ခ်ယ္လ္ဆီး အသင္း ရဲ႕ ကြင္းလယ္ တိုက္စစ္ ကစားသမား ေမဆင္ေမာင့္ ဟာ ယခုႏွစ္ ေဘာလံုး ရာသီ ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ ေျခတက္ ထဲက ေျခစြမ္း အေကာင္းဆံုး ကစားသမား တေယာက္ ျဖစ္ေနတယ္ လို႕ သတ္မွတ္ ရပါမယ္ ။ ရာသီၾကိဳ ေျခစမ္း ပြဲစဥ္ ေတြမွာ ကတည္းက သြင္းဂိုး ေတြနဲ႕ သူ႕ရဲ႕ ေျခစြမ္း ကို သက္ေသ ျပေနတဲ့ ေမဆင္ေမာင့္ ဟာ လက္ရွိ ပရီးမီးယားလိဂ္ ၄ပြဲ ကစားထားရာမွာ သြင္းဂိုး ၂ဂိုး ရရွိေနျပီ ျဖစ္ပါတယ္ ။

ေမဆင္ေမာင့္ ဟာ ျပီးခဲ့တဲ့ ၂ရာသီ မွာ နယ္သာလန္ ပထမတန္း ကလပ္ ဗြီတက္ဆီ ၊ အဂၤလန္ ခ်န္ပီယံရွစ္ ကလပ္ ဒါဘီ အသင္း ေတြမွာ အငွား ထြက္ကစား ခဲ့ျပီး အခု အခါမွာေတာ့ ထို အသင္း ေတြမွာ ရရွိ ခဲ့တဲ့ အေတြ႕အၾကံဳ ေတြနဲ႕ ေျခစြမ္းေကာင္း ေတြကို ခ်ယ္လ္ဆီး အသင္း မွာ အေကာင္းဆံုး အသံုးခ် ေနျပီ ျဖစ္ပါတယ္ ။

ေမာင့္ ဟာ ဗြီတက္ဆီ အသင္း မွာ ကတည္းက နယ္သာလန္လိဂ္ တႏွစ္တာ အေကာင္းဆံုး အသင္း ထဲမွာ ပါဝင္ ႏိုင္ခဲ့သလို ၊ ဖရန္႕ လမ္းပတ္ ကိုင္တြယ္ ခဲ့တဲ့ ဒါဘီ အသင္း မွာလည္း သြင္းဂိုး ေတြ ၊ ဂိုးဖန္တီးမႈ ေတြနဲ႕ သက္ေသ ျပႏိုင္ခဲ့ပါတယ္ ။ အခု အခါမွာေတာ့ သူ႔ရဲ႕ ငယ္ဘဝ အိပ္မက္ ျဖစ္တဲ့ ခ်ယ္လ္ဆီး အသင္း မွာ ကစားခြင့္ ရဖို႕ ကို အေကာင္အထည္ ေဖာ္လာ ႏိုင္ခဲ့ျပီ ျဖစ္ပါတယ္ ။

Chelsea TV Matchday Programme အစီအစဥ္ မွာေတာ့ ေမဆင္ေမာင့္ က လမ္းပတ္ လက္ေအာက္ မွာ ကစား ရတဲ့ မိနစ္တိုင္း အတြက္ ေပ်ာ္ရႊင္ ေနေၾကာင္း ၊ နည္းျပ ျဖစ္သူ လမ္းပတ္ လက္ေအာက္ မွာ လူငယ္ ေျခတက္ ကစားသမား ေတြ အခြင့္အေရး ရလို႕ အားရ ေက်နပ္ မိေၾကာင္း ၊ ပထမ အသင္း မွာ ကစားခြင့္ ရဖို႕ ဆိုတာ သူ႕ရဲ႕ အျမဲတမ္း အိပ္မက္ ျဖစ္ခဲ့ေၾကာင္း ဖြင့္ဟ ေျပာၾကား ခဲ့ပါတယ္ ။

Mason mouth

ေမာင့္ က ” ဒီႏွစ္ ေဘာလံုး ရာသီ မစတင္ခင္ အခ်ိန္ မွာေတာင္ အကယ္ဒမီ က လူငယ္ ကစားသမား ေတြ အတြက္ အေတာ္ ကို စိတ္လႈပ္ရွားစရာ ေကာင္းတဲ့ ကာလ အျဖစ္ ရွိေနခဲ့တာပါ ။ အခု ေလာေလာဆယ္ အခိုက္အတန္႕ ေတြ အတြက္ ကြ်န္ေတာ္ တို႕ ေပ်ာ္ရႊင္ ေနၾကပါတယ္ ။ ဆက္ျပီး ၾကိဳးစား ၾကမယ္ ၊ ေခါင္းငံု႕ျပီး ကိုယ့္ အလုပ္ကိုယ္ အေကာင္းဆံုး လုပ္ၾကမယ္ေပါ့ဗ်ာ ။ ”

” ခ်ယ္လ္ဆီး ပထမ အသင္း ကို ဝင္ေရာက္ ႏိုင္ဖို႔ ဆိုတာ အေတာ္ေလး ခက္ခဲ တဲ့ အရာ ျဖစ္ပါတယ္ ။ ခင္ဗ်ား တို႕ ၾကည့္လိုက္ရင္ ဒီမွာ တကယ့္ ကမၻာ့ အဆင့္ ကစားသမား ေတြခ်ည္း ပါပဲ ။ ကြ်န္ေတာ့ အတြက္ ကေတာ့ သူတို႕ နဲ႔ အတူ ေလ့က်င့္ရတဲ့ အခိုက္အတန္႕ ၊ နည္းျပၾကီး လက္ေအာက္ မွာ ကစား ရတဲ့ အခိုက္အတန္႕ ၊ ထိပ္တန္း ကစားသမား ေတြဆီက ပညာ ေတြ သင္ယူရတဲ့ အခ်ိန္တိုင္း ဟာ အေကာင္းဆံုး အရာ ေတြ ျဖစ္ပါတယ္ ။ ”

” အမွန္ အတိုင္း ေျပာရရင္ ကြ်န္ေတာ္ ဟာ ပထမ အသင္း မွာ ပညာေတြ သင္ယူ ေနရတာနဲ႕ ကစားခြင့္ ရတဲ့ မိနစ္တိုင္း ကို တကယ္ပဲ ၾကိဳက္ႏွစ္သက္ မိပါတယ္ ။ ကြ်န္ေတာ့ စိတ္ထဲမွာေတာ့ ခ်ယ္လ္ဆီး အတြက္ ကစားခြင့္ ရဖို႕ကိုပဲ အျမဲတမ္း ေတြးထားပါတယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ ဒီ အသင္း မွာ ကစား ရဖို႕ ဆိုတာ ကြ်န္ေတာ့ တဘဝလံုး အတြက္ ရည္မွန္းခ်က္ တခု ျဖစ္သလို ၊ ပြဲထြက္ခြင့္ ေတြ အတြက္ ကြ်န္ေတာ္ အလုပ္ ၾကိဳးစား ေနရတာ ျဖစ္ပါတယ္ ။ ”

” ကြ်န္ေတာ္ ဟာ ခ်ယ္လ္ဆီး အသင္း ကို ေရာက္ရွိ လာတာ ႏွစ္ေပါင္း မ်ားစြာ ၾကာခဲ့ျပီ ျဖစ္လို႕ အခုလို စီနီယာ အသင္း မွာ ပထမဆံုး ပါဝင္ခြင့္ ေတြ ရရွိေနျခင္း ဟာ ကြ်န္ေတာ့ အတြက္ အမ်ားၾကီး အဓိပၸာယ္ ရွိပါတယ္ ။ ဒါဟာ ကြ်န္ေတာ့ ရဲ႕ အျမဲတမ္း ရည္မွန္းခ်က္ ပန္းတိုင္ ျဖစ္ခဲ့သလို ဒီေနရာ ကို ေရာက္ရွိဖို႕ ကြ်န္ေတာ္ ဟာ နည္းျပ မ်ားစြာ နဲ႕ အတူ လက္တြဲ အလုပ္လုပ္ ခဲ့ရပါတယ္ ။ သူတို႕ ေတြက ကြ်န္ေတာ့ ကို အမ်ားၾကီး ကူညီ ေပးခဲ့ပါတယ္ ။ ”

” ဒါေၾကာင့္မို႕ ကြ်န္ေတာ္ တေယာက္တည္း ရဲ႕ ၾကိဳးစားမႈေၾကာင့္ စီနီယာ အသင္း မွာ ကြ်န္ေတာ္ ကစားခြင့္ ရေနတာ မဟုတ္ပါဘူး ။ အရင္ နည္းျပ ဆရာ ေတြရဲ႕ ပံ့ပိုးမႈ မပါပဲ ဒီေနရာ ကို ကြ်န္ေတာ္ မေရာက္လာ ႏိုင္ပါဘူး ။ အခု အခ်ိန္ ဟာ ကြ်န္ေတာ့ အတြက္ တကယ့္ ထူးရွယ္ အခိုက္အတန္႕ ျဖစ္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ဖရန့် လမ်းပတ် လက်အောက် မှာ ကစား ရတဲ့ မိနစ်တိုင်း ကို ကျေနပ် အားရ မိကြောင်း ဝမ်းသာစကား ဆိုလာတဲ့ #မေဆင်မောင့်

ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား မေဆင်မောင့် ဟာ ယခုနှစ် ဘောလုံး ရာသီ ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ခြေတက် ထဲက ခြေစွမ်း အကောင်းဆုံး ကစားသမား တယောက် ဖြစ်နေတယ် လို့ သတ်မှတ် ရပါမယ် ။ ရာသီကြို ခြေစမ်း ပွဲစဉ် တွေမှာ ကတည်းက သွင်းဂိုး တွေနဲ့ သူ့ရဲ့ ခြေစွမ်း ကို သက်သေ ပြနေတဲ့ မေဆင်မောင့် ဟာ လက်ရှိ ပရီးမီးယားလိဂ် ၄ပွဲ ကစားထားရာမှာ သွင်းဂိုး ၂ဂိုး ရရှိနေပြီ ဖြစ်ပါတယ် ။

မေဆင်မောင့် ဟာ ပြီးခဲ့တဲ့ ၂ရာသီ မှာ နယ်သာလန် ပထမတန်း ကလပ် ဗွီတက်ဆီ ၊ အင်္ဂလန် ချန်ပီယံရှစ် ကလပ် ဒါဘီ အသင်း တွေမှာ အငှား ထွက်ကစား ခဲ့ပြီး အခု အခါမှာတော့ ထို အသင်း တွေမှာ ရရှိ ခဲ့တဲ့ အတွေ့အကြုံ တွေနဲ့ ခြေစွမ်းကောင်း တွေကို ချယ်လ်ဆီး အသင်း မှာ အကောင်းဆုံး အသုံးချ နေပြီ ဖြစ်ပါတယ် ။

မောင့် ဟာ ဗွီတက်ဆီ အသင်း မှာ ကတည်းက နယ်သာလန်လိဂ် တနှစ်တာ အကောင်းဆုံး အသင်း ထဲမှာ ပါဝင် နိုင်ခဲ့သလို ၊ ဖရန့် လမ်းပတ် ကိုင်တွယ် ခဲ့တဲ့ ဒါဘီ အသင်း မှာလည်း သွင်းဂိုး တွေ ၊ ဂိုးဖန်တီးမှု တွေနဲ့ သက်သေ ပြနိုင်ခဲ့ပါတယ် ။ အခု အခါမှာတော့ သူ့ရဲ့ ငယ်ဘဝ အိပ်မက် ဖြစ်တဲ့ ချယ်လ်ဆီး အသင်း မှာ ကစားခွင့် ရဖို့ ကို အကောင်အထည် ဖော်လာ နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

Chelsea TV Matchday Programme အစီအစဉ် မှာတော့ မေဆင်မောင့် က လမ်းပတ် လက်အောက် မှာ ကစား ရတဲ့ မိနစ်တိုင်း အတွက် ပျော်ရွှင် နေကြောင်း ၊ နည်းပြ ဖြစ်သူ လမ်းပတ် လက်အောက် မှာ လူငယ် ခြေတက် ကစားသမား တွေ အခွင့်အရေး ရလို့ အားရ ကျေနပ် မိကြောင်း ၊ ပထမ အသင်း မှာ ကစားခွင့် ရဖို့ ဆိုတာ သူ့ရဲ့ အမြဲတမ်း အိပ်မက် ဖြစ်ခဲ့ကြောင်း ဖွင့်ဟ ပြောကြား ခဲ့ပါတယ် ။

မောင့် က ” ဒီနှစ် ဘောလုံး ရာသီ မစတင်ခင် အချိန် မှာတောင် အကယ်ဒမီ က လူငယ် ကစားသမား တွေ အတွက် အတော် ကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ကာလ အဖြစ် ရှိနေခဲ့တာပါ ။ အခု လောလောဆယ် အခိုက်အတန့် တွေ အတွက် ကျွန်တော် တို့ ပျော်ရွှင် နေကြပါတယ် ။ ဆက်ပြီး ကြိုးစား ကြမယ် ၊ ခေါင်းငုံ့ပြီး ကိုယ့် အလုပ်ကိုယ် အကောင်းဆုံး လုပ်ကြမယ်ပေါ့ဗျာ ။ ”

” ချယ်လ်ဆီး ပထမ အသင်း ကို ဝင်ရောက် နိုင်ဖို့ ဆိုတာ အတော်လေး ခက်ခဲ တဲ့ အရာ ဖြစ်ပါတယ် ။ ခင်ဗျား တို့ ကြည့်လိုက်ရင် ဒီမှာ တကယ့် ကမ္ဘာ့ အဆင့် ကစားသမား တွေချည်း ပါပဲ ။ ကျွန်တော့ အတွက် ကတော့ သူတို့ နဲ့ အတူ လေ့ကျင့်ရတဲ့ အခိုက်အတန့် ၊ နည်းပြကြီး လက်အောက် မှာ ကစား ရတဲ့ အခိုက်အတန့် ၊ ထိပ်တန်း ကစားသမား တွေဆီက ပညာ တွေ သင်ယူရတဲ့ အချိန်တိုင်း ဟာ အကောင်းဆုံး အရာ တွေ ဖြစ်ပါတယ် ။ ”

” အမှန် အတိုင်း ပြောရရင် ကျွန်တော် ဟာ ပထမ အသင်း မှာ ပညာတွေ သင်ယူ နေရတာနဲ့ ကစားခွင့် ရတဲ့ မိနစ်တိုင်း ကို တကယ်ပဲ ကြိုက်နှစ်သက် မိပါတယ် ။ ကျွန်တော့ စိတ်ထဲမှာတော့ ချယ်လ်ဆီး အတွက် ကစားခွင့် ရဖို့ကိုပဲ အမြဲတမ်း တွေးထားပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ဒီ အသင်း မှာ ကစား ရဖို့ ဆိုတာ ကျွန်တော့ တဘဝလုံး အတွက် ရည်မှန်းချက် တခု ဖြစ်သလို ၊ ပွဲထွက်ခွင့် တွေ အတွက် ကျွန်တော် အလုပ် ကြိုးစား နေရတာ ဖြစ်ပါတယ် ။ ”

” ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း ကို ရောက်ရှိ လာတာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ ဖြစ်လို့ အခုလို စီနီယာ အသင်း မှာ ပထမဆုံး ပါဝင်ခွင့် တွေ ရရှိနေခြင်း ဟာ ကျွန်တော့ အတွက် အများကြီး အဓိပ္ပာယ် ရှိပါတယ် ။ ဒါဟာ ကျွန်တော့ ရဲ့ အမြဲတမ်း ရည်မှန်းချက် ပန်းတိုင် ဖြစ်ခဲ့သလို ဒီနေရာ ကို ရောက်ရှိဖို့ ကျွန်တော် ဟာ နည်းပြ များစွာ နဲ့ အတူ လက်တွဲ အလုပ်လုပ် ခဲ့ရပါတယ် ။ သူတို့ တွေက ကျွန်တော့ ကို အများကြီး ကူညီ ပေးခဲ့ပါတယ် ။ ”

” ဒါကြောင့်မို့ ကျွန်တော် တယောက်တည်း ရဲ့ ကြိုးစားမှုကြောင့် စီနီယာ အသင်း မှာ ကျွန်တော် ကစားခွင့် ရနေတာ မဟုတ်ပါဘူး ။ အရင် နည်းပြ ဆရာ တွေရဲ့ ပံ့ပိုးမှု မပါပဲ ဒီနေရာ ကို ကျွန်တော် မရောက်လာ နိုင်ပါဘူး ။ အခု အချိန် ဟာ ကျွန်တော့ အတွက် တကယ့် ထူးရှယ် အခိုက်အတန့် ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR