ဗန္ဒို္က္ က ယူဗင္တပ္ ကစားသမား ဘ၀ အစ ေ၀ဖန္မွဳေတြ ၾကံဳေတြ႕ ေနရတဲ့ သူ႕ရဲ႕ နယ္သာလန္ လက္ေရြးစင္ အသင္းေဖာ္ ဒီလစ္ဟာ တည္တည္ျငိမ္ျငိမ္ပဲ ရိွေနဆဲလို႕ ဆုိလိုက္ျပီး ဒါေတြဟာ ၎အေပၚ ဘာသက္ေရာက္မွဳမွ ရွိမွာ မဟုတ္ဘူးလုိ႕ ေထာက္ခံ သြားပါတယ္။

စေကာ့တလန္ အသင္းေခါင္းေဆာင္ အန္ဒီေရာဘတ္ဆန္က UEFA Nations League ရဲ႕ ျပိဳင္ပြဲရဲ႕ စနစ္ကို သူအခုထိ နားမလည္ ေသးဘူးလို႕ ၀န္ခံ သြားခဲ့ပါတယ္။

မိုက္ကယ္အုိ၀င္က လီဗာပူး အသင္းဟာ ကလပ္ရဲ႕ ဂႏၱ၀င္ ကစားသမားၾကီး စတီဗင္ဂ်ာ၇တ္ ကို သူ အန္ဖီးမွ တကယ္ထြက္ခြာ သြားခဲ့တဲ့ အခ်ိန္ထက္ ၂ ႏွစ္ေစာကာ အသင္း ကေန ထြက္ခြာေစဖို႕ အလို ရွိခဲ့တာ ျဖစ္တယ္လို႕ ဖြင့္ဟ သြားခဲ့ပါတယ္။

ေဘာလံုး ေအးဂ်င့္ တစ္ဦး ျဖစ္တဲ့ ဗင္ဆန္ဇိုမုိရာဘီတုိ က ေဘာ္ဘီဒန္ကန္ဟာ ဖီအုိရင္တီးနား အသင္းကို မေျပာင္းမီ မန္ခ်က္စတာယူႏုိက္တက္ အသင္းနဲ႕ စာခ်ဳပ္ခ်ဳပ္ ႏုိင္ဖို႕ အခြင့္အေရး ရွိေနေပမယ့္လည္း လီဗာပူး အသင္း အေပၚ သစၥာ မေဖာက္ခ်င္တာေၾကာင့္ ဒီအခြင့္အေရးကို ျငင္းပယ္ ခဲ့တယ္လို႕ သိရပါတယ္။

ဗန္ဒုိုက္က “ကၽြန္ေတာ္ဟာ လီဗာပူး အသင္းနဲ႕ ခ်န္ပီယံလိဂ္ ဖလား ဆြတ္ခူး ႏိုင္ခဲ့ျပီးေနာက္ ဒီအသင္းရဲ႕ သမုိင္း အစိတ္အပိုင္း တစ္ခုမွာ ပါ၀င္ ႏုိင္ခဲ့ပါျပီ။ ကၽြန္ေတာ္တုိ႕ သမိုင္းေတြ ဆက္လက္ ဖန္တီး ႏုိင္ဖို႕ ေမွ်ာ္လင့္ ပါတယ္။ ကၽြန္ေတာ္ ကေတာ့ ကလပ္ အသင္း အတြက္ အစြမ္းကုန္ ေပးဆပ္ ကစားတဲ့ ကစားသမားေကာင္း တစ္ဦး အေနနဲ႕ မွတ္မိေစဖို႕ပဲ အလို ရွိပါတယ္။”

ေအာက္စလိတ္ခ်ိန္ဘာလိိန္ က သူတုိ႕ရဲ႕ အဂၤလန္ အသင္း ျပီးခဲ့တဲ့ ကမာၻ႕ဖလား တုန္းက ဆီမီးဖိုင္နယ္ တက္ေရာက္ ႏုိ္င္ခဲ့ျပီးေနာက္ လာမည့္ ယူရုိ ၂၀၂၀ မွာေတာ့ ဖလား ေအာင္ျမင္မွဳ ရဖို႕ အတြက္ အိမ္မက္မက္ ေနတယ္လို႕ ဆုိလုိက္ပါတယ္။

လီဗာပူး အတြက္ သတင္းေကာင္း ကေတာ့ ေနာ့၀ွစ္နဲ႕ပြဲအျပီး ေျခသလံုး ဒဏ္ရာ ရခ့ဲတဲ့ ဂိုးသမား အလီဆြန္ဟာ လက္ရွိမွာေတာ့ မဲ၀ုဒ္ ေလ့က်င့္ေရး ကြင္းမွာ အေပါ့စား ေလ့က်င့္မွဳေတြ ျပန္လုပ္ ေနျပီ ျဖစ္ပါတယ္။

FIFAPro World Team of the Year အတြက္ ဆန္ကာတင္ ၅၅ ဦး စာရင္းမွာ ပါ၀င္ခဲ့တဲ့ ေရာဘတ္ဆန္ က “ကၽြန္ေတာ္ဟာ ၅၅ ဦးထဲက တစ္ဦး ျဖစ္ျပီး ဒါဟာ ကၽြန္ေတာ္ ပါ၀င္ခဲ့ဖူးသမွ် အၾကီးမားဆံုး လူစာရင္းပါပဲ။ (ရယ္လ်က္) ဒါဟာ ကၽြန္ေတာ့္ အတြက္ ၾကီးၾကယ္တဲ့ အရာပါ။ ဒါေပမယ့္ ေနာက္ဆံုး ၁၁ ေယာက္ထဲမွာ ပါ မပါေတာ့ ၾကည့္ရတာေပါ့။ ဒီလို ကစားသမားေတြနဲ႕ အတူ ဆန္ကာတင္ မွာ ပါ၀င္တာကိုက စပယ္ရွယ္ ခံစားခ်က္ ပါပဲ။ ျပီးေတာ့ ကၽြန္ေတာ့္ရဲ႕ လီဗာပူး အသင္းေဖာ္ ၆ ဦးနဲ႕ အတူ ပါလာတာလည္း တကယ္ေကာင္း ပါတယ္။ ကၽြန္ေတာ္တုိ႕ထဲက ဘယ္ႏွစ္ေယာက္ ဒီအသင္းမွာ ပါလာမလဲ ၾကည့္ရတာေပါ့။ လီဗာပူး ကစားသမား ေတာ္ေတာ္မ်ားမ်ား ပါ၀င္လာ ႏုိင္ပါတယ္။ ဒါဟာ ကၽြန္ေတာ္တုိ႕ ျပီးခဲ့တဲ့ ႏွစ္က ဘယ္ေလာက္ ေကာင္းတဲ့ ရာသီတစ္ခု ပိုင္ဆုိင္ ခဲ့သလဲ ဆုိတာ ျပသ လိုက္တာပါပဲ။”

လီဗာပူး ကေန ဘုန္းေမာက္ကို အငွား သြားကစား ေနတဲ့ ဟယ္ရီ၀ယ္ဆင္ဟာ ဘုန္းေမာက္ အသင္းရဲ႕ တစ္လတာ အေကာင္းဆံုး ကစားသမား ဆု ကို ဆြတ္ခူး သြားႏုိင္ခဲ့ပါတယ္။

အလီဆြန္က ျပီးခဲ့တဲ့ ရာသီ နာပုိလီ နဲ႕ အန္ဖီးမွာ ကစား ခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ ေနာက္ဆံုး ပြဲစဥ္မွာ ပြဲျပီးခါနီး မီလစ္ရဲ႕ ကန္ခ်က္ကို ကာကြယ္ခဲ့မွဳဟာ သူ႕အတြက္ မွတ္မွတ္ရရ အျဖစ္ဆံုး ကာကြယ္မွဳ ျဖစ္တယ္လို႕ ဆုိသြားပါတယ္။

SM

Unicode

လီဗာပူးသတင်းတိုများ

ဗန်ဒို်က် က ယူဗင်တပ် ကစားသမား ဘဝ အစ ဝေဖန်မှုတွေ ကြုံတွေ့ နေရတဲ့ သူ့ရဲ့ နယ်သာလန် လက်ရွေးစင် အသင်းဖော် ဒီလစ်ဟာ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေဆဲလို့ ဆိုလိုက်ပြီး ဒါတွေဟာ ၎င်းအပေါ် ဘာသက်ရောက်မှုမှ ရှိမှာ မဟုတ်ဘူးလို့ ထောက်ခံ သွားပါတယ်။

စကော့တလန် အသင်းခေါင်းဆောင် အန်ဒီရောဘတ်ဆန်က UEFA Nations League ရဲ့ ပြိုင်ပွဲရဲ့ စနစ်ကို သူအခုထိ နားမလည် သေးဘူးလို့ ၀န်ခံ သွားခဲ့ပါတယ်။

မိုက်ကယ်အို၀င်က လီဗာပူး အသင်းဟာ ကလပ်ရဲ့ ဂန္တဝင် ကစားသမားကြီး စတီဗင်ဂျာရတ် ကို သူ အန်ဖီးမှ တကယ်ထွက်ခွာ သွားခဲ့တဲ့ အချိန်ထက် ၂ နှစ်စောကာ အသင်း ကနေ ထွက်ခွာစေဖို့ အလို ရှိခဲ့တာ ဖြစ်တယ်လို့ ဖွင့်ဟ သွားခဲ့ပါတယ်။

ဘောလုံး အေးဂျင့် တစ်ဦး ဖြစ်တဲ့ ဗင်ဆန်ဇိုမိုရာဘီတို က ဘော်ဘီဒန်ကန်ဟာ ဖီအိုရင်တီးနား အသင်းကို မပြောင်းမီ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ စာချုပ်ချုပ် နိုင်ဖို့ အခွင့်အရေး ရှိနေပေမယ့်လည်း လီဗာပူး အသင်း အပေါ် သစ္စာ မဖောက်ချင်တာကြောင့် ဒီအခွင့်အရေးကို ငြင်းပယ် ခဲ့တယ်လို့ သိရပါတယ်။

ဗန်ဒိုုက်က “ကျွန်တော်ဟာ လီဗာပူး အသင်းနဲ့ ချန်ပီယံလိဂ် ဖလား ဆွတ်ခူး နိုင်ခဲ့ပြီးနောက် ဒီအသင်းရဲ့ သမိုင်း အစိတ်အပိုင်း တစ်ခုမှာ ပါ၀င် နိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ သမိုင်းတွေ ဆက်လက် ဖန်တီး နိုင်ဖို့ မျှော်လင့် ပါတယ်။ ကျွန်တော် ကတော့ ကလပ် အသင်း အတွက် အစွမ်းကုန် ပေးဆပ် ကစားတဲ့ ကစားသမားကောင်း တစ်ဦး အနေနဲ့ မှတ်မိစေဖို့ပဲ အလို ရှိပါတယ်။”

အောက်စလိတ်ချိန်ဘာလိိန် က သူတို့ရဲ့ အင်္ဂလန် အသင်း ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား တုန်းက ဆီမီးဖိုင်နယ် တက်ရောက် နို်င်ခဲ့ပြီးနောက် လာမည့် ယူရို ၂၀၂၀ မှာတော့ ဖလား အောင်မြင်မှု ရဖို့ အတွက် အိမ်မက်မက် နေတယ်လို့ ဆိုလိုက်ပါတယ်။

လီဗာပူး အတွက် သတင်းကောင်း ကတော့ နော့ဝှစ်နဲ့ပွဲအပြီး ခြေသလုံး ဒဏ်ရာ ရခဲ့တဲ့ ဂိုးသမား အလီဆွန်ဟာ လက်ရှိမှာတော့ မဲဝုဒ် လေ့ကျင့်ရေး ကွင်းမှာ အပေါ့စား လေ့ကျင့်မှုတွေ ပြန်လုပ် နေပြီ ဖြစ်ပါတယ်။

FIFAPro World Team of the Year အတွက် ဆန်ကာတင် ၅၅ ဦး စာရင်းမှာ ပါ၀င်ခဲ့တဲ့ ရောဘတ်ဆန် က “ကျွန်တော်ဟာ ၅၅ ဦးထဲက တစ်ဦး ဖြစ်ပြီး ဒါဟာ ကျွန်တော် ပါ၀င်ခဲ့ဖူးသမျှ အကြီးမားဆုံး လူစာရင်းပါပဲ။ (ရယ်လျက်) ဒါဟာ ကျွန်တော့် အတွက် ကြီးကြယ်တဲ့ အရာပါ။ ဒါပေမယ့် နောက်ဆုံး ၁၁ ယောက်ထဲမှာ ပါ မပါတော့ ကြည့်ရတာပေါ့။ ဒီလို ကစားသမားတွေနဲ့ အတူ ဆန်ကာတင် မှာ ပါ၀င်တာကိုက စပယ်ရှယ် ခံစားချက် ပါပဲ။ ပြီးတော့ ကျွန်တော့်ရဲ့ လီဗာပူး အသင်းဖော် ၆ ဦးနဲ့ အတူ ပါလာတာလည်း တကယ်ကောင်း ပါတယ်။ ကျွန်တော်တို့ထဲက ဘယ်နှစ်ယောက် ဒီအသင်းမှာ ပါလာမလဲ ကြည့်ရတာပေါ့။ လီဗာပူး ကစားသမား တော်တော်များများ ပါ၀င်လာ နိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ပြီးခဲ့တဲ့ နှစ်က ဘယ်လောက် ကောင်းတဲ့ ရာသီတစ်ခု ပိုင်ဆိုင် ခဲ့သလဲ ဆိုတာ ပြသ လိုက်တာပါပဲ။”

လီဗာပူး ကနေ ဘုန်းမောက်ကို အငှား သွားကစား နေတဲ့ ဟယ်ရီဝယ်ဆင်ဟာ ဘုန်းမောက် အသင်းရဲ့ တစ်လတာ အကောင်းဆုံး ကစားသမား ဆု ကို ဆွတ်ခူး သွားနိုင်ခဲ့ပါတယ်။

အလီဆွန်က ပြီးခဲ့တဲ့ ရာသီ နာပိုလီ နဲ့ အန်ဖီးမှာ ကစား ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံး ပွဲစဉ်မှာ ပွဲပြီးခါနီး မီလစ်ရဲ့ ကန်ချက်ကို ကာကွယ်ခဲ့မှုဟာ သူ့အတွက် မှတ်မှတ်ရရ အဖြစ်ဆုံး ကာကွယ်မှု ဖြစ်တယ်လို့ ဆိုသွားပါတယ်။

SM