ခ်ယ္လ္ဆီး အသင္း ရဲ႕ အီတလီ လက္ေရြးစင္ ေနာက္ခံလူ အီမာဆင္ ဟာ မေန႕ည က ကစား သြားခဲ့တဲ့ အာေမးနီးယား လက္ေရြးစင္ အသင္း နဲ႕ ယူရို ၂၀၂၀ ေျခစစ္ ပြဲစဥ္ မွာ အီတလီ အသင္း အတြက္ ပြဲခ်ိန္ျပည့္ ပါဝင္ ကစား ေပးခဲ့ျပီး အေရးပါတဲ့ ေခ်ပဂိုး တဂိုး ကို ဖန္တီး ေပးႏိုင္ ခဲ့ပါတယ္ ။

ထို ပြဲစဥ္ မွာ အိမ္ရွင္ အာေမးနီးယား အသင္း က ပြဲခ်ိန္ ၁၁ မိနစ္ မွာ ဦးေဆာင္ဂိုး စသြင္း ခဲ့တာ ျဖစ္ျပီး အီတလီ တို႕ အေနာက္ ကေန လိုက္ကစား ခဲ့ရကာ ၂၈ မိနစ္ အေရာက္မွာ အီမာဆင္ ရဲ႕ ျဖတ္တင္ေဘာ ကို ပင္နယ္တီ ဧရိယာ ထဲမွာ အသင့္ ရွိေနတဲ့ တိုက္စစ္မွဴး ဘယ္ေလာ့တီ က ပိတ္သြင္း အဆံုးသတ္ ႏိုင္ခဲ့လို႕ ပထမပိုင္း မွာ အီတလီ တို႕ သေရ ရလဒ္ ကစား ႏိုင္ခဲ့ပါတယ္ ။

ထို႕အျပင္ ပထမပိုင္း ျပီးခါနီးမွာ အာေမးနီးယား တို႕ တေယာက္ ေလ်ာ့သြားခဲ့လို႕ ဒုတိယပိုင္း မွာ အီတလီ တို႕ ေဘာလံုး ပိုင္ဆိုင္မႈ အသာနဲ႕ ကစားျပ ႏိုင္ခဲ့ျပီး ေနာက္ထပ္ အႏိုင္ဂိုး ၂ဂိုး ကိုလည္း ပြဲခ်ိန္ ၇၇ မိနစ္ နဲ႕ မိနစ္ ၈၀ တို႕မွာ အသီးသီး ရယူ ႏိုင္ခဲ့ကာ ပြဲအျပီး မွာ ၁ – ၃ နဲ႕ ေနာက္ထပ္ အႏိုင္ ၃မွတ္ ကို ထပ္မံ စုေဆာင္း ႏိုင္ခဲ့ပါတယ္ ။

လက္ရွိ မွာ အီတလီ လက္ေရြးစင္ အသင္း ဟာ ယူရို ၂၀၂၀ အုပ္စု အဆင့္ ေျခစစ္ပြဲ အုပ္စု J မွာ ၅ပြဲ ကစား ရာႏႈန္းျပည့္ ႏိုင္ပြဲ နဲ႕ ဇယားထိပ္ မွာ ရပ္တည္လ်က္ ရွိေနပါတယ္ ။ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ က စျပီး ခ်ယ္လ္ဆီး အတြက္ ပံုမွန္ ပြဲထြက္ခြင့္ ေတြ ရရွိ ခဲ့သလို ၊ တိုးတက္ လာတဲ့ ေျခစြမ္း ေတြနဲ႕ အတူ အခုအခါ မွာ အီတလီ လက္ေရြးစင္ အသင္း အတြက္ပါ အီမာဆင္ တေယာက္ စြမ္းေဆာင္ ေပးႏိုင္ ခဲ့ျပီ ျဖစ္ပါတယ္ ။

ပြဲျပီး Football Italia နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာေတာ့ အီမာဆင္ က ကလပ္ အသင္း အဆင့္ မွာ ခ်ယ္လ္ဆီး အသင္း အတြက္ ပံုမွန္ ပြဲထြက္ခြင့္ ေတြနဲ႕ ေျခစြမ္း ျပႏိုင္မႈေၾကာင့္ အျမဲ ေပ်ာ္ရႊင္ ေနရသလို ၊ အခု အခါမွာလည္း လက္ေရြးစင္ အတြက္ ေျခစြမ္း ျပ ကစားေပး ႏိုင္ခဲ့ျပီမို႕ အခု လက္ရွိ အခိုက္အတန္႕ ဟာ သူ႕ရဲ႕ ကစားသမား ဘဝ အျမင့္မားဆံုး ပံုစံ ကို ရရွိ ေနတဲ့ အခ်ိန္ ျဖစ္ေၾကာင္း တင္စား ေျပာဆို လိုက္ပါတယ္ ။

အီမာဆင္ က ” ကြ်န္ေတာ့ ရဲ႕ ဂိုးဖန္တီးမႈ ေၾကာင့္ လက္ေရြးစင္ အသင္း ကို ကူညီရာ ေရာက္သြားတယ္ ဆိုေတာ့ ကြ်န္ေတာ္ အရမ္း ေက်နပ္ ေပ်ာ္ရႊင္ ရပါတယ္ ။ ဒါေပမယ့္ ကြ်န္ေတာ္ ဟာ အသင္းလိုက္ ေအာင္ျမင္မႈ နဲ႕ ႏိုင္ပြဲ ေတြ အတြက္ပဲ ေရွ႕တန္း တင္ထားပါတယ္ ။ ပထမပိုင္း ၁၅ မိနစ္ အတြင္းမွာ အာေမးနီးယား အသင္း ဟာ ကြ်န္ေတာ္ တို႕ အသင္း ထက္ ပိုေကာင္း ခဲ့တာ အမွန္ပါပဲ ။ ”

” အဲ့ဒီ အတြက္ သူတို႕ရဲ႕ ၾကိဳးစားမႈ နဲ႕ ေျခစြမ္း အတြက္ ခ်ီးက်ဴး ရမွာပါ ။ ဒါေပမယ့္ လက္က်န္ ပြဲခ်ိန္ ေတြမွာ ကြ်န္ေတာ္ တို႕က ပြဲကို အေကာင္းဆံုး လႊမ္းမိုး ကစား ႏိုင္ခဲ့ျပီး အႏိုင္ ၃မွတ္ နဲ႕ ထိုက္တန္ ခဲ့ပါတယ္ ။ ေဘာလံုးကြင္း မ်က္ႏွာျပင္ က အင္မတန္ ဆိုးခဲ့ပါတယ္ ။ ဒါေပမယ့္ ဒီ အခ်က္ ကိုပဲ အေၾကာင္းျပခ်က္ ေပးျပီး အျပစ္တင္ ေနလို႕ မရပါဘူး ။ ၂သင္းလံုး က ေရကုန္ေရခမ္း ကစား ခဲ့ၾကပါတယ္ ။ ”

” ပံုမွန္ အရ ဆိုရင္ ခင္ဗ်ား အသင္း ဟာ နည္းစနစ္ပိုင္း ကို အေလးေပးျပီး ကစားတဲ့ အသင္း ဆိုရင္ ဒီေန႕ ကြင္း အေနအထား က ခင္ဗ်ား တို႕ကို ဒုကၡ ေပးႏိုင္ပါတယ္ ။ ဒုတိယပိုင္း မွာ ကြ်န္ေတာ္ တို႕ ဖက္က ကစားသမား တေယာက္ အသာ ရထားခဲ့လို႕ ေဘာလံုး အခ်ိတ္အဆက္ အပိုင္း မွာ ၃ေယာက္တြဲ ထက္ ၊ ၄ေယာက္ေလာက္ ကြင္းလယ္ မွာ အခ်ိတ္အဆက္ ေတြနဲ႕ ကစားလို႕ ရလာႏိုင္ခဲ့ပါတယ္ ။ ”

” အဲ့ဒါေၾကာင့္ ဖေလာ္ရန္ဇီ နဲ႕ ကြ်န္ေတာ္ တို႕ ၂ေယာက္လံုး အေရွ႕ ကို လြတ္လြတ္လပ္လပ္ တိုက္စစ္ ဆင္လို႕ ရခဲ့တာပါ ။ ေနာက္ထပ္ ရင္ဆိုင္ ရမယ့္ ဖင္လန္ နဲ႕ ပြဲစဥ္ ဟာလည္း ကြ်န္ေတာ္ တို႕ အသင္း အတြက္ တကယ္ ခက္ခဲတဲ့ စိန္ေခၚမႈ တရပ္ ျဖစ္လာဦးမွာပါ ။ ဒါေပမယ့္ အုပ္စု ဇယားထိပ္ မွာ ဆက္လက္ ရပ္တည္ ႏိုင္ဖို႕ အတြက္ ကြ်န္ေတာ္တို႕ အရာရာ ေပးဆပ္ ကစား သြားမွာပါ ။ ”

” အခု အခ်ိန္ ဟာ ကြ်န္ေတာ့ အတြက္ ကစားသမား ဘဝ မွာ အျမင့္ဆံုး အခိုက္အတန္႕ ပံုစံေကာင္း ကို ရေနတယ္ လို႔ ဆိုရမွာပါ ။ ကြ်န္ေတာ္ ဟာ ခ်ယ္လ္ဆီး အသင္း မွာ အရမ္း ေပ်ာ္ရႊင္ ေနပါတယ္ ။ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ၊ ေမာ္ရစ္ဇီယို လက္ေအာက္ မွာ ကတည္းက ကြ်န္ေတာ္ ဟာ ပံုမွန္ ကစားခြင့္ ေတြ ရရွိခဲ့ပါတယ္ ။ အမွန္ အတိုင္း ေျပာရရင္ ကစားသမား တေယာက္ ဟာ ပံုမွန္ ပြဲထြက္ခြင့္ ေတြ ရေနမယ္ ဆိုရင္ သူဟာ အျမဲတမ္း စိတ္ၾကည္ၾကည္ နဲ႕ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကစား ေပးႏိုင္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

အီတလီ လက်ရွေးစင် အတွက် သွင်းဂိုး တဂိုး ဖန်တီး ပေးခဲ့ပြီးနောက် ကစားသမား ဘဝ ရဲ့ အမြင့်မားဆုံး ပုံစံ ကို ရရှိ နေပြီ လို့ ဖွင့်ဟ လာတဲ့ #အီမာဆင်

ချယ်လ်ဆီး အသင်း ရဲ့ အီတလီ လက်ရွေးစင် နောက်ခံလူ အီမာဆင် ဟာ မနေ့ည က ကစား သွားခဲ့တဲ့ အာမေးနီးယား လက်ရွေးစင် အသင်း နဲ့ ယူရို ၂၀၂၀ ခြေစစ် ပွဲစဉ် မှာ အီတလီ အသင်း အတွက် ပွဲချိန်ပြည့် ပါဝင် ကစား ပေးခဲ့ပြီး အရေးပါတဲ့ ချေပဂိုး တဂိုး ကို ဖန်တီး ပေးနိုင် ခဲ့ပါတယ် ။

ထို ပွဲစဉ် မှာ အိမ်ရှင် အာမေးနီးယား အသင်း က ပွဲချိန် ၁၁ မိနစ် မှာ ဦးဆောင်ဂိုး စသွင်း ခဲ့တာ ဖြစ်ပြီး အီတလီ တို့ အနောက် ကနေ လိုက်ကစား ခဲ့ရကာ ၂၈ မိနစ် အရောက်မှာ အီမာဆင် ရဲ့ ဖြတ်တင်ဘော ကို ပင်နယ်တီ ဧရိယာ ထဲမှာ အသင့် ရှိနေတဲ့ တိုက်စစ်မှူး ဘယ်လော့တီ က ပိတ်သွင်း အဆုံးသတ် နိုင်ခဲ့လို့ ပထမပိုင်း မှာ အီတလီ တို့ သရေ ရလဒ် ကစား နိုင်ခဲ့ပါတယ် ။

ထို့အပြင် ပထမပိုင်း ပြီးခါနီးမှာ အာမေးနီးယား တို့ တယောက် လျော့သွားခဲ့လို့ ဒုတိယပိုင်း မှာ အီတလီ တို့ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ကစားပြ နိုင်ခဲ့ပြီး နောက်ထပ် အနိုင်ဂိုး ၂ဂိုး ကိုလည်း ပွဲချိန် ရ၇ မိနစ် နဲ့ မိနစ် ၈၀ တို့မှာ အသီးသီး ရယူ နိုင်ခဲ့ကာ ပွဲအပြီး မှာ ၁ – ၃ နဲ့ နောက်ထပ် အနိုင် ၃မှတ် ကို ထပ်မံ စုဆောင်း နိုင်ခဲ့ပါတယ် ။

လက်ရှိ မှာ အီတလီ လက်ရွေးစင် အသင်း ဟာ ယူရို ၂၀၂၀ အုပ်စု အဆင့် ခြေစစ်ပွဲ အုပ်စု J မှာ ၅ပွဲ ကစား ရာနှုန်းပြည့် နိုင်ပွဲ နဲ့ ဇယားထိပ် မှာ ရပ်တည်လျက် ရှိနေပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က စပြီး ချယ်လ်ဆီး အတွက် ပုံမှန် ပွဲထွက်ခွင့် တွေ ရရှိ ခဲ့သလို ၊ တိုးတက် လာတဲ့ ခြေစွမ်း တွေနဲ့ အတူ အခုအခါ မှာ အီတလီ လက်ရွေးစင် အသင်း အတွက်ပါ အီမာဆင် တယောက် စွမ်းဆောင် ပေးနိုင် ခဲ့ပြီ ဖြစ်ပါတယ် ။

ပွဲပြီး Football Italia နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ အီမာဆင် က ကလပ် အသင်း အဆင့် မှာ ချယ်လ်ဆီး အသင်း အတွက် ပုံမှန် ပွဲထွက်ခွင့် တွေနဲ့ ခြေစွမ်း ပြနိုင်မှုကြောင့် အမြဲ ပျော်ရွှင် နေရသလို ၊ အခု အခါမှာလည်း လက်ရွေးစင် အတွက် ခြေစွမ်း ပြ ကစားပေး နိုင်ခဲ့ပြီမို့ အခု လက်ရှိ အခိုက်အတန့် ဟာ သူ့ရဲ့ ကစားသမား ဘဝ အမြင့်မားဆုံး ပုံစံ ကို ရရှိ နေတဲ့ အချိန် ဖြစ်ကြောင်း တင်စား ပြောဆို လိုက်ပါတယ် ။

အီမာဆင် က ” ကျွန်တော့ ရဲ့ ဂိုးဖန်တီးမှု ကြောင့် လက်ရွေးစင် အသင်း ကို ကူညီရာ ရောက်သွားတယ် ဆိုတော့ ကျွန်တော် အရမ်း ကျေနပ် ပျော်ရွှင် ရပါတယ် ။ ဒါပေမယ့် ကျွန်တော် ဟာ အသင်းလိုက် အောင်မြင်မှု နဲ့ နိုင်ပွဲ တွေ အတွက်ပဲ ရှေ့တန်း တင်ထားပါတယ် ။ ပထမပိုင်း ၁၅ မိနစ် အတွင်းမှာ အာမေးနီးယား အသင်း ဟာ ကျွန်တော် တို့ အသင်း ထက် ပိုကောင်း ခဲ့တာ အမှန်ပါပဲ ။ ”

” အဲ့ဒီ အတွက် သူတို့ရဲ့ ကြိုးစားမှု နဲ့ ခြေစွမ်း အတွက် ချီးကျူး ရမှာပါ ။ ဒါပေမယ့် လက်ကျန် ပွဲချိန် တွေမှာ ကျွန်တော် တို့က ပွဲကို အကောင်းဆုံး လွှမ်းမိုး ကစား နိုင်ခဲ့ပြီး အနိုင် ၃မှတ် နဲ့ ထိုက်တန် ခဲ့ပါတယ် ။ ဘောလုံးကွင်း မျက်နှာပြင် က အင်မတန် ဆိုးခဲ့ပါတယ် ။ ဒါပေမယ့် ဒီ အချက် ကိုပဲ အကြောင်းပြချက် ပေးပြီး အပြစ်တင် နေလို့ မရပါဘူး ။ ၂သင်းလုံး က ရေကုန်ရေခမ်း ကစား ခဲ့ကြပါတယ် ။ ”

” ပုံမှန် အရ ဆိုရင် ခင်ဗျား အသင်း ဟာ နည်းစနစ်ပိုင်း ကို အလေးပေးပြီး ကစားတဲ့ အသင်း ဆိုရင် ဒီနေ့ ကွင်း အနေအထား က ခင်ဗျား တို့ကို ဒုက္ခ ပေးနိုင်ပါတယ် ။ ဒုတိယပိုင်း မှာ ကျွန်တော် တို့ ဖက်က ကစားသမား တယောက် အသာ ရထားခဲ့လို့ ဘောလုံး အချိတ်အဆက် အပိုင်း မှာ ၃ယောက်တွဲ ထက် ၊ ၄ယောက်လောက် ကွင်းလယ် မှာ အချိတ်အဆက် တွေနဲ့ ကစားလို့ ရလာနိုင်ခဲ့ပါတယ် ။ ”

” အဲ့ဒါကြောင့် ဖလော်ရန်ဇီ နဲ့ ကျွန်တော် တို့ ၂ယောက်လုံး အရှေ့ ကို လွတ်လွတ်လပ်လပ် တိုက်စစ် ဆင်လို့ ရခဲ့တာပါ ။ နောက်ထပ် ရင်ဆိုင် ရမယ့် ဖင်လန် နဲ့ ပွဲစဉ် ဟာလည်း ကျွန်တော် တို့ အသင်း အတွက် တကယ် ခက်ခဲတဲ့ စိန်ခေါ်မှု တရပ် ဖြစ်လာဦးမှာပါ ။ ဒါပေမယ့် အုပ်စု ဇယားထိပ် မှာ ဆက်လက် ရပ်တည် နိုင်ဖို့ အတွက် ကျွန်တော်တို့ အရာရာ ပေးဆပ် ကစား သွားမှာပါ ။ ”

” အခု အချိန် ဟာ ကျွန်တော့ အတွက် ကစားသမား ဘဝ မှာ အမြင့်ဆုံး အခိုက်အတန့် ပုံစံကောင်း ကို ရနေတယ် လို့ ဆိုရမှာပါ ။ ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း မှာ အရမ်း ပျော်ရွှင် နေပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ၊ မော်ရစ်ဇီယို လက်အောက် မှာ ကတည်းက ကျွန်တော် ဟာ ပုံမှန် ကစားခွင့် တွေ ရရှိခဲ့ပါတယ် ။ အမှန် အတိုင်း ပြောရရင် ကစားသမား တယောက် ဟာ ပုံမှန် ပွဲထွက်ခွင့် တွေ ရနေမယ် ဆိုရင် သူဟာ အမြဲတမ်း စိတ်ကြည်ကြည် နဲ့ ပျော်ပျော်ရွှင်ရွှင် ကစား ပေးနိုင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR