လီဗာပူူး မန္ေနဂ်ာ ယာဂန္ကေလာ့က လြန္ခဲ့တဲ့ ၂၀၁၁ ခုႏွစ္က ဘုိရပ္ရွား ေဒ့ါမြန္ အသင္းနဲ႕ ဘြန္ဒက္လီဂါ ဖလား ဆြတ္ခူး ႏိုင္ခဲ့ျပီးေနာက္ ေအာင္ပြဲခံခဲ့ရာမွာ ထရပ္ကားေပၚမွာ အိပ္ယာထ ခဲ့တဲ့ရတဲ့ အထိ ရယ္ေမာဖြယ္ရာ ျဖစ္ခ့ဲ့တယ္လို႕ ထုတ္ေဖာ္ ေျပာဆုိ သြားခဲ့ပါတယ္။ ဂ်ာမန္နည္းျပဟာ 2011 ခုႏွစ္က ေဒ့ါမြန္ကို ကုိးႏွစ္ အတြင္း ပထမဦးဆံုး အၾကိမ္ အမွတ္ေပးဖလား ျပန္လည္ ရယူ ေပးခဲ့ျပီးေနာက္ ဖလား ေအာင္ပြဲခံမွဳကို ဦးေဆာင္ ခဲ့သူ ျဖစ္ပါတယ္။

အသက္ ၅၂ ႏွစ္ အရြယ္ ကေလာ့က အမွတ္ေပးဖလား ရယူ ခဲ့ျပီးေနာက္ က်င္းပခဲ့တဲ့ ပါတီပြဲကလည္း အရမ္းကို ေကာင္းမြန္ ခဲ့တယ္လို႕ ဆုိသြားပါတယ္။

Amazon Prime သုိ႕ ကေလာ့ က ေျပာၾကား သြားခဲ့ရာမွာ “ကၽြန္ေတာ္ အဲဒီ အခ်ိန္တုန္းက တကယ္ မူးေန ခဲ့ပါတယ္။ ဒါကို အဲဒီတုန္းက အင္တာဗ်ဴး တစ္ခ်ိဳ႕ကို ၾကည့္ရင္ သတိျပဳ မိႏုိင္ ပါတယ္။ ျပီးေတာ့ အဲဒီတုန္းက ဘာေတြ ျဖစ္ခဲ့သလဲ ဆုိတာကို ကၽြန္ေတာ္ မ်ားမ်ား စားစား မမွတ္မိေတာ့ ပါဘူး။ ကၽြန္ေတာ္ တစ္ခုပဲ ေကာင္းေကာင္း မွတ္မိ ပါတယ္။ ဒါကို ကၽြန္ေတာ္ အျခားသူေတြကို ေျပာျပီးျပီလား ဆုိတာေတာ့ မေသခ်ာ ပါဘူး။

ကၽြန္ေတာ္ဟာ ကားဂိုေဒါင္ထဲက ထရပ္တစ္ခု ေပၚမွာ ႏိုးလာ ခဲ့တာပါ။ အဲဒီကားေပၚမွာ ကၽြန္ေတာ္ တစ္ဦးတည္း ပါပဲ။ ကၽြန္ေတာ္ ဒါကိုေတာ့ မွတ္မိ ပါတယ္။ ဒါေပမယ့္ အဲဒီမတုိင္မီ အခ်ိန္ေတြက ဘာေတြ ျဖစ္ခဲ့ သလဲ ဆိုတာ ကၽြန္ေတာ္ မသိေတာ့ ပါဘူး။” လို႕ ဆုိသြားပါတယ္။

ဒီပံုျပင္ ကေတာ့ လီဗာပူး ပရိတ္သတ္ေတြ အတြက္ အနည္းငယ္ အံ့အားသင့္စရာ ျဖစ္ေနမွာ ျဖစ္ျပီး ယာဂန္ကေလာ့ဟာ ျပီးခဲ့တဲ့ ရာသီ ခ်န္ပီယံလိဂ္ ဖိုင္နယ္ အျပီးမွာ ၎ရဲ႕ ေအာင္ပြဲခံမွဳ ဒီေလာက္ ျပင္းထန္မွဳ မရွိခဲ့တဲ့ အျပင္ ၊ ခ်န္ပီယံလိဂ္ ဖလား နဲ႕ ျမိဳ႕ထဲ လွည့္လည္ ေအာင္ပြဲခံမွဳ မွာလည္း ပံုမွန္ အေျခအေနမွာပဲ ရွိေန ခဲ့တာပါ။ ဆက္လက္ျပီး ကေလာ့က ပါတီပြဲမွာ အလြန္အကၽြံ ေအာင္ပြဲခံမွဳေၾကာင့္ စိတ္လြတ္ ကိုယ္လြတ္ ျဖစ္သြား ခဲ့တဲ့ ေဒ့ါမြန္ရဲ႕ အၾကီးအကဲ ေတြထဲမွာ သူတစ္ဦး ဒီလို ျဖစ္ခဲ့တာ မဟုတ္ဘူးလုိ႕ ထုတ္ေဖာ္လိုက္ ပါတယ္။

ကေလာ့ က “ကၽြန္ေတာ္ ႏုိးလာ ခဲ့ျပီးေနာက္ ထရပ္ေပၚက ဆင္းလာ ခဲ့ပါတယ္။ ျပီးေတာ့ ကၽြန္ေတာ္ဟာ စက္ရံုၾကီး တစ္ခုရဲ႕ ေဟာခန္း ထဲမွာ ေရာက္ေန တာပါ။ အဲဒီေနာက္ ကၽြန္ေတာ္ ဒီ၀င္းကို ျဖတ္ေက်ာ္ လမ္းေလွ်ာက္ ခဲ့ျပီး လူရိပ္ တစ္ခုကို ျမင္ေတြ႕ ခဲ့ပါတယ္။ ဒါ့ေၾကာင့္ ကၽြန္ေတာ္ ေလခၽြန္ျပီး ေခၚလိုက္ပါတယ္။ ဘာလို႕လဲ ဆိုေတာ့ ကၽြန္ေတာ့္ဟာ အေတာ္ က်ယ္က်ယ္ ေလခၽြန္ ႏုိင္လို႕ပါ။ အဲဒီေနာက္ လူရိပ္ဟာ အနည္းငယ္ ေႏွးသြား ခဲ့တာကို ကၽြန္ေတာ္ သတိျပဳမိ ခဲ့ပါတယ္။ ဒါ့ေၾကာင့္ ကၽြန္ေတ္ာ ခဏေစာင့္လိုက္ျပီး အနားေရာက္ေတာ့ ၾကည့္လိုက္ရာမွာ အကီ၀က္ဇ္ကီ (ေဒါ့မြန္ စီးအီးအို) ကုိ ျဖစ္ေနတာကို ေတြ႕လိုက္ ရပါတယ္။ ဒီ ၾကီးမားတဲ့ ၀င္းၾကီး ထဲမွာ သူနဲ႕ ကၽြန္ေတာ္ ႏွစ္ေယာက္တည္းပဲ ရွိေန ခဲ့ပါတယ္။

အဲဒီေနာက္ အကီဟာ လမ္းေပၚက မာစီးဒီးစ္ ကားေဟာင္းၾကီးကို လက္တား လိုက္ပါတယ္။ ဒီ station wagon ကို ေမာင္းလာတာက တူရကီ လူမ်ိဳး တစ္ဦး ျဖစ္ပါတယ္။ အဲဒီေနာက္ အကီက ‘ငါတုိ႕ကို အီတလီေတြဆီ ေခၚသြားေပးစမ္းပါကြာ’ လို႕ ေျပာခဲ့ပါတယ္။ အဲဒီလူက ‘No, ကၽြန္ေတ္ာ အဲဒီကို သြားမွာ မဟုတ္ဘူး’ လို႕ ျပန္ေျပာ ပါတယ္။ ဒါ့ေၾကာင့္ အကီဟာ သူ႕အိပ္ကတ္ထဲက ယူရုိ ၂၀၀ ကုိ ထုတ္ျပီး ‘မင္းပို႕ႏုိင္မွာပါ’ လို႕ ေျပာခဲ့ပါတယ္။ ပိုက္ဆံကို ျမင္သြားျပီးေနာက္ သူက အုိေကလို႕ ျပန္ေျပာပါတယ္။” လို႕ ဆုိလိုက္ပါတယ္။

ေနာက္ထပ္ ရယ္စရာ အျဖစ္အပ်က္နဲ႕ ပက္သက္ျပီး ကေလာ့ က “အကီက ေရွ႕ခန္းမွာ ထုိင္ပါတယ္။ ကၽြန္ေတာ္က ေနာက္မွာ သြားထိုင္ပါတယ္။ လမ္းက သိပ္မေကာင္း တာေၾကာင့္ ကၽြန္ေတာ့္ ေခါင္းနဲ႕ ေဘးက အရာနဲ႕ ခဏခဏ တုိက္မိ ေနပါတယ္။ ကၽြန္ေတာ္ အနည္းငယ္ စိတ္တုိ လာပါတယ္။ ျပီးေတာ့ ကၽြန္ေတာ္ ‘ကက်ိ ကက်ိ ကက်ိ’ ဆိုတဲ့ အသံေတြ ၾကားေန ရပါတယ္။ ‘ဒီမွာ ဘာျဖစ္ေနတာလဲ? ငါမ်ား အိမ္မက္မက္ ေနတာလား ဆုိျပီး ေတြးမိ ပါေသးတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ အိမ္မက္မက္တာ မဟုတ္ပါဘူး။ ကားေနာက္ဖံုးထဲကုိ ၾကည့္လုိက္ေတာ့ ၾကက္ေတြက အျပည့္ပဲဗ်ာ။

အဲဒီေနာက္ ကၽြန္ေတာ္တုိ႕ဟာ လမ္းအတားေတြကို ျဖတ္ျပီး ေမာင္းသြား ရပါတယ္။ ကၽြန္ေတာ္တုိ႕ လမ္းတားေတြကို ေရာက္တုိင္း အကီက ကားျပတင္းေပါက္ ထဲက ေခါင္းထြက္ျပီး ေျပာရပါတယ္။ သူ႕ကုိ လူေတြ ေတြ႕လိုက္ခ်ိန္မွာ ‘Oh ၀က္ဇ္ကီပဲ! ေပးျဖတ္လိုက္ပါ’ ကၽြန္ေတာ္ ဒီထက္ ပုိျပီး မမွတ္မိေတာ့ ပါဘူး။” လို႕ ဆုိလိုက္ပါတယ္။

အကယ္၍သာ လီဗာပူး အသင္း ႏွစ္ ၃၀ ေစာင့္ဆုိင္း ေနရတဲ့ အမွတ္ေပးဖလား သာ ဒီရာသီ ဆြတ္ခူး ႏုိင္ခဲ့မယ္ ဆုိရင္ ကေလာ့ ရဲ႕ ေအာင္ပြဲခံမွဳ ဘယ္လို ျဖစ္လာမလဲဆိုတာ ယခု အျဖစ္အပ်က္ကို ၾကည့္ျပီး ခန္႕မွန္း ၾကည့္္လို႕ ရပါတယ္။

SM

Unicode

2011 ခုနှစ်က ဒေ့ါမွန်နဲ့အတူ ဘွန်ဒက်လီဂါဖလား ဆွတ်ခူးခဲ့ပြီးနောက် အောင်ပွဲခံမှု ပြင်းထန်လွန်းတာကြောင့် ဟာသတွေ ဖြစ်ခဲ့ပုံကို ထုတ်ဖော်လိုက်တဲ့ ယာဂန်ကလော့

လီဗာပူူး မန်နေဂျာ ယာဂန်ကလော့က လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဘိုရပ်ရှား ဒေ့ါမွန် အသင်းနဲ့ ဘွန်ဒက်လီဂါ ဖလား ဆွတ်ခူး နိုင်ခဲ့ပြီးနောက် အောင်ပွဲခံခဲ့ရာမှာ ထရပ်ကားပေါ်မှာ အိပ်ယာထ ခဲ့တဲ့ရတဲ့ အထိ ရယ်မောဖွယ်ရာ ဖြစ်ခဲ့့တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ်။ ဂျာမန်နည်းပြဟာ 2011 ခုနှစ်က ဒေ့ါမွန်ကို ကိုးနှစ် အတွင်း ပထမဦးဆုံး အကြိမ် အမှတ်ပေးဖလား ပြန်လည် ရယူ ပေးခဲ့ပြီးနောက် ဖလား အောင်ပွဲခံမှုကို ဦးဆောင် ခဲ့သူ ဖြစ်ပါတယ်။

အသက် ၅၂ နှစ် အရွယ် ကလော့က အမှတ်ပေးဖလား ရယူ ခဲ့ပြီးနောက် ကျင်းပခဲ့တဲ့ ပါတီပွဲကလည်း အရမ်းကို ကောင်းမွန် ခဲ့တယ်လို့ ဆိုသွားပါတယ်။

Amazon Prime သို့ ကလော့ က ပြောကြား သွားခဲ့ရာမှာ “ကျွန်တော် အဲဒီ အချိန်တုန်းက တကယ် မူးနေ ခဲ့ပါတယ်။ ဒါကို အဲဒီတုန်းက အင်တာဗျူး တစ်ချို့ကို ကြည့်ရင် သတိပြု မိနိုင် ပါတယ်။ ပြီးတော့ အဲဒီတုန်းက ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို ကျွန်တော် များများ စားစား မမှတ်မိတော့ ပါဘူး။ ကျွန်တော် တစ်ခုပဲ ကောင်းကောင်း မှတ်မိ ပါတယ်။ ဒါကို ကျွန်တော် အခြားသူတွေကို ပြောပြီးပြီလား ဆိုတာတော့ မသေချာ ပါဘူး။

ကျွန်တော်ဟာ ကားဂိုဒေါင်ထဲက ထရပ်တစ်ခု ပေါ်မှာ နိုးလာ ခဲ့တာပါ။ အဲဒီကားပေါ်မှာ ကျွန်တော် တစ်ဦးတည်း ပါပဲ။ ကျွန်တော် ဒါကိုတော့ မှတ်မိ ပါတယ်။ ဒါပေမယ့် အဲဒီမတိုင်မီ အချိန်တွေက ဘာတွေ ဖြစ်ခဲ့ သလဲ ဆိုတာ ကျွန်တော် မသိတော့ ပါဘူး။” လို့ ဆိုသွားပါတယ်။

ဒီပုံပြင် ကတော့ လီဗာပူး ပရိတ်သတ်တွေ အတွက် အနည်းငယ် အံ့အားသင့်စရာ ဖြစ်နေမှာ ဖြစ်ပြီး ယာဂန်ကလော့ဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဖိုင်နယ် အပြီးမှာ ၎င်းရဲ့ အောင်ပွဲခံမှု ဒီလောက် ပြင်းထန်မှု မရှိခဲ့တဲ့ အပြင် ၊ ချန်ပီယံလိဂ် ဖလား နဲ့ မြို့ထဲ လှည့်လည် အောင်ပွဲခံမှု မှာလည်း ပုံမှန် အခြေအနေမှာပဲ ရှိနေ ခဲ့တာပါ။ ဆက်လက်ပြီး ကလော့က ပါတီပွဲမှာ အလွန်အကျွံ အောင်ပွဲခံမှုကြောင့် စိတ်လွတ် ကိုယ်လွတ် ဖြစ်သွား ခဲ့တဲ့ ဒေ့ါမွန်ရဲ့ အကြီးအကဲ တွေထဲမှာ သူတစ်ဦး ဒီလို ဖြစ်ခဲ့တာ မဟုတ်ဘူးလို့ ထုတ်ဖော်လိုက် ပါတယ်။

ကလော့ က “ကျွန်တော် နိုးလာ ခဲ့ပြီးနောက် ထရပ်ပေါ်က ဆင်းလာ ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်ဟာ စက်ရုံကြီး တစ်ခုရဲ့ ဟောခန်း ထဲမှာ ရောက်နေ တာပါ။ အဲဒီနောက် ကျွန်တော် ဒီဝင်းကို ဖြတ်ကျော် လမ်းလျှောက် ခဲ့ပြီး လူရိပ် တစ်ခုကို မြင်တွေ့ ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော် လေချွန်ပြီး ခေါ်လိုက်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော့်ဟာ အတော် ကျယ်ကျယ် လေချွန် နိုင်လို့ပါ။ အဲဒီနောက် လူရိပ်ဟာ အနည်းငယ် နှေးသွား ခဲ့တာကို ကျွန်တော် သတိပြုမိ ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တေ်ာ ခဏစောင့်လိုက်ပြီး အနားရောက်တော့ ကြည့်လိုက်ရာမှာ အကီဝက်ဇ်ကီ (ဒေါ့မွန် စီးအီးအို) ကို ဖြစ်နေတာကို တွေ့လိုက် ရပါတယ်။ ဒီ ကြီးမားတဲ့ ၀င်းကြီး ထဲမှာ သူနဲ့ ကျွန်တော် နှစ်ယောက်တည်းပဲ ရှိနေ ခဲ့ပါတယ်။

အဲဒီနောက် အကီဟာ လမ်းပေါ်က မာစီးဒီးစ် ကားဟောင်းကြီးကို လက်တား လိုက်ပါတယ်။ ဒီ station wagon ကို မောင်းလာတာက တူရကီ လူမျိုး တစ်ဦး ဖြစ်ပါတယ်။ အဲဒီနောက် အကီက ‘ငါတို့ကို အီတလီတွေဆီ ခေါ်သွားပေးစမ်းပါကွာ’ လို့ ပြောခဲ့ပါတယ်။ အဲဒီလူက ‘No, ကျွန်တေ်ာ အဲဒီကို သွားမှာ မဟုတ်ဘူး’ လို့ ပြန်ပြော ပါတယ်။ ဒါ့ကြောင့် အကီဟာ သူ့အိပ်ကတ်ထဲက ယူရို ၂၀၀ ကို ထုတ်ပြီး ‘မင်းပို့နိုင်မှာပါ’ လို့ ပြောခဲ့ပါတယ်။ ပိုက်ဆံကို မြင်သွားပြီးနောက် သူက အိုကေလို့ ပြန်ပြောပါတယ်။” လို့ ဆိုလိုက်ပါတယ်။

နောက်ထပ် ရယ်စရာ အဖြစ်အပျက်နဲ့ ပက်သက်ပြီး ကလော့ က “အကီက ရှေ့ခန်းမှာ ထိုင်ပါတယ်။ ကျွန်တော်က နောက်မှာ သွားထိုင်ပါတယ်။ လမ်းက သိပ်မကောင်း တာကြောင့် ကျွန်တော့် ခေါင်းနဲ့ ဘေးက အရာနဲ့ ခဏခဏ တိုက်မိ နေပါတယ်။ ကျွန်တော် အနည်းငယ် စိတ်တို လာပါတယ်။ ပြီးတော့ ကျွန်တော် ‘ကကျိ ကကျိ ကကျိ’ ဆိုတဲ့ အသံတွေ ကြားနေ ရပါတယ်။ ‘ဒီမှာ ဘာဖြစ်နေတာလဲ? ငါများ အိမ်မက်မက် နေတာလား ဆိုပြီး တွေးမိ ပါသေးတယ်။ ဒါပေမယ့် ကျွန်တော် အိမ်မက်မက်တာ မဟုတ်ပါဘူး။ ကားနောက်ဖုံးထဲကို ကြည့်လိုက်တော့ ကြက်တွေက အပြည့်ပဲဗျာ။

အဲဒီနောက် ကျွန်တော်တို့ဟာ လမ်းအတားတွေကို ဖြတ်ပြီး မောင်းသွား ရပါတယ်။ ကျွန်တော်တို့ လမ်းတားတွေကို ရောက်တိုင်း အကီက ကားပြတင်းပေါက် ထဲက ခေါင်းထွက်ပြီး ပြောရပါတယ်။ သူ့ကို လူတွေ တွေ့လိုက်ချိန်မှာ ‘Oh ၀က်ဇ်ကီပဲ! ပေးဖြတ်လိုက်ပါ’ ကျွန်တော် ဒီထက် ပိုပြီး မမှတ်မိတော့ ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

အကယ်၍သာ လီဗာပူး အသင်း နှစ် ၃၀ စောင့်ဆိုင်း နေရတဲ့ အမှတ်ပေးဖလား သာ ဒီရာသီ ဆွတ်ခူး နိုင်ခဲ့မယ် ဆိုရင် ကလော့ ရဲ့ အောင်ပွဲခံမှု ဘယ်လို ဖြစ်လာမလဲဆိုတာ ယခု အဖြစ်အပျက်ကို ကြည့်ပြီး ခန့်မှန်း ကြည့််လို့ ရပါတယ်။

SM