ယေန႔ နံနက္ပိုင္းမွာ ထြက္ေပၚခဲ႔တဲ႔ သတင္းေတြ အရ ဘာစီလိုနာ အသင္းရဲ႕ အိုင္ကြန္ ကစားသမား မက္ဆီ ဟာ အခုရာသီကုန္ ခ်ိန္မွာ ႏူးကမ့္ေျမကို စြန္႔ခြာဖို႔ ရွိေနတယ္လို႔ သိရပါတယ္။အသက္ ၃၁ ႏွစ္ အရြယ္ ဒီအာဂ်င္တီးနား သားဟာ ျပီးခဲ႔တဲ႔ ၂ႏွစ္ေလာက္ကမွ စာခ်ဳပ္သက္တမ္းတိုးထားခဲ႔တာျဖစ္ျပီး ၂၀၂၁ ဇြန္လအထိ သက္တမ္းရွိေနတာျဖစ္ပါတယ္။

ဘာစီလုိနာ အသင္းရဲ႕ သမိုင္းမွာ အေကာင္းဆံုး ကစားသမားတဦးျဖစ္တဲ႔ မက္ဆီ အေနနဲ႔ အခုလို စာခ်ဳပ္သက္တမ္းရွိေနေပမယ့္ အနာဂတ္ကိုစိတ္ျကိုက္ဆံုးျဖတ္ခြင့္ရွိေနတယ္လို႕ El Pais သတင္းစာကဆုိပါတယ္။ဒီအာဂ်င္တီးနားသားဟာ၂၀၀၄ ခုႏွစ္ေႏွာင္းပိုင္းကတည္းကဘာစီလိုနာအတြက္ကစားေပးလာခဲ႔တာ ျဖစ္ျပီးသူ႔ရဲ႕ အနာဂတ္ဟာသူ႔ရဲ႕ လက္ထဲမွာပဲ ရွိေနတာျဖစ္ပါတယ္။

မက္ဆီနဲ႕ ဘာစီလိုနာတို႔ ျကားစာခ်ဳပ္မွာ အခုလို အခ်က္ကို ထည့္သြင္းထားတာေျကာင့္လည္း ရာသီတိုင္းမွာ ႏူးကမ့္ေျမကို သူစြန္႔ခြာေတာ့ မယ္ဆိုတဲ႔ ေကာလာဟလေတြထြက္ခဲ႔ဖူးတယ္လို႔ အသင္းေဖာ္ ခံစစ္ မွဴး ပီေကး ကဆိုပါတယ္။မက္ဆီအေနနဲ႔ သူ႔ရဲ႕ အနာဂတ္နဲ႔ပတ္သက္ျပီး စိတ္ျကိုက္ဆံုးျဖတ္ ခြင့္ရွိတယ္ဆိုတာကို လည္း ပီေကးက အတည္ျပဳသြားခဲ႔ပါတယ္။

ဒါေပမယ့္ မက္ဆီဟာ ငယ္စဥ္ ကတည္းက ကတ္တလန္ ေျမကုိ ေရာက္လာခဲ႔တာျဖစ္ျပီး ဘာစီိလိုနာအတြက္ဆုဖလားေအာင္ျမင္မွဳေတြ အမ်ားအျပားရယူေပးထားႏိုင္ခဲ႔ သလို ကိုယ္တိုင္ကလည္း ဘလြန္းဒီေအာဆု ၅ျကိမ္ အပါအဝင္ တဦး ခ်င္း ဆုတံဆိပ္ မွတ္တမ္းေတြရယူထားႏိုင္ခဲ႔တဲ႔ ျကိုးစားအားထုတ္ေပးထားမွဳေတြေျကာင့္မျကာခင္ ျမန္ျမန္ဆန္ဆန္ထြက္သြား စိုးရိမ္စရာမလိုဘူး လို႔ ပီေကး ကအခိုင္အမာဆိုပါတယ္။

Cadena Ser နဲ႔ အင္တာဗ်ဴးမွာ ပီေကးက – ” မက္ဆီ အေနနဲ႔ ရာသီတိုင္း ရဲ႕ အဆံုးသတ္ ခ်ိန္တိုင္းမွာ အသင္းကေန အလြတ္ေျပာင္းေရႊ႕ေျကးနဲ႔ထြက္ခြာခြင့္ရွိထားတယ္ဆိုတာကို က်ြန္ေတာ္သိရွိျပီးျဖစ္ပါတယ္။ဒါေပမယ့္ ဘာစီလိုနာ အသင္းအေပၚ မက္ဆီ ဘယ္ေလာက္အထိ ေပးဆပ္ ျကိုးစားမွဳရွိတယ္ဆိုတာလည္း က်ြန္ေတာ္တို႔ အားလံုးအသိပဲျဖစ္ပါတယ္။

သူ႔ရဲ႕ ေကာလာဟလေတြေျကာင့္ က်ြန္ေတာ့္ကို လံုးဝပူပန္စရာမျဖစ္ေစပါဘူး။သူ ဟာ အသင္းအတြက္ အရာရာတိုင္းကို ေပးဆပ္ထားခဲ႔ျပီးျဖစ္ပါတယ္။ဒါေျကာင့္ လည္း သူ႔ရဲ႕ အနာဂတ္ နဲ႔ ပတ္သက္ျပီး သူသင့္ေတာ္မယ္ထင္တဲ႔ အရာကိုဆံုးျဖတ္ပိုင္ခြင့္ရရွိထားတာျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

ဘာစီလိုနာ အသင္းရဲ႕ ဥကၠဌ ျကီး ဘာတိုျမဴကေတာ့ မက္ဆီ ကို ေနာက္ထပ္ စာခ်ဳပ္ သက္တမ္း သစ္ တရပ္ကို ထပ္မံ တိုးခ်င္ေနျပီး ဒါဟာ သူတို႔ ႏွစ္ဦးႏွစ္ဖက္ျကားေနာက္ဆံုး စာခ်ဳပ္သစ္ ခ်ဳပ္ ဆိုမွဳ လည္း ျဖစ္လာႏိုင္ေနတာျဖစ္ပါတယ္။အျခား ဆက္စပ္ သတင္းေတြအရ ေတာ့ မက္ဆီ ဟာ အခုရာသီကုန္မွာ အာဂ်င္တီး နားကလပ္ နယူးဝဲလ္အိုးဘိြဳင္းစ္ အသင္းကို ေျပာင္းေရႊ႕ဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။

ိနယူးဝဲလ္အိုးဘိြဳင္းစ္ အသင္းဟာ ဘာစီလိုနာ အသင္းကို မက္ဆီ မလာခင္ ငယ္ဘဝမွာ ကစားခဲ႔တဲ႕ အသင္းတသင္းျဖစ္ျပီး လက္ရွိအခ်ိန္မွာ အာဂ်င္တီးနား စူပါလိဂ္မွာ ပါဝင္ ယွဥ္ျပိဳင္ေနတာျဖစ္ပါတယ္။ဒီအသင္းကို တခ်ိန္ ခ်ိန္မွာေျပာင္းေရႊ႕ခ်င္တဲ႔ အေျကာင္းကို မက္ဆီက မျကာေသးမီက အတည္ျပဳထားခဲ႔ပါေသးတယ္။

အင္တာဗ်ဴး တခုမွာ မက္ဆီက –
” နယူးဝဲလ္အိုးဘိြဳင္းစ္ အသင္းအတြက္ က်ြန္ေတာ္ ကစားေပးခ်င္ပါတယ္။ဒါေပမယ့္ အာဂ်င္တီးနားကို ျပန္ဖို႔ ဆိုတာလြယ္ေတာ့ မလြယ္ပါဘူး။က်ြန္ေတာ့္မိသားစုနဲ႔ ကေလးေတြကို ထည့္စဥ္းစားရဦးမွာျဖစ္ပါတယ္။ဒီဆံုးျဖတ္ခ်က္ဟာ သူတို႔ အေပၚကိုလည္း မူတည္ပါလိမ့္မယ္ ” လို႕ေျပာထားခဲ႔ဖူးတာျဖစ္ပါတယ္။

SPORTS MYANMAR

Unicode

ဘာစီလိုနာအသင်းကို မက်ဆီတကယ်စွန့် ခွာသွားတော့ မှာလားဆိုတာပြောပြလိုက်တဲ့ #ပီကေး
======================================

ယနေ့ နံနက်ပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ အရ ဘာစီလိုနာ အသင်းရဲ့ အိုင်ကွန် ကစားသမား မက်ဆီ ဟာ အခုရာသီကုန် ချိန်မှာ နူးကမ့်မြေကို စွန့်ခွာဖို့ ရှိနေတယ်လို့ သိရပါတယ်။အသက် ၃၁ နှစ် အရွယ် ဒီအာဂျင်တီးနား သားဟာ ပြီးခဲ့တဲ့ ၂နှစ်လောက်ကမှ စာချုပ်သက်တမ်းတိုးထားခဲ့တာဖြစ်ပြီး ၂၀၂၁ ဇွန်လအထိ သက်တမ်းရှိနေတာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းရဲ့ သမိုင်းမှာ အကောင်းဆုံး ကစားသမားတဦးဖြစ်တဲ့ မက်ဆီ အနေနဲ့ အခုလို စာချုပ်သက်တမ်းရှိနေပေမယ့် အနာဂတ်ကိုစိတ်ကြိုက်ဆုံးဖြတ်ခွင့်ရှိနေတယ်လို့ El Pais သတင်းစာကဆိုပါတယ်။ဒီအာဂျင်တီးနားသားဟာ၂၀၀၄ ခုနှစ်နှောင်းပိုင်းကတည်းကဘာစီလိုနာအတွက်ကစားပေးလာခဲ့တာ ဖြစ်ပြီးသူ့ရဲ့ အနာဂတ်ဟာသူ့ရဲ့ လက်ထဲမှာပဲ ရှိနေတာဖြစ်ပါတယ်။

မက်ဆီနဲ့ ဘာစီလိုနာတို့ ကြားစာချုပ်မှာ အခုလို အချက်ကို ထည့်သွင်းထားတာကြောင့်လည်း ရာသီတိုင်းမှာ နူးကမ့်မြေကို သူစွန့်ခွာတော့ မယ်ဆိုတဲ့ ကောလာဟလတွေထွက်ခဲ့ဖူးတယ်လို့ အသင်းဖော် ခံစစ် မှူး ပီကေး ကဆိုပါတယ်။မက်ဆီအနေနဲ့ သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး စိတ်ကြိုက်ဆုံးဖြတ် ခွင့်ရှိတယ်ဆိုတာကို လည်း ပီကေးက အတည်ပြုသွားခဲ့ပါတယ်။

ဒါပေမယ့် မက်ဆီဟာ ငယ်စဉ် ကတည်းက ကတ်တလန် မြေကို ရောက်လာခဲ့တာဖြစ်ပြီး ဘာစီိလိုနာအတွက်ဆုဖလားအောင်မြင်မှုတွေ အများအပြားရယူပေးထားနိုင်ခဲ့ သလို ကိုယ်တိုင်ကလည်း ဘလွန်းဒီအောဆု ၅ကြိမ် အပါအဝင် တဦး ချင်း ဆုတံဆိပ် မှတ်တမ်းတွေရယူထားနိုင်ခဲ့တဲ့ ကြိုးစားအားထုတ်ပေးထားမှုတွေကြောင့်မကြာခင် မြန်မြန်ဆန်ဆန်ထွက်သွား စိုးရိမ်စရာမလိုဘူး လို့ ပီကေး ကအခိုင်အမာဆိုပါတယ်။

Cadena Ser နဲ့ အင်တာဗျူးမှာ ပီကေးက – ” မက်ဆီ အနေနဲ့ ရာသီတိုင်း ရဲ့ အဆုံးသတ် ချိန်တိုင်းမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာခွင့်ရှိထားတယ်ဆိုတာကို ကျွန်တော်သိရှိပြီးဖြစ်ပါတယ်။ဒါပေမယ့် ဘာစီလိုနာ အသင်းအပေါ် မက်ဆီ ဘယ်လောက်အထိ ပေးဆပ် ကြိုးစားမှုရှိတယ်ဆိုတာလည်း ကျွန်တော်တို့ အားလုံးအသိပဲဖြစ်ပါတယ်။

သူ့ရဲ့ ကောလာဟလတွေကြောင့် ကျွန်တော့်ကို လုံးဝပူပန်စရာမဖြစ်စေပါဘူး။သူ ဟာ အသင်းအတွက် အရာရာတိုင်းကို ပေးဆပ်ထားခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့် လည်း သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး သူသင့်တော်မယ်ထင်တဲ့ အရာကိုဆုံးဖြတ်ပိုင်ခွင့်ရရှိထားတာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ ကြီး ဘာတိုမြူကတော့ မက်ဆီ ကို နောက်ထပ် စာချုပ် သက်တမ်း သစ် တရပ်ကို ထပ်မံ တိုးချင်နေပြီး ဒါဟာ သူတို့ နှစ်ဦးနှစ်ဖက်ကြားနောက်ဆုံး စာချုပ်သစ် ချုပ် ဆိုမှု လည်း ဖြစ်လာနိုင်နေတာဖြစ်ပါတယ်။အခြား ဆက်စပ် သတင်းတွေအရ တော့ မက်ဆီ ဟာ အခုရာသီကုန်မှာ အာဂျင်တီး နားကလပ် နယူးဝဲလ်အိုးဘွိုင်းစ် အသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ိနယူးဝဲလ်အိုးဘွိုင်းစ် အသင်းဟာ ဘာစီလိုနာ အသင်းကို မက်ဆီ မလာခင် ငယ်ဘဝမှာ ကစားခဲ့တဲ့ အသင်းတသင်းဖြစ်ပြီး လက်ရှိအချိန်မှာ အာဂျင်တီးနား စူပါလိဂ်မှာ ပါဝင် ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ဒီအသင်းကို တချိန် ချိန်မှာပြောင်းရွှေ့ချင်တဲ့ အကြောင်းကို မက်ဆီက မကြာသေးမီက အတည်ပြုထားခဲ့ပါသေးတယ်။

အင်တာဗျူး တခုမှာ မက်ဆီက –
” နယူးဝဲလ်အိုးဘွိုင်းစ် အသင်းအတွက် ကျွန်တော် ကစားပေးချင်ပါတယ်။ဒါပေမယ့် အာဂျင်တီးနားကို ပြန်ဖို့ ဆိုတာလွယ်တော့ မလွယ်ပါဘူး။ကျွန်တော့်မိသားစုနဲ့ ကလေးတွေကို ထည့်စဉ်းစားရဦးမှာဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ဟာ သူတို့ အပေါ်ကိုလည်း မူတည်ပါလိမ့်မယ် ” လို့ပြောထားခဲ့ဖူးတာဖြစ်ပါတယ်။

SPORTS MYANMAR