ဘာစီလိုနာ အသင္းေခါင္းေဆာင္ မက္ဆီဟာ ေဘာလံုးရာသီ တစ္ခု ျပီးဆံုးတာနဲ႔ ဘာစီလိုနာ နဲ႔ လမ္းခြဲခ်င္တဲ့ ဆႏၵျဖစ္ေပၚလာပါက ၊ အသင္းေျပာင္းသြားႏိုင္တဲ့ သေဘာတူညီခ်က္ကို သူ႔ရဲ႕ လက္ရွိ စာခ်ဳပ္မွာ ထည့္သြင္း ခ်ဳပ္ဆုိထားတဲ့ အေၾကာင္းကို EL Pais သတင္းစာ က ၾကာသပေတး ေန႔က စတင္ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္မွာေတာ့ ကမၻာတစ္၀န္းက မီဒီယာေတြ ကပါ ကိုးကားျပီး ဆက္လက္ေဖာ္ျပခဲ့ၾကကာ ၊ အဲဒီ သတင္းဟာ မွန္ကန္တဲ့ အေၾကာင္း ဘာစီလိုနာ ဥကၠဌ ဘာတိုျမဴ ကိုယ္တိုင္က ၀န္ခံသြားခဲ့ျပီ ျဖစ္ပါတယ္။

သို႔ေသာ္လဲ အဆိုပါ သေဘာတူညီမႈ အခ်က္အလက္မ်ိဳး ပါရွိေနသည့္တိုင္ေအာင္ မက္ဆီဟာ ဘာစီလိုနာ အေပၚ သံေယာဇဥ္ၾကီးမားသူ ျဖစ္တာေၾကာင့္ ၊ ဘယ္ေတာ့မွ အသင္းကေန ထြက္ခြာသြားမွာ မဟုတ္ဘူးလို႔လဲ မွတ္ခ်က္ေပးထားခဲ့ပါတယ္။ မက္ဆီဟာ လက္ရွိ ေဘာလံုးေလာက ရဲ႕ လုပ္ခ လစာ အမ်ားဆံုး ေဘာလံုးသမား အျဖစ္လဲ ရပ္တည္ေနတာ ျဖစ္သလုိ ၊ ဘာစီလိုနာ နဲ႔လဲ လက္က်န္ စာခ်ဳပ္ သက္တမ္းက 2 ႏွစ္ အထိ က်န္ေနေသးတာ ျဖစ္ပါတယ္။

မေန႔က Barca TV နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ ဥကၠဌၾကီး ဘာတိုျမဴက “ မက္ဆီ ရဲ႕ စာခ်ဳပ္သစ္ ကို လြန္ခဲ့တဲ့ 2 ႏွစ္ ကမွ ခ်ဳပ္ဆိုထားခဲ့တာပါ။ ေနာက္ဆံုး ႏွစ္မေရာက္ခင္ ၊ 2020-2021 ေဘာလံုးရာသီမွာပဲ သူဟာ အသင္းကေန ထြက္သြားခြင့္ရွိေနသလုိ ၊ ေဘာလံုးေလာက ကေန အနားယူခ်င္ေသာ္လည္းေကာင္း ၊ အျခားအသင္း တစ္ခုဆီ ေျပာင္းေရႊ႕ခ်င္ေသာ္လည္းေကာင္း စိတ္ၾကိဳက္လုပ္ေဆာင္ခြင့္ ရွိေနပါတယ္။

ဒါေပမယ့္ ဒါက စိတ္ပူစရာ အခ်က္မဟုတ္ပါဘူး။ က်ေနာ္တို႔ဟာ ဇာဗီ ၊ အီနီေယစတာ ၊ ပူယိုးလ္ တို႔ တုန္းကလဲ အခုလိုပဲ စာခ်ဳပ္ေတြကို ခ်ဳပ္ဆိုခဲ့ၾကတာပဲေလ။ ကစားသမားေတြ ရဲ႕ ႏွလံုးသားေတြကို နားလည္ထားျပီးသားမို႔ ၊ စိတ္ပူေနစရာ မလိုပါဘူး။ သူတို႔ အားလံုးက ဘာစီလိုနာ အတြက္ဆိုရင္ အျမဲတမ္း အသင့္ရွိေနတဲ့သူေတြပါ” လို႔ ထုတ္ေဖာ္ေျပာဆုိ သြားခဲ့ပါတယ္။

အသင္းရဲ႕ ေနာက္တန္း ကစားသမား ပီေကး ကေတာ့ မက္ဆီဟာ သူ ဆႏၵရွိလို႔ အသင္းေျပာင္းခ်င္တယ္ ဆိုရင္ အလြတ္ေၾကးနဲ႔ေတာင္ ထြက္သြားခြင့္ ရွိေနတယ္လို႔ မွတ္ခ်က္ေပးလိုက္ျပီး ၊ ဒါေပမယ့္ သူဟာ အဲဒီလိုမ်ိဳး ဘယ္ေတာ့မွ လုပ္မွာ မဟုတ္ဘူးလို႔ စပိန္ က အင္တာဗ်ဴးတစ္ခုမွာ ေျပာဆုိသြားခဲ့ပါတယ္။

ဘာစီလိုနာ ဟာ ဒီရာသီ လာလီဂါ ျပိဳင္ပြဲမွာ 3 ပြဲ ယွဥ္ျပိဳင္ ကစားထားေသာ္လဲ 1 ပြဲ သာ အႏိုင္ရရွိထားျပီး ၊ ရမွတ္ 4 မွတ္ နဲ႔ အဆင့္ 8 ေနရာမွာ ရပ္တည္လွ်က္ ရွိေနပါတယ္။ အထူးသျဖင့္ မက္ဆီ ကစားေပးႏုိင္ျခင္း မရွိတဲ့ အတြက္ ႏိုင္ပြဲေတြ ေဖာ္ေဆာင္ဖို႔အတြက္ အေ၀းကြင္း ပြဲစဥ္ေတြမွာ ပိုျပီးေတာ့ ရုန္းကန္ရ ေနပါတယ္။

သို႔ေသာ္ ဘာတုိျမဴ ကေတာ့ သူ႔အသင္းရဲ႕ ကစားသမား စာရင္းဟာ ဒီရာသီမွာ ပိုျပီးေတာ့ က်စ္လစ္သြားသလို ၊ ေတာင္းတင္းမႈကလဲ ပိုေနခဲ့တယ္လို႔ ေျပာဆုိသြားခဲ့ျပန္ပါတယ္။

“ ဒီႏွစ္ အေျပာင္းအေရႊ႕မွာ လႈပ္ရွားမယ့္ စီမံကိန္းကို အေစာၾကီး ကတည္းက ၾကိဳဆြဲထားခဲ့တာပါ။ လ်ာထား ထားတဲ့ ကစားသမားေတြကိုလဲ ေခၚယူႏိုင္ခဲ့ပါတယ္။

အထူးသျဖင့္ ကြင္းလယ္ ၊ ေနာက္တန္း နဲ႔ တိုက္စစ္ ကို တစ္ေယာက္စီ ေခၚယူဖို႔ ပစ္မွတ္ထားခဲ့သလို ၊ ၀ါေဂး ကိုလဲ B အသင္းကေန စီနီယာ အသင္းၾကီးဆီ တိုးျမွင္ေပးဖို႔ စဥ္းစားခဲ့တာေလ ။ အခုဆိုရင္ ကစားသမား စာရင္းမွာ မႏွစ္ကထက္ ပုိျပီး က်စ္လစ္လာသလုိ ၊ အရည္အေသြးလဲ ပိုျမင့္လာပါတယ္။

က်ေနာ္ကေတာ့ ဒီရာသီကို အမ်ားၾကီး ေမွ်ာ္လင့္ထားတာပါ။

ဒီလစ္ ဆိုရင္လဲ က်ေနာ္တို႔ ရဲ႕ ပစ္မွတ္ပါပဲ ၊ ဒါေပမယ့္ သူဟာ ဘာစီလိုနာ ကို ျငင္းပယ္သြားခဲ့တာေလ။ ဂရစ္ဇ္မန္း ကုိ ေခၚလိုက္တဲ့ အတြက္ အသင္းမွာ ရွိတဲ့ ကစားမားေတြကို ဆန္႔က်င္တာေတြ လံုး၀ မရွိခဲ့သလို ၊ သူတုို႔ ရဲ႕ မၾကိဳက္တဲ့ အခ်က္ေတြကိုလဲ ထုတ္ေဖာ္ ေျပာဆိုတာမ်ိဳးေတြ မရွိခဲ့ပါဘူး။

ေခၚယူဖို႔ ဆံုးျဖတ္ခ်က္ ခ်ခဲ့တာေတာ့ နည္းစနစ္ ပိုင္းဆိုင္ရာ အဖြဲ႔ပါ” လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

SPORTS MYANMAR

Unicode

ဆန္ဒရှိပါက မက်ဆီဟာ ဘာစီလိုနာနဲ့ လမ်းခွဲသွားလို့ရတဲ့ သဘောတူညီချက် ရှိနေတဲ့အကြောင်း ၀န်ခံလိုက်တဲ့ ဘာတိုမြူ
************************************************

ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီဟာ ဘောလုံးရာသီ တစ်ခု ပြီးဆုံးတာနဲ့ ဘာစီလိုနာ နဲ့ လမ်းခွဲချင်တဲ့ ဆန္ဒဖြစ်ပေါ်လာပါက ၊ အသင်းပြောင်းသွားနိုင်တဲ့ သဘောတူညီချက်ကို သူ့ရဲ့ လက်ရှိ စာချုပ်မှာ ထည့်သွင်း ချုပ်ဆိုထားတဲ့ အကြောင်းကို EL Pais သတင်းစာ က ကြာသပတေး နေ့က စတင်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ကမ္ဘာတစ်ဝန်းက မီဒီယာတွေ ကပါ ကိုးကားပြီး ဆက်လက်ဖော်ပြခဲ့ကြကာ ၊ အဲဒီ သတင်းဟာ မှန်ကန်တဲ့ အကြောင်း ဘာစီလိုနာ ဥက္ကဌ ဘာတိုမြူ ကိုယ်တိုင်က ၀န်ခံသွားခဲ့ပြီ ဖြစ်ပါတယ်။

သို့သော်လဲ အဆိုပါ သဘောတူညီမှု အချက်အလက်မျိုး ပါရှိနေသည့်တိုင်အောင် မက်ဆီဟာ ဘာစီလိုနာ အပေါ် သံယောဇဉ်ကြီးမားသူ ဖြစ်တာကြောင့် ၊ ဘယ်တော့မှ အသင်းကနေ ထွက်ခွာသွားမှာ မဟုတ်ဘူးလို့လဲ မှတ်ချက်ပေးထားခဲ့ပါတယ်။ မက်ဆီဟာ လက်ရှိ ဘောလုံးလောက ရဲ့ လုပ်ခ လစာ အများဆုံး ဘောလုံးသမား အဖြစ်လဲ ရပ်တည်နေတာ ဖြစ်သလို ၊ ဘာစီလိုနာ နဲ့လဲ လက်ကျန် စာချုပ် သက်တမ်းက 2 နှစ် အထိ ကျန်နေသေးတာ ဖြစ်ပါတယ်။

မနေ့က Barca TV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဥက္ကဌကြီး ဘာတိုမြူက “ မက်ဆီ ရဲ့ စာချုပ်သစ် ကို လွန်ခဲ့တဲ့ 2 နှစ် ကမှ ချုပ်ဆိုထားခဲ့တာပါ။ နောက်ဆုံး နှစ်မရောက်ခင် ၊ 2020-2021 ဘောလုံးရာသီမှာပဲ သူဟာ အသင်းကနေ ထွက်သွားခွင့်ရှိနေသလို ၊ ဘောလုံးလောက ကနေ အနားယူချင်သော်လည်းကောင်း ၊ အခြားအသင်း တစ်ခုဆီ ပြောင်းရွှေ့ချင်သော်လည်းကောင်း စိတ်ကြိုက်လုပ်ဆောင်ခွင့် ရှိနေပါတယ်။

ဒါပေမယ့် ဒါက စိတ်ပူစရာ အချက်မဟုတ်ပါဘူး။ ကျနော်တို့ဟာ ဇာဗီ ၊ အီနီယေစတာ ၊ ပူယိုးလ် တို့ တုန်းကလဲ အခုလိုပဲ စာချုပ်တွေကို ချုပ်ဆိုခဲ့ကြတာပဲလေ။ ကစားသမားတွေ ရဲ့ နှလုံးသားတွေကို နားလည်ထားပြီးသားမို့ ၊ စိတ်ပူနေစရာ မလိုပါဘူး။ သူတို့ အားလုံးက ဘာစီလိုနာ အတွက်ဆိုရင် အမြဲတမ်း အသင့်ရှိနေတဲ့သူတွေပါ” လို့ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။

အသင်းရဲ့ နောက်တန်း ကစားသမား ပီကေး ကတော့ မက်ဆီဟာ သူ ဆန္ဒရှိလို့ အသင်းပြောင်းချင်တယ် ဆိုရင် အလွတ်ကြေးနဲ့တောင် ထွက်သွားခွင့် ရှိနေတယ်လို့ မှတ်ချက်ပေးလိုက်ပြီး ၊ ဒါပေမယ့် သူဟာ အဲဒီလိုမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့ စပိန် က အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာ ဟာ ဒီရာသီ လာလီဂါ ပြိုင်ပွဲမှာ 3 ပွဲ ယှဉ်ပြိုင် ကစားထားသော်လဲ 1 ပွဲ သာ အနိုင်ရရှိထားပြီး ၊ ရမှတ် 4 မှတ် နဲ့ အဆင့် 8 နေရာမှာ ရပ်တည်လျှက် ရှိနေပါတယ်။ အထူးသဖြင့် မက်ဆီ ကစားပေးနိုင်ခြင်း မရှိတဲ့ အတွက် နိုင်ပွဲတွေ ဖော်ဆောင်ဖို့အတွက် အဝေးကွင်း ပွဲစဉ်တွေမှာ ပိုပြီးတော့ ရုန်းကန်ရ နေပါတယ်။

သို့သော် ဘာတိုမြူ ကတော့ သူ့အသင်းရဲ့ ကစားသမား စာရင်းဟာ ဒီရာသီမှာ ပိုပြီးတော့ ကျစ်လစ်သွားသလို ၊ တောင်းတင်းမှုကလဲ ပိုနေခဲ့တယ်လို့ ပြောဆိုသွားခဲ့ပြန်ပါတယ်။

“ ဒီနှစ် အပြောင်းအရွှေ့မှာ လှုပ်ရှားမယ့် စီမံကိန်းကို အစောကြီး ကတည်းက ကြိုဆွဲထားခဲ့တာပါ။ လျာထား ထားတဲ့ ကစားသမားတွေကိုလဲ ခေါ်ယူနိုင်ခဲ့ပါတယ်။

အထူးသဖြင့် ကွင်းလယ် ၊ နောက်တန်း နဲ့ တိုက်စစ် ကို တစ်ယောက်စီ ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့သလို ၊ ၀ါဂေး ကိုလဲ B အသင်းကနေ စီနီယာ အသင်းကြီးဆီ တိုးမြှင်ပေးဖို့ စဉ်းစားခဲ့တာလေ ။ အခုဆိုရင် ကစားသမား စာရင်းမှာ မနှစ်ကထက် ပိုပြီး ကျစ်လစ်လာသလို ၊ အရည်အသွေးလဲ ပိုမြင့်လာပါတယ်။

ကျနော်ကတော့ ဒီရာသီကို အများကြီး မျှော်လင့်ထားတာပါ။

ဒီလစ် ဆိုရင်လဲ ကျနော်တို့ ရဲ့ ပစ်မှတ်ပါပဲ ၊ ဒါပေမယ့် သူဟာ ဘာစီလိုနာ ကို ငြင်းပယ်သွားခဲ့တာလေ။ ဂရစ်ဇ်မန်း ကို ခေါ်လိုက်တဲ့ အတွက် အသင်းမှာ ရှိတဲ့ ကစားမားတွေကို ဆန့်ကျင်တာတွေ လုံးဝ မရှိခဲ့သလို ၊ သူတိုု့ ရဲ့ မကြိုက်တဲ့ အချက်တွေကိုလဲ ထုတ်ဖော် ပြောဆိုတာမျိုးတွေ မရှိခဲ့ပါဘူး။

ခေါ်ယူဖို့ ဆုံးဖြတ်ချက် ချခဲ့တာတော့ နည်းစနစ် ပိုင်းဆိုင်ရာ အဖွဲ့ပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SPORTS MYANMAR