မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ တုိက္စစ္မွဴး တစ္ဦး ျဖစ္တဲ့ မားကပ္စ္ ရပ္ရွ္ဖုိ႔ က အသင္း အတြက္ ကစား ေပးထား ခဲ့တဲ့ ပရီးမီးယား လိဂ္ အဖြင့္ ပြဲစဥ္ မွာသာ ဂိုး သြင္းယူ ခဲ့ျပီး က်န္တဲ့ ပြဲစဥ္ သံုးပြဲ မွာ ဂိုး မသြင္း နုိင္ခဲ့ တာေၾကာင့္ သူ့ရဲ့ ဂိုးသြင္း စြမ္းရည္ နဲ့ ပတ္သက္လို႔ ေဝဖန္ မွဳေတြ ခံေန ခဲ့ရ ပါတယ္ ။

အခုေတာ့ လီဗာပူး နဲ့ ယူနုိက္တက္ တိုက္စစ္မွဴး ေဟာင္း မိုက္ကယ္ အိုဝင္ က ဂိုးေပါက္ အေရွ့က ရပ္ရွ္ဖုိ႔ ရဲ့ အဆံုးသတ္ စြမ္းရည္ အေပၚ သံသယ ျဖစ္မိ ေၾကာင္း ၊ အဂၤလန္ လက္ေရြးစင္ တုိက္စစ္မွဴး မွာ ပြဲစဥ္ ကို ေသဆံုး သြားေစ နိုင္မယ့္ အဆံုးသတ္ စြမ္းရည္ မရွိေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

လက္ရွိ အသက္ 21 နွစ္ ရွိျပီ ျဖစ္တဲ့ အဂၤလန္ တုိက္စစ္မွဴး ေလးဟာ အိုးလ္ ထရပ္ဖုိ႔ဒ္ မွာ ယူနုိက္တက္ အသင္း အတြက္ စတင္ ကစား ေပး ကတည္းက မီဒီယာ ေတြရဲ့ ေစာင့္ၾကည့္ ျခင္းကို ခံခဲ့ ရျပီး အဂၤလန္ ရဲ့ ပါရမီ ေကာင္းတဲ့ ကစားသမား တစ္ဦး ျဖစ္လာ လိမ့္မယ္ လို႔ ထင္ေၾကး ေတြ ေပးခံ ခဲ့ရ ပါတယ္ ။

အခု ဒီေႏြ မွာ အသင္း ရဲ့ အဓိက တုိက္စစ္ ကစားသမား ႏွစ္ဦး ျဖစ္ၾက တဲ့ ရုိမီလူ လူကာကူ နဲ့ အလက္ဆစ္ ဆန္းခ်က္ တုိ့က ယူနုိက္တက္ မွ ထြက္ခြာ သြားတာ ေၾကာင့္ ဒီ ရာသီ ယူနုိက္တက္ အတြက္ ဂိုးေတြ သြင္းယူ ေပးနုိင္ ေရ တာဝန္ ေတြက ရပ္ရွ္ဖုိ႔ အေပၚ မွာ ပိုျပီး က်ေရာက္ သြားခဲ့ ရ ပါတယ္ ။

ဒါေပမယ့္ သူဟာ အသင္း အတြက္ ဒီ ရာသီ တစ္ပြဲ သာ ဂိုးသြင္း နုိင္ခဲ့ ျပီး က်န္တဲ့ ပြဲစဥ္ 3 ပြဲမွာ ဂိုးေပါက္ ေပ်ာက္ဆံုး ေနျခင္း နဲ့ အတူ ယူနိုက္တက္ တုိ႔ ရလဒ္ ေတြ ဆုိးရြား ေနခဲ့ ရ ပါတယ္ ။ အခုေတာ့ မိုက္ကယ္ အိုဝင္ က ရပ္ရွ္ဖုိ႔ နဲ့ ပတ္သက္လို႔ …

” က်ြန္ေတာ္ ကေတာ့ ဂိုးေတြ သြင္းယူ ျခင္းက သူ မက္ေမာ တဲ့ အရာ တစ္ခု မဟုတဘူး လုိ့ ထင္မိ ပါတယ္ ။ သူဟာ စြမ္းေဆာင္ရည္ စံုလင္စြာ ျပသ တက္တဲ့ ကစားသမား မ်ိဳး ျဖစ္တယ္ လို့ က်ြန္ေတာ္ ထင္ပါတယ္ ။ သူဟာ ဂိုးသြင္း ၊ ဖန္တီး ၊ ေက်ာ္ျဖတ္ စတဲ့ အရာ ေတြကို စံုလင္ေအာင္ လုပ္တက္သူ ၊ က်ြန္ေတာ္ နဲ့ ယွဥ္ရင္ အျခာ အရာ ေတြမွာ ပိုေကာင္းသူ ျဖစ္ ပါတယ္ ”

” သူ့ဆီ မွာ တစ္ကယ့္ ကို ေကာင္းလြန္း တဲ့ ေဘာလံုး ထိခ်က္ ေတြ ၊ စံုလင္ လွတဲ့ အရည္အေသြး ေကာင္းေတြ ရွိေန ပါတယ္ ။ အဲ့တာ ေတြက က်ြန္ေတာ့္ ဆီမွာ ဘယ္တုန္း ကမွ မရွိခဲ့ ပါဘူး ။ ဒါေပမယ့္ သူဟာ ျပိဳင္ပြဲ ကို အဆံုးသတ္ပစ္ နုိင္တဲ့ က်ြန္ေတာ့္ လို ဂိုးမုဆိုး တစ္ေယာက္ရဲ့ အရည္အေသြး မ်ိဳး မပိုင္ဆုိင္ ထားခဲ့ ပါဘူး ”

” က်ြန္ေတာ္ က ဂိုးေတြ သြင္းရ လိမ့္မယ္ ဆုိတာ ကို စိတ္ထဲ စြဲ ေနတဲ့ သူ တစ္ဦး ပါ ။ ေရာ္ဘီ ေဖာင္လာ ၊ ဆာဂ်ီယုိ အဂူရို နဲ့ ဟယ္ရီ ကိန္း တုိ့လို့ ေပါ့ ၊ သူတုိ႔ ေတြရဲ့ စိတ္ထဲ မွာလည္း ဂိုးေတြ သြင္းမယ္ ဆိုတဲ့ အစြဲ ပဲ ရွိေန ပါတယ္ ။ ဒါေပမယ့္ ရပ္ရွ္ဖုိ့ စိတ္ထဲ အဲ့တာ ရွိ မေန ပါဘူး ” လို့ အိုဝင္ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ကစားသမား ဘဝ တုန္းက ဂိုးေတြ မ်ားစြာ သြင္းယူ နုိင္ခဲ့ ေပမယ့္ ဒဏ္ရာ ျပသနာ ေတြရဲ့ ဖိႏွိပ္မွဳ ေတြေၾကာင့္ ကစားသမား ဘဝ ေနဝင္ ေစာ ခဲ့တဲ့ မိုက္ကယ္ အိုဝင္ က ဂိုးသြင္း ဗီဇ ဆုိတာ သင္ယူ တက္ေျမာက္ နုိင္မယ့္ အရာ တစ္ခု မဟုတ္ ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ခင္ဗ်ား ဟာ ခင္ဗ်ား ရဲ့ ဂိုးသြင္း စြမ္းရည္ ေတြကို တုိးတက္ ေကာင္းမြန္ ေအာင္ လုပ္ေဆာင္ နုိင္လို့ ရပါ လိမ့္မယ္ ။ ဒါေပမယ့္ ခင္ဗ်ား ရဲ့ ဗီဇ ကိုေတာ့ တုိးတက္ ေျပာင္းလဲ ေအာင္ လုပ္ဖုိ႔ မလြယ္ကူ နုိင္ ပါဘူး ။ ခင္ဗ်ား ဘယ္လို ကစား ခ်င္လဲ ဆုိတာ ကို ဆန့္က်င္ ေျပာင္းလဲ ျပီး အျခား နည္းလမ္း နဲ့ အထူး တုိးတက္ နုိင္မွာ မဟုတ္ ပါဘူး ”

” ရပ္ရွ္ဖုိ့ က ငယ္ငယ္ ကတည္းက အေထာင္ တိုက္စစ္မွဴး တစ္ေယာက္ မဟုတ္ ခဲ့ဘူး ဆုိတာ က်ြန္ေတာ္ သိတာ ေပါ့ ။ သူဟာ ေတာင္ပံ တစ္ေလ်ာက္ ဒါမွ မဟုတ္ နံပါတ္ 10 အျဖစ္ ပါဝင္ ကစား လိုခဲ့တဲ့ သူပါ ။ ဒါ့အျပင္ သူ့ရဲ့ ယူနုိက္တက္ နည္းျပ အဖြဲ့ဝင္ ေတြနဲ့ အကယ္ဒမီ မွ လူေတြ က သူ့ကို ဧရိယာ ထဲ ဝင္ေရာက္ ဖုိ႔ ၊ တစ္ခ်က္ ထိ ကန္ခ်က္ ေတြ ျပဳလုပ္ နုိင္ဖုိ႔ ၊ ဂိုးေတြ သြင္းယူ သြားနုိင္ဖုိ႔ ညႊန္ၾကား ေနၾက တယ္လို့ က်ြန္ေတာ္ ထင္ ပါတယ္ ”

” အဲ့တာ ေတြက သူ့ရဲ့ ရည္မွန္းခ်က္ တစ္ခု မဟုတ္ ခဲ့ရ ပါဘူး ။ သူဟာ ဧရိယာ အျပင္ဖက္ ပဲ ေနလို ခ်င္ခဲ့ သူပါ ၊ ေကာင္းမြန္ တဲ့ ထိခ်က္ ေတြ ပိုင္ဆုိင္ ျပီး အရာရာ တုိင္းမွာ ေကာင္းမြန္ ခဲ့သူ တစ္ဦး ပါ ။ သူဟာ တစ္ကယ္ ပဲ မထင္မွတ္ တဲ့ အလန္းစား ဂိုးေတြ သြင္းယူ နုိင္ခဲ့ ပါတယ္ ။ သူဟာ အံ့အား သင့္ဖြယ္ ေကာင္ေလး တစ္ေယာက္ ပါပဲ ”

” ဒါေပမယ္ သြင္းဂိုး ေတြ အေၾကာင္း ေျပာလိုက္ ရင္ ၊ အဂူရို ကို ၾကည့္လိုက္ ရင္ တစ္ျခားစီ ပါပဲ ။ အဂူရို ဟာ ေသြးေအးေအး နဲ့ ဂိုးေတြ သြင္းယူ နုိင္တဲ့ ကစားသမား တစ္ဦး ပါ ။ ရပ္ရွ္ဖုိ့ ကေတာ့ အဲ့တာ ကို မလုပ္နုိင္ခဲ့ ပါဘူး ။ သူဟာ ဂိုး မုဆုိး တစ္ေယာက္ မွ မဟုတ္တာ ” လို့ အိုဝင္ က အဆံုးသတ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ရပ်ရှ်ဖို့ဟာ သူ့ထက်ပိုကောင်းတဲ့ ကစားသမား ဖြစ်ကြောင်း ဝန်ခံသွားပြီး ယူနိုက်တက် နည်းပြတွေ နဲ့ အကယ်ဒမီ အဖွဲ့ဝင် တွေက မှားယွင်းနေကြောင်း ဖွင့်ဟလိုက်တဲ့ #အိုဝင်

==================

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ မားကပ်စ် ရပ်ရှ်ဖို့ က အသင်း အတွက် ကစား ပေးထား ခဲ့တဲ့ ပရီးမီးယား လိဂ် အဖွင့် ပွဲစဉ် မှာသာ ဂိုး သွင်းယူ ခဲ့ပြီး ကျန်တဲ့ ပွဲစဉ် သုံးပွဲ မှာ ဂိုး မသွင်း နိုင်ခဲ့ တာကြောင့် သူ့ရဲ့ ဂိုးသွင်း စွမ်းရည် နဲ့ ပတ်သက်လို့ ဝေဖန် မှုတွေ ခံနေ ခဲ့ရ ပါတယ် ။

အခုတော့ လီဗာပူး နဲ့ ယူနိုက်တက် တိုက်စစ်မှူး ဟောင်း မိုက်ကယ် အိုဝင် က ဂိုးပေါက် အရှေ့က ရပ်ရှ်ဖို့ ရဲ့ အဆုံးသတ် စွမ်းရည် အပေါ် သံသယ ဖြစ်မိ ကြောင်း ၊ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး မှာ ပွဲစဉ် ကို သေဆုံး သွားစေ နိုင်မယ့် အဆုံးသတ် စွမ်းရည် မရှိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

လက်ရှိ အသက် 21 နှစ် ရှိပြီ ဖြစ်တဲ့ အင်္ဂလန် တိုက်စစ်မှူး လေးဟာ အိုးလ် ထရပ်ဖို့ဒ် မှာ ယူနိုက်တက် အသင်း အတွက် စတင် ကစား ပေး ကတည်းက မီဒီယာ တွေရဲ့ စောင့်ကြည့် ခြင်းကို ခံခဲ့ ရပြီး အင်္ဂလန် ရဲ့ ပါရမီ ကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်လာ လိမ့်မယ် လို့ ထင်ကြေး တွေ ပေးခံ ခဲ့ရ ပါတယ် ။

အခု ဒီနွေ မှာ အသင်း ရဲ့ အဓိက တိုက်စစ် ကစားသမား နှစ်ဦး ဖြစ်ကြ တဲ့ ရိုမီလူ လူကာကူ နဲ့ အလက်ဆစ် ဆန်းချက် တို့က ယူနိုက်တက် မှ ထွက်ခွာ သွားတာ ကြောင့် ဒီ ရာသီ ယူနိုက်တက် အတွက် ဂိုးတွေ သွင်းယူ ပေးနိုင် ရေ တာဝန် တွေက ရပ်ရှ်ဖို့ အပေါ် မှာ ပိုပြီး ကျရောက် သွားခဲ့ ရ ပါတယ် ။

ဒါပေမယ့် သူဟာ အသင်း အတွက် ဒီ ရာသီ တစ်ပွဲ သာ ဂိုးသွင်း နိုင်ခဲ့ ပြီး ကျန်တဲ့ ပွဲစဉ် 3 ပွဲမှာ ဂိုးပေါက် ပျောက်ဆုံး နေခြင်း နဲ့ အတူ ယူနိုက်တက် တို့ ရလဒ် တွေ ဆိုးရွား နေခဲ့ ရ ပါတယ် ။ အခုတော့ မိုက်ကယ် အိုဝင် က ရပ်ရှ်ဖို့ နဲ့ ပတ်သက်လို့ …

” ကျွန်တော် ကတော့ ဂိုးတွေ သွင်းယူ ခြင်းက သူ မက်မော တဲ့ အရာ တစ်ခု မဟုတဘူး လို့ ထင်မိ ပါတယ် ။ သူဟာ စွမ်းဆောင်ရည် စုံလင်စွာ ပြသ တက်တဲ့ ကစားသမား မျိုး ဖြစ်တယ် လို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ ဂိုးသွင်း ၊ ဖန်တီး ၊ ကျော်ဖြတ် စတဲ့ အရာ တွေကို စုံလင်အောင် လုပ်တက်သူ ၊ ကျွန်တော် နဲ့ ယှဉ်ရင် အခြာ အရာ တွေမှာ ပိုကောင်းသူ ဖြစ် ပါတယ် ”

” သူ့ဆီ မှာ တစ်ကယ့် ကို ကောင်းလွန်း တဲ့ ဘောလုံး ထိချက် တွေ ၊ စုံလင် လှတဲ့ အရည်အသွေး ကောင်းတွေ ရှိနေ ပါတယ် ။ အဲ့တာ တွေက ကျွန်တော့် ဆီမှာ ဘယ်တုန်း ကမှ မရှိခဲ့ ပါဘူး ။ ဒါပေမယ့် သူဟာ ပြိုင်ပွဲ ကို အဆုံးသတ်ပစ် နိုင်တဲ့ ကျွန်တော့် လို ဂိုးမုဆိုး တစ်ယောက်ရဲ့ အရည်အသွေး မျိုး မပိုင်ဆိုင် ထားခဲ့ ပါဘူး ”

” ကျွန်တော် က ဂိုးတွေ သွင်းရ လိမ့်မယ် ဆိုတာ ကို စိတ်ထဲ စွဲ နေတဲ့ သူ တစ်ဦး ပါ ။ ရော်ဘီ ဖောင်လာ ၊ ဆာဂျီယို အဂူရို နဲ့ ဟယ်ရီ ကိန်း တို့လို့ ပေါ့ ၊ သူတို့ တွေရဲ့ စိတ်ထဲ မှာလည်း ဂိုးတွေ သွင်းမယ် ဆိုတဲ့ အစွဲ ပဲ ရှိနေ ပါတယ် ။ ဒါပေမယ့် ရပ်ရှ်ဖို့ စိတ်ထဲ အဲ့တာ ရှိ မနေ ပါဘူး ” လို့ အိုဝင် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ကစားသမား ဘဝ တုန်းက ဂိုးတွေ များစွာ သွင်းယူ နိုင်ခဲ့ ပေမယ့် ဒဏ်ရာ ပြသနာ တွေရဲ့ ဖိနှိပ်မှု တွေကြောင့် ကစားသမား ဘဝ နေဝင် စော ခဲ့တဲ့ မိုက်ကယ် အိုဝင် က ဂိုးသွင်း ဗီဇ ဆိုတာ သင်ယူ တက်မြောက် နိုင်မယ့် အရာ တစ်ခု မဟုတ် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ခင်ဗျား ဟာ ခင်ဗျား ရဲ့ ဂိုးသွင်း စွမ်းရည် တွေကို တိုးတက် ကောင်းမွန် အောင် လုပ်ဆောင် နိုင်လို့ ရပါ လိမ့်မယ် ။ ဒါပေမယ့် ခင်ဗျား ရဲ့ ဗီဇ ကိုတော့ တိုးတက် ပြောင်းလဲ အောင် လုပ်ဖို့ မလွယ်ကူ နိုင် ပါဘူး ။ ခင်ဗျား ဘယ်လို ကစား ချင်လဲ ဆိုတာ ကို ဆန့်ကျင် ပြောင်းလဲ ပြီး အခြား နည်းလမ်း နဲ့ အထူး တိုးတက် နိုင်မှာ မဟုတ် ပါဘူး ”

” ရပ်ရှ်ဖို့ က ငယ်ငယ် ကတည်းက အထောင် တိုက်စစ်မှူး တစ်ယောက် မဟုတ် ခဲ့ဘူး ဆိုတာ ကျွန်တော် သိတာ ပေါ့ ။ သူဟာ တောင်ပံ တစ်လျောက် ဒါမှ မဟုတ် နံပါတ် 10 အဖြစ် ပါဝင် ကစား လိုခဲ့တဲ့ သူပါ ။ ဒါ့အပြင် သူ့ရဲ့ ယူနိုက်တက် နည်းပြ အဖွဲ့ဝင် တွေနဲ့ အကယ်ဒမီ မှ လူတွေ က သူ့ကို ဧရိယာ ထဲ ဝင်ရောက် ဖို့ ၊ တစ်ချက် ထိ ကန်ချက် တွေ ပြုလုပ် နိုင်ဖို့ ၊ ဂိုးတွေ သွင်းယူ သွားနိုင်ဖို့ ညွှန်ကြား နေကြ တယ်လို့ ကျွန်တော် ထင် ပါတယ် ”

” အဲ့တာ တွေက သူ့ရဲ့ ရည်မှန်းချက် တစ်ခု မဟုတ် ခဲ့ရ ပါဘူး ။ သူဟာ ဧရိယာ အပြင်ဖက် ပဲ နေလို ချင်ခဲ့ သူပါ ၊ ကောင်းမွန် တဲ့ ထိချက် တွေ ပိုင်ဆိုင် ပြီး အရာရာ တိုင်းမှာ ကောင်းမွန် ခဲ့သူ တစ်ဦး ပါ ။ သူဟာ တစ်ကယ် ပဲ မထင်မှတ် တဲ့ အလန်းစား ဂိုးတွေ သွင်းယူ နိုင်ခဲ့ ပါတယ် ။ သူဟာ အံ့အား သင့်ဖွယ် ကောင်လေး တစ်ယောက် ပါပဲ ”

” ဒါပေမယ် သွင်းဂိုး တွေ အကြောင်း ပြောလိုက် ရင် ၊ အဂူရို ကို ကြည့်လိုက် ရင် တစ်ခြားစီ ပါပဲ ။ အဂူရို ဟာ သွေးအေးအေး နဲ့ ဂိုးတွေ သွင်းယူ နိုင်တဲ့ ကစားသမား တစ်ဦး ပါ ။ ရပ်ရှ်ဖို့ ကတော့ အဲ့တာ ကို မလုပ်နိုင်ခဲ့ ပါဘူး ။ သူဟာ ဂိုး မုဆိုး တစ်ယောက် မှ မဟုတ်တာ ” လို့ အိုဝင် က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar