အာဆင္နယ္ အသင္းဟာ ၂၀၁၉-၂၀၂၀ ခုႏွစ္အတြက္ ယူရိုပါလိဂ္ လူစာရင္း ၂၅ ဦးကို ထုတ္ျပန္​ ေၾကညာလိုက္ၿပီး အသက္ ၁၇ ႏွစ္ အရြယ္သာ ရွိေသးတဲ့ လူငယ္ ဘယ္ေနာက္ခံ ကစားသမားေလး ဂ်ိိုရယ္ လိုပက္ဇ္ အံအားသင့္ဖြယ္ ပါဝင္ လာခဲ့ပါတယ္ ။

ေဂ်လို လို႔ နာမည္ေျပာင္ရထားတဲ့ ဂ်ိဳရယ္ လိုပက္ဇ္ ဆိုတဲ့ လူငယ္ ကစားသမားေလးဟာ ဘာစီလိုနာရဲ့နာမည္ေက်ာ္ လာမာစီယာ အကယ္ဒမီထြက္ ကစားသမား တစ္ဦး ျဖစ္ၿပီး ၊ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရႊ႕ကမွ အာဆင္နယ္ အသင္းကို ​ေရာက္ရွိ လာတာပါ ။

ဘာစီလိုနာ အသင္းဟာ ေဂ်လို လို အရည္အေသြးေကာင္းေတြရွိတဲ့ လူငယ္ ကစားသမားေလးကို အသင္းမွာ ဆက္လက္ ထိန္းသိမ္း ထားခ်င္ေပမယ့္ မီရန္ဒါ ရွိေနတာေၾကာင့္ ထြက္ခြာခြင့္ ျပဳလိုက္ရတာလည္း ျဖစ္ပါတယ္ ။

ေဂ်လို ကို ေခၚယူဖို႔ လီဗာပူး အသင္းကလည္း ႀကိဳးမ္း ခဲ့ေပမယ့္ အာဆင္နယ္ အသင္းက စေကာလား
ရွစ္ေပးၿပီး လက္ဦးမွု ရယူကာ ေခၚယူ နိုင္ခဲ့ပါတယ္ ။ ဒီႏွစ္ ေမလ ၁၇ ရက္ေန႔ မွာေတာ့ ေဂ်လို ဟာ အာဆင္နယ္ အသင္းနဲ႔ ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ကို ခ်ဳပ္ဆို ခဲ့ပါတယ္။

စပိန္ ယူ-၁၇ လက္ေရြးစင္ ေဂ်လို ဟာ မာတီဆက္ကာရဲဲ့ အကယ္ဒမီမွာ ေျခစြမ္းၿပ ကစားနိုင္တာေၾကာင့္ နည္းၿပ အမ္မရီက ယူရိုပါလိဂ္ လူစာရင္းမွာ ထည့္သြင္း ေခၚေဆာင္ ခဲ့တာလည္း ျဖစ္ပါတယ္ ။

အသက္ ၁၇ ႏွစ္ အရြယ္သာ ရွိေသးတဲ့ ေဂ်လို ဟာ ေဂ်ာ္ဒီ အယ္ဘာ နဲ႔ ကစားေပါက္ နဲ႔ ဆင္တူတယ့္ လူငယ္ ကစားသမား တစ္ဦးပါ ။ ဘာစီလိုနာ သတင္းေထာက္ အယ္ဘတ္ ရိုဂီ ကေတာ့ ေဂ်လို တိုက္စစ္ေကာ ခံစစ္ေကာ ေကာင္းေကာင္းလိုက္ပါကစားနိုင္တဲ့သူ ျဖစ္ေၾကာင္း ခ်ီးက်ဴး ထားပါတယ္။

ရိုဂီ က မႏွစ္က Football London နဲ႔ အင္တာဗ်ဴးမွာ ” ဂ်ိဳရယ္ က အလားအလာေကာင္းေတြ အမ်ားႀကီး ရွိတဲ့ လူငယ္ ကစားသမား တစ္ဦးပါ ။ တိုက္စစ္ လိုက္ပါရတာ အားသန္တဲ့ ကစားသမား တစ္ဦး ျဖစ္ၿပီး ပင္နယ္တီ ဧရိယာ အတြင္းအထိ ေမြေႏွာက္ ကစားနိုင္သူပါ ။ ”

” ေနာက္ၿပီး ျမန္လည္း ျမန္တာေၾကာင့္ သူ အမွားလုပ္မိရင္ေတာင္ ခံစစ္ကို အခ်ိန္မွီ ျပန္ဆင္း နိုင္စြမ္း ရွိပါတယ္ ။ နည္းၿပ အႀကိဳက္ေတြ႕မယ့္ ကစားသမား တစ္ဦးပါ၊ ကြင္းတြင္း ကြင္းျပင္ပ အေျပာအဆို အျပဳအမွု ဆင္ဆင္ျခင္ျခင္ ေနတတ္ၿပီး ဆက္ဆံေရး ေကာင္းမြန္သူပါ ။ ” လို႔ ေျပာၾကားထားဖူးပါတယ္။

ေဂ်လို တစ္ေယာက္ သူ႔ရဲ့ စီနီယာ ကစားသမား ႏွစ္ဦး ျဖစ္တဲ့ ဖာဘရီဂက္စ္ ၊ ဘယ္လာရင္ တို႔ရဲ့ ေျခရာကို လိုက္နင္းလိုက္မလား ဆိုတာ စိတ္ဝင္စားဖြယ္ ေစာင့္ၾကည့္ရမွာလည္း ျဖစ္ပါတယ္ ။

SPORTS MYANMAR

Unicode

အာဆင်နယ် အသင်းရဲ့ ယူရိုပါလိဂ် လူစာရင်းမှာ အံ့အားသင့်ဖွယ် ပါဝင်လာခဲ့တဲ့ လာမာစီယာထွက် ဂျေလို (သို့မဟုတ်) ဂျော်ဒီအယ်ဘာ ၂.၀
==================================

အာဆင်နယ် အသင်းဟာ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် ယူရိုပါလိဂ် လူစာရင်း ၂၅ ဦးကို ထုတ်ပြန်​ ကြေညာလိုက်ပြီး အသက် ၁၇ နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ် ဘယ်နောက်ခံ ကစားသမားလေး ဂျိိုရယ် လိုပက်ဇ် အံအားသင့်ဖွယ် ပါဝင် လာခဲ့ပါတယ် ။

ဂျေလို လို့ နာမည်ပြောင်ရထားတဲ့ ဂျိုရယ် လိုပက်ဇ် ဆိုတဲ့ လူငယ် ကစားသမားလေးဟာ ဘာစီလိုနာရဲ့နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်ပြီး ၊ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ အာဆင်နယ် အသင်းကို ​ရောက်ရှိ လာတာပါ ။

ဘာစီလိုနာ အသင်းဟာ ဂျေလို လို အရည်အသွေးကောင်းတွေရှိတဲ့ လူငယ် ကစားသမားလေးကို အသင်းမှာ ဆက်လက် ထိန်းသိမ်း ထားချင်ပေမယ့် မီရန်ဒါ ရှိနေတာကြောင့် ထွက်ခွာခွင့် ပြုလိုက်ရတာလည်း ဖြစ်ပါတယ် ။

ဂျေလို ကို ခေါ်ယူဖို့ လီဗာပူး အသင်းကလည်း ကြိုးမ်း ခဲ့ပေမယ့် အာဆင်နယ် အသင်းက စကောလား
ရှစ်ပေးပြီး လက်ဦးမှု ရယူကာ ခေါ်ယူ နိုင်ခဲ့ပါတယ် ။ ဒီနှစ် မေလ ၁၇ ရက်နေ့ မှာတော့ ဂျေလို ဟာ အာဆင်နယ် အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ကို ချုပ်ဆို ခဲ့ပါတယ်။

စပိန် ယူ-၁၇ လက်ရွေးစင် ဂျေလို ဟာ မာတီဆက်ကာရဲဲ့ အကယ်ဒမီမှာ ခြေစွမ်းပြ ကစားနိုင်တာကြောင့် နည်းပြ အမ်မရီက ယူရိုပါလိဂ် လူစာရင်းမှာ ထည့်သွင်း ခေါ်ဆောင် ခဲ့တာလည်း ဖြစ်ပါတယ် ။

အသက် ၁၇ နှစ် အရွယ်သာ ရှိသေးတဲ့ ဂျေလို ဟာ ဂျော်ဒီ အယ်ဘာ နဲ့ ကစားပေါက် နဲ့ ဆင်တူတယ့် လူငယ် ကစားသမား တစ်ဦးပါ ။ ဘာစီလိုနာ သတင်းထောက် အယ်ဘတ် ရိုဂီ ကတော့ ဂျေလို တိုက်စစ်ကော ခံစစ်ကော ကောင်းကောင်းလိုက်ပါကစားနိုင်တဲ့သူ ဖြစ်ကြောင်း ချီးကျူး ထားပါတယ်။

ရိုဂီ က မနှစ်က Football London နဲ့ အင်တာဗျူးမှာ ” ဂျိုရယ် က အလားအလာကောင်းတွေ အများကြီး ရှိတဲ့ လူငယ် ကစားသမား တစ်ဦးပါ ။ တိုက်စစ် လိုက်ပါရတာ အားသန်တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ပင်နယ်တီ ဧရိယာ အတွင်းအထိ မွေနှောက် ကစားနိုင်သူပါ ။ ”

” နောက်ပြီး မြန်လည်း မြန်တာကြောင့် သူ အမှားလုပ်မိရင်တောင် ခံစစ်ကို အချိန်မှီ ပြန်ဆင်း နိုင်စွမ်း ရှိပါတယ် ။ နည်းပြ အကြိုက်တွေ့မယ့် ကစားသမား တစ်ဦးပါ၊ ကွင်းတွင်း ကွင်းပြင်ပ အပြောအဆို အပြုအမှု ဆင်ဆင်ခြင်ခြင် နေတတ်ပြီး ဆက်ဆံရေး ကောင်းမွန်သူပါ ။ ” လို့ ပြောကြားထားဖူးပါတယ်။

ဂျေလို တစ်ယောက် သူ့ရဲ့ စီနီယာ ကစားသမား နှစ်ဦး ဖြစ်တဲ့ ဖာဘရီဂက်စ် ၊ ဘယ်လာရင် တို့ရဲ့ ခြေရာကို လိုက်နင်းလိုက်မလား ဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR