နာမည်ကျော် သတင်း သုံးသပ်သူ တစ်ဦး ဖြစ်တဲ့ ခရစ် ဆတ်တွန် က လီဗာပူး တို့ ကာလ ကြာရှည် စောင့်မျှော် နေခဲ့ ကြတဲ့ ပရီးမီးယား လိဂ် ဖလား ကို ဒီ ရာသီ မှာ ဆွတ်ခူး နိုင်ကြ လိမ့်မယ် လို့ ထောက်ခံ စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

လီဗာပူး ဟာ ဒီ ရာသီ အတွင်း ပရီးမီးယား လိဂ် ပြိုင်ပွဲ တစ်လျောက် မန်စီးတီး အသင်း ကို ပွဲစဉ် များစွာ ဦးဆောင် ထားနိုင် ခဲ့ ပေမဲ့ လက်ရှိ အချိန် မှာတော့ ရာသီ ကုန်ဆုံး ဖို့ 8 ပွဲ အလို မှာ ပက် ဂွာဒီယိုလာ ရဲ့ မန်စီးတီး အသင်း က 1 မှတ် အသာ နဲ့ ဦးဆောင် ခွင့် ရယူ ထားနိုင် ခဲ့ ပါတယ် ။

လက်ကျန် ရာသီ တွေရဲ့ ပွဲချိန် တွေ မှာတော့ လီဗာပူး အသင်း ဟာ ထိပ်သီး လေးသင်း စာရင်း ဝင်ရောက် ဖို့ အားထုတ် ရမဲ့ တော့တင်ဟမ် ၊ ချဲလ်ဆီး အသင်း တွေ နဲ့ ရင်ဆိုင် ကစား ရဖို့ ရှိနေ ပြီး လက်ရှိ ချန်ပီယံ မန်စီးတီး ကတော့ တော့တင်ဟမ် နဲ့ ယူနိုက်တက် တို့နဲ့ ရင်ဆိုင် ကစား ရဖို့ ရှိနေ ပါတယ် ။

သို့သော်လည်း ဆက်တွန် က 1990 ခုနှစ် နောက်ပိုင်း ပထမ ဆုံး အကြိမ် အဖြစ် ပရီးမီးယား လိဂ် ဖလား ဆွတ်ခူး နိုင်ဖို့ အခွင့် အလမ်း ကောင်းတွေ ပိုင်ဆိုင် နေ ခဲ့တဲ့ လီဗာပူး အသင်း က သာ ရာသီ ကုန်ဆုံး တဲ့ အခါ အခွင့် ကောင်း ရယူ သွားနိုင် လိမ့်မယ် လို့ ယုံကြည် နေခဲ့ ပါတယ် ။

ဒီ ရာသီ မှာတော့ ပရီးမီးယား လိဂ် ဖလား ဆွတ်ခူး နိုင်ရေး သာ မက ထိပ်သီး လေးသင်း စာရင်း ဝင်ရောက် နိုင်ရေး အတွက် ပါ ပြိုင်ဆိုင် မှုတွေ ပြင်းထန် နေခဲ့ ပါတယ် ။

ပြီး ခဲ့တဲ့ ဇန်နဝါ ရီ လ တုန်းက ပရီးမီးယား လိဂ် ဖလား ဆွတ်ခူး နိုင်ရေး လမ်း ကြောင်း အပေါ် မှာ ရှိနေ ခဲ့တဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း ဟာ အခု တော့ ထိပ်သီး လေး သင်း စာရင်း ဝင်ရောက် နိုင် ရေး အတွက် ပါ စိုးရိမ် ရဖွယ် အနေအထား ပိုင်ဆိုင် နေခဲ့ ပါပြီ ။

အခု တော့ ပရီးမီးယား လိဂ် အဆင့် 3 နဲ့ အဆင့် 4 နေရာ အတွက် တော့တင်ဟမ် ၊ အာဆင်နယ် ၊ ယူနိုက်တက် နဲ့ ချဲလ်ဆီး တို့ ရာသီ ကုန်ဆုံး တဲ့ အထိ ရေကုန် ရေခမ်း အပြိုင် နွှဲ ရဖို့ ရှိနေ ကြ ပါတယ် ။

ပြီး ခဲ့တဲ့ တနင်္ဂနွေ နေ့က ယူနိုက်တက် တို့ အမ်းမရိတ် ကွင်း မှာ အာဆင်နယ် ကို 2 – 0 နဲ့ ရှုံးနိမ့် သွားခဲ့ ကြတဲ့ အတွက် အဆင့် 5 နေရာ ကို ဆင်းပေး လိုက်ခဲ့ ရပါ သေးတယ် ။ ထို့အတူ လက်ရှိ အဆင့် 6 မှာ ရှိနေ တဲ့ ချဲလ်ဆီး ဟာလည်း ပွဲကျန် 1 ပွဲ ကစား ရဖို့ ရှိနေ သေးတဲ့ အတွက် အဆင့် 3 / 4 နေရာ ကို တက်လှမ်း နိုင်ခွင့် ရှိနေ ပါ သေးတယ် ။

ဒါပေမဲ့ ဆက်တွန် ကတော့ ပရီးမီးယား လိဂ် အဆင့် 3 နေရာ အတွက် တော့တင်ဟမ် ကို ထောက်ခံ လိုက်ပြီး အဆင့် 4 နေရာ အတွက် တော့ ယူနိုက်တက် ဟာ အာဆင်နယ် ချဲလ်ဆီး တို့ကို ကျော်ဖြတ် နိုင် လိမ့်မယ် လို့ ထောက်ခံ သွားခဲ့ လိုက် ပါတယ် ။

” ထိပ်ဆုံး နှစ် နေရာ မှာတော့ လီဗာပူး နဲ့ မန်စီးတီး တို့ ရပ်တည် နိုင် ကြမှာ ပါ ။ ပြိုင်ဆိုင် မှုတွေ ကတော့ ပြင်းထန် နေမှာ ပါ ။ ဒါပေမဲ့ ပိုချက်တီနို ဟာ ခက်ခဲ လှတဲ့ အနေအထား တွေကို ကျော်ဖြတ် ပြီး အသင်း ကို အဆင့် 3 နေရာ ဆီ ခေါ်ယူ သွား နိုင်မှာပါ ။ ထို့အတူ အာဆင်နယ် ကို ရှုံးနိမ့် ခဲ့တဲ့ အတွက် ဆိုးလ်ရှား ဟာ စိတ်ပျက် မနေ ပဲ အသင်း ကို ထိပ်သီး လေးသင်း စာရင်း ဝင်အောင် လုပ်ဆောင် သွားနိုင် ပါ လိမ့်မယ် ” လို့ ဆတ်တွန် က သုံးသပ် ခန့်မှန်း သွားခဲ့ လိုက် ပါတယ် ။

ဆတ်တွန် ရဲ့ ရာသီ အကုန် ထိပ်သီး လေးသင်း က တော့ …

  1. လီဗာပူး
  2. မန်စီးတီး
  3. တော့တင်ဟမ်
  4. ယူနိုက်တက်