မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက တော့တင်ဟမ် ဟော့ စပါး အသင်း မှ ကွင်းလယ် ဖန်တီးရှင် ခရစ္စတီယန် အဲရစ်ဆင် ကို ခေါ်ယူ နိုင်ခွင့် ရှိနေခဲ့ ပေမယ့် ကစားသမား ကို ခေါ်ယူရေး မှာ ထဲထဲဝင်ဝင် ဝင်ရောက် ပတ်သက်ခြင်း မရှိ ခဲ့ ပါဘူး ။

အခုတော့ တော့တင်ဟမ် ဟော့ စပါး နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း တို့ရဲ့ တိုက်စစ်မှူး ဟောင်း ဖြစ်သူ ဒီမစ်တာ ဘာဘာတော့ဗ် က အဲရစ်ဆင် အနေ နဲ့ နွေတုန်း က ဖြစ်ပျက် ခဲ့တဲ့ အပြောင်း အရွှေ့ ကောလဟာလ သတင်း တွေ အကြောင်း မေ့လိုက် ပြီး အသာလေး ခေါင်းငုံ့ကာ တော့တင်ဟမ် အတွက်သာ ဆက်လက် ကြိုးစား အားထုတ် သွားဖို့ တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

လန်ဒန် အခြေစိုက် ကလပ် ရဲ့ ကွင်းလယ် ဖန်တီးရှင် ကစား သမား ဖြစ်သူ အဲရစ်ဆင် ကို ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် နဲ့ ပြိုင်ဖက် ယူနိုက်တက် အသင်း တို့မှ ခေါ်ယူ လိုခဲ့ ကြ ပေမယ့် အပြောင်း အရွှေ့ ဟာ ထူးခြား မှု မရှိ ခဲ့ရ ပါဘူး ။

အထူးသဖြင့် ယူနိုက်တက် ဟာ အသင်း ရဲ့ အားထား ရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ကိုသာ အသင်း မှာပဲ ဆက်လက် ထိန်းသိမ်း ထားဖို့ ကြိုးစား နေ ခဲ့တာ ကြောင့် ဒိန်းမတ် လက်ရွေးစင် ကို ခေါ်ယူရေး အတွက် အထူး အာရုံ စိုက်နိုင်ခြင်း မရှိခဲ့ ပါဘူး ။

ဒါ့အပြင် ကစားသမား ကိုယ်တိုင် က စပိန် ထိပ်သီး ကလပ် ဆီ ပိုမို ပြောင်းရွှေ့ လိုနေ ခဲ့တာ ကို သိတဲ့ အတွက် ယူနိုက်တက် ဟာ အဲရစ်ဆင် ကို ခေါ်ယူ ရေးမှာ အားစိုက် ထုတ်ခြင်း မရှိ ခဲ့ ပါဘူး ။ အခုတော့ အဲရစ်ဆင် ဟာ တော့တင်ဟမ် နဲ့ စာချုပ် သက်တမ်း နောက်ဆုံး နှစ်ကို ရောက်ရှိ နေခဲ့ ပါပြီ ။

ဒါပေမယ့် ဒိန်းမတ် လက်ရွေးစင် ဟာ သူ့ရဲ့ လက်ရှိ အလုပ် ပေါ်မှာ ပဲ သေချာ အာရုံ စိုက်သွား လိမ့်မယ် လို့ ယုံကြည် ကြောင်း ၊ အဲရစ်ဆင် အသင်း မပြောင် နိုင် ခဲ့တဲ့ အတွက် ပိုချက်တီနို ဟာ စိတ် သက်သာရာ ရရှိ နေလိမ့် မယ်လို့ ကစားသမား ဟောင်း ဖြစ်သူ ဘာဘာတော့ဗ် က ပြောကြား သွားခဲ့ ပါတယ် ။

” ဥရောပ တစ်ဝှမ်း မှာ အပြောင်း အရွှေ့ ပိတ်သိမ်း သွားခဲ့ ပြီ ဆိုတာ သိရှိ လိုက်ရ တဲ့ အချိန် မှာ မော်ရီစီယို ( ပိုချက်တီိနို ) ဟာ စိတ် သက်သာ ရာ ရရှိ သွားပါ လိမ့်မယ် ။ အခုတော့ သူဟာ ဘယ် ကစားသမား တွေနဲ့ အလုပ် ကို ရှေ့ဆက် ရမလဲ ဆိုတာ သိရှိ နေ ပါပြီ ”

” အတွင်းရေး သတင်း ကို သိတဲ့ သူ မရှိဘူး ဆိုရင် ဒီနွေ မှာ အဲရစ်ဆင် နဲ့ ပတ်သက် လို့ ဘာတွေ ဖြစ်ပွား ခဲ့သလဲ ဆိုတာ ဘယ်သူ မှ သိနိုင် မှာ မဟုတ် ပါဘူး ။ အကယ်လို့ အသင်း တစ်သင်း က သူ့ကို လိုချင် နေပြီး စပါးက သူ့ကို ထွက်ခွာ ခွင့် မပေးဘူး ဆိုရင် သူဟာ ဝမ်းနည်း ပူဆွေး မှုတွေ နဲ့ အတူ စိတ်ပျံ့လွင့် နေမှာ အသေအချာ ပါပဲ ”

” အကယ်လို့ ဘယ် အသင်း မှ သူ့ကို ခေါ်ယူ သွားဖို့ အတွက် မလာ ဘူး ဆိုရင် အဲရစ်ဆင် ဟာ အရင် အတိုင်း ပဲ အဆင်ပြေ နေမှာ ဖြစ်ပြီး စပါး အတွက် ပဲ အထူး အာရုံစိုက် ရင်း ကြိုးစား ကစား ပေး သွားပါ လိမ့်မယ် ”

” ကျွန်တော် အခု အချိန် မှာ အဲရစ်ဆင် ခေါင်းငုံ့ နှုတ်ဆိတ် ပြီး စပါး အတွက် ပဲ ဆက်လက် ကြိုးစား ပေး သွားဖို့ မျှော်လင့် နေ ပါတယ် ။ မြောက် လန်ဒန် ဒါဘီ က သူ့ရဲ့ သွင်းဂိုး တစ်ဂိုး တစ်ဂိုး က သူ ဘာတွေ ဆက်လုပ် ဖို့ ကြံရွယ် နေလဲ ဆိုတာ သိသာ ပေါ်လွင် စေခဲ့ ပါတယ် ” လို့ ဘာဘာတော့ဗ် က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar