နာပိုလီ အသင္း ရဲ႕ တုိက္စစ္ မႈး သစ္ ဟာေဗး လိုဇာႏို က ၿပီး ခဲ့တဲ့ အပတ္ တုန္းက ကစားခဲ့ တဲ့ ယူဗင္တပ္ အသင္း နဲ႔ ပြဲစဥ္ မွာ ေပၚတူဂီ တုိက္စစ္မႈး ႀကီး ခရစၥတီယာႏို ရိုနယ္ဒို နဲ႔ ဆံုေတြ႕ ခဲ့ၿပီး ရိုနယ္ဒို က သူ႔ကို ႀကဳိဆို ပါေၾကာင္း ႏႈတ္ဆက္ စကား ေျပာဆို ခဲ့တယ္ လုိ႔ ျပန္ ေျပာင္း ေျပာျပ သြားခဲ့ ပါတယ္ ။ လုိဇာႏို ဟာ နယ္သာလန္ ကလပ္ PSV ကေန အေျပာင္း အေရႊ႕ ပိတ္သိမ္း ခါနီး မွာ နာပိုလီ ဆီ ေရာက္ရွိ လာခဲ့သူ ျဖစ္ပါတယ္ ။

မကၠဆီကို တုိက္စစ္မႈး ေလး ဟာ ယူဗင္တပ္ နဲ႔ ရင္ ဆုိင္ ရတဲ့ ပြဲမွာ အရန္ လူ အျဖစ္ နဲ႔ ပါ၀င္ လာခဲ့ ၿပီး ၃ ဂုိး ျပတ္ ရွဳံးနိမ့္ ေနခ်ိန္ မွာ လူစား ၀င္ ကစားၿပီး ေျခစြမ္းျပ ႏုိင္ ခဲ့ ပါတယ္ ။ လိုဇာႏို ဟာ နာပိုလီ အတြက္ ဒုတိယ ေျခပဂုိး ကို သြင္းယူ ေပးခဲ့ၿပီး ၃-၃ ျဖစ္တဲ့ အထိ ျပန္ကစား ႏုိင္ခဲ့ ေပမယ့္ ခံစစ္မႈး ကူလီဘာေလ ရဲ႕ O.G ေၾကာင့္ အေရးနိမ့္ ခဲ့ရ ပါတယ္ ။

အဆုိပါ ပြဲ ဟာ လုိဇာႏို အတြက္ အီတလီ ေဘာလံုး ေလာက နဲ႔ စတင္ ထိေတြ႕ ခဲ့တဲ့ ပြဲ ျဖစ္ၿပီး နာမည္ေက်ာ္ ရိုနယ္ဒို နဲ႔ လည္း ဆံုေတြ႕ ခြင့္ ရခဲ့ ပါတယ္ ။ ပြဲ အၿပီး ႏွစ္ဖက္ ကစား သမား ေတြ ႏႈတ္ဆက္ ၾကခ်ိန္ မွာေတာ့ ရိုနယ္ဒို က သူ႔ကို ႏႈတ္ဆက္ ၿပီး ဆုမြန္ေကာင္း စကား ေျပာဆို ခဲ့တယ္ လုိ႔ ဟာေဗး လုိဇာႏို က ျပန္ေျပာင္း ေျပာျပ သြားခဲ့ ပါတယ္ ။

“ပြဲၿပီး သြားတဲ့ အခ်ိန္ မွာ သူ ( ရိုနယ္ဒို ) က ကြ်န္ေတာ့ အနားကို ေရာက္လာ ခဲ့ ပါတယ္ ။ ကြ်န္ေတာ့ ရဲ႕ သြင္းဂုိး အတြက္ ဂုဏ္ယူ တယ္လုိ႔ ေျပာခဲ့ၿပီး အီတလီ ေျမက ႀကဳိဆုိ ပါတဲ့ အေၾကာင္း လည္း ေျပာသြား ခဲ့ ပါတယ္”

“ဒါဟာ တကယ္ကို ေကာင္းတဲ့ အေတြ႕ အႀကဳံ ပါပဲ ။ သူ ဟာ လူေတြ ေလးစား အားက် တဲ့ စတား တစ္ေယာက္ ပါ ။ သူ႔ဆီ က ေန ဒီလို စကားမ်ဳိး ၾကားရတာ ဟာ ကြ်န္ေတာ့ အတြက္ တကယ္ ေကာင္းတဲ့ ကိစၥ ပါပဲ”

“အသင္း က ရွဳံးခဲ့ ေပမယ့္ ကြ်န္ေတာ္ တုိ႔ရဲ႕ ကစားပံု ကို ေက်နပ္ မိပါတယ္ ။ ယူဗင္တပ္ ဟာ စီးရီးေအ ရဲ႕ အေကာင္းဆံုး အသင္းပါ ။ ဒီလုိ အသင္းမ်ဳိး ကို ၃ ဂုိးျပတ္ ရွဳံးေန ရာကေန သေရ ရေအာင္ အထိ ျပန္ကစား ႏုိင္တဲ့ အတြက္ ကိုယ့္ကိုကိုယ္ ေက်နပ္ ရမွာပါပဲ” လုိ႔ ဟာေဗး လုိဇာႏို က ေျပာဆို သြားခဲ့ ပါတယ္ ။

လိုဇာႏို ဟာ မကၠဆီကို နဲ႔ေရာ PSV မွာပါ ေတာက္ပ ေနတဲ့ ကစား သမားး တစ္ဦး ျဖစ္ၿပီး ဥေရာပ ထိပ္သီး ကလပ္ အသင္းမ်ားစြာ ရဲ႕ ေစာင့္ၾကည့္ျခင္း ကို ခံခဲ့ ရသူ ျဖစ္ပါတယ္ ။ ယခု ေႏြရာသီ မွာ ေတာ့ အေျပာင္း အေရႊ႕ သတင္း က်ယ္က်ယ္ ေလာင္ေလာင္ မေပၚ ထြက္ခဲ့ ဘဲ ရုတ္တရက္ ဆုိသလို နာပိုလီ အသင္းထံ ေပါင္ ၃၇.၆ သန္း နဲ႔ ေျပာင္းေရႊ႕ သြားခဲ့ တာပဲ ျဖစ္ ပါတယ္ ။

SPORTS MYANMAR

Unicode

ရိုနယ်ဒို ဟာ စိတ်ထားကောင်းတဲ့သူ ဖြစ်တယ်လို့ ဆိုသွားခဲ့တဲ့ နာပိုလီ တိုက်စစ်မှုးသစ် လိုဇာနို

======================================

နာပိုလီ အသင်း ရဲ့ တိုက်စစ် မှုး သစ် ဟာဗေး လိုဇာနို က ပြီး ခဲ့တဲ့ အပတ် တုန်းက ကစားခဲ့ တဲ့ ယူဗင်တပ် အသင်း နဲ့ ပွဲစဉ် မှာ ပေါ်တူဂီ တိုက်စစ်မှုး ကြီး ခရစ္စတီယာနို ရိုနယ်ဒို နဲ့ ဆုံတွေ့ ခဲ့ပြီး ရိုနယ်ဒို က သူ့ကို ကြိုဆို ပါကြောင်း နှုတ်ဆက် စကား ပြောဆို ခဲ့တယ် လို့ ပြန် ပြောင်း ပြောပြ သွားခဲ့ ပါတယ် ။ လိုဇာနို ဟာ နယ်သာလန် ကလပ် PSV ကနေ အပြောင်း အရွှေ့ ပိတ်သိမ်း ခါနီး မှာ နာပိုလီ ဆီ ရောက်ရှိ လာခဲ့သူ ဖြစ်ပါတယ် ။

မက္ကဆီကို တိုက်စစ်မှုး လေး ဟာ ယူဗင်တပ် နဲ့ ရင် ဆိုင် ရတဲ့ ပွဲမှာ အရန် လူ အဖြစ် နဲ့ ပါ၀င် လာခဲ့ ပြီး ၃ ဂိုး ပြတ် ရှုံးနိမ့် နေချိန် မှာ လူစား ၀င် ကစားပြီး ခြေစွမ်းပြ နိုင် ခဲ့ ပါတယ် ။ လိုဇာနို ဟာ နာပိုလီ အတွက် ဒုတိယ ခြေပဂိုး ကို သွင်းယူ ပေးခဲ့ပြီး ၃-၃ ဖြစ်တဲ့ အထိ ပြန်ကစား နိုင်ခဲ့ ပေမယ့် ခံစစ်မှုး ကူလီဘာလေ ရဲ့ O.G ကြောင့် အရေးနိမ့် ခဲ့ရ ပါတယ် ။

အဆိုပါ ပွဲ ဟာ လိုဇာနို အတွက် အီတလီ ဘောလုံး လောက နဲ့ စတင် ထိတွေ့ ခဲ့တဲ့ ပွဲ ဖြစ်ပြီး နာမည်ကျော် ရိုနယ်ဒို နဲ့ လည်း ဆုံတွေ့ ခွင့် ရခဲ့ ပါတယ် ။ ပွဲ အပြီး နှစ်ဖက် ကစား သမား တွေ နှုတ်ဆက် ကြချိန် မှာတော့ ရိုနယ်ဒို က သူ့ကို နှုတ်ဆက် ပြီး ဆုမွန်ကောင်း စကား ပြောဆို ခဲ့တယ် လို့ ဟာဗေး လိုဇာနို က ပြန်ပြောင်း ပြောပြ သွားခဲ့ ပါတယ် ။

“ပွဲပြီး သွားတဲ့ အချိန် မှာ သူ ( ရိုနယ်ဒို ) က ကျွန်တော့ အနားကို ရောက်လာ ခဲ့ ပါတယ် ။ ကျွန်တော့ ရဲ့ သွင်းဂိုး အတွက် ဂုဏ်ယူ တယ်လို့ ပြောခဲ့ပြီး အီတလီ မြေက ကြိုဆို ပါတဲ့ အကြောင်း လည်း ပြောသွား ခဲ့ ပါတယ်”

“ဒါဟာ တကယ်ကို ကောင်းတဲ့ အတွေ့ အကြုံ ပါပဲ ။ သူ ဟာ လူတွေ လေးစား အားကျ တဲ့ စတား တစ်ယောက် ပါ ။ သူ့ဆီ က နေ ဒီလို စကားမျိုး ကြားရတာ ဟာ ကျွန်တော့ အတွက် တကယ် ကောင်းတဲ့ ကိစ္စ ပါပဲ”

“အသင်း က ရှုံးခဲ့ ပေမယ့် ကျွန်တော် တို့ရဲ့ ကစားပုံ ကို ကျေနပ် မိပါတယ် ။ ယူဗင်တပ် ဟာ စီးရီးအေ ရဲ့ အကောင်းဆုံး အသင်းပါ ။ ဒီလို အသင်းမျိုး ကို ၃ ဂိုးပြတ် ရှုံးနေ ရာကနေ သရေ ရအောင် အထိ ပြန်ကစား နိုင်တဲ့ အတွက် ကိုယ့်ကိုကိုယ် ကျေနပ် ရမှာပါပဲ” လို့ ဟာဗေး လိုဇာနို က ပြောဆို သွားခဲ့ ပါတယ် ။

လိုဇာနို ဟာ မက္ကဆီကို နဲ့ရော PSV မှာပါ တောက်ပ နေတဲ့ ကစား သမားး တစ်ဦး ဖြစ်ပြီး ဥရောပ ထိပ်သီး ကလပ် အသင်းများစွာ ရဲ့ စောင့်ကြည့်ခြင်း ကို ခံခဲ့ ရသူ ဖြစ်ပါတယ် ။ ယခု နွေရာသီ မှာ တော့ အပြောင်း အရွှေ့ သတင်း ကျယ်ကျယ် လောင်လောင် မပေါ် ထွက်ခဲ့ ဘဲ ရုတ်တရက် ဆိုသလို နာပိုလီ အသင်းထံ ပေါင် ၃၇.၆ သန်း နဲ့ ပြောင်းရွှေ့ သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR