ဒီရာသီ ပရီးမီးယားလိဂ္ဟာ ပြဲစဥ္ ၄ ပြဲသာ ကစား ထားျပီး ျဖစ္ေပမယ့္ ရင္းႏွီးျပီးသာ ပံုျပင္ တစ္ခ်ိဳ႕ ကေတာ့ ကြဲကြဲျပားျပား ထြက္ေပၚ လာခဲ့ပါတယ္။ ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ ပထမ တစ္ပိုင္း အျပီး သိနားလည္ ခဲ့တဲ့ အခ်က္ ၁၀ ခ်က္ကို ယခုလိုပဲ ေဖာ္ျပ ေပးလိုက္ပါတယ္။

၁~ ထပ္မံျမင္ေတြ႕ ရအံုးမယ့္ ႏွစ္ေကာင္တည္း ေျပးတဲ့ ျပိဳင္ပြဲ

ျပီးခဲ့တဲ့ ရာသီက လိုပဲ အမွတ္ေပးဖလား တုိက္ပြဲဟာ လီဗာပူး နဲ႕ မန္စီးတီး တုိ႕သာ အဓိက ျပိဳင္ဆုိင္ သြားရအံုးမွာ ျဖစ္ပါတယ္။ က်န္တဲ့ Top 6 အသင္းေတြ ကေတာ့ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရဖို႕ အတြက္သာ အဓိက ျပိဳင္ဆုိင္ သြားရမွာ ျဖစ္ပါတယ္။

၂~ အျမန္ဆံုး ႏုိးထဖို႕ လိုေနျပီ ျဖစ္တဲ့ ဆုိးရွား

ရာသီအဖြင့္ပြဲစဥ္မွာ ခ်ဲလ္ဆီးလို အသင္းကို ၄ ဂုိးျပတ္နဲ႕ အႏုိ္င္ယူခဲ့တာေၾကာင့္ အုိလီဂန္နာဆုိးရွား ရဲ႕ အသင္းကို အမ်ားၾကီး ေမွ်ာ္လင့္ ထားမွဳေတြ ရွိခဲ့ၾကေပမယ့္လည္း ရာသီသစ္စျပီး တစ္လ မျပည့္မီမွာပဲ ဒီအေတြးေတြ ေျပာင္းလဲ သြားခဲ့ကာ အသင္းေအာင္ျမင္မွဳ ရဖို႕ အတြက္ ဆုိးရွားကို အခ်ိန္ေပးဖို႕ လိုတယ္လို႕ ေလသံ ေျပာင္းသြား ခဲ့ပါတယ္။ ဒါ့အျပင္ ေနာက္ဆံုး ကစားခဲ့တဲ့ ျပိဳင္ပြဲစံု ၁၆ ပြဲမွာ ၃ ပြဲသာ အႏုိင္ရထားတာေၾကာင့္ သတိေပး ေခါင္းေလာင္းကလည္း ျမည္ေနပါတယ္။

 

၃~ အေျခအေနေကာင္းေနတဲ့ လက္စတာ

လက္စတာ ဟာ ဒီရာသီ ရဲ႕ အေကာင္းဆံုး ဖ်က္ျမင္း ျဖစ္လာဖို႕ ရွိေနျပီး Top 4 အတြက္ မဟုတ္ရင္ေတာင္ Top 6 ထဲကို ၀င္ေရာက္ႏုိင္တဲ့ အလားအလာ ရွိေနပါတယ္။ ေဂ်မီဗာဒီကလည္း ဒီရာသီမွာ ပံုစံေကာင္း ရေနတဲ့ အျပင္ ဂိုးသြင္းေျခစြမ္း ကလည္း ထက္ျမက္ေနျပီး ျပိဳင္ဘက္ေနာက္ခံလူေတြ အတြက္ အႏၱရာယ္ ပါပဲ။ မန္ေနဂ်ာ ဘရန္ဒန္ေရာ္ဂ်ာဟာ ရွိတဲ့လူေတြကို အေကာင္းဆံုး ေပါင္းစပ္ ထားႏိုင္ခဲ့ျပီး ေျမေခြးျပာ တုိ႕ရဲ႕ ရွံဳးပြဲမရွိ မွတ္တမ္းဟာ ကံေကာင္းျပီး ရတာေတာ့ မဟုတ္ပါဘူး။

၄~ ေပါ့ေပါ့တန္တန္ သေဘာမထား သင့္တဲ့ ရွက္ဖီး

လူေတာ္ေတာ္မ်ားမ်ား ကေတာ့ ကစားသမား အေျပာင္းအေရြ႕ ၾကီးၾကီးမားမား မလုပ္ထားတဲ့ ရွက္ဖီးယူႏိုက္တက္ကုိ ဒီရာသီ တန္းဆင္းရဖို႕ ေရပန္း အစားဆံုး အသင္းလို႕ သတ္မွတ္ ခဲ့ၾကေပမယ့္လည္း ရွက္ဖီးဟာ ေပါ့ေပါ့ေတြးလို႕ မရတဲ့ အသင္းဆုိတာကို ျပသေနပါတယ္။ ဆန္းသစ္တဲ့ overlapping center backs ဗ်ဴဟာ နဲ႕ ခရစ္၀ုိင္ဒါရဲ႕ အသင္း ဘယ္ေလာက္ ေကာင္းေအာင္ ကစားေနသလဲ ဆုိတာ ခ်ဲလ္ဆီး နဲ႕ပြဲကို ၾကည့္ရင္ သိႏုိ္င္ပါတယ္။

၅~ ဗီလာနဲ႕ ေနာ့၀ွစ္တုိ႕ ပြဲက်ပ္ကာလကို ေတာင့္ခံ ႏုိင္မလား?

တန္းတက္ ၃ သင္းစလံုးဟာ ေကာင္းမြန္တဲ့ တာထြက္ေတြကို ရရွိေနပါတယ္။ သမုိင္းေၾကာင္းၾကီးတဲ့ ဗီလာကို ပရီးမီးယားလိဂ္မွာ ျပန္ျမင္ရတာ ေကာင္းမြန္လွျပီး ေနာ့၀ွစ္ကလည္း ကိုယ့္မူအတုိင္း ကိုယ္သြား ေနပါတယ္။ ေဆာင္းရာသီ ပြဲက်ပ္ကာလေတြကို ဒီအသင္းေတြ ေကာင္းေကာင္း ျဖတ္ေက်ာ္ ႏုိင္မလား ဆုိတာ ေစာင့္ၾကည့္ ရမွာ ျဖစ္ျပီး ဒီအသင္းေတြရဲ႕ စိတ္ဓာတ္ေတြ ကေတာ့ အားရစရာ ပါပဲ။

၆~ ၀ုဖ္ကို ဒုကၡေပးသြားႏုိင္တဲ့ ယူရိုပါလိဂ္

၀ုဖ္အသင္း အေနနဲ႕ ယူရိုပါလိဂ္ နဲ႕ ပရီးမီးယားလိဂ္ၾကား ဟန္ခ်က္ညီေအာင္ ကစားႏုိင္ဖို႕ မလြယ္ကူပါဘူး။ ျပီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ္ ရဲ႕ အဆင့္ ၇ ေနရာမွာ ရပ္တည္ ခဲ့တဲ့ ၀ုဖ္အေနနဲ႕ ၾကားရက္မွာ ဥေရာပပြဲေတြ ကစားအျပီး လိဂ္ျပိဳင္ပြဲမွာ ရမွတ္ေတြ အမ်ားၾကီး စုေဆာင္း ႏုိင္ဖုိ႕ မလြယ္ကူ ပါဘူး။

၇~ ေမွးမွိန္ေနတ့ဲ စပါးရဲ႕ ဖလားေမွ်ာ္လင့္ခ်က္
လာမည့္ ဇန္န၀ါရီမွာ အဲရစ္ဆင္ကိုသာ ထိန္းမထား ႏုိင္ခဲ့ဘူးဆုိရင္ စပါး အေနနဲ႕ ဒီရာသီ Top 4 ၀င္ဖို႕ေတာင္ မေသခ်ာပါဘူး။ အစီအစဥ္ တင္ဆက္သူ တစ္ေယာက္ ကေတာ့ အဲရစ္ဆင္ အေနနဲ႕ အသင္းၾကီး တစ္သင္းကို ေျပာင္းတာထက္စာရင္ စပါးမွာ ဆက္ေနတာက ဖလား ရဖို႕ ပိုမို အခြင့္အေရး ရွိတယ္လို႕ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ စပါးတုိ႕ ေနာက္ဆံုး ဖလားရတာ ဘယ္အခ်ိန္ကလဲ? အေတာ္ကို ၾကာေနပါျပီ။

၈~ Top 6 အတြက္ အခြင့္အေရး ရွိေနတဲ့ အဲဗာတန္
အဲဗာတန္ဟာ ဥေရာပ ေမွ်ာ္လင့္ခ်က္ အတြက္ တကယ့္ အခြင့္အေရး ရွိေနပါတယ္။ လက္ရွိ အဲဗာတန္ ရဲ႕ လူအင္အား နဲ႕ ကစားပံုအရ မာကိုေဆးလ္ဗားရဲ႕ အသင္း အေနနဲ႕ Top 6 တစ္ေနရာစာ အတြက္ မန္ယူႏုိ္က္တက္ ၊ အာဆင္နယ္ ၊ ခ်ဲလ္ဆီး ၊ စပါး ၊ လက္စတာ တုိ႕နဲ႕ အျပိဳင္ ျဖစ္သင့္ပါတယ္။

၉~ ဟယ္လာလုိ တုိက္စစ္မွဳးေကာင္း ေခၚႏုိ္င္ခဲ့တဲ့ ၀က္ဟမ္း

၀က္ဟမ္း အသင္းရဲ႕ မွားယြင္းတဲ့ ကစားသမား ေခၚယူမွဳေတြကို အားလံုး ျမင္ေတြ႕ ခဲ့ဖူးမွာပါ။ ဒါေပမယ့္ ေပါင္ ၄၅သန္းတန္ တုိက္စစ္မွဳး ဆီဘက္စတီယန္ဟယ္လာ ကေတာ့ အျခား အလယ္အလတ္ အသင္းေတြက တိုက္စစ္မွဳးေတြနဲ႕ မတူ တစ္ရာသီ ဂိုး ၂၀ ေလာက္ အာမခံခ်က္ ေပးႏုိင္တဲ့ ကစားသမား ျဖစ္ပါတယ္။

၁၀~ ကာလတစ္ခုၾကာ ခ်ဲလ္ဆီးကို တည္ေဆာက္သြားရအံုးမယ့္ လမ္းပတ္
ဒီရာသီ အဆင့္ဘယ္ေလာက္ပဲ ျဖစ္ျဖစ္ ခ်ဲလ္ဆီး အသင္းဟာ မန္ေနဂ်ာသစ္ ဖရန္႕လမ္းပတ္ရဲ႕ လက္ေအာက္မွာ အနာဂတ္ အတြက္ အလားအလာ ဘယ္ေလာက္ ရွိသလဲ ဆုိတာ ျပသ ထားပါတယ္။ ေမဆင္ေမာင့္ ၊ ေအဗရာဟမ္ တုိ႕ကလည္း လမ္းပတ္ရဲ႕ ယံုၾကည္မွဳကို အေကာင္းဆံုး ျပန္လည္ တုန္႕ျပန္ကာ PL အေတြ႕အၾကံဳေတြကိုလည္း ရယူ ေနပါတယ္။ အကယ္၍ လမ္းပတ္ အေနနဲ႕ ဒီရာသီ ရမွတ္မ်ားမ်ား မရယူႏုိင္ခဲ့ဘူး ဆုိရင္ေတာင္ ေမာင့္ ၊ ေအဗရာဟမ္ တုိ႕ကို စင္တင္ႏုိင္တာ ကေတာ့ တကယ့္ အျမတ္ပါပဲ။

SM

Unicode

ပရီးမီးယားလိဂ် ပွဲစဉ် ၄ အပြီး ပြောစရာ ဖြစ်လာခဲ့တဲ့ အချက် ၁၀ ချက်

ဒီရာသီ ပရီးမီးယားလိဂ်ဟာ ပွဲစဉ် ၄ ပွဲသာ ကစား ထားပြီး ဖြစ်ပေမယ့် ရင်းနှီးပြီးသာ ပုံပြင် တစ်ချို့ ကတော့ ကွဲကွဲပြားပြား ထွက်ပေါ် လာခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ပထမ တစ်ပိုင်း အပြီး သိနားလည် ခဲ့တဲ့ အချက် ၁၀ ချက်ကို ယခုလိုပဲ ဖော်ပြ ပေးလိုက်ပါတယ်။

၁~ ထပ်မံမြင်တွေ့ ရအုံးမယ့် နှစ်ကောင်တည်း ပြေးတဲ့ ပြိုင်ပွဲ

ပြီးခဲ့တဲ့ ရာသီက လိုပဲ အမှတ်ပေးဖလား တိုက်ပွဲဟာ လီဗာပူး နဲ့ မန်စီးတီး တို့သာ အဓိက ပြိုင်ဆိုင် သွားရအုံးမှာ ဖြစ်ပါတယ်။ ကျန်တဲ့ Top 6 အသင်းတွေ ကတော့ ချန်ပီယံလိဂ် ၀င်ခွင့် ရဖို့ အတွက်သာ အဓိက ပြိုင်ဆိုင် သွားရမှာ ဖြစ်ပါတယ်။

၂~ အမြန်ဆုံး နိုးထဖို့ လိုနေပြီ ဖြစ်တဲ့ ဆိုးရှား

ရာသီအဖွင့်ပွဲစဉ်မှာ ချဲလ်ဆီးလို အသင်းကို ၄ ဂိုးပြတ်နဲ့ အနို်င်ယူခဲ့တာကြောင့် အိုလီဂန်နာဆိုးရှား ရဲ့ အသင်းကို အများကြီး မျှော်လင့် ထားမှုတွေ ရှိခဲ့ကြပေမယ့်လည်း ရာသီသစ်စပြီး တစ်လ မပြည့်မီမှာပဲ ဒီအတွေးတွေ ပြောင်းလဲ သွားခဲ့ကာ အသင်းအောင်မြင်မှု ရဖို့ အတွက် ဆိုးရှားကို အချိန်ပေးဖို့ လိုတယ်လို့ လေသံ ပြောင်းသွား ခဲ့ပါတယ်။ ဒါ့အပြင် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၆ ပွဲမှာ ၃ ပွဲသာ အနိုင်ရထားတာကြောင့် သတိပေး ခေါင်းလောင်းကလည်း မြည်နေပါတယ်။

၃~ အခြေအနေကောင်းနေတဲ့ လက်စတာ

လက်စတာ ဟာ ဒီရာသီ ရဲ့ အကောင်းဆုံး ဖျက်မြင်း ဖြစ်လာဖို့ ရှိနေပြီး Top 4 အတွက် မဟုတ်ရင်တောင် Top 6 ထဲကို ၀င်ရောက်နိုင်တဲ့ အလားအလာ ရှိနေပါတယ်။ ဂျေမီဗာဒီကလည်း ဒီရာသီမှာ ပုံစံကောင်း ရနေတဲ့ အပြင် ဂိုးသွင်းခြေစွမ်း ကလည်း ထက်မြက်နေပြီး ပြိုင်ဘက်နောက်ခံလူတွေ အတွက် အန္တရာယ် ပါပဲ။ မန်နေဂျာ ဘရန်ဒန်ရော်ဂျာဟာ ရှိတဲ့လူတွေကို အကောင်းဆုံး ပေါင်းစပ် ထားနိုင်ခဲ့ပြီး မြေခွေးပြာ တို့ရဲ့ ရှုံးပွဲမရှိ မှတ်တမ်းဟာ ကံကောင်းပြီး ရတာတော့ မဟုတ်ပါဘူး။

၄~ ပေါ့ပေါ့တန်တန် သဘောမထား သင့်တဲ့ ရှက်ဖီး

လူတော်တော်များများ ကတော့ ကစားသမား အပြောင်းအရွေ့ ကြီးကြီးမားမား မလုပ်ထားတဲ့ ရှက်ဖီးယူနိုက်တက်ကို ဒီရာသီ တန်းဆင်းရဖို့ ရေပန်း အစားဆုံး အသင်းလို့ သတ်မှတ် ခဲ့ကြပေမယ့်လည်း ရှက်ဖီးဟာ ပေါ့ပေါ့တွေးလို့ မရတဲ့ အသင်းဆိုတာကို ပြသနေပါတယ်။ ဆန်းသစ်တဲ့ overlapping center backs ဗျူဟာ နဲ့ ခရစ်ဝိုင်ဒါရဲ့ အသင်း ဘယ်လောက် ကောင်းအောင် ကစားနေသလဲ ဆိုတာ ချဲလ်ဆီး နဲ့ပွဲကို ကြည့်ရင် သိနို်င်ပါတယ်။

၅~ ဗီလာနဲ့ နော့ဝှစ်တို့ ပွဲကျပ်ကာလကို တောင့်ခံ နိုင်မလား?

တန်းတက် ၃ သင်းစလုံးဟာ ကောင်းမွန်တဲ့ တာထွက်တွေကို ရရှိနေပါတယ်။ သမိုင်းကြောင်းကြီးတဲ့ ဗီလာကို ပရီးမီးယားလိဂ်မှာ ပြန်မြင်ရတာ ကောင်းမွန်လှပြီး နော့ဝှစ်ကလည်း ကိုယ့်မူအတိုင်း ကိုယ်သွား နေပါတယ်။ ဆောင်းရာသီ ပွဲကျပ်ကာလတွေကို ဒီအသင်းတွေ ကောင်းကောင်း ဖြတ်ကျော် နိုင်မလား ဆိုတာ စောင့်ကြည့် ရမှာ ဖြစ်ပြီး ဒီအသင်းတွေရဲ့ စိတ်ဓာတ်တွေ ကတော့ အားရစရာ ပါပဲ။

၆~ ၀ုဖ်ကို ဒုက္ခပေးသွားနိုင်တဲ့ ယူရိုပါလိဂ်

၀ုဖ်အသင်း အနေနဲ့ ယူရိုပါလိဂ် နဲ့ ပရီးမီးယားလိဂ်ကြား ဟန်ချက်ညီအောင် ကစားနိုင်ဖို့ မလွယ်ကူပါဘူး။ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် ရဲ့ အဆင့် ရ နေရာမှာ ရပ်တည် ခဲ့တဲ့ ၀ုဖ်အနေနဲ့ ကြားရက်မှာ ဥရောပပွဲတွေ ကစားအပြီး လိဂ်ပြိုင်ပွဲမှာ ရမှတ်တွေ အများကြီး စုဆောင်း နိုင်ဖို့ မလွယ်ကူ ပါဘူး။

၇~ မှေးမှိန်နေတဲ့ စပါးရဲ့ ဖလားမျှော်လင့်ချက်
လာမည့် ဇန်နဝါရီမှာ အဲရစ်ဆင်ကိုသာ ထိန်းမထား နိုင်ခဲ့ဘူးဆိုရင် စပါး အနေနဲ့ ဒီရာသီ Top 4 ၀င်ဖို့တောင် မသေချာပါဘူး။ အစီအစဉ် တင်ဆက်သူ တစ်ယောက် ကတော့ အဲရစ်ဆင် အနေနဲ့ အသင်းကြီး တစ်သင်းကို ပြောင်းတာထက်စာရင် စပါးမှာ ဆက်နေတာက ဖလား ရဖို့ ပိုမို အခွင့်အရေး ရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် စပါးတို့ နောက်ဆုံး ဖလားရတာ ဘယ်အချိန်ကလဲ? အတော်ကို ကြာနေပါပြီ။

၈~ Top 6 အတွက် အခွင့်အရေး ရှိနေတဲ့ အဲဗာတန်
အဲဗာတန်ဟာ ဥရောပ မျှော်လင့်ချက် အတွက် တကယ့် အခွင့်အရေး ရှိနေပါတယ်။ လက်ရှိ အဲဗာတန် ရဲ့ လူအင်အား နဲ့ ကစားပုံအရ မာကိုဆေးလ်ဗားရဲ့ အသင်း အနေနဲ့ Top 6 တစ်နေရာစာ အတွက် မန်ယူနို်က်တက် ၊ အာဆင်နယ် ၊ ချဲလ်ဆီး ၊ စပါး ၊ လက်စတာ တို့နဲ့ အပြိုင် ဖြစ်သင့်ပါတယ်။

၉~ ဟယ်လာလို တိုက်စစ်မှုးကောင်း ခေါ်နို်င်ခဲ့တဲ့ ၀က်ဟမ်း

၀က်ဟမ်း အသင်းရဲ့ မှားယွင်းတဲ့ ကစားသမား ခေါ်ယူမှုတွေကို အားလုံး မြင်တွေ့ ခဲ့ဖူးမှာပါ။ ဒါပေမယ့် ပေါင် ၄၅သန်းတန် တိုက်စစ်မှုး ဆီဘက်စတီယန်ဟယ်လာ ကတော့ အခြား အလယ်အလတ် အသင်းတွေက တိုက်စစ်မှုးတွေနဲ့ မတူ တစ်ရာသီ ဂိုး ၂၀ လောက် အာမခံချက် ပေးနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။

၁၀~ ကာလတစ်ခုကြာ ချဲလ်ဆီးကို တည်ဆောက်သွားရအုံးမယ့် လမ်းပတ်
ဒီရာသီ အဆင့်ဘယ်လောက်ပဲ ဖြစ်ဖြစ် ချဲလ်ဆီး အသင်းဟာ မန်နေဂျာသစ် ဖရန့်လမ်းပတ်ရဲ့ လက်အောက်မှာ အနာဂတ် အတွက် အလားအလာ ဘယ်လောက် ရှိသလဲ ဆိုတာ ပြသ ထားပါတယ်။ မေဆင်မောင့် ၊ အေဗရာဟမ် တို့ကလည်း လမ်းပတ်ရဲ့ ယုံကြည်မှုကို အကောင်းဆုံး ပြန်လည် တုန့်ပြန်ကာ PL အတွေ့အကြံုတွေကိုလည်း ရယူ နေပါတယ်။ အကယ်၍ လမ်းပတ် အနေနဲ့ ဒီရာသီ ရမှတ်များများ မရယူနိုင်ခဲ့ဘူး ဆိုရင်တောင် မောင့် ၊ အေဗရာဟမ် တို့ကို စင်တင်နိုင်တာ ကတော့ တကယ့် အမြတ်ပါပဲ။

SM