လက္ရွိ မွာ လန္ဒန္ ျမိဳ႕ခံ ကလပ္ ဝက္စ္ဟမ္း အသင္း ရဲ႕ ကြင္းလယ္ အဖ်က္ ေနရာ မွာ အထူး ေျခစြမ္း ျပသ ေနတဲ့ အဂၤလန္ လူငယ္ ကြင္းလယ္လူ ဒီကလန္ ရိုက္စ္ ဟာ တခ်ိန္ က ခ်ယ္လ္ဆီး အသင္း ရဲ႕ အကယ္ဒမီ လူငယ္ ကစားသမား ျဖစ္ခဲ့ပါတယ္ ။ သို႕ေပမယ့္ လည္း ခ်ယ္လ္ဆီး အသင္း ဟာ ရိုက္စ္ အသက္ ၁၄ ႏွစ္ အရြယ္မွာ ကတည္းက အသင္း နဲ႕ စာခ်ဳပ္ သက္တမ္း ထပ္မတိုး ခဲ့ပဲ ထုတ္ပယ္ ခဲ့ပါတယ္ ။

ရိုက္စ္ ဟာ ခ်ယ္လ္ဆီး အကယ္ဒမီ ကေန ထုတ္ပယ္ ခံခဲ့ရျပီးတဲ့ေနာက္ စိတ္ဓာတ္ အေတာ္ က်ခဲ့ရျပီး အဲ့ဒီေနာက္ မွာေတာ့ ဝက္စ္ဟမ္း အသင္း က သူ႕ကို ေခၚယူျပီး စင္တင္ ေပးခဲ့ပါတယ္ ။ ရိုက္စ္ ဟာ အခု အခါ မွာေတာ့ အဂၤလန္ ပရီးမီးယားလိဂ္ ထိပ္သီး ကလပ္ ေတြရဲ႕ စိတ္ဝင္စားမႈ ကို ရရွိ ေနကာ ျပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရႊ႕ မွာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္း ကို ေျပာင္းေရႊ႕ဖို႕ ေကာလဟလ ေတြ ထြက္ေပၚ ခဲ့ပါတယ္ ။

မၾကာေသးခင္ က အင္တာဗ်ဴး တခု မွာေတာ့ ရိုက္စ္ က သူဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ အစ တုန္းက ဝက္စ္ဟမ္း အသင္း ကေန ထိုစဥ္ က ခ်န္ပီယံရွစ္ လိဂ္မွာသာ ရွိေသးတဲ့ အက္စတြန္ ဗီလာ အသင္း သို႕ ေျပာင္းေရႊ႕ဖို႕ နီးစပ္ ခဲ့ေၾကာင္း ၊ သို႕ေပမယ့္ လည္း ေနာက္ဆံုး မွာ ကိုယ့္ကိုယ္ကို စိတ္ပိုင္းျဖတ္ျပီး ဝက္စ္ဟမ္း အသင္း အတြက္ ကစား ေပးခဲ့ေၾကာင္း ဖြင့္ဟ ခဲ့ပါတယ္ ။

 

ရိုက္စ္ က ” ျပီးခဲ့တဲ့ ရာသီ အစ က လီဗာပူး ကို ၄ဂိုးျပတ္ နဲ႕ အေရးနိမ့္ ခဲ့တဲ့ ပြဲစဥ္ မွာ ကြ်န္ေတာ္ ဟာ အသင္း ရဲ႕ လူစာရင္း ကေန ခ်န္လွပ္ ခံခဲ့ရပါတယ္ ။ အဲ့ဒီေတာ့ ကြ်န္ေတာ့ ကို အသင္း က အလိုမရွိေတာ့ဘူးလား ဆိုတဲ့ အေတြး ဝင္ေစခဲ့ပါတယ္ ။ ကြ်န္ေတာ့ ကို အက္စတြန္ ဗီလာ က တရာသီ အငွား နဲ႕ ေခၚယူဖို႕ အေတာ္ေလး တြန္းအား ေပးခဲ့ပါတယ္ ။ ဒါေပမယ့္ မန္ေနဂ်ာ က ကြ်န္ေတာ့ ကုိ ‘ မင္း ဒီမွာပဲ ဆက္ကစား ရမယ္ ၊ မင္းကို ကစားခြင့္လည္း ေပးမယ္ ။ ‘ လို႕ ေျပာခဲ့ပါတယ္ ။ ”

” အဲ့ဒီ မွာ ကြ်န္ေတာ္ စဥ္းစား မိတာက ကြ်န္ေတာ္ အသင္း မေျပာင္းေတာ့ဘူး ၊ ဒီမွာပဲ အစြမ္းကုန္ ေပးဆပ္ ကစားေတာ့မယ္ ဆိုတာပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ ဆက္လက္ျပီး ရိုက္စ္ က အသက္ ၁၄ ႏွစ္ အရြယ္ မွာကတည္း က ခ်ယ္လ္ဆီး အသင္း ဟာ ၄င္းကို ထုတ္ပယ္ ခဲ့တဲ့ အတြက္ အခုအခ်ိန္ မွာ သူတို႕ ေကာင္းေကာင္း ေနာင္တ ရေနေလာက္မွာ ျဖစ္ေၾကာင္း ဖြင့္ဟ ခဲ့ပါတယ္ ။

ရိုက္စ္ က ” ကြ်န္ေတာ့ ကို မထုတ္ခင္ မွာ ခ်ယ္လ္ဆီး အသင္း ဟာ ကြ်န္ေတာ့ အေဖ ကို လွမ္းျပီး ဖုန္းဆက္ အေၾကာင္းၾကား ခဲ့ပါတယ္ ။ အဲ့ဒီတုန္း က ကြ်န္ေတာ့ ကို စာခ်ဳပ္သစ္ ကမ္းလွမ္းဖို႕ ဖုန္းဆက္တယ္ ပဲ ထင္ခဲ့တာပါ ။ ေနာက္မွ ကြ်န္ေတာ့ ကို အသင္း ကေန ထုတ္ပယ္လိုက္ျပီ ဆိုတဲ့ အေၾကာင္း အေဖ့ ဆီက ၾကားခဲ့ရေတာ့ ကြ်န္ေတာ္ အေတာ္ေလး ကို စိတ္ပ်က္ ခဲ့ရပါတယ္ ။ ကြ်န္ေတာ္ ဟာ ခ်ယ္လ္ဆီး အသင္း ပရိသတ္ တေယာက္ အေနနဲ႕ ၾကီးျပင္း လာခဲ့တာပါ ။ ကြ်န္ေတာ့ ရဲ႕ ငယ္ဘဝ က ဒီ အေၾကာင္း ေတြပါပဲ ။ ”

” အဲ့ဒီ အခ်ိန္တုန္း ကတည္းက ခ်ယ္လ္ဆီး အသင္း ကြ်န္ေတာ့ ကို ထုတ္ပယ္ ခဲ့တာ မွွားယြင္းတဲ့ ဆံုးျဖတ္ခ်က္ ျဖစ္တယ္ ဆိုတာ ကြ်န္ေတာ္ သိေနခဲ့ပါတယ္ ။ အဲ့ဒီေတာ့ သူတို႕ကို ကြ်န္ေတာ္ သက္ေသ ျပႏုိင္ဖို႕ ၾကိဳးစား ခဲ့ပါတယ္ ။ အခုေတာ့ သူတို႕ဟာ ကြ်န္ေတာ့ ကို ျပန္ျပီး စိတ္ဝင္စား ေနၾကပါျပီ ။ ေနာက္ျပီး ကြ်န္ေတာ့ ကို ထုတ္ပယ္ ခဲ့တာနဲ႕ ပတ္သက္ျပီး ‘ ငါတို႕ လုပ္ရပ္ မွားခဲ့တယ္ ‘ လို႕ ေတြးေကာင္း ေတြးေနပါလိမ့္မယ္ ။ ”

” ဒါေပမယ့္ အခု အခ်ိန္ မွာ ဒီ အေၾကာင္းေတြ က အေရးမၾကီးေတာ့ပါဘူး ။ ကြ်န္ေတာ္ ဟာ အလုပ္ ၾကိဳးစား ေနတယ္ ၊ ဝက္စ္ဟမ္း အသင္း အတြက္ ကစား ေပးေနတယ္ ၊ ဒီ အသင္း မွာ ကြ်န္ေတာ္ ဟာ ပိုေကာင္းတဲ့ ကစားသမား ျဖစ္လာခဲ့ပါတယ္ ။ ကြ်န္ေတာ့ မိသားစု ဆိုရင္ ခ်ယ္လ္ဆီး ပြဲစဥ္ ေတြကို အားမေပး ျဖစ္တာ ၃ႏွစ္ ေလာက္ ရွိပါျပီ ။ အိမ္ကြင္း ပြဲစဥ္ ပဲ ျဖစ္ျဖစ္ ၊ အေဝးကြင္း ပြဲစဥ္ ပဲ ျဖစ္ျဖစ္ ကြ်န္ေတာ္ တို႕ အားလံုးရဲ႕ စိတ္ထဲမွာ ဝက္စ္ဟမ္း ပဲ ရွိပါေတာ့တယ္ ။ ဒီ အသင္း ဟာ ကြ်န္ေတာ့ အတြက္ စပါယ္ရွယ္ အသင္း ျဖစ္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

အသက် ၁၄ နှစ်ကတည်းက သူ့ကို ထုတ်ပယ်ခဲ့တဲ့ အပေါ် ချယ်လ်ဆီး အသင်း နောင်တရ နေလိမ့်မယ် လို့ ဆိုလိုက်တဲ့ ဝက်စ်ဟမ်း စတား #ဒီကလန်ရိုက်စ်

လက်ရှိ မှာ လန်ဒန် မြို့ခံ ကလပ် ဝက်စ်ဟမ်း အသင်း ရဲ့ ကွင်းလယ် အဖျက် နေရာ မှာ အထူး ခြေစွမ်း ပြသ နေတဲ့ အင်္ဂလန် လူငယ် ကွင်းလယ်လူ ဒီကလန် ရိုက်စ် ဟာ တချိန် က ချယ်လ်ဆီး အသင်း ရဲ့ အကယ်ဒမီ လူငယ် ကစားသမား ဖြစ်ခဲ့ပါတယ် ။ သို့ပေမယ့် လည်း ချယ်လ်ဆီး အသင်း ဟာ ရိုက်စ် အသက် ၁၄ နှစ် အရွယ်မှာ ကတည်းက အသင်း နဲ့ စာချုပ် သက်တမ်း ထပ်မတိုး ခဲ့ပဲ ထုတ်ပယ် ခဲ့ပါတယ် ။

ရိုက်စ် ဟာ ချယ်လ်ဆီး အကယ်ဒမီ ကနေ ထုတ်ပယ် ခံခဲ့ရပြီးတဲ့နောက် စိတ်ဓာတ် အတော် ကျခဲ့ရပြီး အဲ့ဒီနောက် မှာတော့ ဝက်စ်ဟမ်း အသင်း က သူ့ကို ခေါ်ယူပြီး စင်တင် ပေးခဲ့ပါတယ် ။ ရိုက်စ် ဟာ အခု အခါ မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်သီး ကလပ် တွေရဲ့ စိတ်ဝင်စားမှု ကို ရရှိ နေကာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ပြောင်းရွှေ့ဖို့ ကောလဟလ တွေ ထွက်ပေါ် ခဲ့ပါတယ် ။

မကြာသေးခင် က အင်တာဗျူး တခု မှာတော့ ရိုက်စ် က သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အစ တုန်းက ဝက်စ်ဟမ်း အသင်း ကနေ ထိုစဉ် က ချန်ပီယံရှစ် လိဂ်မှာသာ ရှိသေးတဲ့ အက်စတွန် ဗီလာ အသင်း သို့ ပြောင်းရွှေ့ဖို့ နီးစပ် ခဲ့ကြောင်း ၊ သို့ပေမယ့် လည်း နောက်ဆုံး မှာ ကိုယ့်ကိုယ်ကို စိတ်ပိုင်းဖြတ်ပြီး ဝက်စ်ဟမ်း အသင်း အတွက် ကစား ပေးခဲ့ကြောင်း ဖွင့်ဟ ခဲ့ပါတယ် ။

ရိုက်စ် က ” ပြီးခဲ့တဲ့ ရာသီ အစ က လီဗာပူး ကို ၄ဂိုးပြတ် နဲ့ အရေးနိမ့် ခဲ့တဲ့ ပွဲစဉ် မှာ ကျွန်တော် ဟာ အသင်း ရဲ့ လူစာရင်း ကနေ ချန်လှပ် ခံခဲ့ရပါတယ် ။ အဲ့ဒီတော့ ကျွန်တော့ ကို အသင်း က အလိုမရှိတော့ဘူးလား ဆိုတဲ့ အတွေး ဝင်စေခဲ့ပါတယ် ။ ကျွန်တော့ ကို အက်စတွန် ဗီလာ က တရာသီ အငှား နဲ့ ခေါ်ယူဖို့ အတော်လေး တွန်းအား ပေးခဲ့ပါတယ် ။ ဒါပေမယ့် မန်နေဂျာ က ကျွန်တော့ ကို ‘ မင်း ဒီမှာပဲ ဆက်ကစား ရမယ် ၊ မင်းကို ကစားခွင့်လည်း ပေးမယ် ။ ‘ လို့ ပြောခဲ့ပါတယ် ။ ”

” အဲ့ဒီ မှာ ကျွန်တော် စဉ်းစား မိတာက ကျွန်တော် အသင်း မပြောင်းတော့ဘူး ၊ ဒီမှာပဲ အစွမ်းကုန် ပေးဆပ် ကစားတော့မယ် ဆိုတာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဆက်လက်ပြီး ရိုက်စ် က အသက် ၁၄ နှစ် အရွယ် မှာကတည်း က ချယ်လ်ဆီး အသင်း ဟာ ၄င်းကို ထုတ်ပယ် ခဲ့တဲ့ အတွက် အခုအချိန် မှာ သူတို့ ကောင်းကောင်း နောင်တ ရနေလောက်မှာ ဖြစ်ကြောင်း ဖွင့်ဟ ခဲ့ပါတယ် ။

ရိုက်စ် က ” ကျွန်တော့ ကို မထုတ်ခင် မှာ ချယ်လ်ဆီး အသင်း ဟာ ကျွန်တော့ အဖေ ကို လှမ်းပြီး ဖုန်းဆက် အကြောင်းကြား ခဲ့ပါတယ် ။ အဲ့ဒီတုန်း က ကျွန်တော့ ကို စာချုပ်သစ် ကမ်းလှမ်းဖို့ ဖုန်းဆက်တယ် ပဲ ထင်ခဲ့တာပါ ။ နောက်မှ ကျွန်တော့ ကို အသင်း ကနေ ထုတ်ပယ်လိုက်ပြီ ဆိုတဲ့ အကြောင်း အဖေ့ ဆီက ကြားခဲ့ရတော့ ကျွန်တော် အတော်လေး ကို စိတ်ပျက် ခဲ့ရပါတယ် ။ ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း ပရိသတ် တယောက် အနေနဲ့ ကြီးပြင်း လာခဲ့တာပါ ။ ကျွန်တော့ ရဲ့ ငယ်ဘဝ က ဒီ အကြောင်း တွေပါပဲ ။ ”

” အဲ့ဒီ အချိန်တုန်း ကတည်းက ချယ်လ်ဆီး အသင်း ကျွန်တော့ ကို ထုတ်ပယ် ခဲ့တာ မှှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ် ဆိုတာ ကျွန်တော် သိနေခဲ့ပါတယ် ။ အဲ့ဒီတော့ သူတို့ကို ကျွန်တော် သက်သေ ပြနိုင်ဖို့ ကြိုးစား ခဲ့ပါတယ် ။ အခုတော့ သူတို့ဟာ ကျွန်တော့ ကို ပြန်ပြီး စိတ်ဝင်စား နေကြပါပြီ ။ နောက်ပြီး ကျွန်တော့ ကို ထုတ်ပယ် ခဲ့တာနဲ့ ပတ်သက်ပြီး ‘ ငါတို့ လုပ်ရပ် မှားခဲ့တယ် ‘ လို့ တွေးကောင်း တွေးနေပါလိမ့်မယ် ။ ”

” ဒါပေမယ့် အခု အချိန် မှာ ဒီ အကြောင်းတွေ က အရေးမကြီးတော့ပါဘူး ။ ကျွန်တော် ဟာ အလုပ် ကြိုးစား နေတယ် ၊ ဝက်စ်ဟမ်း အသင်း အတွက် ကစား ပေးနေတယ် ၊ ဒီ အသင်း မှာ ကျွန်တော် ဟာ ပိုကောင်းတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ် ။ ကျွန်တော့ မိသားစု ဆိုရင် ချယ်လ်ဆီး ပွဲစဉ် တွေကို အားမပေး ဖြစ်တာ ၃နှစ် လောက် ရှိပါပြီ ။ အိမ်ကွင်း ပွဲစဉ် ပဲ ဖြစ်ဖြစ် ၊ အဝေးကွင်း ပွဲစဉ် ပဲ ဖြစ်ဖြစ် ကျွန်တော် တို့ အားလုံးရဲ့ စိတ်ထဲမှာ ဝက်စ်ဟမ်း ပဲ ရှိပါတော့တယ် ။ ဒီ အသင်း ဟာ ကျွန်တော့ အတွက် စပါယ်ရှယ် အသင်း ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR