မန္ခ်က္စတာ ယူနုိက္တက္ ရဲ့ အကယ္ဒမီ မွ ေတာင္ပံ တုိက္စစ္ ကစားသမား ေလး တစ္ဦး ျဖစ္တဲ့ တာဟစ္ ေခ်ာင္က သူဟာ ဒီေႏြ အေျပာင္း အေရႊ့ ကာလ အတြင္း အငွား ေျပာင္းေရႊ့ ခြင့္ 2 ခု ရရွိ ခဲ့ ေပမယ့္ ပ်က္ျပယ္ ခဲ့ရတဲ့ အေၾကာင္း အရင္းကို ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

သူ့ကုိ ေခၚယူ နုိင္ဖုိ့ အတြက္ နယ္သာလန္ ကလပ္ ႏွစ္သင္း က စိတ္ဝင္စား ခဲ့ၾက ေပမယ့္ နည္းျပ ဆုိးလ္ရွား က သူ့ကို အသင္း မေျပာင္း ဖုိ႔ အတြက္ စည္းရံုး ခဲ့တာ ေၾကာင့္ သူဟာ အဆုိပါ ကမ္းလွမ္း မွဳ ေတြကို ျငင္းပယ္ ျပီး အိုးလ္ ထရပ္ဖုိ႔ဒ္ မွာပဲ ဆက္လက္ ရွိေန ဖုိ႔ ဆံုးျဖတ္ ခဲ့တာ ျဖစ္ေၾကာင္း ေခ်ာင္က ဖြင့္ဟ သြားခဲ့ လိုက္ ပါတယ္ ။

လက္ရွိ အခ်ိန္ မွာ တာဟစ္ ေခ်ာင္ဟာ ယူနုိက္တက္ စီနီယာ အသင္း စာရင္း ထဲ အျမဲလို ပါဝင္ခြင့္ ရရွိ ေနသူ တစ္ဦး ျဖစ္ျပီး ဆုိးလ္ရွား ရဲ့ ေရရွည္ စီမံကိန္း ထဲ ပါဝင္ နုိင္မယ့္ ကစားသမား ျဖစ္တာ ေၾကာင့္ အသင္း ဖက္မွ သူ့ကို စာခ်ဳပ္ သက္တမ္း တုိးျမွင့္ ဖုိ႔ လုပ္ေဆာင္ ေနခဲ့ ၾက ပါတယ္ ။

လက္ရွိ ရာသီ မွာေတာ့ သူဟာ ယူနုိက္တက္ အတြက္ ပါဝင္ ကစား ေပးခြင့္ မရ ရွိခဲ့ ေပမယ့္ သူဟာ စီနီယာ အသင္း အတြက္ 4 ၾကိမ္ထိ ပါဝင္ ကစား ေပးထား ခဲ့သူ ျဖစ္ပါတယ္ ။ ဒါ့အျပင္ ယူနုိက္တက္ တုိ့ရဲ့ ရာသီ ၾကိဳ ပြဲစဥ္ ေတြမွာ လည္း ေျခစြမ္းေကာင္း အခ်ိဳ့ ျပသ ထားနုိင္ ခဲ့ပါ ေသးတယ္ ။

လက္ရွိ နယ္သာလန္ U21 အသင္း အတြက္ ပါဝင္ ကစား ေပးေန ခဲ့တဲ့ တာဟစ္ ေခ်ာင္က သူဟာ ဒီေႏြ မွာ PSV အသင္း ၊ ဖီယင္နု အသင္း ေတြရဲ့ စိတ္ဝင္စား မွဳ ေတြကို ရရွိ ခဲ့တဲ့ အေၾကာင္း ၊ ဒါေပမယ့္ သူဟာ ကမ္းလွမ္းမွဳ ေတြကို ျငင္းဆန္ ခဲ့တဲ့ အေၾကာင္း ဖြင့္ဟ သြားခဲ့ လိုက္ ပါတယ္ ။

အခုလို အိုးလ္ ထရပ္ဖုိ႔ဒ္ မွာ ဆက္လက္ ရွိေန ခဲ့ျခင္းရဲ့ အဓိက အေၾကာင္း အရင္း တစ္ရပ္ က နည္းျပ ဆိုးလ္ရွား ဟာ သူ့ကို အသင္း မွာ ပြဲ ကစား ခ်ိန္ေတြ ေပးဖုိ႔ ရွိေန ေၾကာင္း ေျပာၾကား ခဲ့ျခင္း က သူ့ အတြက္ အသင္း မွာ ဆက္ ေနဖုိ႔ ဆံုးျဖတ္ခ်က္ ခ်မွတ္ရ လြယ္ကူ ေစခဲ့ ပါတယ္ ။

” အိုလီ ဂန္နား ဆုိးလ္ရွား က ေျပာခဲ့ ပါတယ္ ‘ အလုပ္ ဆက္လက္ ၾကိဳးစား ပါ ။ မင္း အတြက္ အခြင့္ အေရး ေတြ ေရာက္ရွိ လာပါ လိမ့္မယ္ ‘ ဆုိျပီး ေပါ့ ။ အဲ့တာ ကို ၾကား ရျခင္း က အရမ္း ပဲ ေကာင္းမြန္ ခဲ့ ပါတယ္ ။ အသင္း ကေန ကစားသမား အခ်ိဳ့ ထြက္ခြာ သြားျခင္း နဲ့ အတူ က်ြန္ေတာ့္ အတြက္ အခြင့္ ေကာင္းေတြ ရရွိ ေတာ့မယ္ ေလ ”

” နယ္သာလန္ ကို ျပန္လည္ သြားေရာက္ ကစား ရဖုိ့ ဆုိတာ အျမဲတမ္း ကို ေကာင္းမြန္ တဲ့ အရာ တစ္ခု ပါ ။ ဒါေပမယ့္ က်ြန္ေတာ္ ကေတာ့ က်ြန္ေတာ့္ အတြက္ အေကာင္းဆံုး ျဖစ္နုိင္ မယ့္ အရာ ကိုပဲ ေရြးခ်ယ္ သင့္တယ္ ေလ ။ ဒါ့ေၾကာင့္ က်ြန္ေတာ္ အခုလို ဆံုးျဖတ္ခ်က္ ခ်မွတ္ ခဲ့တာ ပါ ” လို့ ေခ်ာင္က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

အဲ့ဒီေနာက္ သူ့ရဲ့ စာခ်ဳပ္ သက္တမ္း တုိးဖုိ႔ ကိစၥ အတြက္ အလ်င္ လိုေနဖုိ႔ မလိုအပ္ ေသးေၾကာင္း ၊ လက္ရွိ အခ်ိန္ မွာေတာ့ သူဟာ စီနီယာ ကစားသမား တစ္ဦး အျဖစ္ နဲ့ ပြဲထြက္ ကစား ခြင့္ ေတြကို မ်ားစြာ ရယူ လိုေန ေသးေၾကာင္း ေခ်ာင္ က ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ဟုတ္ပါတယ္ ။ က်ြန္ေတာ္ တုိ့ စာခ်ဳပ္ အေၾကာင္း ေဆြးေႏြး ေနၾက ပါတယ္ ။ ဒါေပမယ့္ အဲ့တာ အေၾကာင္း ေျပာဖုိ႔ အရမ္း ကို ေစာေန ပါ ေသးတယ္ ။ ေဘာလံုး ရာသီ က အရွည္ၾကီး ေရွ့ဆက္ ရပါ ဦးမယ္ ။ ဘာဆက္ ျဖစ္မလဲ ဆုိတာ ေစာင့္ၾကည့္ ရတာ ေပါ့ဗ်ာ ။ က်ြန္ေတာ့္ အတြက္ ေတာ့ စိန္ေခၚ မွဳေတြ အမ်ားၾကီး ရရွိ သြားဖုိ႔ ရွိေန ပါတယ္ ။ က်ြန္ေတာ္ လက္ရွိ အဲ့တာ အေပၚ ပဲ အထူး အာရံုစိုက္ ေနပါတယ္ ” လို့ ေခ်ာင္က အဆံုးသတ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

အငှား ပြောင်းရွှေ့ခွင့် နှစ်ခု ရရှိခဲ့ပေမယ့် ဘာ့ကြောင့် ပျက်ပြယ်ခဲ့ရ သလဲ ဆိုတာ ဖွင့်ဟလိုက်တဲ့ #တာဟစ်ချောင်

=================

မန်ချက်စတာ ယူနိုက်တက် ရဲ့ အကယ်ဒမီ မှ တောင်ပံ တိုက်စစ် ကစားသမား လေး တစ်ဦး ဖြစ်တဲ့ တာဟစ် ချောင်က သူဟာ ဒီနွေ အပြောင်း အရွှေ့ ကာလ အတွင်း အငှား ပြောင်းရွှေ့ ခွင့် 2 ခု ရရှိ ခဲ့ ပေမယ့် ပျက်ပြယ် ခဲ့ရတဲ့ အကြောင်း အရင်းကို ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

သူ့ကို ခေါ်ယူ နိုင်ဖို့ အတွက် နယ်သာလန် ကလပ် နှစ်သင်း က စိတ်ဝင်စား ခဲ့ကြ ပေမယ့် နည်းပြ ဆိုးလ်ရှား က သူ့ကို အသင်း မပြောင်း ဖို့ အတွက် စည်းရုံး ခဲ့တာ ကြောင့် သူဟာ အဆိုပါ ကမ်းလှမ်း မှု တွေကို ငြင်းပယ် ပြီး အိုးလ် ထရပ်ဖို့ဒ် မှာပဲ ဆက်လက် ရှိနေ ဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်ကြောင်း ချောင်က ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

လက်ရှိ အချိန် မှာ တာဟစ် ချောင်ဟာ ယူနိုက်တက် စီနီယာ အသင်း စာရင်း ထဲ အမြဲလို ပါဝင်ခွင့် ရရှိ နေသူ တစ်ဦး ဖြစ်ပြီး ဆိုးလ်ရှား ရဲ့ ရေရှည် စီမံကိန်း ထဲ ပါဝင် နိုင်မယ့် ကစားသမား ဖြစ်တာ ကြောင့် အသင်း ဖက်မှ သူ့ကို စာချုပ် သက်တမ်း တိုးမြှင့် ဖို့ လုပ်ဆောင် နေခဲ့ ကြ ပါတယ် ။

လက်ရှိ ရာသီ မှာတော့ သူဟာ ယူနိုက်တက် အတွက် ပါဝင် ကစား ပေးခွင့် မရ ရှိခဲ့ ပေမယ့် သူဟာ စီနီယာ အသင်း အတွက် 4 ကြိမ်ထိ ပါဝင် ကစား ပေးထား ခဲ့သူ ဖြစ်ပါတယ် ။ ဒါ့အပြင် ယူနိုက်တက် တို့ရဲ့ ရာသီ ကြို ပွဲစဉ် တွေမှာ လည်း ခြေစွမ်းကောင်း အချို့ ပြသ ထားနိုင် ခဲ့ပါ သေးတယ် ။

လက်ရှိ နယ်သာလန် U21 အသင်း အတွက် ပါဝင် ကစား ပေးနေ ခဲ့တဲ့ တာဟစ် ချောင်က သူဟာ ဒီနွေ မှာ PSV အသင်း ၊ ဖီယင်နု အသင်း တွေရဲ့ စိတ်ဝင်စား မှု တွေကို ရရှိ ခဲ့တဲ့ အကြောင်း ၊ ဒါပေမယ့် သူဟာ ကမ်းလှမ်းမှု တွေကို ငြင်းဆန် ခဲ့တဲ့ အကြောင်း ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

အခုလို အိုးလ် ထရပ်ဖို့ဒ် မှာ ဆက်လက် ရှိနေ ခဲ့ခြင်းရဲ့ အဓိက အကြောင်း အရင်း တစ်ရပ် က နည်းပြ ဆိုးလ်ရှား ဟာ သူ့ကို အသင်း မှာ ပွဲ ကစား ချိန်တွေ ပေးဖို့ ရှိနေ ကြောင်း ပြောကြား ခဲ့ခြင်း က သူ့ အတွက် အသင်း မှာ ဆက် နေဖို့ ဆုံးဖြတ်ချက် ချမှတ်ရ လွယ်ကူ စေခဲ့ ပါတယ် ။

” အိုလီ ဂန်နား ဆိုးလ်ရှား က ပြောခဲ့ ပါတယ် ‘ အလုပ် ဆက်လက် ကြိုးစား ပါ ။ မင်း အတွက် အခွင့် အရေး တွေ ရောက်ရှိ လာပါ လိမ့်မယ် ‘ ဆိုပြီး ပေါ့ ။ အဲ့တာ ကို ကြား ရခြင်း က အရမ်း ပဲ ကောင်းမွန် ခဲ့ ပါတယ် ။ အသင်း ကနေ ကစားသမား အချို့ ထွက်ခွာ သွားခြင်း နဲ့ အတူ ကျွန်တော့် အတွက် အခွင့် ကောင်းတွေ ရရှိ တော့မယ် လေ ”

” နယ်သာလန် ကို ပြန်လည် သွားရောက် ကစား ရဖို့ ဆိုတာ အမြဲတမ်း ကို ကောင်းမွန် တဲ့ အရာ တစ်ခု ပါ ။ ဒါပေမယ့် ကျွန်တော် ကတော့ ကျွန်တော့် အတွက် အကောင်းဆုံး ဖြစ်နိုင် မယ့် အရာ ကိုပဲ ရွေးချယ် သင့်တယ် လေ ။ ဒါ့ကြောင့် ကျွန်တော် အခုလို ဆုံးဖြတ်ချက် ချမှတ် ခဲ့တာ ပါ ” လို့ ချောင်က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် သူ့ရဲ့ စာချုပ် သက်တမ်း တိုးဖို့ ကိစ္စ အတွက် အလျင် လိုနေဖို့ မလိုအပ် သေးကြောင်း ၊ လက်ရှိ အချိန် မှာတော့ သူဟာ စီနီယာ ကစားသမား တစ်ဦး အဖြစ် နဲ့ ပွဲထွက် ကစား ခွင့် တွေကို များစွာ ရယူ လိုနေ သေးကြောင်း ချောင် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဟုတ်ပါတယ် ။ ကျွန်တော် တို့ စာချုပ် အကြောင်း ဆွေးနွေး နေကြ ပါတယ် ။ ဒါပေမယ့် အဲ့တာ အကြောင်း ပြောဖို့ အရမ်း ကို စောနေ ပါ သေးတယ် ။ ဘောလုံး ရာသီ က အရှည်ကြီး ရှေ့ဆက် ရပါ ဦးမယ် ။ ဘာဆက် ဖြစ်မလဲ ဆိုတာ စောင့်ကြည့် ရတာ ပေါ့ဗျာ ။ ကျွန်တော့် အတွက် တော့ စိန်ခေါ် မှုတွေ အများကြီး ရရှိ သွားဖို့ ရှိနေ ပါတယ် ။ ကျွန်တော် လက်ရှိ အဲ့တာ အပေါ် ပဲ အထူး အာရုံစိုက် နေပါတယ် ” လို့ ချောင်က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar