အာဆင္နယ္ အသင္းကေန စီရီးေအ ကလပ္ ရိုးမား အသင္းကို တစ္ရာသီ အငွားနဲ႔ ေျပာင္းေရႊ႕ ေရာက္ရွိ သြားခဲ့တဲ့ မီခီတာရန္း က ပရိသတ္ေတြ သိခ်င္ေနတဲ့ရာသီကုန္ရင္ အမ္းမရိတ္ကို ျပန္လာမွာလား ဆိုတဲ့ ေမးခြန္းကို တုန႔္ျပန္ ေျဖၾကား သြားခဲ့ပါတယ္။

အာေမးနီးယား အသင္း ေခါင္းေဆာင္ မီခီတာရန္းဟာ ဒီရာသီမွာ အာဆင္နယ္ အသင္းအတြက္ သုံးပြဲ ပါဝင္ ကစားခြင့္ ရထားၿပီး ရိုးမား အသင္းကို မေျပာင္းေရႊ႕ခင္ ေတာ့တင္ဟမ္ အသင္း နဲ႔ ပြဲမွာလည္း လူစားဝင္ ကစားခြင့္ ရခဲ့ပါတယ္။အဆိုပါပြဲမွာ မီခီတာရန္းဟာ အပိုင္အခြင့္အေရးေတြ ရရွိခဲ့ေပမယ့္ အသုံးခ် နိုင္ခဲ့ျခင္းေတာ့ မရွိပါဘူး ။

အသက္ ၃၀ အရြယ္ ရွိၿပီ ျဖစ္တဲ့ မီခီတာရန္းဟာ အာဆင္နယ္ အသင္းမွာ တစ္ပတ္ လစာ ေပါင္ ၂ သိန္း ရရွိေနၿပီး ရိုးမား အသင္းထံ တစ္ရာသီ အငွားခ်လိုက္နိုင္တာေၾကာင့္ အာဆင္နယ္ အသင္းအတြက္ တစ္ပတ္ လစာ ေပါင္ ၁၈၀၀၀၀ အထိ သက္သာ သြားခဲ့ရပါတယ္။

အာဆင္နယ္ အသင္းဟာ ေႏြရာသီ အေျပာင္းအေရႊ႕ကာလမွာ နီကိုလပ္စ္ ပီပီ ကို ေခၚယူ ခဲ့တာေၾကာင့္ မီခီတာရန္း ဟာ ပုံမွန္ ပြဲထြက္ ကစားခြင့္ ရရွိဖို႔ အတြက္ ရိုးမား အသင္းကို အငွား ေျပာင္းေရႊ႕ သြားခဲ့တာလည္း ျဖစ္ပါတယ္။

မီခီတာရန္း က ရိုးမား အသင္း နဲ႔ အငွား စာခ်ဳပ္ သက္တမ္း ျပည့္သြားပါက အာဆင္နယ္ အသင္းကို ျပန္လာနိုင္ေခ် ရွိမရွိကို အခု အခ်ိန္မွာ မစဥ္းစား ေသးေၾကာင္း နဲ႔ လာမယ့္ ပြဲေတြအတြက္ပဲ ေသခ်ာ အာ႐ုံစိုက္ ျပင္ဆင္ေနေၾကာင္း ဖြင့္ဟ ေျပာၾကား သြားခဲ့ပါတယ္ ။

မီခီတာရန္း က VBET News မွာ ” ရိုးမား အသင္းမွာ က်ေနာ္ ဘာလုပ္ ျပနိုင္မလဲ ဆိုတာ အရင္ဆုံး ေစာင့္ၾကည့္ဖို႔ ေျပာခ်င္ပါတယ္။ရာသီကုန္မွပဲ ဒီမွာ ဆက္ေနရမလား ၊ ျပန္သြားရမလား ၊ တစ္ခုခု လုပ္ရမလားဆိုတာ စဥ္းစား ဆုံးျဖတ္ ရမွာပါ ။ က်ေနာ္လည္း မသိပါဘူး ။ ”

” အခု အခ်ိန္မွာ က်ေနာ့္ရဲ့ အနာဂတ္နဲ႔ ပတ္သက္ၿပီး တပ္အပ္ ေျပာလို႔ မရေသးပါဘူး ။ လာမယ့္ ပြဲေတြအတြက္ပဲ အာ႐ုံ စိုက္တာ ပို ေကာင္း မယ္ ထင္ ပါ တယ္ ။ က်ေနာ္​ ေနရာစုံမွာ ကစားနိုင္စြမ္း ရွိပါတယ္ ၊ရိုးမားလို အသင္းေကာင္းတစ္သင္းကို က်ေနာ္ အစြမ္းကုန္ ကူညီေပးသြားမွာပါ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္။

မီခီတာရန္း ဟာ ဒီရာသီမွာ ရိုးမား အသင္း အတြက္ ၂၅ ပြဲႏွင့္ အထက္ ကစားနိုင္ခဲ့ပါက အၿပီးသတ္ ဝယ္ယူခြင့္ေပးဖို႔ အာဆင္နယ္ နဲ႔ ရိုးမား အသင္းၾကား သေဘာတူညီမွု ရယူ ထားတယ္လို႔ သတင္းေတြလည္း ထြက္ေပၚ ေနပါတယ္။

SPORTS MYANMAR

Unicode

ရိုးမား အသင်းနဲ့ အငှားစာချုပ် သက်တမ်း ပြည့်သွားပါက အာဆင်နယ် အသင်းထံ ပြန်လာဖို့ ရှိမရှိ ပြောကြားလိုက်တဲ့ မီခီတာရန်း
==================================

အာဆင်နယ် အသင်းကနေ စီရီးအေ ကလပ် ရိုးမား အသင်းကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့တဲ့ မီခီတာရန်း က ပရိသတ်တွေ သိချင်နေတဲ့ရာသီကုန်ရင် အမ်းမရိတ်ကို ပြန်လာမှာလား ဆိုတဲ့ မေးခွန်းကို တုန့်ပြန် ဖြေကြား သွားခဲ့ပါတယ်။

အာမေးနီးယား အသင်း ခေါင်းဆောင် မီခီတာရန်းဟာ ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် သုံးပွဲ ပါဝင် ကစားခွင့် ရထားပြီး ရိုးမား အသင်းကို မပြောင်းရွှေ့ခင် တော့တင်ဟမ် အသင်း နဲ့ ပွဲမှာလည်း လူစားဝင် ကစားခွင့် ရခဲ့ပါတယ်။အဆိုပါပွဲမှာ မီခီတာရန်းဟာ အပိုင်အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အသုံးချ နိုင်ခဲ့ခြင်းတော့ မရှိပါဘူး ။

အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ မီခီတာရန်းဟာ အာဆင်နယ် အသင်းမှာ တစ်ပတ် လစာ ပေါင် ၂ သိန်း ရရှိနေပြီး ရိုးမား အသင်းထံ တစ်ရာသီ အငှားချလိုက်နိုင်တာကြောင့် အာဆင်နယ် အသင်းအတွက် တစ်ပတ် လစာ ပေါင် ၁၈၀၀၀၀ အထိ သက်သာ သွားခဲ့ရပါတယ်။

အာဆင်နယ် အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ကာလမှာ နီကိုလပ်စ် ပီပီ ကို ခေါ်ယူ ခဲ့တာကြောင့် မီခီတာရန်း ဟာ ပုံမှန် ပွဲထွက် ကစားခွင့် ရရှိဖို့ အတွက် ရိုးမား အသင်းကို အငှား ပြောင်းရွှေ့ သွားခဲ့တာလည်း ဖြစ်ပါတယ်။

မီခီတာရန်း က ရိုးမား အသင်း နဲ့ အငှား စာချုပ် သက်တမ်း ပြည့်သွားပါက အာဆင်နယ် အသင်းကို ပြန်လာနိုင်ချေ ရှိမရှိကို အခု အချိန်မှာ မစဉ်းစား သေးကြောင်း နဲ့ လာမယ့် ပွဲတွေအတွက်ပဲ သေချာ အာရုံစိုက် ပြင်ဆင်နေကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ် ။

မီခီတာရန်း က VBET News မှာ ” ရိုးမား အသင်းမှာ ကျနော် ဘာလုပ် ပြနိုင်မလဲ ဆိုတာ အရင်ဆုံး စောင့်ကြည့်ဖို့ ပြောချင်ပါတယ်။ရာသီကုန်မှပဲ ဒီမှာ ဆက်နေရမလား ၊ ပြန်သွားရမလား ၊ တစ်ခုခု လုပ်ရမလားဆိုတာ စဉ်းစား ဆုံးဖြတ် ရမှာပါ ။ ကျနော်လည်း မသိပါဘူး ။ ”

” အခု အချိန်မှာ ကျနော့်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး တပ်အပ် ပြောလို့ မရသေးပါဘူး ။ လာမယ့် ပွဲတွေအတွက်ပဲ အာရုံ စိုက်တာ ပို ကောင်း မယ် ထင် ပါ တယ် ။ ကျနော်​ နေရာစုံမှာ ကစားနိုင်စွမ်း ရှိပါတယ် ၊ရိုးမားလို အသင်းကောင်းတစ်သင်းကို ကျနော် အစွမ်းကုန် ကူညီပေးသွားမှာပါ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။

မီခီတာရန်း ဟာ ဒီရာသီမှာ ရိုးမား အသင်း အတွက် ၂၅ ပွဲနှင့် အထက် ကစားနိုင်ခဲ့ပါက အပြီးသတ် ဝယ်ယူခွင့်ပေးဖို့ အာဆင်နယ် နဲ့ ရိုးမား အသင်းကြား သဘောတူညီမှု ရယူ ထားတယ်လို့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။

SPORTS MYANMAR