အာဆင္နယ္ အသင္းရဲ့ ဘရာဇီး လူငယ္ ၾကယ္ပြင့္ မာတီနယ္လီ က သူ အသင္းမွာ အထိုင္က်ဖို႔ အတြက္ နည္းၿပ အူနိုင္း အမ္မရီ နဲ႔ နည္းစနစ္ ဒါရိုက္တာ အီဒူး တို႔က အမ်ားႀကီး အကူအညီ ေပးခဲ့ၾကေၾကာင္း ဖြင့္ဟ ေျပာၾကား သြားခဲ့ပါတယ္ ။

အာဆင္နယ္ အသင္းဟာ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေရႊ႕ ကာလမွာ ပထမဆုံး ကစားသမား ေခၚယူမွု အျဖစ္ ဘရာဇီး ကလပ္ Ituano Futebol clube အသင္း ရဲ့ လူငယ္ တိုက္စစ္မွူးေလး ဂါဘရီရယ္ မာတီနယ္လီ ကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၆ သန္း၊ ငါးႏွစ္စာခ်ဳပ္နဲ႔ ေခၚယူ ခဲ့တာလည္း ျဖစ္ပါတယ္ ။

မာတီနယ္လီ ဟာ အာဆင္နယ္ အသင္း ကစားသမား ဘဝ ပထမဦးဆုံး ပြဲဦးထြက္အျဖစ္ ​ေကာ္လိုရာဒို ရက္ပစ္ဒ္ အသင္းနဲ႔ ပြဲမွာတင္ ဂိုးသြင္းယူနိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္အျဖစ္ နယူးကာဆယ္ အသင္းနဲ႔ ကစားခဲ့တဲ့ ပြဲမွာလည္း လူစားဝင္ ကစားခြင့္ ရခဲ့ပါတယ္။

 

အသက္ ၁၈ ႏွစ္ အရြယ္သာ ရွိေသးတဲ့ မာတီနယ္လီ က ဘရာဇီး သတင္းစာ တစ္ေစာင္ နဲ႔ အင္တာဗ်ဴးမွာ သူ႔ရဲ့ ဒီရာသီ အဓိက ရည္မွန္းခ်က္ ႏွစ္ခုကို ဖြင့္ဟ ေျပာၾကားသြားခဲ့ၿပီး နည္းၿပ အမ္မရီ ၊ အီဒူး တို႔နဲ႔ ဆက္ဆံေရး အ​ေျခအေန ကိုလည္း ေျပာၾကား သြားခဲ့ပါတယ္ ။

မာတီနယ္လီ က ” နည္းျပႀကီးက တကယ္ေတာ္တဲ့သူပါ ။ သူ႔ဆီကေန ေန႔တိုင္း သင္ယူစရာေတြ အမ်ားႀကီး ရပါတယ္။က်ေနာ္ကေတာ့ ေလ့က်င့္ေရးကြင္းမွာ အေကာင္းဆုံး ႀကိဳးစားေနပါတယ္ ၊ ဒါမွလည္း အခြင့္အေရး ရလာရင္ အမိအရ ဆုပ္ကိုင္ နိုင္မွာပါ ။”

” အီဒူး ကလည္း တကယ့္ကို ထူးခၽြန္တဲ့ လူတစ္ေယာက္ပါ။ ပေရာ္ဖက္ရွင္နယ္ လည္း အရမ္း ပီသပါတယ္။ ေနာက္ၿပီး အာဆင္နယ္ အသင္းနဲ႔ အတူ ေအာင္ျမင္မွုေတြလည္း ရယူ နိုင္ခဲ့သူပါ ။ က်ေနာ္ အသင္းကို စေရာက္ကတည္းက သူနဲ႔ စကားအမ်ားႀကီး ေျပာျဖစ္ပါတယ္။ အီဒူး ေဘးနားမွာ ရွိေနတာက က်ေနာ့္အတြက္ စိတ္အားတက္စရာပါပဲ။”

” စေရာက္တုန္းကဆို က်ေနာ္က အသက္ငယ္ေသးေတာ့ အနည္းငယ္ ရွက္စိတ္ေတာ့ ရွိပါတယ္။ဒီကစားသမားေတြကို တီဗြီ နဲ႔ ဂိမ္းထဲမွာေလာက္ပဲ ျမင္ဖူးတာေလ ။ ဒါေပမယ့္ သူတို႔က က်ေနာ့္ကို ကိုယ့္အိမ္လို႔ ခံစားမိေလာက္ေအာင္ ေႏြးေႏြးေထြးေထြး ႀကိဳဆိုၾကပါတယ္။ သူတို႔က ဆီကေန ေန႔တိုင္း ေလ့လာ သင္ယူေနပါတယ္။”

” က်ေနာ္ရဲ့ ပထမဆုံး ရာသီဆိုေတာ့ အသင္းႀကီး လူစာရင္းမွာ ပါဝင္ခြင့္နဲ႔ ထိုက္တန္တယ္ဆိုတာ သက္ေသျပသြားမွာပါ။အသင္းမွာ ကစားသမားေကာင္းေတြနဲ႔ ျပည့္ေနတယ္ဆိုတာ သိပါတယ္။ဒါေပမယ့္ က်ေနာ္ရဲ့ သြင္းဂိုးေတြနဲ႔ အသင္းကို ရလဒ္ေကာင္းေတြ ရယူေပးခ်င္ပါတယ္။ ဒီရာသီမွာ က်ေနာ္တို႔ ဖလားေအာင္ျမင္မွုေတြ ရယူၿပီး က်ေနာ္တို႔နာမည္ေတြကိုလည္း အသင္း သမိုင္းေၾကာင္းမွာ ေရးထိုး နိုင္လိမ့္မယ္လို႔ ထင္ပါတယ္။”လို႔ ဆိုပါတယ္။

SPORTS MYANMAR

Unicode

ဒီရာသီမှာ သူ့ရဲ့ရည်မှန်းချက်နှစ်ခုကို ပြောကြားရင်း အသင်းမှာ အထိုင်ကျအောင် ဘယ်သူတွေက ကူညီပေးခဲ့သလဲဆိုတာ ဖွင့်ဟလိုက်တဲ့ မာတီနယ်လီ
==================================

အာဆင်နယ် အသင်းရဲ့ ဘရာဇီး လူငယ် ကြယ်ပွင့် မာတီနယ်လီ က သူ အသင်းမှာ အထိုင်ကျဖို့ အတွက် နည်းပြ အူနိုင်း အမ်မရီ နဲ့ နည်းစနစ် ဒါရိုက်တာ အီဒူး တို့က အများကြီး အကူအညီ ပေးခဲ့ကြကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ပထမဆုံး ကစားသမား ခေါ်ယူမှု အဖြစ် ဘရာဇီး ကလပ် Ituano Futebol clube အသင်း ရဲ့ လူငယ် တိုက်စစ်မှူးလေး ဂါဘရီရယ် မာတီနယ်လီ ကို ပြောင်းရွှေ့ကြေး ပေါင် ၆ သန်း၊ ငါးနှစ်စာချုပ်နဲ့ ခေါ်ယူ ခဲ့တာလည်း ဖြစ်ပါတယ် ။

မာတီနယ်လီ ဟာ အာဆင်နယ် အသင်း ကစားသမား ဘဝ ပထမဦးဆုံး ပွဲဦးထွက်အဖြစ် ​ကော်လိုရာဒို ရက်ပစ်ဒ် အသင်းနဲ့ ပွဲမှာတင် ဂိုးသွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် နယူးကာဆယ် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာလည်း လူစားဝင် ကစားခွင့် ရခဲ့ပါတယ်။

အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ မာတီနယ်လီ က ဘရာဇီး သတင်းစာ တစ်စောင် နဲ့ အင်တာဗျူးမှာ သူ့ရဲ့ ဒီရာသီ အဓိက ရည်မှန်းချက် နှစ်ခုကို ဖွင့်ဟ ပြောကြားသွားခဲ့ပြီး နည်းပြ အမ်မရီ ၊ အီဒူး တို့နဲ့ ဆက်ဆံရေး အ​ခြေအနေ ကိုလည်း ပြောကြား သွားခဲ့ပါတယ် ။

မာတီနယ်လီ က ” နည်းပြကြီးက တကယ်တော်တဲ့သူပါ ။ သူ့ဆီကနေ နေ့တိုင်း သင်ယူစရာတွေ အများကြီး ရပါတယ်။ကျနော်ကတော့ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး ကြိုးစားနေပါတယ် ၊ ဒါမှလည်း အခွင့်အရေး ရလာရင် အမိအရ ဆုပ်ကိုင် နိုင်မှာပါ ။”

” အီဒူး ကလည်း တကယ့်ကို ထူးချွန်တဲ့ လူတစ်ယောက်ပါ။ ပရော်ဖက်ရှင်နယ် လည်း အရမ်း ပီသပါတယ်။ နောက်ပြီး အာဆင်နယ် အသင်းနဲ့ အတူ အောင်မြင်မှုတွေလည်း ရယူ နိုင်ခဲ့သူပါ ။ ကျနော် အသင်းကို စရောက်ကတည်းက သူနဲ့ စကားအများကြီး ပြောဖြစ်ပါတယ်။ အီဒူး ဘေးနားမှာ ရှိနေတာက ကျနော့်အတွက် စိတ်အားတက်စရာပါပဲ။”

” စရောက်တုန်းကဆို ကျနော်က အသက်ငယ်သေးတော့ အနည်းငယ် ရှက်စိတ်တော့ ရှိပါတယ်။ဒီကစားသမားတွေကို တီဗွီ နဲ့ ဂိမ်းထဲမှာလောက်ပဲ မြင်ဖူးတာလေ ။ ဒါပေမယ့် သူတို့က ကျနော့်ကို ကိုယ့်အိမ်လို့ ခံစားမိလောက်အောင် နွေးနွေးထွေးထွေး ကြိုဆိုကြပါတယ်။ သူတို့က ဆီကနေ နေ့တိုင်း လေ့လာ သင်ယူနေပါတယ်။”

” ကျနော်ရဲ့ ပထမဆုံး ရာသီဆိုတော့ အသင်းကြီး လူစာရင်းမှာ ပါဝင်ခွင့်နဲ့ ထိုက်တန်တယ်ဆိုတာ သက်သေပြသွားမှာပါ။အသင်းမှာ ကစားသမားကောင်းတွေနဲ့ ပြည့်နေတယ်ဆိုတာ သိပါတယ်။ဒါပေမယ့် ကျနော်ရဲ့ သွင်းဂိုးတွေနဲ့ အသင်းကို ရလဒ်ကောင်းတွေ ရယူပေးချင်ပါတယ်။ ဒီရာသီမှာ ကျနော်တို့ ဖလားအောင်မြင်မှုတွေ ရယူပြီး ကျနော်တို့နာမည်တွေကိုလည်း အသင်း သမိုင်းကြောင်းမှာ ရေးထိုး နိုင်လိမ့်မယ်လို့ ထင်ပါတယ်။”လို့ ဆိုပါတယ်။

SPORTS MYANMAR