လိဂ် ရှုံးပွဲ မရှိထားသေးတဲ့ ယူနိုက်တက် အသင်းဟာ အာဆင်နယ်အသင်းကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ လို့ စံချိန် ပျက်ပြယ်သွားခဲ့ပါတယ်။

ယူနိုက်တက် အသင်းဟာ နည်းပြ ဟောင်း မော်ရင်ဟို လက်ထက် မှာသမိုင်း တလျှောက် အဆိုးရွား ဆုံး ရာသီ အစ ကို ဖြတ် သန်းထားခဲ့ရတာဖြစ်ပြီး ချန်ပီယံလိဂ်ဝင် ခွင့် အတွက်တောင် မသေချာခဲ့ရသေးတာဖြစ်ပါတယ်။ဒါကြောင့် လည်း မဟာ ပြိုင်ဘက် လီဗာပူး အသင်းကို ရှုံးနိမ့်ခဲ့အပြီးမှာ သူ့ကို ထုတ်ပယ်ခဲ့ပြီး တိုက်စစ်မှူးဟောင်းတဦး ဖြစ်တဲ့ ဆိုးလ်ရှားကို ရာသီကုန် အထိတာဝန်ပေးထား ခဲ့တာဖြစ်ပါတယ်။

ဒီနော်ဝေ သားကြီး လက်အောက်မှာ ယူနိုက်တက် တို့ လိဂ်ပွဲ၁၀ ပွဲအနိုင်ရခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အဆင့် လေးနေရာနဲ့၂မှတ်အကွာအနေအထားကို ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

အာဆင်နယ် အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲအပြီး မှာ ဆိုးလ်ရှား က- –
-” ခြေစွမ်းကောင်းခဲ့ပေမယ့် ရလ်ကတော့ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ရလဒ်က စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် ခြေစွမ်းကို ကြည့်လိုက်ရင် ရှုံးနိမ့်ဖို့ ထိုက်တန်တဲ့ ပွဲလို့ ခင်ဗျား တို့ ပြောနိုင်မှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ ဒီပွဲမှာ အခွင့် အရေး ၅ကြိမ် လောက် ပိုင်ဆိုင်ခဲ့ ပါတယ်။
ဒါပေမယ့် ဂိုးတိုင် နဲ့ ဂိုးဘားတန်းကို ၂ကြိမ် ထိမှန်ခဲ့ လို့ နစ်နာခဲ့ရပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

ပြင်သစ် အသင်းနဲ့ အတူ ကမ္ဘာ့ ဖလား ကိုင်မြောက်ထားခဲ့တဲ့ ကွင်းလယ်လူပေါ့ဘာ ဟာလည်း မော်ရင်ဟို လက်အောက်မှာရှိစဉ် တုန်းက ခြေစွမ်း၊ စိတ်ဓာတ်နဲ့ သိသိသာသာကွာခြားတဲ့ အနေအထားမျိုးကို ဆိုးလ်ရှား လက်ထက် မှာ ရ ရှိနေပါတယ်။

သူဟာ နောက်ပိုင်း ပွဲစဉ်တွေ မှာပင်နယ်တီ လွဲ ချော်မှု ၊ အနီကတ်
ပြသခံရမှုစတာတွေ ကြုံနေခဲ့ရပေမယ့် ရီးရဲလ်၊ ဂျူဗီ အစရှိတဲ့ အသင်းတွေ နဲ့ ကောလာဟလ တွေက မပြတ်တမ်းထွက်နေခဲ့တာဖြစ်ပါတယ်။

ဘာနေဗျူး ကို ပူပူနွေးနွေး တကျော့ပြန် ရောက်ရှိလာတဲ့ နည်းပြ ကြီး ဇီဒန်းက ဒီပြင်သစ်စတားကိုခ်ါယူပေးဖို့ ရီးရဲလ် အသင်းရဲ့ တာဝန်ရှိသူတွေကို တောင်းဆိုခဲ့တယ်ဆိုတဲ့သတင်းတွေ အခု ချိန်မှာကျယ်လောင် နေပါတယ်။

MANCHESTER, ENGLAND – JANUARY 19: Paul Pogba of Manchester United celebrates after scoring his team’s first goal during the Premier League match between Manchester United and Brighton

ွှရီးရဲလ် အသင်းကို ချန်ပီယံလိဂ် ၃ ကြိမ်ဆက်ရယူပေးခဲ့အပြီး အသင်း နဲ့ ၂ဖက် သဘောတူလမ်းခွဲခဲ့တဲ့ဇီဒန်းဟာ ဆယ်လ လောက် အကြာမှာပဲ အသင်းဟောင်းနဲ့ ပြန်ပေါင်း ထုတ်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ တနိုင်ငံတည်းသား ပေါ့ဘာကို သူ့ရဲ့ တကျော့ပြန် ခရီးစဉ်ရဲ့ ပထမဆုံး ခေါ်ယူမှု အဖြစ်ပြု လုပ်သွားချင်နေတာ ဖြစ်နိုင်ပါတယ်။

ရီးရဲလ်တို့ ဟာ ပြီးခဲ့တဲ့ ဆယ်ရက် ကျော်ကာလ လောက်အတွင်း မှာ
မဟာ ပြိုင်ဘက် ဘာစီလိုနာ အသင်းကို ပြိုင်ပွဲ ၂ရပ် မှာ ၂ပွဲဆက် အရေး နိမ့်ခဲ့ရပြီး ၊ ချန်ပီယံ လိဂ် မှာတော့ အေဂျက် အသင်းကို အိမ်ကွင်း ဂိုးပြတ် ရှုံးပွဲကြုံတွေ့ခဲ့ လို့
၁၆ သင်းအဆင့် နေ နှုတ်ဆက် ခဲ့ရ ပြီလည်းဖြစ်ပါတယ်။

ဒါကြောင့် လည်း ဥက္ကဌ ကြီးပီရက်စ် က ဆိုလာရီကို အားချင်း ဆိုသိလို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး အသင်းကို အောင် မြင်မှုတွေ ရယူပေးခဲ့ဖူးတဲ့ ဇီဒန်းကို ၂၀၂၂အထိစာ ချုပ်နဲ့ ပြန်ခေါ်ထားခဲ့တာဖြစ်ပါတယ်။