ကမၻာေပၚမွာ ရွိတဲ့ ေဘာလံုး အသင္း တုိင္း အသင္းတိုင္း မွာ သူတု႔ိ မႏွစ္သက္တဲ့ ၊ မုန္းတီး တဲ့ အျခား တစ္ဖက္ ဆုိတာ အၿမဲ လုိလို ရွိ ေနတတ္ ပါတယ္ ။ ဒီ အသင္း ၂ သင္း ဆံုေတြ႕ တုိင္းမွာ အက်ိတ္ အနယ္ ပြဲေတြ ၊ ခုိက္ရန္ ျဖစ္ပြားမႈ ေတြ ၊ အႏုိင္ မခံ အရွဳံး မေပး ယွဥ္ၿပဳိင္မႈ ေတြ ၊ ၾကမ္းတမ္း ဆူညံ တဲ့ ေအာ္ဟစ္ အားေပး မႈ ေတြ နဲ႔ ရန္လို တဲ့ အေငြ႕ အသက္ေတြ ဟာ အၿမဲတမ္း ရွိေနခဲ့ ပါတယ္ ။ ကြ်န္ေတာ္တို႔ ကေတာ့ ဒါကို မဟာ ၿပဳိင္ဘက္ေတြ လို႔ သတ္မွတ္ ခဲ့ၾကပါတယ္ ။

 

အမ်ား အားျဖင့္ ကလပ္ အသင္း တစ္သင္း ရဲ႕ ခါးသီး စက္ဆုပ္ တဲ့ မဟာၿပဳိင္ဘက္ ဟာ သူတို႔ အေျခစိုက္ရာ ၿမဳိ႕မွာ ရွိ ေနတဲ့ ၿမဳိ႕ခံ ၿပဳိင္ဘက္ အသင္းေတြ ထဲ က အျဖစ္ မ်ားခဲ့ ပါတယ္ ။ ဒီ အခါ မွာေတာ့ ဒါဘီ မဟာၿပဳိင္ဘက္ ေတြ ျဖစ္လာ ၾကၿပီး နာမည္ေက်ာ္ ဒါဘီ ပြဲေပါင္း မ်ားစြာ ကို ေပၚေပါက္ ေစခဲ့ ပါတယ္ ။

အီတလီ က မီလန္ ဒါဘီ ၊ ေရာမ ဒါဘီ ၊ စပိန္ က ဘာစီလုိနာ နဲ႔ အက္စ္ပန္ညဳိ တို႔ရဲ႕ ကတ္တလန္ ဒါဘီ ၊ မက္ဒရစ္ ၿမဳိ႕ခံ ၂ သင္းရဲ႕ မက္ဒရစ္ ဒါဘီ တို႔ ဟာ ထင္ရွား သလို ၿမဳိ႕ခံ ၿပဳိင္ဘက္ မဟုတ္ဘဲ မဟာၿပဳိင္ဘက္ ေတြ ျဖစ္ လာၾကတဲ့ ရီးရဲ နဲ႔ ဘာစီလုိနာ ၊ ဆဲလ္တစ္ နဲ႔ ရိန္းဂ်ားစ္ ၊ အင္တာ မီလန္ နဲ႔ ယူဗင္တပ္ တို႔ရဲ႕ ပြဲေတြ ဟာ လည္း ပရိသတ္ေတြ ကို အၿမဲ တေစ ဖမ္းစား ႏုိင္ခဲ့ ပါတယ္ ။

ဒီလုိ ခါးသီးတဲ့ ၿပဳိင္ဘက္ ကိုယ္စီ ရွိ ေနၾကတဲ့ အထဲ မွာ အဂၤလန္ ကလပ္ ေတြ က အေရ အတြက္ အမ်ားဆံုး ျဖစ္ေကာင္း ျဖစ္ႏုိင္ ပါတယ္ ။ အဂၤလိပ္ ေဘာလံုး ၿပဳိင္ပြဲ ဟာ ပရီးမီးယားလိဂ္ ၊ ခ်န္ပီယံရွစ္ ၊ လိဂ္ ၀မ္း ၊ လိဂ္ တူး ဆိုၿပီး အဆင့္ ၄ ဆင့္ ခြဲျခား ထားကာ အဆင့္တိုင္း မွာ ျပင္းထန္တဲ့ ၿပဳိင္ဆုိင္မႈေတြ နဲ႔ ပရိသတ္ေတြကို ညွိဳ႕ငင္ ဖမ္းစား ႏုိင္ခဲ့ ပါတယ္ ။

 

အဂၤလန္ က အျပင္းထန္ ဆံုး ၊ အက်ိတ္ အနယ္ အရွိ ဆံုး မဟာၿပဳိင္ဘက္ ၂ သင္း ရဲ႕ ပြဲစဥ္ ဟာ ဘယ္ပြဲ လဲ လို႔ ေမးလုိက္မယ္ ဆိုရင္ေတာ့ အေျဖမ်ဳိးစံု ထြက္ေပၚ လာမွာ ပါ ။ မန္ခ်က္စတာ ယူႏုိက္တက္ နဲ႔ လီဗာပူး တို႔ရဲ႕ အဂၤလန္ ဒါဘီ ၊ အာဆင္နယ္ – စပါး တို႔ရဲ႕ ေျမာက္ လန္ဒန္ ဒါဘီ ၊ နယူးကာဆယ္ နဲ႔ ဆန္းဒါးလန္း တို႔ရဲ႕ ျပင္းထန္တဲ့ ဒါဘီ ပြဲေတြ အေၾကာင္း ကို ၾကားရ ပါလိမ့္မယ္ ။

ဒါေပမယ့္ ထိပ္ဆံုး မွာ ရွိေနတာ က ေတာ့ သူတို႔ေတြ လံုး၀ မဟုတ္ခဲ့ ပါဘူး ။

ၿဗိတိန္ အေျခစိုက္ သတင္း ဌာန Bleacher Report ( B/R ) ရဲ႕ စစ္တမ္း ေကာက္ယူမႈ အရ တစ္သင္းကို တစ္သင္း မၾကည့္ခ်င္ ေလာက္ ေအာင္ မုန္းတီး ၾကတဲ့ မဟာၿပဳိင္ဘက္ အတြဲေပါင္း ၃၀ အထိ ရွိ ေနၿပီး မုန္းတီးမႈ အေျခအေန အေပၚ အေျခခံ ကာ အဆင့္ သတ္မွတ္ ေပးခဲ့ ၾကပါတယ္ ။ ဒီလုိ သတ္မွတ္မႈ မွာေတာ့ ပို႔စ္ ေမာက္ နဲ႔ ေဆာက္သမ္တန္ တု႔ိ ရဲ႕ အေနာက္ဘက္ ကမ္းရိုုးတမ္း ဒါဘီ ဟာ မုန္းတီး စက္ဆုပ္မႈ အမ်ားဆံုး ၊ တစ္ဖက္ နဲ႔ တစ္ဖက္ ထိုးနွက္ ေအာ္ဟစ္ ေလွာင္ေျပာင္မႈ အျပင္းထန္ဆံုး ၿပဳိင္ဆိုင္မႈ အျဖစ္ ထိပ္ဆံုးမွာ ရပ္တည္ ခဲ့ ပါတယ ။

 

ဒုတိယ ေနရာမွာ လည္း အိတ္စတာ စီးတီး နဲ႔ ပလုိင္းေမာက္ အသင္းတို႔ ရဲ႕ အားၿပဳိင္မႈ ရွိ ေနၿပီး အာဆင္နယ္ နဲ႔ စပါး တို႔ရဲ႕ ေျမာက္လန္ဒန္ ဒါဘီ ကေတာ့ အဆင့္ ၃ မွာ ရပ္တည္ ေနခဲ့ကာ လီဗာပူး – မန္ယူႏုိက္တက္ ရဲ႕ အဂၤလန္ ဒါဘီ ကေတာ့ စတုတၳ ခ်ိတ္ခဲ့ ပါတယ္ ။

ဒီစာရင္းမွာ ေတြ႕ျမင္ရတဲ့ ထူးဆန္းမႈ တစ္ခု ကေတာ့ ကမၻာေက်ာ္ တဲ့ မန္ခ်က္စတာ ဒါဘီ ဟာ တစ္သင္း ကို တစ္သင္း မုန္းတီးမႈ သိပ္မရွိ ခဲ့ဘဲ စာရင္းပါ အတြဲ ၃၀ အနက္ အဆင့္ ၂၈ မွာ သာ ရွိေနခဲ့ တာကို ေတြ႕ျမင္ ခဲ့ရ ပါတယ္ ။ ဒါေၾကာင့္ မန္ခ်က္စတာ သားေတြ ဟာ အနီ ၊ အျပာ ခြဲျခားမႈ နည္းပါးၿပီး အားေပး ယွဥ္ၿပဳိင္မႈ သက္သက္ သာ ရွိ ေနတယ္လို႔ သံုးသပ္ လို႔ ရႏုိင္ ပါတယ္ ။

နာမည္ေက်ာ္ မာေဆးဆိုက္ ဒါဘီ ကေတာ့ အံ့အား သင့္စရာ ေကာင္းေလာက္ေအာင္ပဲ စာရင္းထဲ ကို ပါ၀င္ မလာခဲ့ ပါဘူး ။ စာရင္း ထဲ မွာ ပါရွိတဲ့ ပရီးမီးယားလိဂ္ ကလပ္ ေတြရဲ႕ မဟာၿပဳိင္ဘက္ေတြ နဲ႔ သူတို႔ရဲ႕ မုန္းတီးမႈ အရ သတ္မွတ္တဲ့ အဆင့္ေတြ ကေတာ့ –

၃ ။ အာဆင္နယ္ – စပါး
၄ ။ လီဗာပူး – မန္ခ်က္စတာ ယူႏုိက္တက္
၈ ။ ရွက္ဖီး ယူႏုိက္တက္ – ရွက္ဖီး ၀င့္နစေဒး
၁၆ ။ နယူးကာဆယ္ – ဆန္းဒါးလန္း

၂၃ ။ ၀ုဗ္ – ၀က္စ္ဘရြန္း
၂၃ ။ ေနာ၀ွစ္ခ်္ – အစ္ပ္ဆြစ္ခ်္
၂၈ ။ မန္ခ်က္စတာ စီးတီး – မန္ခ်က္စတာ ယူႏုိက္တက္
၃၀ ။ လက္စတာ စီးတီး – ေနာ္တင္ဟမ္ ေဖာရက္စ္

SPORTS MYANMAR

Unicode

အင်္ဂလိပ် ဘောလုံး လောက ရဲ့ အပြင်းထန်ဆုံးသော မဟာပြိုင်ဘက်များ

=========================================

ကမ္ဘာပေါ်မှာ ရှိတဲ့ ဘောလုံး အသင်း တိုင်း အသင်းတိုင်း မှာ သူတို့ မနှစ်သက်တဲ့ ၊ မုန်းတီး တဲ့ အခြား တစ်ဖက် ဆိုတာ အမြဲ လိုလို ရှိ နေတတ် ပါတယ် ။ ဒီ အသင်း ၂ သင်း ဆုံတွေ့ တိုင်းမှာ အကျိတ် အနယ် ပွဲတွေ ၊ ခိုက်ရန် ဖြစ်ပွားမှု တွေ ၊ အနိုင် မခံ အရှုံး မပေး ယှဉ်ပြိုင်မှု တွေ ၊ ကြမ်းတမ်း ဆူညံ တဲ့ အော်ဟစ် အားပေး မှု တွေ နဲ့ ရန်လို တဲ့ အငွေ့ အသက်တွေ ဟာ အမြဲတမ်း ရှိနေခဲ့ ပါတယ် ။ ကျွန်တော်တို့ ကတော့ ဒါကို မဟာ ပြိုင်ဘက်တွေ လို့ သတ်မှတ် ခဲ့ကြပါတယ် ။

အများ အားဖြင့် ကလပ် အသင်း တစ်သင်း ရဲ့ ခါးသီး စက်ဆုပ် တဲ့ မဟာပြိုင်ဘက် ဟာ သူတို့ အခြေစိုက်ရာ မြို့မှာ ရှိ နေတဲ့ မြို့ခံ ပြိုင်ဘက် အသင်းတွေ ထဲ က အဖြစ် များခဲ့ ပါတယ် ။ ဒီ အခါ မှာတော့ ဒါဘီ မဟာပြိုင်ဘက် တွေ ဖြစ်လာ ကြပြီး နာမည်ကျော် ဒါဘီ ပွဲပေါင်း များစွာ ကို ပေါ်ပေါက် စေခဲ့ ပါတယ် ။

အီတလီ က မီလန် ဒါဘီ ၊ ရောမ ဒါဘီ ၊ စပိန် က ဘာစီလိုနာ နဲ့ အက်စ်ပန်ညို တို့ရဲ့ ကတ်တလန် ဒါဘီ ၊ မက်ဒရစ် မြို့ခံ ၂ သင်းရဲ့ မက်ဒရစ် ဒါဘီ တို့ ဟာ ထင်ရှား သလို မြို့ခံ ပြိုင်ဘက် မဟုတ်ဘဲ မဟာပြိုင်ဘက် တွေ ဖြစ် လာကြတဲ့ ရီးရဲ နဲ့ ဘာစီလိုနာ ၊ ဆဲလ်တစ် နဲ့ ရိန်းဂျားစ် ၊ အင်တာ မီလန် နဲ့ ယူဗင်တပ် တို့ရဲ့ ပွဲတွေ ဟာ လည်း ပရိသတ်တွေ ကို အမြဲ တစေ ဖမ်းစား နိုင်ခဲ့ ပါတယ် ။

ဒီလို ခါးသီးတဲ့ ပြိုင်ဘက် ကိုယ်စီ ရှိ နေကြတဲ့ အထဲ မှာ အင်္ဂလန် ကလပ် တွေ က အရေ အတွက် အများဆုံး ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် ။ အင်္ဂလိပ် ဘောလုံး ပြိုင်ပွဲ ဟာ ပရီးမီးယားလိဂ် ၊ ချန်ပီယံရှစ် ၊ လိဂ် ၀မ်း ၊ လိဂ် တူး ဆိုပြီး အဆင့် ၄ ဆင့် ခွဲခြား ထားကာ အဆင့်တိုင်း မှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ နဲ့ ပရိသတ်တွေကို ညှို့ငင် ဖမ်းစား နိုင်ခဲ့ ပါတယ် ။

အင်္ဂလန် က အပြင်းထန် ဆုံး ၊ အကျိတ် အနယ် အရှိ ဆုံး မဟာပြိုင်ဘက် ၂ သင်း ရဲ့ ပွဲစဉ် ဟာ ဘယ်ပွဲ လဲ လို့ မေးလိုက်မယ် ဆိုရင်တော့ အဖြေမျိုးစုံ ထွက်ပေါ် လာမှာ ပါ ။ မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူး တို့ရဲ့ အင်္ဂလန် ဒါဘီ ၊ အာဆင်နယ် – စပါး တို့ရဲ့ မြောက် လန်ဒန် ဒါဘီ ၊ နယူးကာဆယ် နဲ့ ဆန်းဒါးလန်း တို့ရဲ့ ပြင်းထန်တဲ့ ဒါဘီ ပွဲတွေ အကြောင်း ကို ကြားရ ပါလိမ့်မယ် ။

ဒါပေမယ့် ထိပ်ဆုံး မှာ ရှိနေတာ က တော့ သူတို့တွေ လုံးဝ မဟုတ်ခဲ့ ပါဘူး ။

ဗြိတိန် အခြေစိုက် သတင်း ဌာန Bleacher Report ( B/R ) ရဲ့ စစ်တမ်း ကောက်ယူမှု အရ တစ်သင်းကို တစ်သင်း မကြည့်ချင် လောက် အောင် မုန်းတီး ကြတဲ့ မဟာပြိုင်ဘက် အတွဲပေါင်း ၃၀ အထိ ရှိ နေပြီး မုန်းတီးမှု အခြေအနေ အပေါ် အခြေခံ ကာ အဆင့် သတ်မှတ် ပေးခဲ့ ကြပါတယ် ။ ဒီလို သတ်မှတ်မှု မှာတော့ ပို့စ် မောက် နဲ့ ဆောက်သမ်တန် တို့ ရဲ့ အနောက်ဘက် ကမ်းရိုုးတမ်း ဒါဘီ ဟာ မုန်းတီး စက်ဆုပ်မှု အများဆုံး ၊ တစ်ဖက် နဲ့ တစ်ဖက် ထိုးနှက် အော်ဟစ် လှောင်ပြောင်မှု အပြင်းထန်ဆုံး ပြိုင်ဆိုင်မှု အဖြစ် ထိပ်ဆုံးမှာ ရပ်တည် ခဲ့ ပါတယ ။

ဒုတိယ နေရာမှာ လည်း အိတ်စတာ စီးတီး နဲ့ ပလိုင်းမောက် အသင်းတို့ ရဲ့ အားပြိုင်မှု ရှိ နေပြီး အာဆင်နယ် နဲ့ စပါး တို့ရဲ့ မြောက်လန်ဒန် ဒါဘီ ကတော့ အဆင့် ၃ မှာ ရပ်တည် နေခဲ့ကာ လီဗာပူး – မန်ယူနိုက်တက် ရဲ့ အင်္ဂလန် ဒါဘီ ကတော့ စတုတ္ထ ချိတ်ခဲ့ ပါတယ် ။

ဒီစာရင်းမှာ တွေ့မြင်ရတဲ့ ထူးဆန်းမှု တစ်ခု ကတော့ ကမ္ဘာကျော် တဲ့ မန်ချက်စတာ ဒါဘီ ဟာ တစ်သင်း ကို တစ်သင်း မုန်းတီးမှု သိပ်မရှိ ခဲ့ဘဲ စာရင်းပါ အတွဲ ၃၀ အနက် အဆင့် ၂၈ မှာ သာ ရှိနေခဲ့ တာကို တွေ့မြင် ခဲ့ရ ပါတယ် ။ ဒါကြောင့် မန်ချက်စတာ သားတွေ ဟာ အနီ ၊ အပြာ ခွဲခြားမှု နည်းပါးပြီး အားပေး ယှဉ်ပြိုင်မှု သက်သက် သာ ရှိ နေတယ်လို့ သုံးသပ် လို့ ရနိုင် ပါတယ် ။

နာမည်ကျော် မာဆေးဆိုက် ဒါဘီ ကတော့ အံ့အား သင့်စရာ ကောင်းလောက်အောင်ပဲ စာရင်းထဲ ကို ပါ၀င် မလာခဲ့ ပါဘူး ။ စာရင်း ထဲ မှာ ပါရှိတဲ့ ပရီးမီးယားလိဂ် ကလပ် တွေရဲ့ မဟာပြိုင်ဘက်တွေ နဲ့ သူတို့ရဲ့ မုန်းတီးမှု အရ သတ်မှတ်တဲ့ အဆင့်တွေ ကတော့ –

၃ ။ အာဆင်နယ် – စပါး
၄ ။ လီဗာပူး – မန်ချက်စတာ ယူနိုက်တက်
၈ ။ ရှက်ဖီး ယူနိုက်တက် – ရှက်ဖီး ၀င့်နစဒေး
၁၆ ။ နယူးကာဆယ် – ဆန်းဒါးလန်း

၂၃ ။ ၀ုဗ် – ၀က်စ်ဘရွန်း
၂၃ ။ နောဝှစ်ချ် – အစ်ပ်ဆွစ်ချ်
၂၈ ။ မန်ချက်စတာ စီးတီး – မန်ချက်စတာ ယူနိုက်တက်
၃၀ ။ လက်စတာ စီးတီး – နော်တင်ဟမ် ဖောရက်စ်

SPORTS MYANMAR