ခ်ယ္လ္ဆီး အသင္း ရဲ႕ ကြင္းလယ္လူ အန္ဂိုလို ကန္ေတ ဟာ လြန္ခဲ့တဲ့ ၃ႏွစ္ ကမွ လက္စတာ အသင္း ကေန ခ်ယ္လ္ဆီး အသင္း ကို ေပါင္သန္း ၃၀ နဲ႕ ေျပာင္းေရႊ႕ လာခဲ့ကာ အသင္း အတြက္ ပရီးမီးယားလိဂ္ ဖလား ၊ အက္ဖ္ေအ ဖလား ၊ ယူရိုပါလိဂ္ ဖလား ခ်န္ပီယံ ျဖစ္ေအာင္ တဖက္တလမ္း က စြမ္းေဆာင္ ေပးႏိုင္ခဲ့ပါတယ္ ။

ကန္ေတ ဟာ ယခုႏွစ္ ေဘာလံုး ရာသီ မွာလည္း ခ်ယ္လ္ဆီး အသင္း အတြက္ အစြမ္းကုန္ ေပးဆပ္ ေနဆဲ ျဖစ္ေပမယ့္ လက္ရွိ မွာ ေျခက်င္းဝတ္ ဒဏ္ရာေၾကာင့္ ဆက္လက္ အနားယူ ေနရပါတယ္ ။ ကန္ေတ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ကုန္ခါနီး က ဝက္ဖို႕ဒ္ အသင္း နဲ႕ အိမ္ကြင္း ပြဲစဥ္ မွာ ျပင္းထန္တဲ့ ဒူးဒဏ္ရာ ကို စတင္ ခံစား ခဲ့ရျပီး အခုအခ်ိန္ အထိ ထို ဒူးဒဏ္ရာ ရဲ႕ အရွိန္ က ၄င္းကို ဆက္လက္ ဒုကၡ ေပးေနဆဲ ျဖစ္ပါတယ္ ။

ျပီးခဲ့တဲ့ ရာသီသိမ္း ပြဲစဥ္ ျဖစ္တဲ့ ယူရိုပါလိဂ္ ဖလား ဗိုလ္လုပြဲ မွာေတာင္ ကန္ေတ ဟာ ဒူးဒဏ္ရာ ရွိေနရင္းနဲ႕ပင္ ခ်ယ္လ္ဆီး အသင္း အတြက္ ပြဲခ်ိန္ျပည့္ ေပးဆပ္ ကစားခဲ့ကာ ယူရိုပါလိဂ္ ဖလား ခ်န္ပီယံ ျဖစ္ေစခဲ့ပါတယ္ ။ ယင္း ဒူးဒဏ္ရာေၾကာင့္ နည္းျပသစ္ ဖရန္႕ လမ္းပတ္ စတင္ ဦးေဆာင္ ခဲ့တဲ့ ခ်ယ္လ္ဆီး အသင္း ရဲ႕ ရာသီၾကိဳ ေျခစမ္း ခရီးစဥ္ ကိုလည္း ကန္ေတ တေယာက္ လိုက္ပါ ႏိုင္ခဲ့ျခင္း မရွိခဲ့ပါဘူး ။

ျပီးခဲ့တဲ့ လီဗာပူး အသင္း နဲ႕ ဥေရာပ စူပါဖလား ဗိုလ္လုပြဲ မွာေတာ့ ကန္ေတ ဟာ ဒီႏွစ္ ေဘာလံုး ရာသီ မွာ ခ်ယ္လ္ဆီး အသင္း အတြက္ ပထမဆံုး ပြဲထြက္ခြင့္ ရရွိ ခဲ့ျပီး အခ်ိန္ပို အပါအဝင္ မိနစ္ ၁၂၀ အထိ ခ်ယ္လ္ဆီး အတြက္ စြမ္းစြမ္းတမံ ေပးဆပ္ ခဲ့ပါတယ္ ။ သို႕ေပမယ့္ လည္း ခ်ယ္လ္ဆီး အသင္း ဟာ ပင္နယ္တီ အဆံုးအျဖတ္ မွာ လီဗာပူး ကို အေရးနိမ့္ ခဲ့ရတာေၾကာင့္ ကန္ေတ အတြက္ ေနာက္ထပ္ ဆုဖလား တလံုး လက္လႊတ္ ဆံုးရႈံး ခဲ့ရပါတယ္ ။

ဒဏ္ရာ မေပ်ာက္ကင္း ေသးတဲ့ အျပင္ ပြဲဆက္ ၊ ပြဲခ်ိန္ အမ်ားအျပား ကစားခဲ့ရတာေၾကာင့္ ကန္ေတ ကို ခ်ယ္လ္ဆီး နည္းျပ လမ္းပတ္ က အျပည့္အဝ အနားယူ ေစခဲ့တာ ျဖစ္ပါတယ္ ။ ကန္ေတ ဟာ ဒဏ္ရာေၾကာင့္ အနားယူ ေနရတဲ့ အခ်ိန္ အတြင္း မွာလည္း လူမႈေရး စိတ္ဓာတ္ေကာင္း ေတြကို ဆက္လက္ ျပသ ခဲ့ပါတယ္ ။ ကန္ေတ ကို အျမဲတမ္း သေဘာထား ျပည့္ဝသူ ၊ စိတ္ႏွလံုးသား ျဖဴစင္သူ အျဖစ္ ေဘာလံုး ပရိသတ္ ေတြက သိထားၾကပါတယ္ ။

ျပီးခဲ့တဲ့ ရက္ပိုင္း က ျပဳလုပ္ ခဲ့တဲ့ ခ်ယ္လ္ဆီး အသင္း ပရိသတ္ တဦး ျဖစ္သူ ဖရန္႕ ခါလစ္ ရဲ႕ သမီး ျဖစ္သူရဲ႕ မဂၤလာပြဲ အခမ္းအနား ကို ကန္ေတ တေယာက္ တက္ေရာက္ ျဖစ္ခဲ့ပါတယ္ ။ ဒါ့အျပင္ မဂၤလာပြဲ ကို တက္ေရာက္ လာတဲ့ သူေတြကိုလည္း တရင္းတႏွီး လက္ခံံ စကား ေျပာခဲ့ပါတယ္ ။ ဖရန္႕ ခါလစ္ က ၄င္းကို မိတ္ေဆြ တဦး က ကန္ေတ နဲ႕ မိတ္ဆက္ ေပးခဲ့လို႕ အျပင္ မွာ သိခဲ့ရေၾကာင္း ၊ မဂၤလာပြဲ အတြက္ ကန္ေတ ကို ဖိတ္ခဲ့ေပမယ့္ အခုလိုၾကီး မထင္မွတ္ ပဲ လာတက္လိမ့္မယ္ လို႕ လံုးဝ မထင္ ခဲ့မိေၾကာင္း ဖြင့္ဟ ခဲ့ပါတယ္ ။

ထို မဂၤလာပြဲ မွာ ခါလစ္ ရဲ႕ မိတ္ေဆြ တဦးလည္း ျဖစ္ ၊ လီဗာပူး အသင္း ကို အားေပးတဲ့ ပရိသတ္ တေယာက္ ျဖစ္သူ က ကန္ေတ ကို လီဗာပူး အသင္း လိုဂို ကို လက္နဲ႕ ေထာက္ျပျပီး ” ဒီ အသင္း ဟာ ခင္ဗ်ား လာေရာက္ ကစားသင့္တဲ့ အသင္း ျဖစ္တယ္ ။ ” လို႕ ေျပာခဲ့ပါတယ္ ။ သို႕ေပမယ့္ လည္း ကန္ေတ ကေတာ့ ခ်ယ္လ္ဆီး အသင္း အေပၚ သစၥာ မေဖာက္ ခဲ့ပဲ ရိုးရိုးရွင္းရွင္း ၊ ပညာသား ပါပါ ပဲ ေခါင္းခါျပီး ျငင္းဆန္ ခဲ့ပါတယ္ ။

ကန္ေတ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ကမွ ခ်ယ္လ္ဆီး အသင္း နဲ႕ ၄ႏွစ္ စာခ်ဳပ္သစ္ ခ်ဳပ္ဆို ခဲ့တာ ျဖစ္ျပီး အခု အခ်ိန္ မွာ ၄င္းကို ေခၚယူဖို႕ ဥေရာပ အင္အားၾကီး အသင္း ေတြက စိတ္ဝင္စား ေနၾကဆဲ ျဖစ္ပါတယ္ ။ ျပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရႊ႕ အတြင္း မွာပဲ ျပင္သစ္ ထိပ္သီး ပီအက္စ္ဂ်ီ ဟာ ကန္ေတ ကို ေခၚယူဖို႕ အၾကိမ္ၾကိမ္ လာေရာက္ ခ်ဥ္းကပ္ ခဲ့ေပမယ့္ ကန္ေတ ဖက္က ခ်ယ္လ္ဆီး အသင္း မွာ ေပ်ာ္ရႊင္ ေနသလို ၊ ခ်ယ္လ္ဆီး အသင္း ကလည္း ပီအက္စ္ဂ်ီ ရဲ႕ ကမ္းလွမ္းမႈ ေတြ အတြက္ ျငင္းဆန္ ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

လီဗာပူး ကို ပြောင်းလာဖို့ တောင်းဆို လာတဲ့ ပရိသတ် တဦး အပေါ် ပညာသားပါပါ တုန့်ပြန် လိုက်တဲ့ #ကန်တေ

ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေ ဟာ လွန်ခဲ့တဲ့ ၃နှစ် ကမှ လက်စတာ အသင်း ကနေ ချယ်လ်ဆီး အသင်း ကို ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့ လာခဲ့ကာ အသင်း အတွက် ပရီးမီးယားလိဂ် ဖလား ၊ အက်ဖ်အေ ဖလား ၊ ယူရိုပါလိဂ် ဖလား ချန်ပီယံ ဖြစ်အောင် တဖက်တလမ်း က စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ် ။

ကန်တေ ဟာ ယခုနှစ် ဘောလုံး ရာသီ မှာလည်း ချယ်လ်ဆီး အသင်း အတွက် အစွမ်းကုန် ပေးဆပ် နေဆဲ ဖြစ်ပေမယ့် လက်ရှိ မှာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ဆက်လက် အနားယူ နေရပါတယ် ။ ကန်တေ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကုန်ခါနီး က ဝက်ဖို့ဒ် အသင်း နဲ့ အိမ်ကွင်း ပွဲစဉ် မှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ကို စတင် ခံစား ခဲ့ရပြီး အခုအချိန် အထိ ထို ဒူးဒဏ်ရာ ရဲ့ အရှိန် က ၄င်းကို ဆက်လက် ဒုက္ခ ပေးနေဆဲ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ရာသီသိမ်း ပွဲစဉ် ဖြစ်တဲ့ ယူရိုပါလိဂ် ဖလား ဗိုလ်လုပွဲ မှာတောင် ကန်တေ ဟာ ဒူးဒဏ်ရာ ရှိနေရင်းနဲ့ပင် ချယ်လ်ဆီး အသင်း အတွက် ပွဲချိန်ပြည့် ပေးဆပ် ကစားခဲ့ကာ ယူရိုပါလိဂ် ဖလား ချန်ပီယံ ဖြစ်စေခဲ့ပါတယ် ။ ယင်း ဒူးဒဏ်ရာကြောင့် နည်းပြသစ် ဖရန့် လမ်းပတ် စတင် ဦးဆောင် ခဲ့တဲ့ ချယ်လ်ဆီး အသင်း ရဲ့ ရာသီကြို ခြေစမ်း ခရီးစဉ် ကိုလည်း ကန်တေ တယောက် လိုက်ပါ နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး ။

ပြီးခဲ့တဲ့ လီဗာပူး အသင်း နဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲ မှာတော့ ကန်တေ ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း အတွက် ပထမဆုံး ပွဲထွက်ခွင့် ရရှိ ခဲ့ပြီး အချိန်ပို အပါအဝင် မိနစ် ၁၂၀ အထိ ချယ်လ်ဆီး အတွက် စွမ်းစွမ်းတမံ ပေးဆပ် ခဲ့ပါတယ် ။ သို့ပေမယ့် လည်း ချယ်လ်ဆီး အသင်း ဟာ ပင်နယ်တီ အဆုံးအဖြတ် မှာ လီဗာပူး ကို အရေးနိမ့် ခဲ့ရတာကြောင့် ကန်တေ အတွက် နောက်ထပ် ဆုဖလား တလုံး လက်လွှတ် ဆုံးရှုံး ခဲ့ရပါတယ် ။

ဒဏ်ရာ မပျောက်ကင်း သေးတဲ့ အပြင် ပွဲဆက် ၊ ပွဲချိန် အများအပြား ကစားခဲ့ရတာကြောင့် ကန်တေ ကို ချယ်လ်ဆီး နည်းပြ လမ်းပတ် က အပြည့်အဝ အနားယူ စေခဲ့တာ ဖြစ်ပါတယ် ။ ကန်တေ ဟာ ဒဏ်ရာကြောင့် အနားယူ နေရတဲ့ အချိန် အတွင်း မှာလည်း လူမှုရေး စိတ်ဓာတ်ကောင်း တွေကို ဆက်လက် ပြသ ခဲ့ပါတယ် ။ ကန်တေ ကို အမြဲတမ်း သဘောထား ပြည့်ဝသူ ၊ စိတ်နှလုံးသား ဖြူစင်သူ အဖြစ် ဘောလုံး ပရိသတ် တွေက သိထားကြပါတယ် ။

ပြီးခဲ့တဲ့ ရက်ပိုင်း က ပြုလုပ် ခဲ့တဲ့ ချယ်လ်ဆီး အသင်း ပရိသတ် တဦး ဖြစ်သူ ဖရန့် ခါလစ် ရဲ့ သမီး ဖြစ်သူရဲ့ မင်္ဂလာပွဲ အခမ်းအနား ကို ကန်တေ တယောက် တက်ရောက် ဖြစ်ခဲ့ပါတယ် ။ ဒါ့အပြင် မင်္ဂလာပွဲ ကို တက်ရောက် လာတဲ့ သူတွေကိုလည်း တရင်းတနှီး လက်ခံံ စကား ပြောခဲ့ပါတယ် ။ ဖရန့် ခါလစ် က ၄င်းကို မိတ်ဆွေ တဦး က ကန်တေ နဲ့ မိတ်ဆက် ပေးခဲ့လို့ အပြင် မှာ သိခဲ့ရကြောင်း ၊ မင်္ဂလာပွဲ အတွက် ကန်တေ ကို ဖိတ်ခဲ့ပေမယ့် အခုလိုကြီး မထင်မှတ် ပဲ လာတက်လိမ့်မယ် လို့ လုံးဝ မထင် ခဲ့မိကြောင်း ဖွင့်ဟ ခဲ့ပါတယ် ။

ထို မင်္ဂလာပွဲ မှာ ခါလစ် ရဲ့ မိတ်ဆွေ တဦးလည်း ဖြစ် ၊ လီဗာပူး အသင်း ကို အားပေးတဲ့ ပရိသတ် တယောက် ဖြစ်သူ က ကန်တေ ကို လီဗာပူး အသင်း လိုဂို ကို လက်နဲ့ ထောက်ပြပြီး ” ဒီ အသင်း ဟာ ခင်ဗျား လာရောက် ကစားသင့်တဲ့ အသင်း ဖြစ်တယ် ။ ” လို့ ပြောခဲ့ပါတယ် ။ သို့ပေမယ့် လည်း ကန်တေ ကတော့ ချယ်လ်ဆီး အသင်း အပေါ် သစ္စာ မဖောက် ခဲ့ပဲ ရိုးရိုးရှင်းရှင်း ၊ ပညာသား ပါပါ ပဲ ခေါင်းခါပြီး ငြင်းဆန် ခဲ့ပါတယ် ။

ကန်တေ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကမှ ချယ်လ်ဆီး အသင်း နဲ့ ၄နှစ် စာချုပ်သစ် ချုပ်ဆို ခဲ့တာ ဖြစ်ပြီး အခု အချိန် မှာ ၄င်းကို ခေါ်ယူဖို့ ဥရောပ အင်အားကြီး အသင်း တွေက စိတ်ဝင်စား နေကြဆဲ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်း မှာပဲ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ ဟာ ကန်တေ ကို ခေါ်ယူဖို့ အကြိမ်ကြိမ် လာရောက် ချဉ်းကပ် ခဲ့ပေမယ့် ကန်တေ ဖက်က ချယ်လ်ဆီး အသင်း မှာ ပျော်ရွှင် နေသလို ၊ ချယ်လ်ဆီး အသင်း ကလည်း ပီအက်စ်ဂျီ ရဲ့ ကမ်းလှမ်းမှု တွေ အတွက် ငြင်းဆန် ခဲ့ပါတယ် ။

SPORTS MYANMAR