ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ ကြင္းလယ္ တိုက္စစ္ ကစားသမား ေမဆင္ေမာင့္ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ၂ခု ဆက္တိုက္ နယ္သာလန္ ပထမတန္း ကလပ္ ဗြီတက္ဆီ အသင္း နဲ႕ အဂၤလန္ ခ်န္ပီယံရွစ္ ကလပ္ ဒါဘီ အသင္း ေတြကို အငွား ထြက္ကစား ခဲ့ျပီး ၾကိဳးၾကိဳးစားစား နဲ႕ အေတြ႕အၾကံဳ မ်ားစြာ ကို ရွာေဖြ စုေဆာင္း ႏိုင္ခဲ့ပါတယ္ ။

ေမဆင္ေမာင့္ ဟာ ယင္း ၂သင္း မွာလည္း ထူးျခားတဲ့ စြမ္းေဆာင္ရည္ ေတြကို ျပသ ႏိုင္ခဲ့သလို ျပီးခဲ့တဲ့ ရာသီ မွာ ခ်ယ္လ္ဆီး ဂႏၲဝင္ ကြင္းလယ္လူေဟာင္း ဖရန္႕ လမ္းပတ္ ရဲ႕ လက္ေအာက္ မွာ ကစား ခဲ့ရတာေၾကာင့္ လမ္းပတ္ ကဲ့သို႕ အေဝး ကန္ခ်က္ေကာင္း ေတြနဲ႕ နာမည္ၾကီး လာခဲ့တဲ့ လူငယ္ ေျခတက္ ျဖစ္ခဲ့ပါတယ္ ။

ခ်ယ္လ္ဆီး ကို ျပန္ျပီး ေရာက္ရွိ လာတဲ့ အခါ မွာလည္း လမ္းပတ္ ရဲ႕ ဦးေဆာင္မႈ နဲ႕ အတူ ေမဆင္ေမာင့္ ဟာ ရာသီၾကိဳ ေျခစမ္း ပြဲစဥ္ ေတြမွာ ကတည္းက သူ႕ရဲ႕ သြင္းဂိုး ေတြနဲ႕ ခ်ယ္လ္ဆီး ပရိသတ္ ေတြကို ဆြဲေဆာင္ ႏိုင္ခဲ့သလို ၊ ပရီးမီးယားလိဂ္ မွာလည္း သြင္းဂိုး ၂ဂိုး သြင္္းယူ ႏိုင္ခဲ့ကာ ပြဲစဥ္ ၄ပြဲ ကစားအျပီး ေနရာ အလိုက္ စြမ္းေဆာင္ရည္ အေကာင္းဆံုး ကစားသမား ေတြထဲမွာ ပါဝင္ ခဲ့ပါတယ္ ။

ငယ္ငယ္ေလး ကတည္းက ခ်ယ္လ္ဆီး အကယ္ဒမီ မွာ ကစား ခဲ့တာေၾကာင့္ လမ္းပတ္ ကို အားက် အတုယူ ခဲ့ရတဲ့ ေမဆင္ေမာင့္ က မၾကာေသးခင္ ကမွ ျပဳလုပ္ ခဲ့တဲ့ အင္တာဗ်ဴး တခု မွာ လမ္းပတ္ အျပင္ သူဟာ တျခား ဒိတ္ဒိတ္ၾကဲ ကြင္းလယ္လူ ၃ဦး ကိုလည္း ေလးစား အတုယူ ခဲ့ရေၾကာင္း ၊ ၄င္းတို႕ဟာ လက္ရွိ ရီးရဲလ္ မက္ဒရစ္ ကြင္းလယ္လူ လူကာ မိုဒရစ္ ၊ ယခင္ က ဥေရာပ တလႊား ဟိုးေလးတေက်ာ္ ျဖစ္ခဲ့တဲ့ ဘာကာ ကြင္းလယ္လူ ေဟာင္း ဇာဗီ ၊ အင္နီေယစတာ တို႕ ျဖစ္ေၾကာင္း ဖြင့္ဟ ခဲ့ပါတယ္ ။

ေမာင့္ က ” အမွန္အတိုင္း ေျပာရရင္ ကြ်န္ေတာ္ ဟာ ငယ္ငယ္ေလး ကတည္းက ဖရန္႕ ကို ၾကည့္ျပီး ၾကိဳးစား ေလ့လာ ခဲ့ရတဲ့ သူတေယာက္ ျဖစ္ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း မွာ ကစား ခဲ့တာရယ္ ၊ ကြ်န္ေတာ္ ကစား ေနတဲ့ ကြင္းလယ္လူ ေနရာ မွာ ျဖစ္ေနတာရယ္ ေတြေၾကာင့္ပါ ။ ကြ်န္ေတာ္ ငယ္ငယ္တုန္း က ပရီးမီးယားလိဂ္ ပြဲစဥ္ ေတြ ၾကည့္ျဖစ္တုန္း က ေတာ့တင္ဟမ္ အသင္း မွာ မိုဒရစ္ ကစား ခဲ့တာေတြကို ၾကည့္ရႈ ေလ့လာ ျဖစ္ခဲ့ပါတယ္ ။ ”

” ကြ်န္ေတာ္ ဟာ သူ ကစားတဲ့ ပံုစံ ကို ၾကိဳက္ႏွစ္သက္ သလို ၊ ေတာ့တင္ဟမ္ အတြက္လည္း သူဟာ ၾကီးက်ယ္တဲ့ ကြင္းလယ္လူ တေယာက္ ျဖစ္ခဲ့ပါတယ္ ။ ဒါေၾကာင့္မို႕ သူ ကစားတာ ကို အျမဲတေစ ၾကည့္ရႈ ျဖစ္ခဲ့တာပါ ။ ေနာက္ထပ္ ၂ေယာက္ ကေတာ့ တခ်ိန္ က ဘာစီလိုနာ ကြင္းလယ္ ကို အတူတူ ထိန္းေက်ာင္း ခဲ့တဲ့ ဇာဗီ နဲ႕ အင္နီေယစတာ တို႕ပါ ။ ”

” သူတို႕ ေတြဟာ ကြ်န္ေတာ္ အျမဲ အားက် ခဲ့ရတဲ့ ကြင္းလယ္လူ ေတြ ျဖစ္သလို ၊ သူတို႕ရဲ႕ ကစားပံု ကို ၾကည့္ျပီး ကြ်န္ေတာ့ ရဲ႕ ကြင္းလယ္ ကစားသမား ဘဝ ကို အေျချပဳ ခဲ့တာပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ေမဆင္ေမာင့္ ဟာ လက္ရွိ မွာ မၾကာခင္ ရက္ပိုင္း မွာ ကစားေတာ့မယ့္ ယူရို ၂၀၂၀ ေျခစစ္ ပြဲစဥ္ ေတြ အတြက္ အဂၤလန္ လက္ေရြးစင္ အသင္း မွာ ပါဝင္ ေရြးခ်ယ္ ခံထားရကာ လက္ေရြးစင္ ကစားသမား အဆင့္ မွာေရာ ေမဆင္ေမာင့္ တေယာက္ ဘာေတြ မွတ္ေက်ာက္တင္ ျပဦးမလဲ ဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္ ။

SPORTS MYANMAR

Unicode

ဖရန့် လမ်းပတ် အပြင် ၄င်း အားကျ အတုယူ ခဲ့ရတဲ့ ကွင်းလယ်လူ ၃ဦး က ဘယ်သူလဲ ဆိုတာ ပြောပြ လိုက်တဲ့ #မေဆင်မောင့်

ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ကွင်းလယ် တိုက်စစ် ကစားသမား မေဆင်မောင့် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ၂ခု ဆက်တိုက် နယ်သာလန် ပထမတန်း ကလပ် ဗွီတက်ဆီ အသင်း နဲ့ အင်္ဂလန် ချန်ပီယံရှစ် ကလပ် ဒါဘီ အသင်း တွေကို အငှား ထွက်ကစား ခဲ့ပြီး ကြိုးကြိုးစားစား နဲ့ အတွေ့အကြုံ များစွာ ကို ရှာဖွေ စုဆောင်း နိုင်ခဲ့ပါတယ် ။

မေဆင်မောင့် ဟာ ယင်း ၂သင်း မှာလည်း ထူးခြားတဲ့ စွမ်းဆောင်ရည် တွေကို ပြသ နိုင်ခဲ့သလို ပြီးခဲ့တဲ့ ရာသီ မှာ ချယ်လ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ် ရဲ့ လက်အောက် မှာ ကစား ခဲ့ရတာကြောင့် လမ်းပတ် ကဲ့သို့ အဝေး ကန်ချက်ကောင်း တွေနဲ့ နာမည်ကြီး လာခဲ့တဲ့ လူငယ် ခြေတက် ဖြစ်ခဲ့ပါတယ် ။

ချယ်လ်ဆီး ကို ပြန်ပြီး ရောက်ရှိ လာတဲ့ အခါ မှာလည်း လမ်းပတ် ရဲ့ ဦးဆောင်မှု နဲ့ အတူ မေဆင်မောင့် ဟာ ရာသီကြို ခြေစမ်း ပွဲစဉ် တွေမှာ ကတည်းက သူ့ရဲ့ သွင်းဂိုး တွေနဲ့ ချယ်လ်ဆီး ပရိသတ် တွေကို ဆွဲဆောင် နိုင်ခဲ့သလို ၊ ပရီးမီးယားလိဂ် မှာလည်း သွင်းဂိုး ၂ဂိုး သွင််းယူ နိုင်ခဲ့ကာ ပွဲစဉ် ၄ပွဲ ကစားအပြီး နေရာ အလိုက် စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား တွေထဲမှာ ပါဝင် ခဲ့ပါတယ် ။

ငယ်ငယ်လေး ကတည်းက ချယ်လ်ဆီး အကယ်ဒမီ မှာ ကစား ခဲ့တာကြောင့် လမ်းပတ် ကို အားကျ အတုယူ ခဲ့ရတဲ့ မေဆင်မောင့် က မကြာသေးခင် ကမှ ပြုလုပ် ခဲ့တဲ့ အင်တာဗျူး တခု မှာ လမ်းပတ် အပြင် သူဟာ တခြား ဒိတ်ဒိတ်ကြဲ ကွင်းလယ်လူ ၃ဦး ကိုလည်း လေးစား အတုယူ ခဲ့ရကြောင်း ၊ ၄င်းတို့ဟာ လက်ရှိ ရီးရဲလ် မက်ဒရစ် ကွင်းလယ်လူ လူကာ မိုဒရစ် ၊ ယခင် က ဥရောပ တလွှား ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ ဘာကာ ကွင်းလယ်လူ ဟောင်း ဇာဗီ ၊ အင်နီယေစတာ တို့ ဖြစ်ကြောင်း ဖွင့်ဟ ခဲ့ပါတယ် ။

မောင့် က ” အမှန်အတိုင်း ပြောရရင် ကျွန်တော် ဟာ ငယ်ငယ်လေး ကတည်းက ဖရန့် ကို ကြည့်ပြီး ကြိုးစား လေ့လာ ခဲ့ရတဲ့ သူတယောက် ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း မှာ ကစား ခဲ့တာရယ် ၊ ကျွန်တော် ကစား နေတဲ့ ကွင်းလယ်လူ နေရာ မှာ ဖြစ်နေတာရယ် တွေကြောင့်ပါ ။ ကျွန်တော် ငယ်ငယ်တုန်း က ပရီးမီးယားလိဂ် ပွဲစဉ် တွေ ကြည့်ဖြစ်တုန်း က တော့တင်ဟမ် အသင်း မှာ မိုဒရစ် ကစား ခဲ့တာတွေကို ကြည့်ရှု လေ့လာ ဖြစ်ခဲ့ပါတယ် ။ ”

” ကျွန်တော် ဟာ သူ ကစားတဲ့ ပုံစံ ကို ကြိုက်နှစ်သက် သလို ၊ တော့တင်ဟမ် အတွက်လည်း သူဟာ ကြီးကျယ်တဲ့ ကွင်းလယ်လူ တယောက် ဖြစ်ခဲ့ပါတယ် ။ ဒါကြောင့်မို့ သူ ကစားတာ ကို အမြဲတစေ ကြည့်ရှု ဖြစ်ခဲ့တာပါ ။ နောက်ထပ် ၂ယောက် ကတော့ တချိန် က ဘာစီလိုနာ ကွင်းလယ် ကို အတူတူ ထိန်းကျောင်း ခဲ့တဲ့ ဇာဗီ နဲ့ အင်နီယေစတာ တို့ပါ ။ ”

” သူတို့ တွေဟာ ကျွန်တော် အမြဲ အားကျ ခဲ့ရတဲ့ ကွင်းလယ်လူ တွေ ဖြစ်သလို ၊ သူတို့ရဲ့ ကစားပုံ ကို ကြည့်ပြီး ကျွန်တော့ ရဲ့ ကွင်းလယ် ကစားသမား ဘဝ ကို အခြေပြု ခဲ့တာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

မေဆင်မောင့် ဟာ လက်ရှိ မှာ မကြာခင် ရက်ပိုင်း မှာ ကစားတော့မယ့် ယူရို ၂၀၂၀ ခြေစစ် ပွဲစဉ် တွေ အတွက် အင်္ဂလန် လက်ရွေးစင် အသင်း မှာ ပါဝင် ရွေးချယ် ခံထားရကာ လက်ရွေးစင် ကစားသမား အဆင့် မှာရော မေဆင်မောင့် တယောက် ဘာတွေ မှတ်ကျောက်တင် ပြဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR