အေမရိကန္ လက္ေရြးစင္ ေတာင္ပံ ကစားသမား ပူလီဆစ္ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ရဲ႕ ဇန္နဝါရီ အေျပာင္းအေရႊ႕ မွာ ေဒါ့မြန္ အသင္း ကေန ခ်ယ္လ္ဆီး အသင္း သို႕ ေပါင္ ၅၈ သန္း နဲ႕ ေျပာင္းေရႊ႕ လာခဲ့ျပီး ရာသီကုန္ အထိ ေဒါ့မြန္ အသင္း မွာပဲ အငွား ဆက္ကစား ခဲ့ပါတယ္ ။ ဒီႏွစ္ ေဘာလံုး ရာသီ မတိုင္ခင္ ရာသီၾကိဳ ေျခစမ္း ခရီးစဥ္ ေတြမွာမွ ပူလီဆစ္ ဟာ ခ်ယ္လ္ဆီး အသင္း နဲ႕ စတင္ ပူးေပါင္း ခဲ့ပါတယ္ ။

Pulisic

အသက္ ၂၀ အရြယ္သာ ရွိေသးတဲ့ ပူလီဆစ္ ဟာ ငယ္ငယ္ရြယ္ရြယ္ နဲ႕ ပရီးမီးယားလိဂ္ ကို ေျပာင္းလဲျပီး ၾကီးမားတဲ့ စိန္ေခၚမႈ ေတြနဲ႕ အတူ ခ်ယ္လ္ဆီး အသင္း အတြက္ အေကာင္းဆံုး ကူညီ ေပးသြားမယ္ ဆိုတာ ယံုမွား သံသယ ရွိစရာ မလိုပါဘူး ။ ယခုႏွစ္ ေဘာလံုး ရာသီ စတင္ ျပီးကတည္းက ပူလီဆစ္ ဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၄ပြဲ မွာ ၃ပြဲ အထိ ပါဝင္ ကစား ေပးထား ခဲ့ကာ ဂိုးဖန္တီးမႈ တၾကိမ္ ျပဳလုပ္ ႏိုင္ခဲ့ပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ဟာ အသင္း ကေန ထြက္ခြာ သြားခဲ့တဲ့ အဓိက ေတာင္ပံ ကစားသမား အီဒင္ ဟာဇတ္ ရဲ႕ ေနရာ အတြက္ ပူလီဆစ္ ကို ေခၚယူ ျဖည့္တင္း ခဲ့တာ မဟုတ္ေပမယ့္ ခ်ယ္လ္ဆီး ပရိသတ္ ေတြကေတာ့ ပူလီဆစ္ အေပၚ မွာ ေမွ်ာ္လင့္ခ်က္ တခ်ိဳ႕ ထားေနတာ ကို ေတြ႕ရပါတယ္ ။ လက္ရွိ အခ်ိန္ အထိေတာ့ ပူလီဆစ္ ရဲ႕ ေျခစြမ္း က သာမန္ သာ ျဖစ္ေနခဲ့ေပမယ့္ သူ႔ရဲ႕ ၾကိဳးစား ကစားပံု နဲ႕ လ်င္ျမန္မႈ ေတြကေတာ့ အသိအမွတ္ ျပဳခ်င္စရာ ျဖစ္ပါတယ္ ။

အခု အခါမွာေတာ့ အေမရိကန္ လက္ေရြးစင္ အသင္း နဲ႕ အတူ မနက္ျဖန္ မနက္ မွာ ကစားမယ့္ မကၠဆီကို လက္ေရြးစင္ အသင္း နဲ႕ ေျခစမ္း ပြဲစဥ္ အတြက္ လာေရာက္ ပူးေပါင္ ေနတာ ျဖစ္ပါတယ္ ။ ထို ပြဲစဥ္ မတိုင္မီ ပြဲၾကိဳ အင္တာဗ်ဴး တခု မွာေတာ့ ပူလီဆစ္ က သူ ပထမဆံုး ပရီးမီယားလိဂ္ ကို စေရာက္ လာတဲ့ တလတာ အေတြ႕အၾကံဳ တခ်ိဳ႕ ကို အခုလို ရွင္းလင္း ေျပာဆို သြားခဲ့ပါတယ္ ။

ပူလီဆစ္ က ” ပရီးမီးယားလိဂ္ ဟာ ကြ်န္ေတာ္ ေမွ်ာ္လင့္ ထားတဲ့ အရာ အားလံုး နဲ႕ ကိုက္ညီမႈ ရွိခဲ့ပါတယ္ ။ ကြ်န္ေတာ္ ေမွ်ာ္မွန္း ထားတာထက္ လည္း အမ်ားၾကီး ပိုေကာင္း လာဖို႕ ရည္ရြယ္ ထားပါတယ္ ။ ဒီ ျပိဳင္ပြဲ ရဲ႕ ေဖ်ာ္ေျဖမႈ ၊ လ်င္ျမန္မႈ ၊ ျပိဳင္ဆိုင္မႈ ျပင္းထန္မႈ ေတြက အားရ စရာ ေကာင္းပါတယ္ ။ ကစား ခဲ့ရတဲ့ တပြဲခ်င္းစီ ဟာ ကြ်န္ေတာ့ ကို စိန္ေခၚမႈ အသစ္ ေတြ ေပးစြမ္း ေစခဲ့ပါတယ္ ။ ”

” အထူးသျဖင့္ အသင္း အတြက္ ခံစစ္ပိုင္း ကို ကူညီ ရတဲ့ ေနရာ မွာ ကြ်န္ေတာ့ အတြက္ သင္ယူစရာ အသစ္ ေတြ အမ်ားၾကီး ရခဲ့သလို ၊ ဒါဟာ ကြ်န္ေတာ့ အတြက္ တကယ္ ေကာင္းမြန္ တဲ့ စိန္ေခၚမႈ အသစ္ တခု ျဖစ္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ ဆက္လက္ျပီး ပူလီဆစ္ က လက္ရွိ အသင္း နည္းျပ ဖရန္႕ လမ္းပတ္ နဲ႕ ပတ္သက္ျပီး သူ႕ရဲ႕ အျမင္ ကို အခုလိုမ်ိဳး ထုတ္ေဖာ္ ေျပာဆို ခဲ့ပါတယ္ ။

ပူလီဆစ္ က ” ဖရန္႕ ဟာ တကယ္ ခင္မင္ရင္းႏွီးဖို႕ ေကာင္းတဲ့ ပုဂၢိဳဟ္ တေယာက္ပါ ။ ကြ်န္ေတာ္ ဘယ္လို ေနရာမ်ိဳး ကေန ခ်ယ္လ္ဆီး အသင္း ကို ေရာက္လာလဲ ဆိုတာ သူ ေကာင္းေကာင္း သေဘာေပါက္ ပါတယ္ ။ အခု အခ်ိန္ အထိ သူဟာ ခ်ယ္လ္ဆီး အသင္း အတြက္ အေကာင္းဆံုး စြမ္းေဆာင္ ေပးထားသလို ၊ ကြ်န္ေတာ့ ကိုလည္း သူ အမ်ားၾကီး ကူညီ ေပးပါတယ္ ။ ေျခစြမ္း တိုးတက္ဖို႕ ဘာေတြ လိုလဲ ဆိုတာ သူ သင္ၾကားေပးတယ္ ၊ အထူးသျဖင့္ ကြ်န္ေတာ္ တို႕လို လူငယ္ ကစားသမား ေတြ အတြက္ပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ပူလီဆစ္ ဦးေဆာင္ ေနတဲ့ အေမရိကန္ လက္ေရြးစင္ အသင္း ဟာ မနက္ျဖန္ မနက္ မွာ မကၠဆီကို လက္ေရြးစင္ အသင္း နဲဲ႕ ေျခစမ္း ကစားျပီးတာနဲ႕ ေနာက္ အပတ္ ဗုဒၶဟူး ေန႕မွာ ဥရုေဂြး လက္ေရြးစင္ အသင္း နဲ႕ ထပ္မံ ေျခစမ္း ဦးမွာ ျဖစ္ပါတယ္ ။

SPORTS MYANMAR

Unicode

ပရီးမီးယားလိဂ် မှာ စတင် ကစားခဲ့ရတဲ့ ပထမဆုံး တလ အတွေ့အကြုံ အကြောင်း ဖွင့်ဟ ပြောဆို ခဲ့တဲ့ #ပူလီဆစ်

အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ပူလီဆစ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ဒေါ့မွန် အသင်း ကနေ ချယ်လ်ဆီး အသင်း သို့ ပေါင် ၅၈ သန်း နဲ့ ပြောင်းရွှေ့ လာခဲ့ပြီး ရာသီကုန် အထိ ဒေါ့မွန် အသင်း မှာပဲ အငှား ဆက်ကစား ခဲ့ပါတယ် ။ ဒီနှစ် ဘောလုံး ရာသီ မတိုင်ခင် ရာသီကြို ခြေစမ်း ခရီးစဉ် တွေမှာမှ ပူလီဆစ် ဟာ ချယ်လ်ဆီး အသင်း နဲ့ စတင် ပူးပေါင်း ခဲ့ပါတယ် ။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ပူလီဆစ် ဟာ ငယ်ငယ်ရွယ်ရွယ် နဲ့ ပရီးမီးယားလိဂ် ကို ပြောင်းလဲပြီး ကြီးမားတဲ့ စိန်ခေါ်မှု တွေနဲ့ အတူ ချယ်လ်ဆီး အသင်း အတွက် အကောင်းဆုံး ကူညီ ပေးသွားမယ် ဆိုတာ ယုံမှား သံသယ ရှိစရာ မလိုပါဘူး ။ ယခုနှစ် ဘောလုံး ရာသီ စတင် ပြီးကတည်းက ပူလီဆစ် ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ပွဲ မှာ ၃ပွဲ အထိ ပါဝင် ကစား ပေးထား ခဲ့ကာ ဂိုးဖန်တီးမှု တကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ အသင်း ကနေ ထွက်ခွာ သွားခဲ့တဲ့ အဓိက တောင်ပံ ကစားသမား အီဒင် ဟာဇတ် ရဲ့ နေရာ အတွက် ပူလီဆစ် ကို ခေါ်ယူ ဖြည့်တင်း ခဲ့တာ မဟုတ်ပေမယ့် ချယ်လ်ဆီး ပရိသတ် တွေကတော့ ပူလီဆစ် အပေါ် မှာ မျှော်လင့်ချက် တချို့ ထားနေတာ ကို တွေ့ရပါတယ် ။ လက်ရှိ အချိန် အထိတော့ ပူလီဆစ် ရဲ့ ခြေစွမ်း က သာမန် သာ ဖြစ်နေခဲ့ပေမယ့် သူ့ရဲ့ ကြိုးစား ကစားပုံ နဲ့ လျင်မြန်မှု တွေကတော့ အသိအမှတ် ပြုချင်စရာ ဖြစ်ပါတယ် ။

အခု အခါမှာတော့ အမေရိကန် လက်ရွေးစင် အသင်း နဲ့ အတူ မနက်ဖြန် မနက် မှာ ကစားမယ့် မက္ကဆီကို လက်ရွေးစင် အသင်း နဲ့ ခြေစမ်း ပွဲစဉ် အတွက် လာရောက် ပူးပေါင် နေတာ ဖြစ်ပါတယ် ။ ထို ပွဲစဉ် မတိုင်မီ ပွဲကြို အင်တာဗျူး တခု မှာတော့ ပူလီဆစ် က သူ ပထမဆုံး ပရီးမီယားလိဂ် ကို စရောက် လာတဲ့ တလတာ အတွေ့အကြံု တချို့ ကို အခုလို ရှင်းလင်း ပြောဆို သွားခဲ့ပါတယ် ။

ပူလီဆစ် က ” ပရီးမီးယားလိဂ် ဟာ ကျွန်တော် မျှော်လင့် ထားတဲ့ အရာ အားလုံး နဲ့ ကိုက်ညီမှု ရှိခဲ့ပါတယ် ။ ကျွန်တော် မျှော်မှန်း ထားတာထက် လည်း အများကြီး ပိုကောင်း လာဖို့ ရည်ရွယ် ထားပါတယ် ။ ဒီ ပြိုင်ပွဲ ရဲ့ ဖျော်ဖြေမှု ၊ လျင်မြန်မှု ၊ ပြိုင်ဆိုင်မှု ပြင်းထန်မှု တွေက အားရ စရာ ကောင်းပါတယ် ။ ကစား ခဲ့ရတဲ့ တပွဲချင်းစီ ဟာ ကျွန်တော့ ကို စိန်ခေါ်မှု အသစ် တွေ ပေးစွမ်း စေခဲ့ပါတယ် ။ ”

” အထူးသဖြင့် အသင်း အတွက် ခံစစ်ပိုင်း ကို ကူညီ ရတဲ့ နေရာ မှာ ကျွန်တော့ အတွက် သင်ယူစရာ အသစ် တွေ အများကြီး ရခဲ့သလို ၊ ဒါဟာ ကျွန်တော့ အတွက် တကယ် ကောင်းမွန် တဲ့ စိန်ခေါ်မှု အသစ် တခု ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဆက်လက်ပြီး ပူလီဆစ် က လက်ရှိ အသင်း နည်းပြ ဖရန့် လမ်းပတ် နဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင် ကို အခုလိုမျိုး ထုတ်ဖော် ပြောဆို ခဲ့ပါတယ် ။

ပူလီဆစ် က ” ဖရန့် ဟာ တကယ် ခင်မင်ရင်းနှီးဖို့ ကောင်းတဲ့ ပုဂ္ဂိုဟ် တယောက်ပါ ။ ကျွန်တော် ဘယ်လို နေရာမျိုး ကနေ ချယ်လ်ဆီး အသင်း ကို ရောက်လာလဲ ဆိုတာ သူ ကောင်းကောင်း သဘောပေါက် ပါတယ် ။ အခု အချိန် အထိ သူဟာ ချယ်လ်ဆီး အသင်း အတွက် အကောင်းဆုံး စွမ်းဆောင် ပေးထားသလို ၊ ကျွန်တော့ ကိုလည်း သူ အများကြီး ကူညီ ပေးပါတယ် ။ ခြေစွမ်း တိုးတက်ဖို့ ဘာတွေ လိုလဲ ဆိုတာ သူ သင်ကြားပေးတယ် ၊ အထူးသဖြင့် ကျွန်တော် တို့လို လူငယ် ကစားသမား တွေ အတွက်ပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ပူလီဆစ် ဦးဆောင် နေတဲ့ အမေရိကန် လက်ရွေးစင် အသင်း ဟာ မနက်ဖြန် မနက် မှာ မက္ကဆီကို လက်ရွေးစင် အသင်း နဲဲ့ ခြေစမ်း ကစားပြီးတာနဲ့ နောက် အပတ် ဗုဒ္ဓဟူး နေ့မှာ ဥရုဂွေး လက်ရွေးစင် အသင်း နဲ့ ထပ်မံ ခြေစမ်း ဦးမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR