pogba

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ် က လက်ရှိ အသင်း ရဲ့ အဓိက ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ အပေါ် ဝေဖန် မှုတွေ မလုပ်ပဲ သူဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်တယ် ဆိုတာ ခြေစွမ်း တွေနဲ့ သက်သေ ပြဖို့ လိုအပ် ပြီ ဖြစ်ကြောင်း စိန်ခေါ် စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

” ပေါလ် ပေါ့ဂ်ဘာ အနေ နဲ့ သူ အသင်းကြီး တစ်သင်း ရဲ့ ထိပိတန်း ကစားသမား တစ်ဦး ဖြစ်တယ် ဆိုတာ ကို စိတ်ထဲ စွဲနေအောင် မှတ်ထား ရပါ တော့မယ် ။ သူဟာ ကမ္ဘာ့ ဖလား ကို ဆွတ်ခူး ထားနိုင် ခဲ့တဲ့ ကစားသမား တစ်ဦး ပါ ။ ဒါဟာ လူတွေက ပြောကြ တဲ့ ဖြည့်စွက်ချက် တစ်ခု ပါပဲ ”

” ဝုလ်ဗ် နဲ့ ပွဲစဉ် တုန်းက ပေါ့ဂ်ဘာ အသင်း အတွက် ပင်နယ်တီ လွဲချော် ခဲ့တာ ကို ကြည့်ပြီး ကျွန်တော် အထူး ဝေဖန် ခဲ့ပါ သေးတယ် ။ ကျွန်တော် ဟာ ရွိုင်ကိန်း ဒါမှမဟုတ် ဒေးဗစ် ဘက်ခမ်း ဒါမှမဟုတ် ဝိန်း ရွန်းနီ တို့ ပင်နယ်တီ လွဲချော် ခဲ့တုန် ဝေဖန် ခံခဲ့ ရတာ နဲ့ နှိုင်းယှဉ်ပြီး ခြားနားချက် ရှိတယ် လို့ မတွေ့ ခဲ့ရ ပါဘူး ”

” အကောင်းဆုံး ကစားသမား ၊ ဦးဆောင်သူ ခေါင်းဆောင် ကောင်း တစ်ယောက် ဆိုတာ အမှား တွေ ကျူးလွန် တဲ့ အချိန် မှာ ကွင်းထဲ မားမား မတ်မတ် ရပ်တည် ပြီး ဝေဖန် မှု တွေကို ခံယူ ရ ပါ့မယ် ။ မန်နေဂျာ တွေ နည်းပြ တွေ ဝေဖန်မှု ခံယူ ကြ သလို မျိုးပေါ့ ”

” ရလဒ် တွေ ဆိုးရွား သွားတဲ့ အခါ တွေမှာ လက်ထောက် နည်းပြ က ဝေဖန် မခံ ရဘူး ။ အဲ့ဒီ လိုပဲ ဘယ် တောင်ပံ ၊ ညာ တောင်ပံ ၊ ဘယ် နောက်ခံလူ ၊ ညာ နောက်ခံလူ တွေလည်း ဝေဖန် ခံ ရလေ့ မရှိတက် ပါဘူး ။ တစ်ကယ် တမ်း ဝေဖန် ခံ ရတဲ့ သူက အသင်း ရဲ့ နံပါတ် တစ် ကစားသမား ပါပဲ ။ အဲ့တာ က ဘယ်တော့ မှ ပြောင်းလဲ သွားမှာ မဟုတ် ပါဘူး ”

” ကျွန်တော် ကတော့ ပေါ့ဂ်ဘာ ဆိုတာ ကြီးကျယ် တဲ့ ကောင်လေး တစ်ယောက် ဖြစ်တယ် ဆိုတဲ့ အကြောင်း အခြား လူတွေ ကို ပြောဖြစ် ပါတယ် ။ သူဟာ လေ့ကျင့်ရေး တွေ ကောင်းမွန်စွာ လုပ်ဆောင် သလို လူကောင်း တစ်ယောက် လည် ဖြစ်တယ် ဆိုတဲ့ အကြောင်း တွေရော ပေါ့ ”

” သူ ကလေး တစ်ယောက် အဖြစ် ရှိနေ ကတည်းက ကျွန်တော် ကလပ် မှာ သူ့ကို သိ ခဲ့တယ် လေ ။ ဒါ့ကြောင့် လူတွေ က သူ့ကို ဝေဖန် ကြတဲ့ အခါ မှာ ၊ ဖိအား ပေး ကြတဲ့ အခါ တွေမှာ ဘာကြောင့် လဲ ဆိုတာ ကျွန်တော် တို့ သိကြ ပါတယ် ။ သူဟာ အသင်း ရဲ့ အကောင်းဆုံး ကစားသမား မို့လို့ လေ ”

pogba

” သူဟာ အခုတော့ 80′ ခုနှစ် လောက်က ယူနိုက်တက် ရဲ့ ဘရိုင်ယန် ရော့ဘ်ဆင် ပါပဲ ။ ယူနိုက်တက် တို့ အခက်အခဲ ကြား ရောက်ရှိ နေခဲ့ ကြတဲ့ အချိန် ဘရိုင်ယန် ရော့ဘ်ဆင် ကိုပဲ လူတွေ က ဖိအား ပေးခဲ့ ကြတယ် လေ ။ အခုလည်း အဲ့ဒီလို ပါပဲ ။ အရာရာ တိုင်းက ပေါ့ဂ်ဘာ အပေါ် သက်ရောက် နေရ ပါပြီ ”

” ဒါပေမယ့် အခု ဖိအား တွေက သူ လိုချင် တဲ့ ဖိအား တွေပါ ။ သူဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်ချင်တဲ့ ဆန္ဒတွေ ရှိနေ ခဲ့တယ် လေ ။ အဲ့တော့ အခု သွားပါ ၊ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်တယ် ဆိုတာ ကို ကွင်းထဲ မှာ သက်သေ ပြလိုက် ပါတော့ ”

” အတွေ့ အကြုံ နည်းတဲ့ ၊ ဘယ်လို အလုပ် လုပ်ရ မလဲ ဆိုတာ အသေအချာ မသိရှိ ထားတဲ့ လူငယ် ကစားသမား တွေနဲ့ ဖွဲ့စည်း ထားတဲ့ အသင်း ကို နေရာ တစ်ခု ဆီ ဦးဆောင် သွားဖို့ လုပ်ဆောင် ရပါ တော့မယ် ။ ကွင်းထဲ မှာ ဦးဆောင်သူ တွေနဲ့ အမူအကျင့် ကောင်းတဲ့ သူတွေ လိုအပ် နေ ပါတယ် ”

” ပြီးခဲ့တဲ့ နှစ်ပါတ် လောက်က ပဲ ကျွန်တော် ပြောခဲ့ ပါ သေးတယ် ။ သူ့ကို သူ တစ်နှစ်တာ အကောင်းဆုံး ကစားသမား တစ်ယောက် အဖြစ် တွေးနေမယ် ဆိုရင် ဘယ်လောက် တောင် ကောင်းလိုက် မလဲ ဆိုတဲ့ အကြောင်း ကိုပေါ့ ”

” အဲ့တာ ကို လုပ်နိုင် ဖို့ သူ ဘာတွေ လိုအပ် နေ သလဲ ? ဒီအတွက် ယူနိုက်တက် ကို ချန်ပီယံ လိဂ် ပြိုင်ပွဲ ဆီ ပြန်လည် ခေါ်ဆောင် သွားဖို့ ၊ ယူရိုပါလိဂ် ဖလား ဆွတ်ခူး နိုင်ဖို့ နဲ့ အသင်း ကို ဦးဆောင် မှုတွေ ပြုလုပ် သွားဖို့ အထူး လိုအပ် ပါတယ် ”

” ငါ အသင်း မှာ 12 လ ဆက်ပြီး နေရ တော့မယ် ၊ ဒါဟာ ငါ့ရဲ့ တာဝန် တွေပဲ လို့ ခံယူ လိုက်ပါ ။ အဲ့ဒီလို ခံယူချက်နဲ့ ကြိုးစား အားထုတ် သွားမယ် ဆိုရင် ခင်ဗျား ဟာ ခင်ဗျား ဟာ လိဂ်ရဲ့ အကောင်းဆုံး ကစားသမား တစ်ယောက် ၊ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်လာ နိုင်ပါ လိမ့်မယ် ”

” ကျွန်တော် ပေါ့ဂ်ဘာ ဆီက လိုချင် နေတာ အဲ့တာ ပါပဲ ။ သူဟာ ဒါကို လုပ်နိုင် လိမ့်မယ် လို့ ကျွန်တော် ယုံကြည် နေတယ် လေ ။ အဲ့လို ထင်မှတ် ထားတဲ့ အချိန် မှာ ဝုလ်ဗ် နဲ့ ကစား တဲ့နေ့ တုန်းက လို မထင်မှတ် တာတွေ တွေ့လိုက် ရတယ် ။ အဲ့တာ က ကျွန်တော့် ကို စိတ်ပျက် စေခဲ့ ပါတယ် ။ အဲ့ဒီ အတွက် သူဟာ ဝေဖန် မှုတော့ ခံသွား ရမှာ ပါပဲ ” လို့ နဗီးလ် က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar