ေနာက္ပိုင္း ႏွစ္ေတြ အတြင္း လီဗာပူး အသင္းရဲ႕ တိုက္စစ္ ကို ဦးေဆာင္ထားႏိုင္ ခဲ႔တာ ကေတာ့ ဆာလတ္ပဲ ျဖစ္ပါတယ္။ဒီ အီဂ်စ္သား ဟာ ၂၀၁၇ ခုႏွစ္ မွာ ရိုးမား အသင္းကေန ေရာက္လာခဲ႔တာျဖစ္ျပီး စုစုေပါင္း ပြဲ ၁၁၀ ကစားေပးထား အျပီးမွာ ၇၄ ဂိုးအထိသြင္းယူေပးထားႏိုင္ခဲ႔တာေျကာင့္လည္း ဂႏၲဝင္မွတ္တမ္းမ်ိဳးကို ပိုင္ဆိုင္ဖို႔ဦးတည္ေနတာျဖစ္ပါတယ္။

ဆာလတ္ဟာ အီတလီစီးရီးေအ ျပိဳင္ပြဲမွာ ေျခစြမ္းေကာင္း ျပသႏိုင္ခဲ႔ေပမယ့္ လီဗာပူး အသင္းရဲ႕ ေခၚယူျခင္းကို ခံခဲ့ရခ်ိန္မွာ အမ်ားရဲ႕ သံသယေတြနဲ႔ ေစာင့္ျကည့္ျခင္းကို ခံခဲ႔ရတာျဖစ္ပါတယ္။အေျကာင္းကေတာ့ သူဟာခ်ဲဆီးလ္ အသင္းနဲ႔ အတူ ပရီးမီးယားလိဂ္ျပိဳင္ပြဲမွာ ရုန္းကန္ထားခဲ႔ရတာေျကာင့္လည္း ျဖစ္ပါတယ္။

ဒါေပမယ့္ ဆာလတ္ ဟာသူ႔အေပၚ သံသယေတြ ကို လ်င္လ်င္ျမန္ျမန္ဆိုသလို ေခ်ျဖတ္ ႏိုင္ခဲ႔ျပီး ရိုးမား အသင္းထံ လီဗာပူး တို႔ ေပးေခ်ခဲ႔ရတဲ႔ ေပါင္ ၃၆.၉ သန္း ဆိုတဲ႔ ပမာဏဟာ ေလ်ွာ့ေစ်းနဲ႔ ရရွိလိုက္တယ္လို႕ ေတာင္ အမ်ားကုိ ထင္မွတ္သြားေစခဲ႔တာ ျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ မွာ အံ့မခန္း ေျခစြမ္းမ်ိဳး ျပသေနတဲ႔ဆာလတ္ ကို ကမၻာ့အေကာင္းဆံုး ကစားသမားတဦးျဖစ္တဲ႔ မက္ဆီ နဲ႔ ေတာင္ အာဆင္ဝင္းဂါးက ခိုင္းႏွိဳင္းလိုက္ပါတယ္။ဆာလတ္ဟာျပိဳင္ဘက္ဂိုးဧရိယာအတြင္းမွာ မက္ဆီလိုပဲ တည္ျငိမ္မွဳရွိရွိနဲ႔ ဂိုးေတြသြင္းႏိုင္သူျဖစ္ျပီး မက္ဆီကေတာ့ ပိုျပီးျပည့္စံုတဲ႔ ကစားသမား မ်ိဳးျဖစ္တယ္လို႔ အာဆင္ဝင္းဂါးက ယူဆေနပံုပါပဲ။

beIN SPORTS နဲ႔ အင္တာဗ်ဴးမွာ အာဆင္ဝင္းဂါက – ” ဆာလတ္ဟာ မက္ဆီ နဲ႔တူညီတဲ႔ အခ်က္ေတြ အမ်ားျကီး ပိုင္ဆိုင္ထားပါတယ္။သူဟာ မက္ဆီလို ပဲ ျပိဳင္ဘက္ဂိုးဧရိယာအတြင္း တည္တည္ျငိမ္ျငိမ္ ကစားႏိုင္သူျဖစ္ပါတယ္။

ဆာလတ္ ကိုအဆံုးသတ္ေကာင္းတဲ႔ တိုက္စစ္ ကစားသမား တဦးအျဖစ္ က်ြန္ေတာ္က ရွဳျမင္မိပါတယ္။ဒါေပမယ့္ မက္ဆီကေတာ့ ျပီးျပည့္စံုတဲ႔ အရာတခုရွိေနျပီး သူဟာ အပိုင္ေဘာလံုးေတြကို လည္း ေပးပို႕ႏိုင္သူျဖစ္ပါတယ္။ဆာလတ္ကေတာ့ ဂိုးသြင္းႏိုင္ဖို႔ကိုပဲ စိတ္ထဲမွာစြဲေနသူျဖစ္ပါတယ္ ” လို႔ေျပာခဲ႔တာျဖစ္ပါတယ္။

အာဆင္ဝင္းဂါး သံုးသပ္ခဲ႔တဲ႔ အတိုင္းပဲ ဆာလတ္ ဟာ ဂိုးေတြကို ပဲ ပံုမွန္သြင္းယူေနခဲ႔တဲ႔ ကစားသမားတဦးျဖစ္လို႔ လီဗာပူး ကစားသမား ဘဝ အဖြင့္ရာသီ နဲ႔ ယမန္ႏွစ္ ရာသီ ေတြမွာ ပရီးမီးယားလိဂ္ရဲ႕ဂိုးအမ်ားဆံုး ကစားသမားဆု( ေရႊဖိနပ္ဆု) ကို ၂ျကိမ္အထိ ဆြတ္ခူးထားခဲ႔ျပီးျပီလည္းျဖစ္ပါတယ္။

ဒီ အီဂ်စ္သား ဟာ တခါတရံ မွာတကုိယ္ေကာင္းဆန္တဲ႔ အျပဳအမူမ်ိဳးေတြ ျပဳလုပ္တတ္ေပမယ့္ အသင္းေဖာ္တိုက္စစ္ မွဴးေတြျဖစ္တဲ႔ မာေနး၊ ဖာမီႏိူတို႔ ကိုလည္း ဖန္တီးေပးမွဳေတြ ျပဳလုပ္ေပးတတ္သူျဖစ္ပါတယ္။ဒါေပမယ့္ မက္ဆီရဲ႕ ကိန္းဂဏန္း ေတြကိုေတာ့ ယွဥ္လို႔ မရေသးတာျဖစ္ပါတယ္။

မက္ဆီဟာ ဘာစီလိုနာ အတြက္ ေနာက္ဆံုး ကစားေပးခဲ႔တဲ႔ ၄၉ ပြဲမွာ ၅၁ ဂိုးအထိသြင္းယူထားႏိုင္ခဲ႔သလိုဂိုးဖန္တီးမွဳကလည္း ၁၉ျကိမ္အထိ ပါဝင္ပတ္သက္ထားႏိုင္ခဲ႔တာျဖစ္ပါတယ္။သူဟာအသင္းရဲ႕ ဖန္တီးရွင္ တဦးလိုျဖစ္ျပီးစုစုေပါင္း အခြင့္အေရး ၄၆ျကိမ္အထိ စြမ္းေဆာင္ေပးထားႏိုင္ခဲ႕ပါတယ္။

SPORTS MYANMAR
Unicode

လီီဗာပူးစတားဆာလတ်က မက်ဆီနဲ့ တူတာလား၊ ရော်နယ်ဒိုနဲ့ တူတာလားဆိုတာပြောပြလိုက်တဲ့ #အာဆင်ဝင်းဂါး
==================================

နောက်ပိုင်း နှစ်တွေ အတွင်း လီဗာပူး အသင်းရဲ့ တိုက်စစ် ကို ဦးဆောင်ထားနိုင် ခဲ့တာ ကတော့ ဆာလတ်ပဲ ဖြစ်ပါတယ်။ဒီ အီဂျစ်သား ဟာ ၂၀၁၇ ခုနှစ် မှာ ရိုးမား အသင်းကနေ ရောက်လာခဲ့တာဖြစ်ပြီး စုစုပေါင်း ပွဲ ၁၁၀ ကစားပေးထား အပြီးမှာ ရ၄ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့တာကြောင့်လည်း ဂန္တဝင်မှတ်တမ်းမျိုးကို ပိုင်ဆိုင်ဖို့ဦးတည်နေတာဖြစ်ပါတယ်။

ဆာလတ်ဟာ အီတလီစီးရီးအေ ပြိုင်ပွဲမှာ ခြေစွမ်းကောင်း ပြသနိုင်ခဲ့ပေမယ့် လီဗာပူး အသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရချိန်မှာ အများရဲ့ သံသယတွေနဲ့ စောင့်ကြည့်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။အကြောင်းကတော့ သူဟာချဲဆီးလ် အသင်းနဲ့ အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရုန်းကန်ထားခဲ့ရတာကြောင့်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဆာလတ် ဟာသူ့အပေါ် သံသယတွေ ကို လျင်လျင်မြန်မြန်ဆိုသလို ချေဖြတ် နိုင်ခဲ့ပြီး ရိုးမား အသင်းထံ လီဗာပူး တို့ ပေးချေခဲ့ရတဲ့ ပေါင် ၃၆.၉ သန်း ဆိုတဲ့ ပမာဏဟာ လျှော့စျေးနဲ့ ရရှိလိုက်တယ်လို့ တောင် အများကို ထင်မှတ်သွားစေခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် မှာ အံ့မခန်း ခြေစွမ်းမျိုး ပြသနေတဲ့ဆာလတ် ကို ကမ္ဘာ့အကောင်းဆုံး ကစားသမားတဦးဖြစ်တဲ့ မက်ဆီ နဲ့ တောင် အာဆင်ဝင်းဂါးက ခိုင်းနှိုင်းလိုက်ပါတယ်။ဆာလတ်ဟာပြိုင်ဘက်ဂိုးဧရိယာအတွင်းမှာ မက်ဆီလိုပဲ တည်ငြိမ်မှုရှိရှိနဲ့ ဂိုးတွေသွင်းနိုင်သူဖြစ်ပြီး မက်ဆီကတော့ ပိုပြီးပြည့်စုံတဲ့ ကစားသမား မျိုးဖြစ်တယ်လို့ အာဆင်ဝင်းဂါးက ယူဆနေပုံပါပဲ။

beIN SPORTS နဲ့ အင်တာဗျူးမှာ အာဆင်ဝင်းဂါက – ” ဆာလတ်ဟာ မက်ဆီ နဲ့တူညီတဲ့ အချက်တွေ အများကြီး ပိုင်ဆိုင်ထားပါတယ်။သူဟာ မက်ဆီလို ပဲ ပြိုင်ဘက်ဂိုးဧရိယာအတွင်း တည်တည်ငြိမ်ငြိမ် ကစားနိုင်သူဖြစ်ပါတယ်။

ဆာလတ် ကိုအဆုံးသတ်ကောင်းတဲ့ တိုက်စစ် ကစားသမား တဦးအဖြစ် ကျွန်တော်က ရှုမြင်မိပါတယ်။ဒါပေမယ့် မက်ဆီကတော့ ပြီးပြည့်စုံတဲ့ အရာတခုရှိနေပြီး သူဟာ အပိုင်ဘောလုံးတွေကို လည်း ပေးပို့နိုင်သူဖြစ်ပါတယ်။ဆာလတ်ကတော့ ဂိုးသွင်းနိုင်ဖို့ကိုပဲ စိတ်ထဲမှာစွဲနေသူဖြစ်ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

အာဆင်ဝင်းဂါး သုံးသပ်ခဲ့တဲ့ အတိုင်းပဲ ဆာလတ် ဟာ ဂိုးတွေကို ပဲ ပုံမှန်သွင်းယူနေခဲ့တဲ့ ကစားသမားတဦးဖြစ်လို့ လီဗာပူး ကစားသမား ဘဝ အဖွင့်ရာသီ နဲ့ ယမန်နှစ် ရာသီ တွေမှာ ပရီးမီးယားလိဂ်ရဲ့ဂိုးအများဆုံး ကစားသမားဆု( ရွှေဖိနပ်ဆု) ကို ၂ကြိမ်အထိ ဆွတ်ခူးထားခဲ့ပြီးပြီလည်းဖြစ်ပါတယ်။

ဒီ အီဂျစ်သား ဟာ တခါတရံ မှာတကိုယ်ကောင်းဆန်တဲ့ အပြုအမူမျိုးတွေ ပြုလုပ်တတ်ပေမယ့် အသင်းဖော်တိုက်စစ် မှူးတွေဖြစ်တဲ့ မာနေး၊ ဖာမီနိူတို့ ကိုလည်း ဖန်တီးပေးမှုတွေ ပြုလုပ်ပေးတတ်သူဖြစ်ပါတယ်။ဒါပေမယ့် မက်ဆီရဲ့ ကိန်းဂဏန်း တွေကိုတော့ ယှဉ်လို့ မရသေးတာဖြစ်ပါတယ်။

မက်ဆီဟာ ဘာစီလိုနာ အတွက် နောက်ဆုံး ကစားပေးခဲ့တဲ့ ၄၉ ပွဲမှာ ၅၁ ဂိုးအထိသွင်းယူထားနိုင်ခဲ့သလိုဂိုးဖန်တီးမှုကလည်း ၁၉ကြိမ်အထိ ပါဝင်ပတ်သက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။သူဟာအသင်းရဲ့ ဖန်တီးရှင် တဦးလိုဖြစ်ပြီးစုစုပေါင်း အခွင့်အရေး ၄၆ကြိမ်အထိ စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။

SPORTS MYANMAR