ ကာတာ နဲ့ ခြေစမ်းပွဲမှာ ဘရာဇီးလ်အတွက် နောက်ဆုံးကစားပေးထားခဲ့တာဖြစ်ပြီး ထိုပွဲမှာရခဲ့တဲ့ ဒဏ်ရာကြောင့် ကိုပါအမေရိကဖလားပြိုင်ပွဲကြီးကိုပါ လွဲချော်ထားခဲ့တာဖြစ်ပါတယ်။ဘရာဇီးလ်အသင်းဟာ မနက်ဖြန်မှာတော့ ကိုလံဘီယာအသင်းနဲ့မိုင်ယာမီမှာခြေစမ်းသွားမှာဖြစ်ပြီး နေမာကို လည်းတီတေးက ရွေးချယ်ထားတာဖြစ်ပါတယ်။

ပွဲကြို မီဒီယာ တွေ့ဆုံပွဲမှာတီတေးက –
” ကိုပါပြိုင်ပွဲလူစာရင်းကနေ နေမာထွက်ခဲ့ရတာကို အားလုံး အမှတ်ရမိကြမယ်လို့ ထင်ပါတယ်။သူအခုတော့ ဒဏ်ရာကနေ ပြန်သက်သာနေပြီဖြစ်ပါတယ်။သူဟာ ကြံ့ခိုင်မှုရှိမနေရင် နိုင်ငံအသင်းမှာပါဝင်နေမှာမဟုတ်ပါဘူး။

ကစားသမား တဦးရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကအတင်းအကြပ် တိုက်တွန်းလို့ မဖြစ်ပါဘူး။ကျွန်တော်အပါအဝင် နည်းပြ တဖွဲ့လုံးက သူတိုးတက်ကောင်းမွန်စေဖို့ကိုပဲ အာရုံစိုက်သွားမှာဖြစ်ပါတယ်။အသင်းလိုအပ်နေတဲ့ အရာကိုလုပ်ဆောင်ပေးဖို့သူက အသင့်ဖြစ်နေပါပြီ ” လို့ပြောခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ် အသင်းဟာ နေမာ မပါပဲ ကိုပါအမေရိက ဖလားပြိုင်ပွဲ မှာ ဗိုလ်စွဲ ခဲ့ပေမယ့် တီတေးက တော့ ဒီ PSGတိုက်စစ် ကစားသမားဟာ အသင်းရဲ့စီမံကိန်းတွေ အတွင်း အရေးပါတဲ့ အစိတ်အပိုင်းတရပ်အဖြစ်ရှိနေသေးတယ်လို့ ဆိုပါတယ်။ဒါ့အပြင်သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား စာရင်းမှာ ရော်နယ်ဒို၊ မက်ဆီ တို့ရဲ့ နောက်မှာရှိနေတယ်လို့ ဆိုပါတယ်။

တီတေးက ဆက်လက်ပြီး -” နေမာသာကွင်းအတွင်း မှာရှိနေရင် အသင်းရရှိတဲ့ ဂိုးတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်အထိ သူကပတ်သတ်ပါဝင်နိုင်ပါတယ်။ဘာကြောင့်လည်းဆိုတော့ သူဟာဂိုးမသွင်းနိုင်ရင်တောင် ဖန်တီးမှု တခုလောက်တော့ ပြုလုပ်ပေးလို့ ဖြစ်ပါတယ်။

နည်းစနစ် အရည်အသွေးပိုင်းအရ ပြောရရင် မက်ဆီ နဲ့ ရော်နယ်ဒို တို့ကို ကျွန်တော်က ထိပ်ဆုံးမှာ ထားချင်ပါတယ်။ဘာကြောင့်လည်းဆိုတော့ သူတို့ဟာ အခြားမျိုးဆက် က ကစားသမားတွေဖြစ်လို့ ပါပဲ။အဲ့ဒီ နောက်မျိုးဆက်သစ်တွေမှာတော့ နေမာနဲ့ ဟာဇက်တို့ဟာကျွန်တော့်အတွက် အထူးကစားသမားကောင်းတွေ ပါပဲ။

နေမာပိုင်ဆိုင် ထားတဲ့ ဟာဇက်ထက် သာတဲ့ အချက်တော့ လုပ်ငန်းဆောင်တာတွေကို ပိုပြီးမြန်မြန်လုပ်ဆောင်နိုင်စွမ်းပဲ ဖြစ်ပါတယ်။ဒီအပိုင်းမှာ ၂ဦးစလုံး တူတူပဲ လို့ ထင်ရပေမယ့် နေမာက ရပ်တန့် လို့ မရတဲ့ ကစားသမားတဦးဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

ခြေကျင်းဝတ် ဒဏ်ရာကြောင့် ကိုပါအမေရိက ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့တဲ့ ဗင်နီရှပ် ဂျူနီယာ ဟာ ကိုလံဘီယာ၊ ပီရူးတို့နဲ့ ခြေစမ်းပွဲတွေ အတွက် လူစာရင်းမှာ ပြန်လည်ပါဝင်လာပါတယ်။ဒီကြယ်ပွင့်လေးနဲ့ပတ်သက်ပြီး တီတေးက –

” သူ့ရဲ့ ခြေစွမ်း ပုံမှန် အနေအထားမျိုးမှာ ရှိမနေမှု ဟာသူ့ရဲ့ အသက်အရွယ် မျိုး ရှိတဲ့ ကစားသမားတွေ အတွက် သဘာဝပဲ ဖြစ်ပါတယ်။ဒီရက်ပိုင်းအတွင်းသူနဲ့ ကျွန်တော် စကားတွေပြောဖြစ်ခဲ့ကြပါတယ်။သူဟာ ပါရမီထူးကို ပိုင်ဆိုင်ထားတဲ့ အံ့မခန်းကစားသမားကောင်းတယောက်ဖြစ်ပါတယ်။

သူဟာ ဂီယာ ရချက်ရှိတဲ့ ကားတစီးလိုအမြန်နှုန်းရှိပါတယ်။ရီးရဲလ်လို အသင်းမှာ ကစားနေတာဖြစ်လို့ ကျွန်တော်တို့ရဲ့ တောင်းဆိုမှုမျှော်လင့်မှုက များနေတာဖြစ်ပါတယ်။သူ့အသက် ၁၉နှစ်ဆိုတာကိုလည်း ကျွန်တော်တို့မေ့နေခဲ့ကြပါတယ်။သူ့ကိုအချိန်ပေးပြီး ဂရုစိုက်ကူညီပေးသွားဖို့ လိုပါသေးတယ် ” လို့အဆုံးသတ်ပြောသွားခဲ့ပါတယ်။

SPORTS MYANMAR