မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နောက်ခံလူ မားကို့စ် ရိုဟို က အပြောင်း အရွှေ့ နောက်ဆုံး ရက်မှာ အဲဗာတန် အသင်း ဆီ ပြောင်းရွှေ့ လိုခဲ့ ပေမယ့် နောက်ဆုံး မိနစ် မှ ပျက်ပြယ် သွားခဲ့ ရကြောင်း ၊ အကယ်လို့ လုံလောက် တဲ့ ပွဲထွက် ကစား ခွင့် မိနစ် တွေ မရရှိ ပါက ဇန်နဝါရီ မှာ အသင်း ပြောင်းသွားမှာ ဖြစ်ကြောင်း သူ့ရဲ့ ဆန္ဒ တွေကို အတိအလင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒီနွေ အတွင်း ယူနိုက်တက် တို့ လက်စတာ စီးတီး အသင်း မှ နောက်ခံလူ ဟယ်ရီ မက်ဂွားယားကို ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ ကြေးနဲ့ ခေါ်ယူ သွားခဲ့တဲ့ နောက် ရိုဟို ဟာ ပွဲထွက် ကစား ခွင့်တွေ ရရှိ နိုင်ဖို့ ယခင် တုန်းက ထက် ပိုပြီး ရုန်းကန် နေခဲ့ ရ ပါတယ် ။

ဒါ့အပြင် အခြား နောက်ခံလူ တစ်ဦး ဖြစ်တဲ့ စမောလင်း ဟာ ရိုးမား အသင်း ဆီ အငှား ရောက်ရှိ သွားတဲ့ နောက် အသင်း ရဲ့ ခံစစ် နေရာ မှာ ကွက်လပ် တစ်ခု ဖြစ်ခဲ့ ပေမယ့် ရိုဟို ဟာ လင်ဒီလော့ဖ် ၊ မက်ဂွားယား ၊ ဖီးလ် ဂျုံးစ် ၊ တွမ်ဇီဘီ ၊ အဲရစ် ဘိုင်လီ တို့နဲ့ ပွဲထွက် ခွင့် တစ် နေရာ အတွက် ဆက်လက် ပြိုင်ဆိုင် ရဖို့ ရှိနေ ပါတယ် ။

လက်ရှိ အနေအထား တွေ အရ တော့ ယူနိုက်တက် ရဲ့ ဗဟို ခံစစ် နေရာ အတွက် မက်ဂွားယား နဲ့ လင်ဒီလော့ဖ် တို့သာ နံပါတ် တစ် အဖြစ် ရှိနေ ကြတာ ကြောင့် ရိုဟို ဟာ ပွဲထွက် ကစား ခွင့်တွေ ပျောက်ဆုံး နိုင်ဖွယ် ရှိ နေတဲ့ အတွက် အခွင့် အရေးတွေ မရ နိုင်ခဲ့ ပါက အသင်း ပြောင်းမှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

လက်ရှိ အချိန် မှာတော့ သူဟာ လက်ရွေးစင် အသင်း အတွက် ကစား ပေးဖို့ အာဂျင်တီးနား ကို ရောက်ရှိ နေပြီး နည်းပြ စကာလိုနီ နဲ့ စကားတွေ ပြောခဲ့ ကြောင်း ၊ လက်ရွေးစင် အသင်း မှာ နေရာ တစ်ခု ရရှိရေး အတွက် ကလပ် အသင်း မှာ ပွဲထွက် ကစား ခွင့် ရရှိဖို့ အရေး ကြီးတာ ကြောင့် သူဟာ အခုလိုမျိုး ထွက်ခွာ ဖို့ အတွက် ဆုံးဖြတ် ရတော့ မှာ ဖြစ်ကြောင်း ရိုဟို က သူ့ရဲ့ အနေအထား တွေကို ဖွင့်ဟ သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

” ကျွန်တော် စကာလိုနီ နဲ့ တွေ့ဆုံ ခဲ့ ပါတယ် ။ ကျွန်တော် ဟာ ရာသီ ကြို ကစား ခဲ့စဉ် တုန်းက ပွဲ ကစား ချိန်တွေ ရရှိ ခဲ့ပြီး ခြေစွမ်း ကောင်းတွေ ပြသ နိုင်ခဲ့ တဲ့ အတွက် သူ ကျေနပ် ပျော်ရွှင် ကြောင်း ကျွန်တော့် ကို ပြောခဲ့ ပါတယ် ။ ဒါ့ကြောင့် သူဟာ ကျွန်တော် ကို ခေါ်ယူ ခဲ့တာ ဖြစ်ကြောင်း ၊ ဒါပေမယ့် အခွင့် အရေး တွေ ဆက်လက် ရရှိ နိုင်ဖို့ အတွက် ပွဲ ကစား ခွင့် ရရှိ ဖို့ အရေး ကြီးကြောင်း သူ ကျွန်တော့် ကို ဆက်ပြောခဲ့ ပါတယ် ”

” ကျွန်တော့် နိုင်ငံ့ အသင်း အတွက် ကစား ပေးခွင့် ရရှိ နိုင်ဖို့ ဆိုရင် ကျွန်တော် ကစား နေတဲ့ ကလပ် အသင်း မှာ ပွဲထွက် ခွင့် ရရှိ နိုင်မှ ဖြစ်မယ် ဆိုတာ ကျွန်တော် ကောင်းကောင်း သိ ပါတယ် ။ ခင်ဗျား အနေနဲ့ နေရာ တစ်ခု မှာ အမြဲတမ်း ရှိနေ ရ ပါ့မယ် ။ အဲ့တာ ဆိုရင် ခင်ဗျား လက်ရွေးစင် အသင်း မှာ ဘာကြောင့် ရွေးချယ် ခံရ သလဲ ဆိုတာ သိသာ သွားမှာပါ ” လို့ ရိုဟို က ဖွင့်ဟ သွားခဲ့ ပါတယ် ။

အဲ့ဒီနောက် အပြောင်း အရွှေ့ နောက်ဆုံး ရက်မှာ အဲဗာတန် ဆီ ပြောင်းရွှေ့ နိုင်ခွင့် ပျက်ပြယ် သွားခဲ့ တာနဲ့ ပတ်သက် ပြီး …

” ခင်ဗျား ဟာ အခုလို ကြီးမား တဲ့ ကလပ် အသင်း မှာ ရှိနေခွင့် ရရှိ နေမယ် ဆိုရင် အခြား အသင်း ကို ပြောင်းရွှေ့ ဖို့ တစ်ကယ် ပဲ ခက်ခဲ လှ ပါတယ် ။ ကျွန်တော် အဲဗာတန် အသင်း ဆီ ရောက်ရှိ နိုင်ခြေ ရှိခဲ့ ပါတယ် ။ ဒါပေမယ့် ကလပ် ဒါမှ မဟုတ် မန်နေဂျာ ရဲ့ ဆုံးဖြတ်ချက် ကြောင့် အဲ့တာ က မဖြစ်မြောက် ခဲ့ရ ပါဘူး ”

” အခုတော့ ကျွန်တော့် ဆီမှာ ဒီဇင်ဘာ လ အထိ တိုက်ပွဲ ဝင်ခွင့် ရှိနေ ပါတယ် ။ ဒါပေမယ့် အဲ့တာ က အလုပ် မဖြစ် ခဲ့ရင် တော့ ကျွန်တော် အသင်း ပြောင်းဖို့ ကြိးစား သွားမှာ ပါ ။ ခြေစစ်ပွဲ တွေနဲ့ ကိုပါ အမေရိက ပြိုင်ပွဲ တွေ မကြာခင် ရောက်လာ တော့မယ် လေ ။ ကျွန်တော့် လည်း နိုင်ငံ့ အသင်း ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ချင် တာပေါ့ဗျာ ”

” ကျွန်တော် အသင်း ရဲ့ ပဏာမ ကစားသမား စာရင်း ထဲက နေ နောက် တစ်ကြိမ် အထုတ် မခံချင် ပါဘူး ။ ဒါ့ကြောင့် လက်ရွေးစင် အသင်း မှာ ဆက်လက် ရှိနေ နိုင်ဖို့ အတွက် ကျွန်တော် စွမ်းနိုင် သမျှ အကောင်းဆုံး ကြိုးစား အားထုတ် သွားမှာ ပါ ” လို့ ရိုဟို က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar