အဒမ္ေဘာ္ဂန္ဟာ လီဗာပူး အသင္းမွာ ပြဲကစားခြင့္ မ်ားမ်ား စားစား မရရွိခဲ့ ေပမယ့္လည္း ၎အေနနဲ႕ ေန႕တုိင္း ေလ့က်င့္ေရးကြင္းမွာ ကမာၻ႕အဆင့္ ကစားသမားေတြနဲ႕ အတူ ေလ့က်င့္ခြင့္ ရရွိ ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္က ဂိုးသမား ေဘာ္ဂန္ကို ဆိုင္မြန္မစ္ႏုိလက္ရဲ႕ အရန္အျဖစ္ ေဘာ္တန္မွ အလြတ္ ေျပာင္းေရြ႕ေၾကးနဲ႕ လီဗာပူး အသင္း ေခၚယူ လိုက္စဥ္က ဒီအေျပာင္းအေရြ႕ဟာ အန္ဖီး ပရိတ္သတ္ ေတာ္ေတာ္မ်ားမ်ားကို အံ့အားသင့္ ေစခဲ့ပါတယ္။

Liverpool Echo နဲ႕ အင္တာဗ်ဴးမွာေတာ့ ေဘာ္ဂန္က ယာဂန္ကေလာ့ ရဲ႕ လက္ေအာက္မွာ ကစားသမား ဘ၀ဟာ ဘယ္လိုလဲ ဆုိတာ ထုတ္ေဖာ္ သြားခဲ့ပါတယ္။ ေလ့က်င့္ေရး အစီအစဥ္ မွာေတာ့ အသက္ ၃၁ ႏွစ္ အရြယ္ ကစားသမားကုိ လီဗာပူး ပထမအသင္းသား ေတာ္ေတာ္ မ်ားမ်ားရဲ႕ အရည္အေသြး ေတြက အံ့ၾသမွဳ ျဖစ္ေစခဲ့ျပီး လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ေႏြရာသီက ေဟာ့ဖန္ဟုိင္းမွ လီဗာပူးကုိ ေျပာင္းလာ ခဲ့တဲ့ ေရာ္ဘတ္တုိ ဖာမီႏို ရဲ႕ အရည္အေသြး ကေတာ့ အန္ဖီး ဂိုးသမားေဟာင္း ကုိ အထူး အံ့အား သင့္ေစ ခဲ့ပါတယ္။

ေဘာ္ဂန္က “ကၽြန္ေတာ္ဟာ ေရာ္ဘတ္တို ဖာမီႏုိ ရဲ႕ ကစားဟန္ ကို အရမ္း ၾကိဳက္ပါတယ္။ သူဟာ လီဗာပူး အသင္း အတြက္ တကယ့္ကို အေရးပါတဲ့ ကစားသမားပါ။ သူဟာ စပယ္ရွယ္ ကစားသမား လို႕ေတာင္ ခင္ဗ်ား ေျပာလို႕ ရပါတယ္။ ကၽြန္ေတာ္ လီဗာပူး မွာ ပထမဦးဆံုး ပြဲဦးထြက္ခြင့္ ရခဲ့စဥ္က ဖာမီႏို ဒဏ္ရာ ရေန ခဲ့ပါတယ္။ သူ႕အေနနဲ႕ ေနာက္ေက်ာ ဒဏ္ရာ ကေန ျပန္လာဖို႕ အတြက္ ရက္သတၱပတ္ အနည္းငယ္ အခ်ိန္ယူ ရခဲ့ ရပါတယ္။

ဖာမီႏို အတြက္ ကေတာ့ ယာဂန္ကေလာ့ အသင္းကို ေရာက္လာ ခဲ့တာနဲ႕ သူ႕ရဲ႕ အေၾကာင္းကုိ ဂ်ာမနီ မွာ ကတည္းက သိလာ ခဲ့တာဟာ လီဗာပူး မွာ ဒီလို ျဖစ္လာ ခဲ့တဲ့ အဓိက အေၾကာင္းရင္း ျဖစ္ပါတယ္။ ကေလာ့ဟာ ဖာမီႏုိ ရဲ႕ အရည္အေသြး နဲ႕ သူ႕ဆီက အေကာင္းဆံုးေတြကို ဘယ္လို ဆြဲထုတ္ ရမလဲ ဆုိတာ ေကာင္းေကာင္း သိထား ပါတယ္။ ကေလာ့ ကစားလိုတဲ့ နည္းဗ်ဴဟာနဲ႕ သူ႕ရဲ႕ ကစားဟန္ဟာ လံုး၀ အံ၀င္ ခြင္က် ျဖစ္သြား ခဲ့ပါတယ္။

ဒါကို ခင္ဗ်ားတုိ႕ ေလ့က်င့္ေရး အစီအစဥ္မွာ ေတြ႕ျမင္ ႏိုင္ပါတယ္။ သူ႕ရဲ႕ ေဘာလံုး ထိခ်က္ ၊ ေဘာလံုး ေပးပို႕မွဳေတြ ၊ လွည့္ထုတ္ပံုေတြ ၊ သူ႕ရဲ႕ ခံယူခ်က္ေတြ နဲ႕ သူ႕ဆီက ေဘာလံုး လုယူဖို႕လည္း ခက္ခဲပါတယ္။ သူဟာ ဒီလို အရည္အေသြး အားလံုးကို ပိုင္ဆုိင္ ထားသူပါ။ မန္ေနဂ်ာ ကစားေစလိုတဲ့ နည္းစနစ္ နဲ႕ အံ၀င္ဖို႕ သူ အခ်ိန္ အနည္းငယ္ ယူခဲ့ ရပါတယ္။ ဒါေပမယ့္ ေလ့က်င့္ေရး အစီအစဥ္ေတြ မွာေတာ့ သူ႕ရဲ႕ အရည္အေသြးကို ေကာင္းေကာင္း ျမင္ႏုိင္ ပါတယ္။” လို႕ ဆုိလုိက္ပါတယ္။

ေဘာ္ဂန္ဟာ ဒီေႏြရာသီ အန္ဖီးမွ ထြက္ခြာ လာခဲ့ျပီးေနာက္ အသင္းလက္မဲ့ ျဖစ္ေနသူ ျဖစ္ျပီး ၎ဟာ သူ႕ရဲ႕ ေလးႏွစ္တာ အန္ဖီး ကစားသမား ဘ၀ အတြက္ ခံစားခ်က္ေတြ ေရာေထြး ေနပါတယ္။

ေဘာ္ဂန္ က “ဒီကာလေတြကို စဥ္းစားလို္က္ရင္ ခံစားခ်က္ေတြ ေရာေထြး ေနပါတယ္။ ေအာင္ျမင္တဲ့ ပံုျပင္ တစ္ခုေတာ့ မဟုတ္ခဲ့ ပါဘူး။ အကယ္၍ ကၽြန္ေတာ္သာ ဒီမွာ ဆက္ကစားခြင့္ ရခဲ့မယ္ စာခ်ဳပ္သစ္ ကမ္းလွမ္းျခင္း ခံရမယ္ ဆုိရင္ ဒါဟာ ေအာင္ျမင္မွဳ တစ္ခုလို႕ ဆုိႏုိင္ပါတယ္။ ဒါေပမယ့္ လီဗာပူး ကို ေျပာင္းေရြ႕ခြင့္ ရခဲ့ျခင္း အားျဖင့္ ကၽြန္ေတာ္ အမ်ားၾကီး ေလ့လာ သင္ယူ ႏုိ္င္ခဲ့သလို ကုိယ့္ကုိကုိယ္လည္း ဒီိလို လုပ္ႏုိင္ ခဲ့ပါတယ္။

ဖိအားေတြ ေအာက္မွာ အေျခအေနေတြကို ဘယ္လို ေျဖရွင္း သြားရမလဲ ဆုိတာနဲ႕ ကိုယ့္ရဲ႕ အေျခအေန ဘယ္လိုပဲ ျဖစ္ျဖစ္ စိတ္ရွည္ သည္းခံဖို႕ လိုတယ္ ဆုိတာ သိလာပါတယ္။ ကၽြန္ေတာ္ ဒီလို လုပ္ႏုိင္ ခဲ့တဲ့ အတြက္ အရမ္း အရမ္းကုိ ေပ်ာ္ရႊင္ မိပါတယ္။

ဒါဟာ အရမ္းကို ေကာင္းလွတဲ့ အခ်ိဳးအေကြ႕ တစ္ခုပါ။ ကၽြန္ေတာ့္ အေနနဲ႕ အျခား ကစားသမားေတြ ဆီက ၀န္ထမ္းေတြ ဆီက အမ်ားၾကီး ေလ့လာ သင္ယူ ႏိုင္ခဲ့ျပီး ကုိယ့္ကုိကုိယ္လည္း ဒီလို ပါပဲ။ အကယ္၍ အရာအားလံုး ခ်ဳပ္ျပီး ေျပာရမယ္ ဆုိရင္ ဒါဟာ တကယ့္ကို ေကာင္းမြန္တဲ့ ေလးႏွစ္တာ ကာလ ျဖစ္ခဲ့ပါတယ္။ တကယ့္ကို ေကာင္းမြန္လွတဲ့ အေတြ႕အၾကံဳ ေတြပါပဲ။” လို႕ ဆုိလိုက္ပါတယ္။

SM

Unicode

လေ့ကျင့်ရေးကွင်းမှာ သူ့ရဲ့ အံ့အားသင့်စေခဲ့တဲ့ လီဗာပူးကြယ်ပွင့် တစ်ဦးကို ပြောပြလိုက်တဲ့ အဒမ်ဘော်ဂန်

အဒမ်ဘော်ဂန်ဟာ လီဗာပူး အသင်းမှာ ပွဲကစားခွင့် များများ စားစား မရရှိခဲ့ ပေမယ့်လည်း ၎င်းအနေနဲ့ နေ့တိုင်း လေ့ကျင့်ရေးကွင်းမှာ ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ အတူ လေ့ကျင့်ခွင့် ရရှိ ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဂိုးသမား ဘော်ဂန်ကို ဆိုင်မွန်မစ်နိုလက်ရဲ့ အရန်အဖြစ် ဘော်တန်မှ အလွတ် ပြောင်းရွေ့ကြေးနဲ့ လီဗာပူး အသင်း ခေါ်ယူ လိုက်စဉ်က ဒီအပြောင်းအရွေ့ဟာ အန်ဖီး ပရိတ်သတ် တော်တော်များများကို အံ့အားသင့် စေခဲ့ပါတယ်။

Liverpool Echo နဲ့ အင်တာဗျူးမှာတော့ ဘော်ဂန်က ယာဂန်ကလော့ ရဲ့ လက်အောက်မှာ ကစားသမား ဘဝဟာ ဘယ်လိုလဲ ဆိုတာ ထုတ်ဖော် သွားခဲ့ပါတယ်။ လေ့ကျင့်ရေး အစီအစဉ် မှာတော့ အသက် ၃၁ နှစ် အရွယ် ကစားသမားကို လီဗာပူး ပထမအသင်းသား တော်တော် များများရဲ့ အရည်အသွေး တွေက အံ့သြမှု ဖြစ်စေခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် နွေရာသီက ဟော့ဖန်ဟိုင်းမှ လီဗာပူးကို ပြောင်းလာ ခဲ့တဲ့ ရော်ဘတ်တို ဖာမီနို ရဲ့ အရည်အသွေး ကတော့ အန်ဖီး ဂိုးသမားဟောင်း ကို အထူး အံ့အား သင့်စေ ခဲ့ပါတယ်။

ဘော်ဂန်က “ကျွန်တော်ဟာ ရော်ဘတ်တို ဖာမီနို ရဲ့ ကစားဟန် ကို အရမ်း ကြိုက်ပါတယ်။ သူဟာ လီဗာပူး အသင်း အတွက် တကယ့်ကို အရေးပါတဲ့ ကစားသမားပါ။ သူဟာ စပယ်ရှယ် ကစားသမား လို့တောင် ခင်ဗျား ပြောလို့ ရပါတယ်။ ကျွန်တော် လီဗာပူး မှာ ပထမဦးဆုံး ပွဲဦးထွက်ခွင့် ရခဲ့စဉ်က ဖာမီနို ဒဏ်ရာ ရနေ ခဲ့ပါတယ်။ သူ့အနေနဲ့ နောက်ကျော ဒဏ်ရာ ကနေ ပြန်လာဖို့ အတွက် ရက်သတ္တပတ် အနည်းငယ် အချိန်ယူ ရခဲ့ ရပါတယ်။

ဖာမီနို အတွက် ကတော့ ယာဂန်ကလော့ အသင်းကို ရောက်လာ ခဲ့တာနဲ့ သူ့ရဲ့ အကြောင်းကို ဂျာမနီ မှာ ကတည်းက သိလာ ခဲ့တာဟာ လီဗာပူး မှာ ဒီလို ဖြစ်လာ ခဲ့တဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ ကလော့ဟာ ဖာမီနို ရဲ့ အရည်အသွေး နဲ့ သူ့ဆီက အကောင်းဆုံးတွေကို ဘယ်လို ဆွဲထုတ် ရမလဲ ဆိုတာ ကောင်းကောင်း သိထား ပါတယ်။ ကလော့ ကစားလိုတဲ့ နည်းဗျူဟာနဲ့ သူ့ရဲ့ ကစားဟန်ဟာ လုံးဝ အံဝင် ခွင်ကျ ဖြစ်သွား ခဲ့ပါတယ်။

ဒါကို ခင်ဗျားတို့ လေ့ကျင့်ရေး အစီအစဉ်မှာ တွေ့မြင် နိုင်ပါတယ်။ သူ့ရဲ့ ဘောလုံး ထိချက် ၊ ဘောလုံး ပေးပို့မှုတွေ ၊ လှည့်ထုတ်ပုံတွေ ၊ သူ့ရဲ့ ခံယူချက်တွေ နဲ့ သူ့ဆီက ဘောလုံး လုယူဖို့လည်း ခက်ခဲပါတယ်။ သူဟာ ဒီလို အရည်အသွေး အားလုံးကို ပိုင်ဆိုင် ထားသူပါ။ မန်နေဂျာ ကစားစေလိုတဲ့ နည်းစနစ် နဲ့ အံဝင်ဖို့ သူ အချိန် အနည်းငယ် ယူခဲ့ ရပါတယ်။ ဒါပေမယ့် လေ့ကျင့်ရေး အစီအစဉ်တွေ မှာတော့ သူ့ရဲ့ အရည်အသွေးကို ကောင်းကောင်း မြင်နိုင် ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဘော်ဂန်ဟာ ဒီနွေရာသီ အန်ဖီးမှ ထွက်ခွာ လာခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသူ ဖြစ်ပြီး ၎င်းဟာ သူ့ရဲ့ လေးနှစ်တာ အန်ဖီး ကစားသမား ဘဝ အတွက် ခံစားချက်တွေ ရောထွေး နေပါတယ်။

ဘော်ဂန် က “ဒီကာလတွေကို စဉ်းစားလို်က်ရင် ခံစားချက်တွေ ရောထွေး နေပါတယ်။ အောင်မြင်တဲ့ ပုံပြင် တစ်ခုတော့ မဟုတ်ခဲ့ ပါဘူး။ အကယ်၍ ကျွန်တော်သာ ဒီမှာ ဆက်ကစားခွင့် ရခဲ့မယ် စာချုပ်သစ် ကမ်းလှမ်းခြင်း ခံရမယ် ဆိုရင် ဒါဟာ အောင်မြင်မှု တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် လီဗာပူး ကို ပြောင်းရွေ့ခွင့် ရခဲ့ခြင်း အားဖြင့် ကျွန်တော် အများကြီး လေ့လာ သင်ယူ နို်င်ခဲ့သလို ကိုယ့်ကိုကိုယ်လည်း ဒီိလို လုပ်နိုင် ခဲ့ပါတယ်။

ဖိအားတွေ အောက်မှာ အခြေအနေတွေကို ဘယ်လို ဖြေရှင်း သွားရမလဲ ဆိုတာနဲ့ ကိုယ့်ရဲ့ အခြေအနေ ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်ရှည် သည်းခံဖို့ လိုတယ် ဆိုတာ သိလာပါတယ်။ ကျွန်တော် ဒီလို လုပ်နိုင် ခဲ့တဲ့ အတွက် အရမ်း အရမ်းကို ပျော်ရွှင် မိပါတယ်။

ဒါဟာ အရမ်းကို ကောင်းလှတဲ့ အချိုးအကွေ့ တစ်ခုပါ။ ကျွန်တော့် အနေနဲ့ အခြား ကစားသမားတွေ ဆီက ၀န်ထမ်းတွေ ဆီက အများကြီး လေ့လာ သင်ယူ နိုင်ခဲ့ပြီး ကိုယ့်ကိုကိုယ်လည်း ဒီလို ပါပဲ။ အကယ်၍ အရာအားလုံး ချုပ်ပြီး ပြောရမယ် ဆိုရင် ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ လေးနှစ်တာ ကာလ ဖြစ်ခဲ့ပါတယ်။ တကယ့်ကို ကောင်းမွန်လှတဲ့ အတွေ့အကြုံ တွေပါပဲ။” လို့ ဆိုလိုက်ပါတယ်။

SM