မန်ချက် စတာ ယူနိုက်တက် အသင်း ရဲ့ ကစား သမား သစ် ဒန်နီရယ် ဂျိမ်းစ် ဟာ အသင်းရဲ့ သြဂုတ်လ အတွက် တစ်လတာ အကောင်းဆုံး ကစား သမား ဆု ကို ရရှိ ခဲ့တယ် လို့ သိရ ပါတယ် ။ အာဆင်နယ် တိုက်စစ် မှုး အော်ဘား မီးယန်း ဟာ လည်း သြဂုတ် လ အတွက် အာဆင်နယ် တစ်လတာ အကောင်းဆုံး ကစား သမား ဖြစ်ခဲ့သလို ဘန်ဇီးမား ကတော့ ရီးရဲမက်ဒရစ် ရဲ့ သြဂုတ်လ အတွက် အကောင်းဆုံး ကစား သမား ဖြစ်ခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ် ဟာ လေ့ကျင့်ရေး ကွင်း ကို ဖျားနာ နေတာ ကြောင့် မလာရောက် နိုင်ခဲ့ ဘဲ ဘူဂေးရီးယား နဲ့ ကစားဖို့ ရှိ နေတဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ ကို ပါဝင် ဖို့ မသေချာ ဘူးလို့ သိရ ပါတယ် ။

ချဲလ်ဆီး တောင်ပံ ကစား သမားလေး ပူလီဆစ် ကတော့ မက္ကဆီကို အသင်းနဲ့ ခြေစမ်းပွဲ အပြီး မှာ အမေရိကန် အသင်း ကနေ ထွက်ခွာ ပြီး ချဲလ်ဆီး ထံ ပြန်လည် လေ့ကျင့်မှု ပြုလုပ် မယ်လို့ သိရ ပါတယ် ။

မန်ယူနိုက်တက် နောက်ခံလူ မားကိုစ့် ရိုဟို ဟာ လာမယ့် ဇန်န၀ါရီမှာ အသင်း ပြောင်းရွှေ့ ဖို့ အတွက် စိတ်ကူး နေတယ် လို့ သတင်း ကြားသိရပါတယ် ။ ဒါ့အပြင် အီတလီ ကို ပြောင်းရွှေ့ သွားခဲ့တဲ့ နောက်ခံလူ စမောလင်း ဟာလည်း ရိုးမား နဲ့ အငှား ကုန်ဆုံးပါက ထပ်မံ ကစားနိုင် ဖို့ အခွင့် အလမ်းတွေ ရှာဖွေ သွားမယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် ရဲ့ တောင်ပံ ကစား သမား သစ် နီကိုလပ်စ် ပီပီ ဟာလည်း အိုင်ဗရီကိုစ့် အသင်း ရဲ့ လူစာရင်း ကနေ ဒဏ်ရာ ကြောင့် နှုတ်ထွက် လာခဲ့တယ် လို့ သိရ ပါတယ် ။

ယူဗင်တပ် အသင်း ဟာ လာမယ့် ဇန်န၀ါရီ မှာ စပါး ကွင်းလယ်လူ အဲရစ်ဆင် ကို ကမ်းလှမ်း ဖို့ ရှိနေပြီး အင်တာ မီလန် ကလည်း စပါး ခံစစ် မှုး အယ်ဒါဝီရယ် ကို ကမ်းလှမ်း ဖို့ စဉ်းစား နေတယ် လို့ သတင်း ကြားသိရ သလို စပါး အသင်း ကလည်း ယူဗင်တပ် တိုက်စစ်မှုး ပေါ်လို ဒိုင်ဘားလား ကို ကမ်းလှမ်း ဖို့ ပြင်ဆင် နေတယ် လို့ သိရ ပါတယ် ။

ဘရာဇီး အစိုးရ ဟာ နာမည်ကျော် ဘောလုံး သမား ရော်နယ်ဒင်ညို ကို အကြွေးတွေ ပေးဆပ် ဖို့ ရှိ နေသေးတာ ကြောင့် ပြည်ပ ထွက်ခွာ ခွင့် ပိတ်ပင် ထားပေမယ့် ဘရာဇီး နိုင်ငံရဲ့ ခရီးသွားကဏ္ဍ အတွက် သံတမာန် အဖြစ် ခန့်အပ် ခဲ့တယ် လို့ သိရ ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ ယူဗင်တပ် ကွင်းလယ်လူ ဘာနာဒက်စ်ချီ ကို ခေါ်ယူ ဖို့ စိတ်ဝင် စား နေ ပေမယ့် ယူဗင်တပ် ဘက်က ရာကီတစ် + ပေါင် သန်း ၂၀ တောင်းဆို ခဲ့တာ ကြောင့် အဆင်မပြေ ဖြစ်ခဲ့ ရတယ်လို့ သိရ ပါတယ် ။

စပါး ကွင်းလယ်လူ သစ် လိုဆယ်ဆို ဟာ ချီလီ နဲ့ ကစားခဲ့တဲ့ အာဂျင်တီးနား ရဲ့ ခြေစမ်းပွဲ မှာ ဒဏ်ရာ အနည်းငယ် ရရှိ ခဲ့ ပေမယ့် စိတ်ပူ စရာ မရှိဘူး လို့ သိရ ပါတယ် ။

အသက်လက်တီကို မက်ဒရစ် အသင်း ဟာ သူတို့ရဲ့ ကွင်းသစ်ကြီး မက်ထရို ပိုလီတန်နို အနီးမှာ ကစား ကွင်းသစ် တစ်ခု ကို ထပ်မံ တည်ဆောက်ဖို့ စိတ်ကူး နေပြီး ယူရို သန်း ၆၀ ခန့် အသုံးပြု ဖို့ ရည်မှန်း ထားတယ် လို့ သိရ ပါတယ် ။

ရှက်ဖီး ၀င့်နစဒေး အသင်း ဟာ ဘာမင်ဂမ် နည်းပြ ဟောင်း ဂယ်ရီမွန့် ကို နည်းပြသစ် အဖြစ် ခန့်အပ် လိုက်ပြီ ဖြစ်ပါတယ် ။

အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် FA ဟာ ယူ-၂၃ အသင်း ပွဲစဉ် မှာ ၀က်စ်ဟမ်း လူငယ် ကစား သမား တစ်ဦး ကိ သွားဖြင့် ကိုက်ခဲ့သည့် ပဲလေ့စ် နောက်ခံလူ ရိုင်ယန် အင်းနစ်စ် ကို စုံစမ်းမှု ပြုလုပ် နေတယ် လို့ သတင်း ကြားသိ ရ ပါတယ် ။

SPORTS MYANMAR