မေန႔ညက ဘာစီလိုနာ TV နဲ႔ အသင္း ဥကၠဌ ဘာတုိျမဴတို႔ အင္တာဗ်ဴး လုပ္ခ်ိန္မွာေတာ့ ေနမာ နဲ႔ ဘာစီလိုနာ တို႔အၾကား အေျပာင္းအေရႊ႕ ဇာတ္လမ္းေတြ ျဖစ္ေပၚခဲ့ရတဲ့ အေၾကာင္းအရင္းဟာ ျပန္လည္ စခန္းထ လာခဲ့ပါတယ္။

စပိန္ သတင္းေထာက္ အမ်ားစု ကေတာ့ ဘာစီလိုနာ ဥကၠဌ ဘာတိုျမဴဟာ ေနမာ ကို ေခၚယူဖို႔ ဟန္ျပသာ လုပ္ေဆာင္ခဲ့တယ္လို႔ စြပ္စြဲခဲ့ၾကျပီး ၊ ဒီေဂ်ာင္ရဲ႕ အေျပာင္းအေရႊ႕ကို ဥပမာ ေပးသြားခဲ့ၾကပါတယ္။ ဘာတိုျမဴ ဟာ ဒီေဂ်ာင္ကို ေခၚယူဖို႔ ၾကိဳးစားခဲ့စဥ္က သူကိုယ္တိုင္ ေဟာ္လန္ အထိ လိုက္သြားခဲ့ျပီး ၊ ကစားသမားေလး ကို ေသခ်ာ စည္းရံုးကာ ေခၚယူခဲ့တာ ျဖစ္ပါတယ္။

ေနမာ ရဲ႕ အေျပာင္းအေရႊ႕မွာေတာ့ ဘာတိုျမဴဟာ သူကို္တိုင္ လုပ္ေဆာင္ခဲ့ျခင္း မရွိပဲ ၊ သူ႔ရဲ႕ လက္ေအာက္မွာ ရွိတဲ့ ရာထူးျမင့္ ၀န္ထမ္း အခ်ိဳ႕ကို ဦးေဆာင္ကာ လႈပ္ရွားေစခဲ့တာ ျဖစ္ျပီး ၊ ေဆြးေႏြးညွိႏိႈင္းမႈေတြ အက်ပ္အတည္း ျဖစ္ေနခ်ိန္မွာေတာင္ သူနဲ႔ ရာထူးတူ PSG ဥကၠဌ နဲ႔ ေတြ႔ဆံုဖို႔ ၾကိဳးစားခဲ့ျခင္း မရွိတာကို အဓိက ေထာက္ျပခဲ့ၾကပါတယ္။

တစ္ဆက္တည္းမွာပဲ အသင္းမွာ ရွိတဲ့ မက္ဆီ ၊ ဘက္စ္ကြက္ ၊ ပီေကး ၊ ဆြာရက္ တို႔ ေက်နပ္ေအာင္ ဟန္ျပေလးသာ ၾကိဳးစားျပခဲ့တယ္လို႔ ထပ္မံ စြပ္စြဲခဲ့ၾကပါတယ္။

အဲဒီ အေၾကာင္းေတြ နဲ႔ ပတ္သက္ျပီး ဘာတိုျမဴက ျပန္လည္ ရွင္းလင္းလုိက္သလို ၊ သူ ကိုယ္တိုင္ကလဲ ေနမာကို ေခၚယူဖို႔ ေထာက္ခံေပးခဲ့တယ္လို႔ ဆိုပါတယ္။ သို႔ေသာ္ ေနာက္တစ္ၾကိမ္ ၾကိဳးစားဖို႔ အတြက္ေတာ့ ဇန္န၀ါရီ အေျပာင္းအေရႊ႕မွာ လုပ္ေဆာင္မွာ မဟုတ္သလုိ ၊ PSG ဘက္က သေဘာထား ေျပာင္းလာ လာပါက ရာသီအကုန္မွာ ျပန္လည္ လႈပ္ရွားဖြယ္ ရွိတယ္လို႔ အရိပ္အျမြက္ ေျပာဆုိသြားခဲ့ ပါတယ္။

“ က်ေနာ္တို႔က အေျပာင္းအေရႊ႕ လႈပ္ရွားဖို႔ အေစာၾကီး ကတည္းက စီစဥ္ထားခဲ့တာဗ် ၊ အဲဒီ အထဲမွာ ေနမာ ကို ေခၚယူဖို႔ အစီအစဥ္ က လံုး၀ မပါ ပါဘူး။ ဒါေပမယ့္ သူ႔ကုိ ေခၚယူလို႔ ရတဲ့ အခြင့္အေရးက အလိုလိုေနရင္း ေပၚလာခဲ့တာေလ။

တစ္ခါတည္း ဆက္စပ္တုန္း ေျပာရရင္ ဘာစီလိုနာ ဟာ ကစားသမား အလိုက္ေပးျပီး လံုး၀ ကမ္းလွမ္းမႈေတြ မလုပ္ခဲ့ပါဘူး။ PSG ဘက္က ေတာင္းဆိုေတာ့ ဒါဆိုရင္လဲ ဒီကစားသမားေတြ ေတာ့ ရမယ္ကြာ ဆိုတဲ့ ပံုစံမ်ိဳး နဲ႔ ေဆြးေႏြးခဲ့ၾကတာပါ။

အေျပာင္းအေရႊ႕ ျဖစ္မလာခဲ့တာ ကလဲ က်ေနာ္တို႔ဟာ PSG လိုခ်င္တဲ့ ေစ်းမ်ိဳးကို ေပးေခ်ႏိုင္ျခင္း မရွိလို႔ ျဖစ္ပါတယ္။

လာမယ့္ ေဆာင္းရာသီ အေျပာင္းအေရႊ႕မွာေတာ့ သူ႔ကို ေခၚယူမွာ မဟုတ္ပါဘူး ။ ဒါေပမယ့္ အဲဒီ အခုိက္အတန္႔ က ရာသီအကုန္မွာ ဘယ္ကစားသမားေတြကို ပစ္မွတ္ထားမလဲ ဆိုတာ ကို အစီအစဥ္ ေရးဆြဲတဲ့ အခ်ိန္မ်ိဳးေပါ့။ ဒါေၾကာင့္မို႔ ေနမာ အေၾကာင္းက အဲဒီ အထဲမွာ ပါေကာင္း ျပန္ပါ လာႏိုင္ပါတယ္။

ဒါေပမယ့္ PSG ဘက္ ေတာင္းဆိုတဲ့ ပမာဏ က အေျပာင္းအလဲ မရွိဘူး ဆိုရင္ေတာ့ ၊ က်ေနာ္လဲ မေျပာတတ္ပါဘူး” လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

သတင္းေတြ အရေတာ့ ပီအက္စ္ဂ်ီ နဲ႔ ေနမာ တို႔ အၾကားက စာခ်ဳပ္မွာ စာခ်ဳပ္ ဖ်က္သိမ္းခြင့္ ေလ်ာ္ေၾကး သတ္မွတ္ ထားျခင္း မရွိဘူးလို႔ သိရပါတယ္။ သို႔ေသာ္ ဖီဖာ ရဲ႕ စည္းမ်ဥ္း တစ္ခ်ိဳ႕ေၾကာင့္ ၊ ကစားသမား တစ္ေယာက္ဟာ စာခ်ဳပ္သက္တမ္း ရဲ႕ 3 ႏွစ္ အၾကာ ကစားေပးထားျပီးျပီ ဆိုပါက ၊ အဲဒီ စာခ်ဳပ္ကို ဖ်က္သိမ္းခြင့္ ေပးဖို႔ ကလပ္အသင္းနဲ႔ ေလ်ာ္ေၾကး ပမာဏကို ေဆြးေႏြးလို႔ ရေနတယ္လို႔ ဆိုပါတယ္။

ေဘာလံုး ဆိုင္ရာ ကြ်မ္းက်င္တဲ့ ေရွ႕ေနေတြ ကေတာ့ ေနမာ အေနနဲ႔ ဘာစီလိုနာ ကို ေျပာင္းေရႊ႕ခြင့္ ရရွိဖို႔ အတြက္ အလားတူ ပံုစံမ်ိဳး လုပ္ေဆာင္လာမယ္ ဆိုရင္ ၊ သူ႔ရဲ႕ စာခ်ဳပ္ ကို ယူရုိ သန္း 170 ၀န္းက်င္ နဲ႔ ဖ်က္သိမ္းလို႔ ရႏိုင္တယ္လို႔ မွတ္ခ်က္ ေပးထားပါတယ္။

SPORTS MYANMAR

Unicode

နေမာ ကို ဇန်နဝါရီ မှာ ခေါ်ယူမှာ မဟုတ်ဘူးလို့ အပြတ် ငြင်းဆိုလိုက်တဲ့ #ဘာတိုမြူ
**************************************************

မနေ့ညက ဘာစီလိုနာ TV နဲ့ အသင်း ဥက္ကဌ ဘာတိုမြူတို့ အင်တာဗျူး လုပ်ချိန်မှာတော့ နေမာ နဲ့ ဘာစီလိုနာ တို့အကြား အပြောင်းအရွှေ့ ဇာတ်လမ်းတွေ ဖြစ်ပေါ်ခဲ့ရတဲ့ အကြောင်းအရင်းဟာ ပြန်လည် စခန်းထ လာခဲ့ပါတယ်။

စပိန် သတင်းထောက် အများစု ကတော့ ဘာစီလိုနာ ဥက္ကဌ ဘာတိုမြူဟာ နေမာ ကို ခေါ်ယူဖို့ ဟန်ပြသာ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခဲ့ကြပြီး ၊ ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ကို ဥပမာ ပေးသွားခဲ့ကြပါတယ်။ ဘာတိုမြူ ဟာ ဒီဂျောင်ကို ခေါ်ယူဖို့ ကြိုးစားခဲ့စဉ်က သူကိုယ်တိုင် ဟော်လန် အထိ လိုက်သွားခဲ့ပြီး ၊ ကစားသမားလေး ကို သေချာ စည်းရုံးကာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

နေမာ ရဲ့ အပြောင်းအရွှေ့မှာတော့ ဘာတိုမြူဟာ သူကို်တိုင် လုပ်ဆောင်ခဲ့ခြင်း မရှိပဲ ၊ သူ့ရဲ့ လက်အောက်မှာ ရှိတဲ့ ရာထူးမြင့် ၀န်ထမ်း အချို့ကို ဦးဆောင်ကာ လှုပ်ရှားစေခဲ့တာ ဖြစ်ပြီး ၊ ဆွေးနွေးညှိနှိုင်းမှုတွေ အကျပ်အတည်း ဖြစ်နေချိန်မှာတောင် သူနဲ့ ရာထူးတူ PSG ဥက္ကဌ နဲ့ တွေ့ဆုံဖို့ ကြိုးစားခဲ့ခြင်း မရှိတာကို အဓိက ထောက်ပြခဲ့ကြပါတယ်။

တစ်ဆက်တည်းမှာပဲ အသင်းမှာ ရှိတဲ့ မက်ဆီ ၊ ဘက်စ်ကွက် ၊ ပီကေး ၊ ဆွာရက် တို့ ကျေနပ်အောင် ဟန်ပြလေးသာ ကြိုးစားပြခဲ့တယ်လို့ ထပ်မံ စွပ်စွဲခဲ့ကြပါတယ်။

အဲဒီ အကြောင်းတွေ နဲ့ ပတ်သက်ပြီး ဘာတိုမြူက ပြန်လည် ရှင်းလင်းလိုက်သလို ၊ သူ ကိုယ်တိုင်ကလဲ နေမာကို ခေါ်ယူဖို့ ထောက်ခံပေးခဲ့တယ်လို့ ဆိုပါတယ်။ သို့သော် နောက်တစ်ကြိမ် ကြိုးစားဖို့ အတွက်တော့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ လုပ်ဆောင်မှာ မဟုတ်သလို ၊ PSG ဘက်က သဘောထား ပြောင်းလာ လာပါက ရာသီအကုန်မှာ ပြန်လည် လှုပ်ရှားဖွယ် ရှိတယ်လို့ အရိပ်အမြွက် ပြောဆိုသွားခဲ့ ပါတယ်။

“ ကျနော်တို့က အပြောင်းအရွှေ့ လှုပ်ရှားဖို့ အစောကြီး ကတည်းက စီစဉ်ထားခဲ့တာဗျ ၊ အဲဒီ အထဲမှာ နေမာ ကို ခေါ်ယူဖို့ အစီအစဉ် က လုံးဝ မပါ ပါဘူး။ ဒါပေမယ့် သူ့ကို ခေါ်ယူလို့ ရတဲ့ အခွင့်အရေးက အလိုလိုနေရင်း ပေါ်လာခဲ့တာလေ။

တစ်ခါတည်း ဆက်စပ်တုန်း ပြောရရင် ဘာစီလိုနာ ဟာ ကစားသမား အလိုက်ပေးပြီး လုံးဝ ကမ်းလှမ်းမှုတွေ မလုပ်ခဲ့ပါဘူး။ PSG ဘက်က တောင်းဆိုတော့ ဒါဆိုရင်လဲ ဒီကစားသမားတွေ တော့ ရမယ်ကွာ ဆိုတဲ့ ပုံစံမျိုး နဲ့ ဆွေးနွေးခဲ့ကြတာပါ။

အပြောင်းအရွှေ့ ဖြစ်မလာခဲ့တာ ကလဲ ကျနော်တို့ဟာ PSG လိုချင်တဲ့ စျေးမျိုးကို ပေးချေနိုင်ခြင်း မရှိလို့ ဖြစ်ပါတယ်။

လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာတော့ သူ့ကို ခေါ်ယူမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် အဲဒီ အခိုက်အတန့် က ရာသီအကုန်မှာ ဘယ်ကစားသမားတွေကို ပစ်မှတ်ထားမလဲ ဆိုတာ ကို အစီအစဉ် ရေးဆွဲတဲ့ အချိန်မျိုးပေါ့။ ဒါကြောင့်မို့ နေမာ အကြောင်းက အဲဒီ အထဲမှာ ပါကောင်း ပြန်ပါ လာနိုင်ပါတယ်။

ဒါပေမယ့် PSG ဘက် တောင်းဆိုတဲ့ ပမာဏ က အပြောင်းအလဲ မရှိဘူး ဆိုရင်တော့ ၊ ကျနော်လဲ မပြောတတ်ပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

သတင်းတွေ အရတော့ ပီအက်စ်ဂျီ နဲ့ နေမာ တို့ အကြားက စာချုပ်မှာ စာချုပ် ဖျက်သိမ်းခွင့် လျော်ကြေး သတ်မှတ် ထားခြင်း မရှိဘူးလို့ သိရပါတယ်။ သို့သော် ဖီဖာ ရဲ့ စည်းမျဉ်း တစ်ချို့ကြောင့် ၊ ကစားသမား တစ်ယောက်ဟာ စာချုပ်သက်တမ်း ရဲ့ 3 နှစ် အကြာ ကစားပေးထားပြီးပြီ ဆိုပါက ၊ အဲဒီ စာချုပ်ကို ဖျက်သိမ်းခွင့် ပေးဖို့ ကလပ်အသင်းနဲ့ လျော်ကြေး ပမာဏကို ဆွေးနွေးလို့ ရနေတယ်လို့ ဆိုပါတယ်။

ဘောလုံး ဆိုင်ရာ ကျွမ်းကျင်တဲ့ ရှေ့နေတွေ ကတော့ နေမာ အနေနဲ့ ဘာစီလိုနာ ကို ပြောင်းရွှေ့ခွင့် ရရှိဖို့ အတွက် အလားတူ ပုံစံမျိုး လုပ်ဆောင်လာမယ် ဆိုရင် ၊ သူ့ရဲ့ စာချုပ် ကို ယူရို သန်း 170 ၀န်းကျင် နဲ့ ဖျက်သိမ်းလို့ ရနိုင်တယ်လို့ မှတ်ချက် ပေးထားပါတယ်။

SPORTS MYANMAR