ဂရာနာဒါ အသင်း ရဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်သူ ဆိုးလ်ဒါဒို က လာလီဂါ မှာ စပိန် လက်ရွေးစင် ကစားသမား ဟောင်း ဖြစ်သူ ဘာစီလိုနာ ဂန္ဓဝင် နောက်ခံလူ ပူးယိုးလ် ကို ရင်ဆိုင် ရခြင်း က တစ်ကယ့် ကို အခက်ခဲ ဆုံး အရာ ဖြစ်ခဲ့ ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ တိုက်စစ် မှူးဟောင် ဖြစ်သူ ဆိုလ်ဒါဒို ဟာ ကစားသမား ဘဝ ကို ဂီတာဖေး ၊ ရီးယဲ မက်ဒရစ် ၊ ဗလန်စီယာ ၊ အိုဆာဆူနာ နဲ့ ဗီလာ ရီးယဲ အသင်း တွေမှာ ဖြတ်သန်း ခဲ့ ဖူးတာ ကြောင့် ဘာစီလိုနာ အသင်း ရဲ့ ဂန္ဓဝင် ပူးယိုးလ် ကို ပြိုင်ဖက် အဖြစ် အကြိမ် ပေါင်း များစွာ ရင်ဆိုင် ခဲ့ ဖူးသူ တစ်ဦး ပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် လက်ရှိ အသက် 34 နှစ် အရွယ် ရှိ နေပြီ ဖြစ်တဲ့ ဂရာနာဒါ အသင်း ရဲ့ တိုက်စစ် မှူးက ပူးယိုးလ် ကို ရင်ဆိုင် ရ ဘယ်လောက် ခက်ခဲ သလဲ ဆိုတဲ့ အကြောင်း နဲ့ ပတ်သက် လို့ ‘ သူနဲ့ ရင်ဆိုင် ကစား ရခြင်း ဆိုတာ စစ်ပွဲ တစ်ခု ကို တိုက် နေရ သလို ပါပဲ ‘ ဆိုပြီး အထူး အမွှမ်းတင် ပြောကြား ခဲ့တာ ပဲ ဖြစ် ပါတယ် ။

” ကျွန်တော့် ကို ကစားသမား ဘဝ အတွင်း အများဆုံး ခံစား ရအောင် လုပ်ဆောင် နေ ခဲ့တဲ့ သူ တစ်ဦး က ပူးယိုးလ် ပါပဲ လို့ ကျွန်တော် ပြောချင် ပါတယ် ”

” ကျွန်တော့် အတွက် ကတော့ ပူးယိုးလ် နဲ့ ရင်ဆိုင် ကစား ရတယ် ဆိုတာ စစ်ပွဲ တစ်ခု တိုက်နေ ရ သလို ခံစား ခဲ့ရ ပါတယ် ။ အဲ့ဒီ တုန်းက သူဟာ တစ်ကယ့် ကို ရန်လိုမှု အပြည့် နဲ့ တွန်းတွန်း တိုက်တိုက် ကစား တဲ့သူ ဖြစ်ခဲ့ တယ်လေ ။ တစ်ကယ့် ကို ခက်ခဲ တဲ့သူ တစ်ဦး ပါပဲ ”

” အဲ့တာ ပြီးတော့ သူဟာ ဒိုင်ကို အများဆုံး စောဒက တက်လေ့ ရှိတဲ့ သူ တစ်ဦး လည်း ဖြစ်ခဲ့ ပါ သေးတယ် ။ ဒါပေမယ့် သူနဲ့ အမြဲလို ကောင်းမွန် လှတဲ့ ပြိုင်ဆိုင် မှုပဲ ကျွန်တော် တို့ ရှိခဲ့ကြ ပါတယ် ။ သူဟာ ကျွန်တော့် အတွက် တော့ အခက် ခဲဆုံး စစ်ပွဲ တွေကို ဖန်တီး ပေးခဲ့ သူ ပါပဲ ” လို့ ဆိုလ်ဒါဒို က ဖွင့်ဟ သွားခဲ့ ပါတယ် ။

ဆိုလ်ဒါဒို ဟာ တော့တင်ဟမ် ဟော့ စပါး အသင်း အတွက် ကစား ပေးခဲ့ စဉ် တုန်းက ပရီးမီးယား လိဂ်မှာ 7 ဂိုးသာ သွင်းယူ နိုင်ခဲ့ ပြီး ခြေစွမ်း ကောင်း ပြသ နိုင်ဖို့ ရုန်းကန် ခဲ့ရ ပေမယ့် အင်္ဂလန် မြေမှာ ကစား ခဲ့ခြင်း က တိုက်စစ်မှူး တစ်ဦး အဖြစ် သူ့ကို ပြောင်းလဲ တိုးတက် စေဖို့ အရေးပါတဲ့ အရာ ဖြစ်ခဲ့ ကြောင်း ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

” နှစ်တွေ တော်တော် များများ ဟာ ကုန်ဆုံး သွားခဲ့ ပါပြီ ။ ကျွန်တော် အင်္ဂလန် မှာ ရှိနေ ခဲ့စဉ် တုန်းက အချိန် ဟာ ကျွန်တော့် ရဲ့ ကစားပုံ တွေကို ပြောင်းလဲ သွား စေခဲ့ ပါတယ် ။ အဲ့ဒီ မတိုင်ခင် တုန်းက ကျွန်တော် ဟာ ဧရိယာ အတွင်း မှာပဲ ဘောလုံး စောင့်နေ တက်တဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ ပြီး ပွဲစဉ် အတွင်း ပါဝင် ပတ်သက်လေ့ နည်းပါး ခဲ့ ပါတယ် ”

” အင်္ဂလန် ကို ရောက်ရှိ ခဲ့တဲ့ နောက်တော့ ကျွန်တော် ဟာ အနည်းငယ် ပြောင်းလဲ သွားခဲ့ ရ ပါတယ် ။ ကျွန်တော် အသင်း လိုက် ကစားပုံ နဲ့ ကစား ခဲ့ ပါတယ် ။ ဂရာနာဒါ က ကျွန်တော့် ကို ဂိုးတွေ သွင်းယူ ခေါ်ယူ ခဲ့တာ ပါ ။ ဒါ့ကြောင့် ကျွန်တော် က ဂိုးတွေ များများ သွင်းယူ နိုင်ဖို့ အတွက် စွမ်းနိုင် သမျှ အကုန် လုပ်ဆောင် သွားမှာ ပါ ”

” အခြား လိဂ် တစ်ခု မှာ နှစ်နှစ် လောက် ကစား ခဲ့တဲ့ နောက် ကျွန်တော် ကမ္ဘာ့ အကောင်းဆုံး လိဂ် ဖြစ်တဲ့ လာလီဂါ ကို ပြန်လာ ခဲ့ ရတဲ့ အတွက် အရမ်း ပဲ ပျော်ရွှင် မိ ပါတယ် ။ ကျွန်တော် အခု ဒီလိဂ် မှာ အသားကျအောင် ကစား နေနိုင်ခဲ့ ပါပြီ ” လို့ ဆိုလ်ဒါဒို က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar