မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ျပီးခဲ့တဲ့ အေျပာင္းအေရႊ့ ေတြ တုန္းက ကြင္းလယ္ ကစား သမား ေတြ ျဖစ္ၾက တဲ့ ဖယ္လိုင္နီ နဲ့ အန္ဒါ ဟာရဲရား တုိ့ကို ဆံုးရွံဳး ထားခဲ့တဲ့ ေနာက္ အဆုိပါ ေနရာ ကို အင္အား ျပန္လည္ ျဖည့္တင္း နုိင္ဖုိ႔ အတြက္ ရုန္းကန္ ခဲ့ရ ပါတယ္ ။

ဒါ့အျပင္ အခန့္ မသင့္ခဲ့ ပါက အားထား ရတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဂ္ဘာ ကိုလည္း လာမယ့္ အေျပာင္းအေရႊ့ ေတြမွာ လက္လႊတ္ ဆံုးရွံဳး ရ နိုင္ဖြယ္ ရွိ ေနတဲ့ အတြက္ ယူနုိက္တက္ တုိ႔ အသင္း ရဲ့ ကြင္းလယ္ ပိုင္းကို အင္အား ျဖည့္တင္း နုိင္ဖုိ႔ လိုအပ္ ေန ပါတယ္ ။

ဒါ့အျပင္ လက္ရွိ ယူနုိက္တက္ ကြင္းလယ္ မွာ ပံုမွန္ ဖန္တီး နုိင္မွဳ အားေကာင္း တဲ့ ကစားသမား ဆုိလုိ႔ ေပါ့ဂ္ဘာ တစ္ေယာက္ သာ ရွိေနတဲ့ အတြက္ ယူနုိက္တက္ တုိ႔ ဖန္တီး နုိင္မွဳ စြမ္းရည္ ေကာင္းမြန္ ျပီး ကစားရ ၾကပ္ ေနတဲ့ အခ်ိန္ အေဝး ကန္ခ်က္ ေတြနဲ့ ျပိဳင္ဖက္ ဂိုးေပါက္ ကို ျခိမ္းေျခာက္ နုိင္မယ့္ ၊ ဂိုးေတြ ကိုပါ သြင္းယူ ေပး နုိင္မယ့္ ကစားသမား ကို ေခၚယူ နုိင္ဖုိ့ လိုအပ္ေန ပါတယ္ ။

ဒါ့အျပင္ ကြင္းလယ္ ခံစစ္ပိုင္း အတြက္ ယံုၾကည္ စိတ္ခ် ရမယ့္ ကစားသမား ေကာင္းလည္း ရွိ မေန ပါဘူး ။ လက္ရွိ အခ်ိန္ ဝါရင့္ ကြင္းလယ္လူ မာတစ္ ရဲ့ ေျခစြမ္း ေတြဟာ က်ဆင္း ေနျပီ ျဖစ္သလို သမ႓ာနု ေသးတဲ့ ေတာ္မီေနး တစ္ဦး ထဲနဲ့ လည္း ရာသီ ရွည္ တစ္ခု ကို ျဖတ္သန္း သြားဖုိ့ မလြယ္ကူ နိုင္ ပါဘူး ။

ဒါ့ေၾကာင့္ ယူနုိက္တက္ အေန နဲ့ လာမယ့္ ဇန္နဝါရီ အေျပာင္း အေ႐ႊ့ မွာ အသင္း ရဲ့ ကြင္းလယ္ ပိုင္းကို ပိုမို ေတာင့္တင္း ေစ နုိင္ဖုိ႔ အတြက္ ပစ္မွတ္ ထားျပီး ေခၚယူ သင့္တဲ့ ကစားသမား 6 ဦးကို မန္ခ်က္စတာ ညေနခင္း သတင္း မွ ေကာက္နွဳတ္ ေဖာ္ျပ ေပးလိုက္ ပါတယ္ ။

(1) ေရွာင္ ေလာင္းစတပ္ဖ္

သူ႔ နာမည္ ကိုေတာ့ ယူနုိက္တက္ ပရိသတ္ ေတြ ရင္းႏွီး ေနမွာ ပါ ။ နယူးကာဆယ္ ရဲ့ ကြင္းလယ္ ခံစစ္ ကစားသမား ျဖစ္တဲ့ ေရွာင္ ေလာင္းစတပ္ဖ္ ကို ယူနုိက္တက္ တုိ့ ျပီးခဲ့တဲ့ ေႏြ ကတည္းက ေခၚယူ လုိခ်င္ ေနခဲ့ ေပမယ့္ ကစားသမား အတြက္ သတ္မွတ္ ထားတဲ့ ေျပာင္းေရႊ့ ေၾကး ေပါင္ သန္း 50 ဟာ မ်ား ေနခဲ့ တဲ့ အတြက္ လက္လႊတ္ ခဲ့ရ ပါတယ္ ။

အကယ္လို့ ေလာင္းစတပ္ဖ္ ကသာ ေျခစြမ္း ေကာင္းကို အခု အခ်ိန္ မွ ဇန္နဝါရီ အထိ ဆက္လက္ ထိန္းသိမ္း ထားနုိင္မယ္ ဆုိရင္ သူ့ရဲ့ တန္ေၾကး ဟာ ဆက္လက္ ျမင့္တက္ သြားနုိင္ ေျခပဲ ရွိ လာမွာ ပါ ။ ဒါဟာ ေႏြမွာ ေပါင္ 80 သန္း ဝန္းက်င္ အနွဳတ္ျပ ထားတဲ့ ယူနုိက္တက္ အတြက္ အခက္ ေတြ့ေစနုိင္ ပါတယ္ ။

လက္ရွိ ေစ်းကြက္ မွာ ေပါင္ သန္း 50 – 60 ဝန္းက်င္ သံုးစြဲမယ္ ဆုိရင္ ကြင္းလယ္ ကစားသမား ေကာင္း ေတြကို ရရွိ နုိင္ ပါတယ္ ။ ဒါေပမယ့္ ေလာင္းစတပ္ဖ္ ဟာ နယူးကာဆယ္ ရဲ့ အဖြင့္ ပြဲစဥ္ 4 ပြဲလံုး မွာ ပါဝင္ ထားျပီး ေျခစြမ္း ျပနုိင္ ခဲ့တာ ေၾကာင့္ ယူနုိက္တက္ တုိ႔ ပရီးမီးယား လိဂ္ နဲ့ အက်ြမ္းဝင္ တဲ့ ကြင္းလယ္ လူငယ္ ေလးကို ေခၚယူ နုိင္ေျခ မ်ားလာ နုိင္ ပါတယ္ ။

(2) ဘလိုက္စ္ မက္တြီဒီ

အကယ္လို႔ ယူနုိက္တက္ တုိ့ ေလာင္းစတပ္ဖ္ ကို မေခၚယူ နုိင္ခဲ့ ပါက ေနာက္ထပ္ ပစ္မွတ္ ျဖစ္လာ နုိင္ေျခ ရွိသူ ကေတာ့ ဂ်ဴဗင္တပ္ အသင္း ရဲ့ ကြင္းလယ္လူ မက္တြီဒီ ပါပဲ ။ သူဟာ အသက္ 32 နွစ္ ရွိျပီ ျဖစ္တာ ေၾကာင့္ ဆုိးလ္ရွား ရဲ့ ေရရွည္ စီမံကိန္း ထဲ ပါဝင္ နုိင္ဖုိ႔ မျဖစ္ နုိင္ေတာ့ ပါဘူး ။ ဒါေပမယ့္ ယူနုိက္တက္ တုိ႔ ကြင္းလယ္ပိုင္း ကုိ ယာယီ အင္အား ျဖည့္ဖုိ႔ မက္တြီဒီ ဟာ သင့္ေတာ္ တဲ့ ကစားသမား တစ္ဦး ပါပဲ ။

အထူးသျဖင့္ သူဟာ ျပင္သစ္ မွာ ေပါ့ဂ္ဘာ နဲ့ အတူ ကစား ခဲ့ဖူးတာ ေၾကာင့္ ဒါဟာ ယူနုိက္တက္ အတြက္ အက်ိဳးရွိ လာနုိင္ ပါတယ္ ။ အျခား တစ္ဖက္ မွာေတာ့ ဂ်ဴဗင္တပ္ အသင္း ဟာ ကြင္းလယ္ ကစားသမား ေကာင္းေတြ မ်ားစြာ ပိုင္ဆုိင္ ေနတဲ့ အတြက္ မက္တြီဒီ ကို ေရာင္းခ် လို ပါက ေရာင္းခ် နုိင္ေျခ ရွိေန ပါတယ္ ။ ဒါ့ေၾကာင့္ အေတြ့ အၾကံဳ ရင့္တဲ့ မက္တြီဒီ ကို ရယူ နုိင္မယ္ ဆုိရင္ ယူနုိက္တက္ တုိ႔ ကြင္းလယ္ပိုင္း ကို ယာယီ ေတာင့္တင္း ေစနုိင္ ပါ လိမ့္မယ္ ။

(3) ခရစၥတီယံ အဲရစ္ဆင္

ေတာ့တင္ဟမ္ ေဟာ့ စပါး အသင္း ရဲ့ ကြင္းလယ္လူ ဟာ အသင္း ေျပာင္းေရႊ့ လိုတဲ့ အေၾကာင္း အတိအလင္း ေျပာၾကား ခဲ့သူ ျဖစ္ျပီး အသင္း ဖက္ကလည္း အလြတ္ ေျပာင္းေရႊ့ ေၾကးနဲ့ ဆံုးရွံဳး ဖုိ႔ထက္ သင့္တင့္ တဲ့ ေျပာင္းေရႊ့ေၾကး တစ္ရပ္ ကို ရရွိတုန္း ေရာင္းခ် သြားဖုိ႔ အသင့္ ရွိေနခဲ့ ပါတယ္ ။ ဒါေပမယ့္ ျပသနာ တစ္ရပ္က ကစားသမား ဟာ စပိန္ ထိပ္သီး ရီးယဲ မက္ဒရစ္ အသင္း ဆီကို ဦးစားေပး ေျပာင္းေရႊ့ လိုေနတာ ပါပဲ ။

လက္ရွိ သူဟာ အသက္ 27 နွစ္သာ ရွိေန ေသးတာ ေၾကာင့္ သူ့ကို ေခၚယူ လိုက္တဲ့ အသင္း က အနည္းဆံုး 3 – 4 နွစ္ေလာက္ ေကာင္းေကာင္း သံုးခြင့္ ရရွိ နုိင္ပါ လိမ့္မယ္ ။ သူဟာ ဖန္တီးအား ေကာင္းမြန္ သလုိ လိုအပ္ရင္ အသင္း အတြက္ ဂိုးပါ သြင္းယူ ေပးနုိင္ တဲ့ ကစားသမား ျဖစ္တာ ေၾကာင့္ ယူနုိက္တက္ တုိ႔ ေခၚယူ သင့္တဲ့ ကစားသမား တစ္ဦး အျဖစ္ ရွိေန ပါတယ္ ။ ယူနုိက္တက္ အေနနဲ့ ဒီ အေျပာင္းအေရႊ့ ျဖစ္ေျမာက္ နုိင္ေရး အတြက္ ကစားသမား ကို အယံု သြင္းျပီး ရီးယဲ ထက္ လက္ဦး နုိင္ဖုိ့ လိုအပ္ ေန ပါတယ္ ။


(4) ဝီလ္ ဟုခ်္စ္

အကယ္လိုိ့ ဆုိးလ္ရွား ဟာ သူ့ရဲ့ ေပၚလစီ အရ ငယ္ရြယ္ျပီး အလားအလာ ေကာင္းတဲ့ ျပည္တြင္း ကစားသမား ကို အဓိက ထား ေခၚယူ လို ေနတယ္ ဆုိရင္ ေတာ့ ဝက္ဖုိ့ဒ္ အသင္း ရဲ့ ကြင္းလယ္လူ ဝီလ္ ဟုခ်္စ္ ဟာ ေကာင္းမြန္ တဲ့ ကစားသမား ေခၚယူ မွဳ ျဖစ္လာ နုိင္ ပါတယ္ ။ ဟုခ်္စ္ ဟာ ေရြ့လ်ား မွဳ အားေကာင္း တဲ့ ကစားသမား တစ္ဦး ျဖစ္သလို ေတာင္ပံ ေတြထက္ လည္း ထြက္ေဆာ့ နုိင္ ပါတယ္ ။

လက္ရွိ သူဟာ အသက္ 24 နွစ္သာ ရွိေသး ေပမယ့္ ပရီးမီးယားလိဂ္ အေတြ့ အၾကံဳ ေတြကို ပိုင္ဆုိင္ ထားနုိင္ တဲ့ အဂၤလန္ နုိင္ငံသား တစ္ဦး ပဲ ျဖစ္ပါတယ္ ။ ဒါ့အျပင္ သူဟာ ဒီ ရာသီ အသင္း အတြက္ 4 ပြဲ ကစား ေပးထား ခဲ့ရာ မွာ 1 ဂိုးသြင္း ၊ 1 ဂိုး ဖန္တီး ေပးထား နုိင္သူ ျဖစ္တာ ေၾကာင့္ ယူနုိက္တက္ အတြက္ အသံုးတည့္ နုိင္မယ့္ ကစားသမား မ်ိဳး ျဖစ္ေန ခဲ့ ပါတယ္ ။

(5) အမ္မရီ ခ်န္

ဂ်ဴဗင္တပ္ ရဲ့ ကြင္းလယ္ အင္အား အထူး ေတာင့္တင္း မွဳ ဒဏ္ကို ခံစား ေန ရသူ တစ္ဦး ကေတာ့ ဂ်ာမနီ လက္ေရြးစင္ အမ္မရီ ခ်န္ပဲ ျဖစ္ပါတယ္ ။ ဂ်ဴဗင္တပ္ အသင္းမွာ ေရြးခ်ယ္ စရာ ကြင္းလယ္ ကစားသမား ေကာင္းေတြ မ်ားျပား ေနတဲ့အခ်ိန္ ခ်န္ပီယံ လိဂ္ ကစားဖုိ႔ ပဏာမ ကစားသမား 25 ဦး စာရင္း ထုတ္ျပန္ခဲ့ ရာမွာ အမ္မရီ ခ်န္ဟာ ခ်န္လွပ္ ခံထား ခဲ့ရ ပါတယ္ ။ ဒါ့ေၾကာင့္ သူဟာ အသင္း ေျပာင္းေရႊ့ သြားနုိင္ဖြယ္ ရွိေန သူ တစ္ဦး ပါပဲ ။

ဒါေပမယ့္ သူဟာ ယူနုိက္တက္ ရဲ့ ခါးသီး ျပိဳင္ဖက္ လီဗာပူး အသင္း ရဲ့ ကစားသမား ေဟာင္း တစ္ဦး ျဖစ္တာေၾကာင့္ အိုးလ္ ထရပ္ဖို႔ဒ္ မွာ ကစားလို မလား ၊ ယူနုိက္တက္ ပရိသတ္ ေတြက ေရာ လီဗာပူး ကစားသမား ေဟာင္း တစ္ဦး ကို အသင္း မွာ ျမင္ေတြ့ ခ်င္မလား ဆုိတာ ျပသနာ တစ္ရပ္ ျဖစ္လာ နုိင္ ပါတယ္ ။ ဒါေပမယ့္ အေျပာင္းအေရႊ့ သာ တစ္ကယ္ ျဖစ္ပြား ခဲ့ျပီး ယူနုိက္တက္ အတြက္ သူ ေျခစြမ္း ျပနုိင္ ခဲ့ရင္ ပရိသတ္ ေတြက ေက်နပ္ ၾကမွာ အမွန္ ပါပဲ ။

ဒီ အေျပာင္း အေရႊ့ အတြက္ အဓိက က်တဲ့ အရာ က ဂ်ဴဗင္တပ္ တုိ႔ ကစားသမား ကို လက္လႊတ္ ခံမလား ၊ ခ်န္ဟာ ယူနုိက္တက္ ဆီ လာခ်င္ မလား ၊ ဂ်ာမနီ ေျမကို ျပန္ ကစား ဖုိ့ ေရြးခ်ယ္ မလား ဆုိတာ ေတြ ပါပဲ ။ သူဟာ ပရီးမီးယား လိဂ္ အေတြ့ အၾကံဳ ေကာင္းေတြ ရွိတဲ့ သူ တစ္ဦး ျဖစ္တာ ေၾကာင့္ ဒီ အေျပာင္း အေရႊ့ ျဖစ္ပြာ ခဲ့ ပါက ယူနုိက္တက္ အတြက္ အက်ိဳးရွိ နုိင္ေျခ မ်ားျပာ ေနပါ လိမ့္မယ္ ။

(6) ဘရူနုိ ဖာနန္ဒက္စ္

ဒီ နာမည္ ကလည္း ေဘာလံုး ပရိသတ္ ေတြနဲ့ ရင္းႏွီး ေနတဲ့ နာမည္ တစ္ခု ျဖစ္ေန ပါျပီ ။ သူဟာ ျပီးခ့ဲတဲ့ ေႏြ အေျပာင္းအေရႊ့ တုန္းက ေစ်းကြက္ ထဲ နာမည္ၾကီး ခဲ့သူ တစ္ဦး ပါပဲ ။ သူ့ကို ေခၚယူ ဖုိ႔ အတြက္ ယူနုိက္တက္ အပါအဝင္ ေတာ့တင္ဟမ္ ၊ ရီးယဲ မက္ဒရစ္ အသင္း တုိ့ကလည္း စိတ္ဝင္စား ခဲ့ၾက ပါ ေသးတယ္ ။ ဒါေပမယ့္ ကစားသမားရဲ့ ေျပာင္းေရႊ့ေၾကး က ျပသနာ တစ္ခု အျဖစ္ ရွိေန ခဲ့တာ ေၾကာင့္ အဆုိပါ အသင္း ေတြက ေခၚယူ ဖုိ့ လက္တြန့္ ခဲ့ၾက ပါတယ္ ။

ဘရူနုိ ဖာနန္ဒက္စ္ ဟာလည္း ယူနုိက္တက္ တုိ့ အရ ေခၚယူ သင့္တဲ့ ကစားသမား တစ္ဦး ပါပဲ ။ သူဟာ ဖန္တီး နုိင္မွဳ စြမ္းရည္ သာမက ဂိုးသြင္း စြမ္းရည္ ပါ ေကာင္းမြန္ တဲ့သူ တစ္ဦး ျဖစ္ပါတယ္ ။ ဒါ့အျပင္ သူဟာ အသက္ 24 နွစ္သာ ရွိေန ေသးသူ တစ္ဦး ျဖစ္သလို အသင္း ေျပာင္းေရႊႊ့ဖုိ့ ၊ အဂၤလန္ ေျမကို လာေရာက္ ကစားဖုိ႔ စိတ္အား ထက္သန္ ေနသူ တစ္ဦးလည္း ျဖစ္ပါတယ္ ။ ယူနုိက္တက္ ဟာ ေပၚတူဂီ သားေတြ နဲ့ အက်ိဳး ေပးေလ့ ရွိတာ ေၾကာင့္ ဖာနန္ဒက္စ္ ဟာ ယူနုိက္တက္ အတြက္ ေကာင္းမြန္ တဲ့ ကစားသမား ေခၚယူ မွဳ ျဖစ္လာ နုိင္ပါ လိမ့္မယ္ ။

#Sports_Myanmar

Unicode

ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ယူနိုက်တက်တို့ ခေါ်ယူ သင့်တဲ့ ကွင်းလယ် ကစားသမား 6 ဦး

====================

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ တွေ တုန်းက ကွင်းလယ် ကစား သမား တွေ ဖြစ်ကြ တဲ့ ဖယ်လိုင်နီ နဲ့ အန်ဒါ ဟာရဲရား တို့ကို ဆုံးရှုံး ထားခဲ့တဲ့ နောက် အဆိုပါ နေရာ ကို အင်အား ပြန်လည် ဖြည့်တင်း နိုင်ဖို့ အတွက် ရုန်းကန် ခဲ့ရ ပါတယ် ။

ဒါ့အပြင် အခန့် မသင့်ခဲ့ ပါက အားထား ရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ကိုလည်း လာမယ့် အပြောင်းအရွှေ့ တွေမှာ လက်လွှတ် ဆုံးရှံုး ရ နိုင်ဖွယ် ရှိ နေတဲ့ အတွက် ယူနိုက်တက် တို့ အသင်း ရဲ့ ကွင်းလယ် ပိုင်းကို အင်အား ဖြည့်တင်း နိုင်ဖို့ လိုအပ် နေ ပါတယ် ။

ဒါ့အပြင် လက်ရှိ ယူနိုက်တက် ကွင်းလယ် မှာ ပုံမှန် ဖန်တီး နိုင်မှု အားကောင်း တဲ့ ကစားသမား ဆိုလို့ ပေါ့ဂ်ဘာ တစ်ယောက် သာ ရှိနေတဲ့ အတွက် ယူနိုက်တက် တို့ ဖန်တီး နိုင်မှု စွမ်းရည် ကောင်းမွန် ပြီး ကစားရ ကြပ် နေတဲ့ အချိန် အဝေး ကန်ချက် တွေနဲ့ ပြိုင်ဖက် ဂိုးပေါက် ကို ခြိမ်းခြောက် နိုင်မယ့် ၊ ဂိုးတွေ ကိုပါ သွင်းယူ ပေး နိုင်မယ့် ကစားသမား ကို ခေါ်ယူ နိုင်ဖို့ လိုအပ်နေ ပါတယ် ။

ဒါ့အပြင် ကွင်းလယ် ခံစစ်ပိုင်း အတွက် ယုံကြည် စိတ်ချ ရမယ့် ကစားသမား ကောင်းလည်း ရှိ မနေ ပါဘူး ။ လက်ရှိ အချိန် ဝါရင့် ကွင်းလယ်လူ မာတစ် ရဲ့ ခြေစွမ်း တွေဟာ ကျဆင်း နေပြီ ဖြစ်သလို သမ႓ာနု သေးတဲ့ တော်မီနေး တစ်ဦး ထဲနဲ့ လည်း ရာသီ ရှည် တစ်ခု ကို ဖြတ်သန်း သွားဖို့ မလွယ်ကူ နိုင် ပါဘူး ။

ဒါ့ကြောင့် ယူနိုက်တက် အနေ နဲ့ လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့ မှာ အသင်း ရဲ့ ကွင်းလယ် ပိုင်းကို ပိုမို တောင့်တင်း စေ နိုင်ဖို့ အတွက် ပစ်မှတ် ထားပြီး ခေါ်ယူ သင့်တဲ့ ကစားသမား 6 ဦးကို မန်ချက်စတာ ညနေခင်း သတင်း မှ ကောက်နှုတ် ဖော်ပြ ပေးလိုက် ပါတယ် ။

(1) ရှောင် လောင်းစတပ်ဖ်

သူ့ နာမည် ကိုတော့ ယူနိုက်တက် ပရိသတ် တွေ ရင်းနှီး နေမှာ ပါ ။ နယူးကာဆယ် ရဲ့ ကွင်းလယ် ခံစစ် ကစားသမား ဖြစ်တဲ့ ရှောင် လောင်းစတပ်ဖ် ကို ယူနိုက်တက် တို့ ပြီးခဲ့တဲ့ နွေ ကတည်းက ခေါ်ယူ လိုချင် နေခဲ့ ပေမယ့် ကစားသမား အတွက် သတ်မှတ် ထားတဲ့ ပြောင်းရွှေ့ ကြေး ပေါင် သန်း 50 ဟာ များ နေခဲ့ တဲ့ အတွက် လက်လွှတ် ခဲ့ရ ပါတယ် ။

အကယ်လို့ လောင်းစတပ်ဖ် ကသာ ခြေစွမ်း ကောင်းကို အခု အချိန် မှ ဇန်နဝါရီ အထိ ဆက်လက် ထိန်းသိမ်း ထားနိုင်မယ် ဆိုရင် သူ့ရဲ့ တန်ကြေး ဟာ ဆက်လက် မြင့်တက် သွားနိုင် ခြေပဲ ရှိ လာမှာ ပါ ။ ဒါဟာ နွေမှာ ပေါင် 80 သန်း ဝန်းကျင် အနှုတ်ပြ ထားတဲ့ ယူနိုက်တက် အတွက် အခက် တွေ့စေနိုင် ပါတယ် ။

လက်ရှိ စျေးကွက် မှာ ပေါင် သန်း 50 – 60 ဝန်းကျင် သုံးစွဲမယ် ဆိုရင် ကွင်းလယ် ကစားသမား ကောင်း တွေကို ရရှိ နိုင် ပါတယ် ။ ဒါပေမယ့် လောင်းစတပ်ဖ် ဟာ နယူးကာဆယ် ရဲ့ အဖွင့် ပွဲစဉ် 4 ပွဲလုံး မှာ ပါဝင် ထားပြီး ခြေစွမ်း ပြနိုင် ခဲ့တာ ကြောင့် ယူနိုက်တက် တို့ ပရီးမီးယား လိဂ် နဲ့ အကျွမ်းဝင် တဲ့ ကွင်းလယ် လူငယ် လေးကို ခေါ်ယူ နိုင်ခြေ များလာ နိုင် ပါတယ် ။

(2) ဘလိုက်စ် မက်တွီဒီ

အကယ်လို့ ယူနိုက်တက် တို့ လောင်းစတပ်ဖ် ကို မခေါ်ယူ နိုင်ခဲ့ ပါက နောက်ထပ် ပစ်မှတ် ဖြစ်လာ နိုင်ခြေ ရှိသူ ကတော့ ဂျူဗင်တပ် အသင်း ရဲ့ ကွင်းလယ်လူ မက်တွီဒီ ပါပဲ ။ သူဟာ အသက် 32 နှစ် ရှိပြီ ဖြစ်တာ ကြောင့် ဆိုးလ်ရှား ရဲ့ ရေရှည် စီမံကိန်း ထဲ ပါဝင် နိုင်ဖို့ မဖြစ် နိုင်တော့ ပါဘူး ။ ဒါပေမယ့် ယူနိုက်တက် တို့ ကွင်းလယ်ပိုင်း ကို ယာယီ အင်အား ဖြည့်ဖို့ မက်တွီဒီ ဟာ သင့်တော် တဲ့ ကစားသမား တစ်ဦး ပါပဲ ။

အထူးသဖြင့် သူဟာ ပြင်သစ် မှာ ပေါ့ဂ်ဘာ နဲ့ အတူ ကစား ခဲ့ဖူးတာ ကြောင့် ဒါဟာ ယူနိုက်တက် အတွက် အကျိုးရှိ လာနိုင် ပါတယ် ။ အခြား တစ်ဖက် မှာတော့ ဂျူဗင်တပ် အသင်း ဟာ ကွင်းလယ် ကစားသမား ကောင်းတွေ များစွာ ပိုင်ဆိုင် နေတဲ့ အတွက် မက်တွီဒီ ကို ရောင်းချ လို ပါက ရောင်းချ နိုင်ခြေ ရှိနေ ပါတယ် ။ ဒါ့ကြောင့် အတွေ့ အကြံု ရင့်တဲ့ မက်တွီဒီ ကို ရယူ နိုင်မယ် ဆိုရင် ယူနိုက်တက် တို့ ကွင်းလယ်ပိုင်း ကို ယာယီ တောင့်တင်း စေနိုင် ပါ လိမ့်မယ် ။

(3) ခရစ္စတီယံ အဲရစ်ဆင်

တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ ကွင်းလယ်လူ ဟာ အသင်း ပြောင်းရွှေ့ လိုတဲ့ အကြောင်း အတိအလင်း ပြောကြား ခဲ့သူ ဖြစ်ပြီး အသင်း ဖက်ကလည်း အလွတ် ပြောင်းရွှေ့ ကြေးနဲ့ ဆုံးရှံုး ဖို့ထက် သင့်တင့် တဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် ကို ရရှိတုန်း ရောင်းချ သွားဖို့ အသင့် ရှိနေခဲ့ ပါတယ် ။ ဒါပေမယ့် ပြသနာ တစ်ရပ်က ကစားသမား ဟာ စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်း ဆီကို ဦးစားပေး ပြောင်းရွှေ့ လိုနေတာ ပါပဲ ။

လက်ရှိ သူဟာ အသက် 27 နှစ်သာ ရှိနေ သေးတာ ကြောင့် သူ့ကို ခေါ်ယူ လိုက်တဲ့ အသင်း က အနည်းဆုံး 3 – 4 နှစ်လောက် ကောင်းကောင်း သုံးခွင့် ရရှိ နိုင်ပါ လိမ့်မယ် ။ သူဟာ ဖန်တီးအား ကောင်းမွန် သလို လိုအပ်ရင် အသင်း အတွက် ဂိုးပါ သွင်းယူ ပေးနိုင် တဲ့ ကစားသမား ဖြစ်တာ ကြောင့် ယူနိုက်တက် တို့ ခေါ်ယူ သင့်တဲ့ ကစားသမား တစ်ဦး အဖြစ် ရှိနေ ပါတယ် ။ ယူနိုက်တက် အနေနဲ့ ဒီ အပြောင်းအရွှေ့ ဖြစ်မြောက် နိုင်ရေး အတွက် ကစားသမား ကို အယုံ သွင်းပြီး ရီးယဲ ထက် လက်ဦး နိုင်ဖို့ လိုအပ် နေ ပါတယ် ။
(4) ဝီလ် ဟုချ်စ်

အကယ်လိို့ ဆိုးလ်ရှား ဟာ သူ့ရဲ့ ပေါ်လစီ အရ ငယ်ရွယ်ပြီး အလားအလာ ကောင်းတဲ့ ပြည်တွင်း ကစားသမား ကို အဓိက ထား ခေါ်ယူ လို နေတယ် ဆိုရင် တော့ ဝက်ဖို့ဒ် အသင်း ရဲ့ ကွင်းလယ်လူ ဝီလ် ဟုချ်စ် ဟာ ကောင်းမွန် တဲ့ ကစားသမား ခေါ်ယူ မှု ဖြစ်လာ နိုင် ပါတယ် ။ ဟုချ်စ် ဟာ ရွေ့လျား မှု အားကောင်း တဲ့ ကစားသမား တစ်ဦး ဖြစ်သလို တောင်ပံ တွေထက် လည်း ထွက်ဆော့ နိုင် ပါတယ် ။

လက်ရှိ သူဟာ အသက် 24 နှစ်သာ ရှိသေး ပေမယ့် ပရီးမီးယားလိဂ် အတွေ့ အကြံု တွေကို ပိုင်ဆိုင် ထားနိုင် တဲ့ အင်္ဂလန် နိုင်ငံသား တစ်ဦး ပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် သူဟာ ဒီ ရာသီ အသင်း အတွက် 4 ပွဲ ကစား ပေးထား ခဲ့ရာ မှာ 1 ဂိုးသွင်း ၊ 1 ဂိုး ဖန်တီး ပေးထား နိုင်သူ ဖြစ်တာ ကြောင့် ယူနိုက်တက် အတွက် အသုံးတည့် နိုင်မယ့် ကစားသမား မျိုး ဖြစ်နေ ခဲ့ ပါတယ် ။

(5) အမ်မရီ ချန်

ဂျူဗင်တပ် ရဲ့ ကွင်းလယ် အင်အား အထူး တောင့်တင်း မှု ဒဏ်ကို ခံစား နေ ရသူ တစ်ဦး ကတော့ ဂျာမနီ လက်ရွေးစင် အမ်မရီ ချန်ပဲ ဖြစ်ပါတယ် ။ ဂျူဗင်တပ် အသင်းမှာ ရွေးချယ် စရာ ကွင်းလယ် ကစားသမား ကောင်းတွေ များပြား နေတဲ့အချိန် ချန်ပီယံ လိဂ် ကစားဖို့ ပဏာမ ကစားသမား 25 ဦး စာရင်း ထုတ်ပြန်ခဲ့ ရာမှာ အမ်မရီ ချန်ဟာ ချန်လှပ် ခံထား ခဲ့ရ ပါတယ် ။ ဒါ့ကြောင့် သူဟာ အသင်း ပြောင်းရွှေ့ သွားနိုင်ဖွယ် ရှိနေ သူ တစ်ဦး ပါပဲ ။

ဒါပေမယ့် သူဟာ ယူနိုက်တက် ရဲ့ ခါးသီး ပြိုင်ဖက် လီဗာပူး အသင်း ရဲ့ ကစားသမား ဟောင်း တစ်ဦး ဖြစ်တာကြောင့် အိုးလ် ထရပ်ဖို့ဒ် မှာ ကစားလို မလား ၊ ယူနိုက်တက် ပရိသတ် တွေက ရော လီဗာပူး ကစားသမား ဟောင်း တစ်ဦး ကို အသင်း မှာ မြင်တွေ့ ချင်မလား ဆိုတာ ပြသနာ တစ်ရပ် ဖြစ်လာ နိုင် ပါတယ် ။ ဒါပေမယ့် အပြောင်းအရွှေ့ သာ တစ်ကယ် ဖြစ်ပွား ခဲ့ပြီး ယူနိုက်တက် အတွက် သူ ခြေစွမ်း ပြနိုင် ခဲ့ရင် ပရိသတ် တွေက ကျေနပ် ကြမှာ အမှန် ပါပဲ ။

ဒီ အပြောင်း အရွှေ့ အတွက် အဓိက ကျတဲ့ အရာ က ဂျူဗင်တပ် တို့ ကစားသမား ကို လက်လွှတ် ခံမလား ၊ ချန်ဟာ ယူနိုက်တက် ဆီ လာချင် မလား ၊ ဂျာမနီ မြေကို ပြန် ကစား ဖို့ ရွေးချယ် မလား ဆိုတာ တွေ ပါပဲ ။ သူဟာ ပရီးမီးယား လိဂ် အတွေ့ အကြံု ကောင်းတွေ ရှိတဲ့ သူ တစ်ဦး ဖြစ်တာ ကြောင့် ဒီ အပြောင်း အရွှေ့ ဖြစ်ပွာ ခဲ့ ပါက ယူနိုက်တက် အတွက် အကျိုးရှိ နိုင်ခြေ များပြာ နေပါ လိမ့်မယ် ။

(6) ဘရူနို ဖာနန်ဒက်စ်

ဒီ နာမည် ကလည်း ဘောလုံး ပရိသတ် တွေနဲ့ ရင်းနှီး နေတဲ့ နာမည် တစ်ခု ဖြစ်နေ ပါပြီ ။ သူဟာ ပြီးခဲ့တဲ့ နွေ အပြောင်းအရွှေ့ တုန်းက စျေးကွက် ထဲ နာမည်ကြီး ခဲ့သူ တစ်ဦး ပါပဲ ။ သူ့ကို ခေါ်ယူ ဖို့ အတွက် ယူနိုက်တက် အပါအဝင် တော့တင်ဟမ် ၊ ရီးယဲ မက်ဒရစ် အသင်း တို့ကလည်း စိတ်ဝင်စား ခဲ့ကြ ပါ သေးတယ် ။ ဒါပေမယ့် ကစားသမားရဲ့ ပြောင်းရွှေ့ကြေး က ပြသနာ တစ်ခု အဖြစ် ရှိနေ ခဲ့တာ ကြောင့် အဆိုပါ အသင်း တွေက ခေါ်ယူ ဖို့ လက်တွန့် ခဲ့ကြ ပါတယ် ။

ဘရူနို ဖာနန်ဒက်စ် ဟာလည်း ယူနိုက်တက် တို့ အရ ခေါ်ယူ သင့်တဲ့ ကစားသမား တစ်ဦး ပါပဲ ။ သူဟာ ဖန်တီး နိုင်မှု စွမ်းရည် သာမက ဂိုးသွင်း စွမ်းရည် ပါ ကောင်းမွန် တဲ့သူ တစ်ဦး ဖြစ်ပါတယ် ။ ဒါ့အပြင် သူဟာ အသက် 24 နှစ်သာ ရှိနေ သေးသူ တစ်ဦး ဖြစ်သလို အသင်း ပြောင်းရွွှေှ့ဖို့ ၊ အင်္ဂလန် မြေကို လာရောက် ကစားဖို့ စိတ်အား ထက်သန် နေသူ တစ်ဦးလည်း ဖြစ်ပါတယ် ။ ယူနိုက်တက် ဟာ ပေါ်တူဂီ သားတွေ နဲ့ အကျိုး ပေးလေ့ ရှိတာ ကြောင့် ဖာနန်ဒက်စ် ဟာ ယူနိုက်တက် အတွက် ကောင်းမွန် တဲ့ ကစားသမား ခေါ်ယူ မှု ဖြစ်လာ နိုင်ပါ လိမ့်မယ် ။

#Sports_Myanmar