ခ်ယ္လ္ဆီး အသင္း ရဲ႕ ဝါရင့္ တိုက္စစ္မွဴး အိုလီဗီယာ ဂ်ရူး ဟာ ယခုႏွစ္ ေဘာလံုး ရာသီ အကုန္ မွာ အသင္း နဲ႕ စာခ်ဳပ္ သက္တမ္း ကုန္ဆံုးေတာ့မွာ ျဖစ္ပါတယ္ ။ အသက္ ၃၂ အရြယ္ ရွိျပီ ျဖစ္တဲ့ ဂ်ရူး ဟာ လြန္ခဲ့တဲ့ ၇ႏွစ္ က ပရီးမီးယားလိဂ္ ကို အာဆင္နယ္ အသင္း နဲ႕ အတူ စတင္ ေရာက္ရွိ လာခဲ့တာ ျဖစ္ပါတယ္ ။

Giroud

၂၀၁၈ ဇန္နဝါရီ အေျပာင္းအေရႊ႕ မွာ ဂ်ရူး ဟာ အာဆင္နယ္ အသင္း မွာ ပံုမွန္ ပြဲထြက္ခြင့္ မေသခ်ာ ခဲ့မႈ နဲ႕ အတူ ျမိဳ႕ခံ ျပိဳင္ဖက္ ခ်ယ္လ္ဆီး အသင္း သို႕ ၂ႏွစ္ စာခ်ဳပ္ နဲ႕ ေျပာင္းေရႊ႕ လာခဲ့ပါတယ္ ။ ဂ်ရူး ဟာ ခ်ယ္လ္ဆီး အသင္း နဲ႕ ေဘာလံုး ရာသီ ၂ခု ေက်ာ္ျဖတ္ထားျပီး ျဖစ္ကာ အက္ဖ္ေအ ဖလား နဲ႕ ယူရိုပါလိဂ္ ဖလား တို႕ကို အသီးသီး ဆြတ္ခူး ထားႏိုင္ ခဲ့ပါတယ္ ။

သို႕ေပမယ့္ လည္း စေရာက္ေရာက္ခ်င္း ကာလ မွာပဲ ဂ်ရူး ဟာ ခ်ယ္လ္ဆီး အသင္း အတြက္ ပံုမွန္ ကစားခြင့္ တခ်ိဳ႕ ရရွိ ခဲ့ျပီး ျပီးခဲ့တဲ့ ရာသီ ကလည္း ေမာ္ရစ္ဇီယို ဆာရီ လက္ေအာက္ မွာ ဂ်ရူး ဟာ ပံုမွန္ ကစားခြင့္ အေတာ္ မ်ားမ်ား ေပ်ာက္ဆံုး ခဲ့ရျပီး ယူရိုပါလိဂ္ မွာသာ ကစား ေနခဲ့ရပါတယ္ ။

ဒီႏွစ္ ေဘာလံုး ရာသီ ဖရန္႕ လမ္းပတ္ လက္ေအာက္ မွာလည္း ဂ်ရူး ဟာ ဥေရာပ စူပါဖလား ဗိုလ္လုပြဲ တခု ကိုသာ ပြဲထြက္ခြင့္ ရရွိ ခဲ့တာ ျဖစ္ကာ ပရီးမီးယားလိဂ္ မွာလည္း လက္စတာ နဲ႕ တပြဲ ပဲ ပြဲထြက္ခြင့္ ရရွိ ခဲ့ပါတယ္ ။ ထို႕အျပင္ လူငယ္ တိုက္စစ္မွဴး ေအဘရာဟမ္ ဟာလည္း ေနာက္ဆံုး ပရီးမီးယားလိဂ္ ၂ပြဲ မွာ ၄ဂိုး ဆက္တိုက္ သြင္းခဲ့တာေၾကာင့္ ဂ်ရူး အဖို႕ ပြဲထြက္ခြင့္ အတြက္ ပိုျပီး ရုန္းကန္ ရႏိုင္ပါတယ္ ။

RMC Sport နဲ႕ အင္တာဗ်ဴး မွာေတာ့ ဂ်ရူး က သူ႕ အေနနဲ႕ ခ်ယ္လ္ဆီး အသင္း နဲ႕ စာခ်ဳပ္ ျပည့္သြားခဲ့ရင္ အေမရိကန္ ေမဂ်ာလိဂ္ မွာ သြားေရာက္ ကစားဖို႕ စဥ္းစား ထားေၾကာင္း အရိပ္အျမြက္ ဆိုလိုက္သလို ၊ ေလာေလာဆယ္ မွာေတာ့ ခ်ယ္လ္ဆီး အသင္း ကေန စြန္႕ခြာဖို႕ ဆႏၵ မရွိေသးေၾကာင္း ဖြင့္ဟ ေျပာၾကား ခဲ့ပါတယ္ ။

ဂ်ရူး က ” ကြ်န္ေတာ္ အပါအဝင္ ၊ ကြ်န္ေတာ့ ရဲ႕ ကေလး ေတြ နဲ႕ မိသားစုဝင္ ေတြဟာ အဂၤလိပ္ ဘာသာစကား ကို တတ္ကြ်မ္း ထားတာေၾကာင့္ ေမဂ်ာလိဂ္ ဟာ ကြ်န္ေတာ့ အတြက္ စိတ္ဝင္စား စရာ ေကာင္းတဲ့ လိဂ္ တခု ျဖစ္ပါတယ္ ။ လာမယ့္ တႏွစ္လား ? ၂ႏွစ္လား ? ဘယ္အခ်ိန္ ျဖစ္မလဲ ေတာ့ ကြ်န္ေတာ္ လည္း မေျပာတတ္ေသးပါဘူး ။ ဒါေပမယ့္ ကြ်န္ေတာ္ ဟာ ကစားသမား ဘဝ ရဲ႕ ေနာက္ဆံုး စိန္ေခၚမႈ အတြက္ လမ္းဖြင့္ ထားဆဲ ပါပဲ ။

” ေမဂ်ာလိဂ္ မွာ မဟုတ္ပါဘူး ။ ကြ်န္ေတာ့ ကို ဆြဲေဆာင္ ႏိုင္တဲ့ လိဂ္ တခု ကို သြားႏိုင္ပါတယ္ ။ ျပီးခဲ့တဲ့ ရာသီကုန္ခါနီး မွာ ကြ်န္ေတာ္ ဟာ ခ်ယ္လ္ဆီး အသင္း နဲ႕ စာခ်ဳပ္သစ္ တႏွစ္ ခ်ဳပ္ႏိုင္ ခဲ့ပါတယ္ ။ ဒီ အတြက္ ကလပ္ နဲ႕ ကြ်န္ေတာ့ အၾကားမွာ ေထြေထြထူးထူး ေဆြးေႏြး လိုက္တာမ်ိဳး မရွိပါဘူး ။ ခ်ယ္လ္ဆီး အသင္း ဖက္က ကြ်န္ေတာ့ ကို ဒီ ရာသီ အတြက္ အသံုးလိုတာေၾကာင့္ စာခ်ဳပ္ သက္တမ္း တိုးခဲ့ပါတယ္ ။ ”

” ကြ်န္ေတာ့ ဖက္က ဘာေတြ လုပ္ေပးႏိုင္လဲ ၊ ဘာေတြ စြမ္းေဆာင္ ေပးႏိုင္လဲ ဆိုတာ သူတို႕ ေကာင္းေကာင္း သိပါတယ္ ။ ဒီထက္ သာလြန္ေကာင္း ၊ သာလြန္ သြားႏိုင္ပါတယ္ ။ ကြ်န္ေတာ့ မွာ ထူးျခား ဆန္းျပား တဲ့ ယံုၾကည္မႈ တခု ရွိေနပါတယ္ ။ ဒီ့အျပင္ ကြ်န္ေတာ္ ဟာ ခ်ယ္လ္ဆီး ကေန ထြက္ခြာဖို႕ တခါမွ မစဥ္းစား ခဲ့ဖူးပါဘူး ။ ဒါနဲ႕ ပတ္သက္ျပီး ကိုယ့္ကိုယ္ကို လည္း တခါမွ ေမးခြန္း မထုတ္ ခဲ့ဖူးပါဘူး ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ချယ်လ်ဆီး က ထွက်ခွာ ဖြစ်ရင် ဘယ်မှာ ဆက်ကစားနိုင်လဲ ဆိုတာ အရိပ်အမြွက် ဆိုလိုက်တဲ့ #ဂျရူး

ချယ်လ်ဆီး အသင်း ရဲ့ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာ ယခုနှစ် ဘောလုံး ရာသီ အကုန် မှာ အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ် ။ အသက် ၃၂ အရွယ် ရှိပြီ ဖြစ်တဲ့ ဂျရူး ဟာ လွန်ခဲ့တဲ့ ရနှစ် က ပရီးမီးယားလိဂ် ကို အာဆင်နယ် အသင်း နဲ့ အတူ စတင် ရောက်ရှိ လာခဲ့တာ ဖြစ်ပါတယ် ။

၂၀၁၈ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ဂျရူး ဟာ အာဆင်နယ် အသင်း မှာ ပုံမှန် ပွဲထွက်ခွင့် မသေချာ ခဲ့မှု နဲ့ အတူ မြို့ခံ ပြိုင်ဖက် ချယ်လ်ဆီး အသင်း သို့ ၂နှစ် စာချုပ် နဲ့ ပြောင်းရွှေ့ လာခဲ့ပါတယ် ။ ဂျရူး ဟာ ချယ်လ်ဆီး အသင်း နဲ့ ဘောလုံး ရာသီ ၂ခု ကျော်ဖြတ်ထားပြီး ဖြစ်ကာ အက်ဖ်အေ ဖလား နဲ့ ယူရိုပါလိဂ် ဖလား တို့ကို အသီးသီး ဆွတ်ခူး ထားနိုင် ခဲ့ပါတယ် ။

သို့ပေမယ့် လည်း စရောက်ရောက်ချင်း ကာလ မှာပဲ ဂျရူး ဟာ ချယ်လ်ဆီး အသင်း အတွက် ပုံမှန် ကစားခွင့် တချို့ ရရှိ ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီ ကလည်း မော်ရစ်ဇီယို ဆာရီ လက်အောက် မှာ ဂျရူး ဟာ ပုံမှန် ကစားခွင့် အတော် များများ ပျောက်ဆုံး ခဲ့ရပြီး ယူရိုပါလိဂ် မှာသာ ကစား နေခဲ့ရပါတယ် ။

ဒီနှစ် ဘောလုံး ရာသီ ဖရန့် လမ်းပတ် လက်အောက် မှာလည်း ဂျရူး ဟာ ဥရောပ စူပါဖလား ဗိုလ်လုပွဲ တခု ကိုသာ ပွဲထွက်ခွင့် ရရှိ ခဲ့တာ ဖြစ်ကာ ပရီးမီးယားလိဂ် မှာလည်း လက်စတာ နဲ့ တပွဲ ပဲ ပွဲထွက်ခွင့် ရရှိ ခဲ့ပါတယ် ။ ထို့အပြင် လူငယ် တိုက်စစ်မှူး အေဘရာဟမ် ဟာလည်း နောက်ဆုံး ပရီးမီးယားလိဂ် ၂ပွဲ မှာ ၄ဂိုး ဆက်တိုက် သွင်းခဲ့တာကြောင့် ဂျရူး အဖို့ ပွဲထွက်ခွင့် အတွက် ပိုပြီး ရုန်းကန် ရနိုင်ပါတယ် ။

RMC Sport နဲ့ အင်တာဗျူး မှာတော့ ဂျရူး က သူ့ အနေနဲ့ ချယ်လ်ဆီး အသင်း နဲ့ စာချုပ် ပြည့်သွားခဲ့ရင် အမေရိကန် မေဂျာလိဂ် မှာ သွားရောက် ကစားဖို့ စဉ်းစား ထားကြောင်း အရိပ်အမြွက် ဆိုလိုက်သလို ၊ လောလောဆယ် မှာတော့ ချယ်လ်ဆီး အသင်း ကနေ စွန့်ခွာဖို့ ဆန္ဒ မရှိသေးကြောင်း ဖွင့်ဟ ပြောကြား ခဲ့ပါတယ် ။

ဂျရူး က ” ကျွန်တော် အပါအဝင် ၊ ကျွန်တော့ ရဲ့ ကလေး တွေ နဲ့ မိသားစုဝင် တွေဟာ အင်္ဂလိပ် ဘာသာစကား ကို တတ်ကျွမ်း ထားတာကြောင့် မေဂျာလိဂ် ဟာ ကျွန်တော့ အတွက် စိတ်ဝင်စား စရာ ကောင်းတဲ့ လိဂ် တခု ဖြစ်ပါတယ် ။ လာမယ့် တနှစ်လား ? ၂နှစ်လား ? ဘယ်အချိန် ဖြစ်မလဲ တော့ ကျွန်တော် လည်း မပြောတတ်သေးပါဘူး ။ ဒါပေမယ့် ကျွန်တော် ဟာ ကစားသမား ဘဝ ရဲ့ နောက်ဆုံး စိန်ခေါ်မှု အတွက် လမ်းဖွင့် ထားဆဲ ပါပဲ ။ ”

” မေဂျာလိဂ် မှာ မဟုတ်ပါဘူး ။ ကျွန်တော့ ကို ဆွဲဆောင် နိုင်တဲ့ လိဂ် တခု ကို သွားနိုင်ပါတယ် ။ ပြီးခဲ့တဲ့ ရာသီကုန်ခါနီး မှာ ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း နဲ့ စာချုပ်သစ် တနှစ် ချုပ်နိုင် ခဲ့ပါတယ် ။ ဒီ အတွက် ကလပ် နဲ့ ကျွန်တော့ အကြားမှာ ထွေထွေထူးထူး ဆွေးနွေး လိုက်တာမျိုး မရှိပါဘူး ။ ချယ်လ်ဆီး အသင်း ဖက်က ကျွန်တော့ ကို ဒီ ရာသီ အတွက် အသုံးလိုတာကြောင့် စာချုပ် သက်တမ်း တိုးခဲ့ပါတယ် ။ ”

” ကျွန်တော့ ဖက်က ဘာတွေ လုပ်ပေးနိုင်လဲ ၊ ဘာတွေ စွမ်းဆောင် ပေးနိုင်လဲ ဆိုတာ သူတို့ ကောင်းကောင်း သိပါတယ် ။ ဒီထက် သာလွန်ကောင်း ၊ သာလွန် သွားနိုင်ပါတယ် ။ ကျွန်တော့ မှာ ထူးခြား ဆန်းပြား တဲ့ ယုံကြည်မှု တခု ရှိနေပါတယ် ။ ဒီ့အပြင် ကျွန်တော် ဟာ ချယ်လ်ဆီး ကနေ ထွက်ခွာဖို့ တခါမှ မစဉ်းစား ခဲ့ဖူးပါဘူး ။ ဒါနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို လည်း တခါမှ မေးခွန်း မထုတ် ခဲ့ဖူးပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR