ဘောလုံး ၀ါသနာရှင် တို့ နှစ်သက် စွဲလမ်းရာ ဘောလုံး ဂိမ်း တစ်ခု ဖြစ်တဲ့ FIFA 20 က တော့ လာမယ့် စက်တင်ဘာ ၂၄ ရက်နေ့ မှာ စတင် ဖြန့်ချီ တော့မှာ ဖြစ်တယ် လို့ ကြေညာ သွားခဲ့ ပြီပဲ ဖြစ်ပါတယ် ။ ယခု နှစ် ဂိမ်း မှာတော့ Career နဲ့ Ultimate Team mode တွေ မှာ ကြီးမားတဲ့ အပြောင်း အလဲ တွေ ပြုလုပ် ထားခဲ့ သလို လုံးဝ အသစ် ဖြစ်တဲ့ ‘Volta’ game mode ကိုလည်း ထည့်သွင်း ပေးထား ခဲ့ ပါတယ် ။

လက်ရှိ အချိန် မှာ တော့ ကံကောင်းတဲ့ ၀ါသနာရှင် အချို့ ဟာ အစမ်း version ကို မြည်းစမ်းခွင့် ရရှိ နေပြီ ဖြစ်ကာ သုံးသပ် မှုတွေ ပြုလုပ် နေကြပြီ ဖြစ်ပါတယ် ။ ဖီဖာ ရဲ့ အမာခံ ပရိသတ်တွေ ကတော့ ပြက္ခဒိန် က စက်တင်ဘာ ၂၄ ဆိုတဲ့ အကွက် လေး ကို မှတ်သား ထားပြီး လောက်ပါပြီ ။

ဘောလုံး ဂိမ်း တစ်ခု ထွက်လာ တိုင်း မှာ ပရိသတ်တွေ စိတ်ဝင် စား မှု အရှိ ဆုံး က တော့ ဘယ် ကစား သမား က Rating အကောင်း ဆုံး လဲ ဆိုတာ ပါပဲ ။ ဒီနှစ် မှာတော့ ဘာစီလိုနာ တိုက်စစ် မှုး လီယွန်နယ် မက်ဆီ ဟာ ယူဗင်တပ် တိုက်စစ်မှုး ခရစ္စတီယာနို ရိုနယ်ဒို ကို အသာ ရပြီး FIFA 20 ရဲ့ အကောင်းဆုံး ကစား သမား ဖြစ်လာ ခဲ့တယ် လို့ ပေါက်ကြား သတင်းတွေ အရ သိရှိရ ပါတယ် ။

မက်ဆီ နဲ့ ရိုနယ်ဒိုတို့ ဟာ ဖီဖာ ရဲ့ အကောင်းဆုံး ကစား သမား နေရာ ကို ပူးတွဲ ရယူ ထားခဲ့ ပေမယ့် ယခု နှစ် မှာတော့ ရိုနယ်ဒို ဟာ မက်ဆီ ထက် Overall Rating တစ်ဆင့် နိမ့်သွားခဲ့ ပြီး ဒုတိယ အကောင်းဆုံး အဖြစ် နဲ့ သာ ရပ်တည် နိုင်ခဲ့ ပါတယ် ။

လီဗာပူး နဲ့ ချန်ပီယံ လိဂ် ဖလား ဆွတ်ခူး ခဲ့တဲ့ နောက်ခံလူ ဗာဂျယ် ဗန်ဒိုက် ရဲ့ Rating ဟာလည်း ၉၀ အထိ တက်လာခဲ့ ပြီး ခံစစ် သမားတွေ အနက် အဆင့် အများဆုံး ဖြစ်လာ ခဲ့ ပါတယ် ။ မန်ချက်စတာ စီးတီး ရဲ့ ဖလား ၄ လုံး အောင်ပွဲ မှာ အဓိက ကျခဲ့တဲ့ အင်္ဂလန် တောင်ပံ ကစား သမား စတာလင် ဟာ လည်း Overall Rating 88 အထိ တက်လာခဲ့ ပြီး အကောင်းဆုံး ၂၀ ထဲ ကို ၀င်လာ နိုင် ခဲ့ ပါတယ် ။

ဂိုး သမား ကဏ္ဍ မှာတော့ ချန်ပီယံ လိဂ် အောင်ပွဲရှင် အဲလစ်ဆွန် ဘက်ကာ ဟာ Rating 90 ရရှိ ခဲ့ပြီး ဘာစီလိုနာ ဂိုး သမား စတီဂျန် နဲ့ အဆင့်တူ အနေ အထားမှာ ရှိခဲ့ ပါတယ် ။ ဒါပေမယ့် ဂိုး သမားတွေ အနက် Rating အမြင့်ဆုံး ရရှိ ခဲ့သူ ကတော့ အသက်လက်တိကို မက်ဒရစ် ဂိုး သမား အိုဘလက် ဖြစ်ပြီး ၉၁ အထိ သတ်မှတ် ပေးခြင်း ခံခဲ့ရ ပါတယ် ။

ချဲလ်ဆီး နဲ့ ယူရိုပါလိဂ် ကို ရယူပေး ခဲ့ပြီး ရီးရဲ မက်ဒရစ် ကို ပြောင်းရွှေ့ ခဲ့တဲ့ အီဒင် ဟာဇက် ဟာ ထိပ်ဆုံး ၅ ဦး ထဲ ကို ၀င်နိုင် ခဲ့သလို ဒဏ်ရာ ကြောင့် ရာသီဝက် နီးပါး နားခဲ့ရ ပေမယ့် ဘရာဇီး စတား နေမာ ဟာ ရိုနယ်ဒို ၊ မက်ဆီ တို့ အပြီး တတိယ Rating အကောင်းဆုံး ကစား သမား အဖြစ် ရပ်တည် နိုင် ခဲ့ ပါတယ် ။

FIFA 20 ဂိမ်း ရဲ့ Rating အကောင်းဆုံး ကစား သမား ၂၀ –

၂၀ ။ တိုနီ ကရူးစ် – ၈၈
၁၉ ။ ပေါလ် ပေါ့ဘာ – ၈၈
၁၈ ။ အဲရစ်ဆင် – ၈၈
၁၇ ။ ဆာနေး – ၈၈

၁၆ ။ မာနေး – ၈၈
၁၅ ။ စတာတင် – ၈၈
၁၄ ။ ဒီဂီယာ – ၈၉
၁၃ ။ ရာမိုစ့် – ၈၉
၁၂ ။ ဆွာရက် – ၈၉

၁၁ ။ ဂရစ်ဇ်မန်း – ၈၉
၁၀ ။ တာ စတီဂျန် – ၉၀
၉ ။ အဲလစ်ဆွန် ဘက်ကာ – ၉၀
၈ ။ မိုဒရစ် – ၉၀

၇ ။ ဗာဂျယ် ဗန်ဒိုက် – ၉၀
၆ ။ မိုဟာမက် ဆာလာ – ၉၀
၅ ။ အိုဘလက် – ၉၁
၎ ။ အီဒင် ဟာဇက် – ၉၁

၃ ။ နေမာ – ၉၂
၂ ။ ခရစ္စတီယာနို ရိုနယ်ဒို – ၉၃
၁ ။ လီယွန်နယ် မက်ဆီ – ၉၄ တို့ ပဲ ဖြစ်ကြပါတယ် ။

SPORTS MYANMAR