#Sports_Myanmar
Unicode
ဘေးလ်ရဲ့ ဖိအား တွေကို ခြေစွမ်း ကောင်းတွေ ပြသနေတဲ့ ဒန်နီယယ် ဂျိမ်းစ် က လျော့ချ ပေးနိုင် လိမ့်မယ်လို့ မျှော်လင့် နေတဲ့ ဝေးလ် နည်းပြ #ရိုင်ယန်ဂစ်
====================
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား သစ် ဖြစ်သူ ဒန်နီယယ် ဂျိမ်းစ် ဟာ အသင်း သစ် အတွက် လေးပွဲ ကစား ၊ သုံးဂိုး သွင်းယူ ပေးနိုင် ခဲ့တဲ့ နောက်တော့ အခု အချိန် လက်ရွေးစင် အသင်း အတွက် ခြေစွမ်း ပြနိုင် ဖို့ တာစူ နေ ပါတယ် ။
အခုတော့ ဝေးလ် လက်ရွေးစင် အသင်း ရဲ့ နည်းပြ ဖြစ်သူ ရိုင်ယန် ဂစ် က သူရဲ့ ကစားသမား လေး ဂျိမ်းစ် ဟာ ယူနိုက်တက် ကစားသမား ဘဝ အဖွင့်လှ ခဲ့တဲ့ အပေါ် မအံ့သြ မိကြောင်း ၊ သူဟာ အဲ့ဒီ လို ခြေစွမ်း ကို ဒီည ပြသ နိုင် လိမ့်မယ် လို့ မျှော်လင့် နေကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ဝေးလ် လက်ရွေးစင် အသင်း ဟာ ဒီနေ့ ညမှာ တော့ အဇာဘိုင်ဂျန် အသင်း နဲ့ ယူရို ခြေစစ် ပွဲ ကစား ရဖို့ ရှိပြီး ဂစ် ကတော့ ဂျိမ်းစ် ဆီက နေ ကောင်းမွန် တဲ့ ခြေစွမ်း တွေ မြင်တွေ့ ရဖို့ အတွက် မျှော်လင့် နေခဲ့ ပါတယ် ။ ထို့အတူ ဂျိမ်းစ် ဟာ အသင်း ဖော် ဘေးလ် အပေါ် မှာ ကျရောက် နေတဲ့ ဖိအား တွေကို လျော့ချ ပေးနိုင် လိမ့်မယ် လို့ မျှော်လင့် နေသူ ပဲ ဖြစ်ပါတယ် ။
” ဝေးလ် နဲ့ ပတ်သက် လာရင် ဖိအား တွေက ဘေးလ် အပေါ် မှာပဲ ကျရောက် တက်လေ့ ရှိခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော် ကတော့ သူ့ဆီ က ဖိအား တွေ လျော့ချ ပစ်ဖို့ ရည်ရွယ် နေ ပါတယ် ။ ကျွန်တော် တို့ ပွဲတိုင်း သူ့ အပေါ် မှာပဲ မှီခို နေလို့ မရ နုုိင်ဘူး လေ ”
” ကျွန်တော် တို့ အသင်း မှာ ပါရမီ ကောင်းတဲ့ ကစားသမား အချို့ ကို ပိုင်ဆိုင် ထားကြ ပါတယ် ။ ဒန်ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ အတူ ကောင်းမွန် တဲ့ ကစားသမား ဘဝ တစ်ခု ကို စတင် ပိုင်ဆိုင် ထားနိုင် ခဲ့ ပါတယ် ။ သူဟာ ပြီး ခဲ့တဲ့ ပွဲစဉ် အချို့ တုန်းက ကျွန်တော် တို့ အတွက် ကောင်းမွန် ခဲ့ပါ သေးတယ် ”
” နွေ တုန်းက ကျွန်တော် တို့ ခက်ခဲ တဲ့ အချိန် တွေ ပိုင်ဆိုင် ခဲ့ တုန်းက သူ့ရဲ့ စွမ်းဆောင်ရည် က သိသာ ခဲ့ရ ပါတယ် ။ သူဟာ ကောင်းမွန် တဲ့ ရာသီ သစ် တစ်ခု ကို စတင် နိုင် ခဲ့တဲ့ အပေါ် ကျွန်တော် မအံ့သြ မိ ပါဘူး ။ ခင်ဗျား လည်း အသင်း သစ် တစ်ခု ကို ပြောင်းမယ် ဆိုရင် ဒီလို ပုံစံ တွေ ပြသ နိုင်ဖို့ မျှော်လင့် နေမှာ ပါပဲ ”
” ခင်ဗျား ဂိုးသွင်း နိုင်မယ် ဆိုရင် အဲ့တာ က ခင်ဗျား ကို နောက် တစ်ဆင့် တက်ဖို့ တွန်းအား ဖြစ်စေ မှာ ပါပဲ ။ ခင်ဗျား ဘယ်လို လူလဲ ၊ ဘယ်လို အရည် အသွေး တွေကို ပိုင်ဆိုင် ထားလဲ ဆိုတာ ဘောလုံး မှာ အဲ့လောက် အရေး မကြီး ပါဘူး ။ အရေး ကြီးတာ က ယုံကြည် မှုတွေ တည်ဆောက် နိုင်ဖို့ ၊ ယုံကြည် မှု အားကောင်း ဖို့ ပါပဲ ”
” သူ ( ဂျိမ်းစ် ) ဘာတွေ လုပ်ဆောင် ခဲ့ သလဲ ၊ ဘာတွေ လုပ်နိုင် သလဲ ဆိုတာ ကျွန်တော် တို့ သိကြ ပါတယ် ။ အထူးသဖြင့် ပြီး ခဲ့တဲ့ 8 လ ၊ 9 လ တာ ကာလ အတွင်း မှာ သူဟာ ကောင်း သထက် ပိုကောင်း ခဲ့တာ ချည်း ပါပဲ ”
” သူဟာ အခု မှန်ကန် တဲ့ အသင်း မှာ ရောက်ရှိ နေ ပါတယ် ။ အိုလီ ကလည်း သူ့ကို ဘယ်လို စောင့်ရှောက် ရ မလဲ ဆိုတာ ကောင်းကောင်း သိတယ် လေ ။ ယူနိုက်တက် ဆိုတာ တောင်ပံ တိုက်စစ် ကစားသမား ၊ စိတ်လှုပ်ရှား မှုတွေ ကို ပေးစွမ်း နိုင်တဲ့ ကစားသမား တွေကို နှစ်သက် တယ်လေ ”
” ကျွန်တော် ကတော့ ဒန်နီယယ် အတွက် ကျေနပ် မိ ပါတယ် ။ သူဟာ မှန်ကန် တဲ့ အမူအကျင့် ကောင်းတွေ ပိုင်ဆိုင် နေတယ် လေ ။ ဒါ့အပြင် သူဟာ မှန်ကန် တဲ့ ကလပ် အသင်း တစ်ခု မှာ ပွဲထွက် ကစား ခွင့်တွေ ပါ ရရှိ နေ ပါတယ် ” လို့ ရိုင်ယန် ဂစ်က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar