မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ပရိသတ် တွေက ဦးဆောင် ပြီး အသင်းရဲ့ တစ်လတာ rating အကောင်းဆုံး ကစား သမား တွေကို ရွေးချယ် ပေးခဲ့ ရာမှာ နွေ အပြောင်း အရွှေ့ တုန်းက အိုးလ် ထရပ်ဖို့ဒ် ဆီ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့ ကြတဲ့ ကစားသမား သစ် သုံးဦး ဟာ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား တွေ ဖြစ်ခဲ့ ကြ ပါတယ် ။

ဘစ်ဆာကာ နဲ့ ဟယ်ရီ မက်ဂွားယား တို့ ရောက်ရှိ လာခဲ့တဲ့ နောက် ယူနိုက်တက် ရဲ့ ခံစစ် ကစား ပုံဟာ သိသိသာသာ တိုးတက် ကောင်းမွန် လာခဲ့တဲ့ အတွက် တိုက်စစ် ကစားသမား တွေဟာ ယခင်လို ခံစစ် ကို ဆင်းကူ ရတဲ့ အဖြစ်မျိုး နည်းပါး လာခဲ့ ပါတယ် ။

ထို့အတူ ယူနိုက်တက် ဆီ အသစ် ရောက်ရှိ လာတဲ့ တောင်ပံ တိုက်စစ် ကစားသမား လေး ဒန်နီယယ် ဂျိမ်းစ် ဟာလည်း အသင်း အတွက် လေးပွဲ ကစားပေး ခဲ့တဲ့ နောက် သုံးဂိုး အထိ သွင်းယူ ပေးရင်း ယူနိုက်တက် နဲ့ အတူ ပရီးမီးယား လိဂ် ကစား သမား ဘဝ အဖွင့် မှတ်တမ်း တွေဟာ ကောင်းမွန် သွားခဲ့ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် အသင်း မှာ ပြသနာ တွေက ရှိ နေဆဲ ပါပဲ ။ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ်ပိုင်း ဟာ လုံလောက် စွာ ကောင်းမွန် ခဲ့ခြင်း မရှိ ခဲ့တဲ့ အတွက် ဝုလ်ဗ် ၊ ခရစ္စတယ် ပဲလေ့စ် ၊ ဆောက်သမ်တန် အသင်း နဲ့ ကစားခဲ့ ရတဲ့ ပွဲစဉ် တွေမှာ မလိုအပ် ပဲ အမှတ်တွေ ဆုံးရှုံး ခဲ့ရ ပါတယ် ။

ဒါ့ကြောင့် မန်ချက်စတာ ညနေခင်း သတင်း မှ ဦးဆောင်ပြီး အသင်း ရဲ့ ပရိသတ် တွေ ဆီကို မှတ်တမ်း ကောက်ခံ ခဲ့တဲ့ အခါ မှာ ယူနိုက်တက် ကွင်းလယ် ကစားသမား တွေက ရရှိ နိုင်ခွင့် ရှိတဲ့ ရမှတ် 10 မှတ် ထဲမှ 5.8 မှတ်သာ ရယူ ထားနိုင် ခဲ့တာ ကို မြင်တွေ့ ခဲ့ရ ပါတယ် ။

ဒါ့အပြင် ရမှတ် 6 မှတ်ထက် ပိုပြီး ရယူ နိုင်ခဲ့ ကြတဲ့ ကစား သမား ဟာ 4 ဦးသာ ရှိခဲ့ ကြ ပါတယ် ။ အဆိုပါ rating ဇယား ကို ဦးဆောင် နေတဲ့ သူက တော့ ဝမ် ဘစ်ဆာကာ ( 8.2 ) ၊ ဒန်နီယယ် ဂျိမ်းစ် ( 8.2 )နဲ့ မက်ဂွားယား ( 7.3 ) တို့ပဲ ဖြစ်ခဲ့ ကြ ပါတယ် ။

ဒီရာသီ ယူနိုက်တက် အသင်းရဲ့ တိုက်စစ် နေရာ မှာ ပြန်လည် ကစား ခွင့် ရရှိ ခဲ့ပြီး ခြေစွမ်း ကောင်းတွေ ဆက်တိုက် ပြထားနိုင် ခဲ့တဲ့ အန်သိုနီ မာရှယ် က rating 6.7 အထိ ရှိနေ ခဲ့ပြီး သူ့ရဲ့ အသင်း ဖော် တိုက်စစ် ကစားသမား ဖြစ်တဲ့ မားကပ်စ် ရပ်ရှ်ဖို့ ကတော့ 5.6 သာ ရရှိ ထားခဲ့ ပါတယ် ။ ရပ်ရှ်ဖို့ ဟာ အသင်း အတွက် ပင်နယ်တီ လွဲချော် ခဲ့သလို အခွင့် အရေး ကောင်း တွေလည်း နည်းပါး ခဲ့တာ ကြောင့် အခုလောက် ထိ ကျဆင်း ခဲ့ရ တာပဲ ဖြစ်ပါတယ် ။

အဆိုပါ ကစားသမား စာရင်း ထဲမှာ ထူးခြား စွာ rating ကောင်းမွန် ခဲ့သူ တစ်ဦး ကတော့ ယူနိုက်တက် အတွက် လူစားဝင် ကစားသမား အဖြစ် ပါဝင် ခဲ့ပြီး 47 မိနစ် သာ ကစား ပေးထား ခဲ့တဲ့ တိုက်စစ်မှူး လေး မာဆွန် ဂရင်းဝုဒ် ပဲ ဖြစ်ပါတယ် ။ သူဟာ rating 5.8 နဲ့ အတူ ထိပ်ဆုံး 5 ယောက် စာရင်း မှာ ပါဝင် နိုင်ခဲ့ ပါတယ် ။

ယူနိုက်တက် အသင်း မှ တစ်လတာ rating အဆိုး ရွားဆုံး ကစားသမား ဖြစ်ခဲ့ သူ သုံးဦး ကတော့ မာတစ် ( 3.5 ) ၊ လင်ဂတ် ( 3.6 ) နဲ့ အက်ရှ်လေ ယန်း ( 4.4 ) တို့ပဲ ဖြစ်ခဲ့ ကြ ပါတယ် ။

ယူနိုက်တက် ပရိသတ် တွေမှ ရွေးချယ် ပေးလိုက်တဲ့ rating တွေကို ဖော်ပြ ပေးလိုက် ပါတယ် ။

အာရွန် ဝမ် ဘစ်ဆာကာ ( 8.2 )
ဒန်နီယယ် ဂျိမ်းစ် ( 8.2 )
ဟယ်ရီ မက်ဂွားယား ( 7.3 )
အန်သိုနီ မာရှယ် ( 6.7 )
မာဆွန် ဂရင်းဝုဒ် ( 5.8 )
စကော့ မက် တော်မီနေး ( 5.8 )
ပေါလ် ပေါ့ဂ်ဘာ ( 5.7 )
မားကပ်စ် ရပ်ရှ်ဖို့ ( 5.6 )
ဒေးဗစ် ဒီဂီယာ ( 5.6 )
ဟွမ် မာတာ ( 5.4 )
လုခ် ရှော ( 5.3 )
ဗစ်တာ လင်ဒီလော့ဖ် ( 5.1 )
အေဇဲလ် တွမ်ဇီဘီ ( 5.0 )
အန်းဒရိစ် ပါရဲရား ( 4.5 )
အက်ရှ်လေ ယန်း ( 4.4 )
ဂျက်စီ လင်ဂတ် ( 3.6 )
နီမန်ဂျာ မာတစ် ( 3.5 ) တို့ပဲ ဖြစ်ကြ ပါတယ် ။

#Sports_Myanmar