လက္ရွိ အခ်ိန္ မွာ အဂၤလန္ လူငယ္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ ဟာ ပရီးမီးယားလိဂ္ ကလပ္ ခ်ယ္လ္ဆီး အသင္း ရဲ႕ အေထာင္ တိုက္စစ္ကို ဦးေဆာင္ ေနျပီး အသင္း အတြက္ ပရီးမီးယားလိဂ္ သြင္းဂိုး ၄ဂိုး အထိ သြင္းယူ ထားႏိုင္ ခဲ့ျပီ ျဖစ္ပါတယ္ ။ လီဗာပူး နဲ႕ ဥေရာပ စူပါဖလား ဗိုလ္လုပြဲ မွာ ပင္နယ္တီ လြဲေခ်ာ္ ခဲ့လို႕ ေဝဖန္ ခံခဲ့ရေပမယ့္ ေအဘရာဟမ္ ဟာ ထို ဖိအား ေတြကို သြင္းဂိုး ေတြနဲ႕ ေခ်ဖ်က္ ျပေနျပီ ျဖစ္ပါတယ္ ။

နည္းျပသစ္ ဖရန္႕ လမ္းပတ္ ေရာက္ရွိလာျခင္း က ေအဘရာဟမ္ ကို ပြဲထြက္ခြင့္ ၊ ပြဲကစားခြင့္ ေတြ ပိုမို ရရွိ ေစတယ္ ဆိုေပမယ့္ ေအဘရာဟမ္ ဟာ အဆံုးသတ္ ေကာင္းတဲ့ တိုက္စစ္မွဴး တဦး ဆိုတာ အေရွ႕ ေဘာလံုး ၃ရာသီ အတြင္း မွာ ကစား ခဲ့တဲ့ ဘရစၥတိုးလ္ စီးတီး ၊ အက္စတြန္ ဗီလာ အသင္း ေတြမွာ ရရွိ ခဲ့တဲ့ သြင္းဂိုး အေရအတြက္ ေတြကို ၾကည့္ရင္ သိႏိုင္ပါတယ္ ။

ေနာက္ပိုင္း ႏွစ္ေတြမွာ ခ်ယ္လ္ဆီး အသင္း ရဲ႕ အေထာင္ တိုက္စစ္ပိုင္း က သြင္းဂိုး ေတြနဲ႕ ပတ္သက္ျပီး အားရ စရာ အခ်က္အလက္ နည္းပါး ေနတာေၾကာင့္ အခုလို ေအဘရာဟမ္ လို အတိုးအလႈပ္ ေကာင္းေကာင္း ၊ ကစားကြက္ နဲ႕ လိုက္ပါ လႈပ္ရွား ႏိုင္တဲ့ တိုက္စစ္မွဴး တဦး ကို ပိုင္ဆိုင္ ထားတာ အေတာ္ေလး အဆင္ေျပတယ္ လို႕ ဆိုရမွာ ျဖစ္ပါတယ္ ။

 

 

ခ်ယ္လ္ဆီး အသင္း ရဲ႕ အီတလီ တိုက္စစ္မွဴးေဟာင္း တိုနီ ကာဆီရာဂီ က ေအဘရာဟမ္ အေနနဲ႕ အခု အခ်ိန္ မွာ အရည္အေသြးေကာင္း ေတြနဲ႕ အတူ ေျခစြမ္းျပ ထားႏိုင္တယ္ ဆိုေပမယ့္ ေဝဖန္သူ ေတြ ေပါလြန္းတာေၾကာင့္ သူ႕လို အသက္ငယ္ငယ္ နဲ႕ တျခားသူ ေတြရဲ႕ စကား ကို ၾကားေယာင္ျပီး လမ္းမွား မေရာက္မိေစဖို႕ လိုေၾကာင္း တိုက္တြန္း ေျပာဆို ခဲ့ပါတယ္ ။

Daily Mail နဲ႕ အင္တာဗ်ဴး မွာ ကာဆီရာဂီ က ” ေအဘရာဟမ္ ဟာ ခ်ယ္လ္ဆီး အသင္း နဲ႕ အတူ ဒီႏွစ္ ေဘာလံုး ရာသီ ကို မွတ္တမ္းေကာင္း ေတြနဲ႕ စတင္ ထားႏိုင္ခဲ့ပါတယ္ ။ ဒါေၾကာင့္မို႕ ဒီႏွစ္ ေဘာလံုး ရာသီ တခုလံုး မွာ ဒီလို ပံုစံေကာင္းမ်ိဳး ဆက္လက္ ထိန္းသိမ္း သြားဖို႕ ကြ်န္ေတာ္ ေမွ်ာ္လင့္ မိပါတယ္ ။ ေအဘရာဟမ္ ဟာ လူငယ္ ကစားသမား တေယာက္ ျဖစ္တာေၾကာင့္ ေဝဖန္သံေတြ နားထဲ မေရာက္မိေစဖို႕ နားပိတ္ျပီး ၾကိဳးစားဖို႕ လိုပါတယ္ ။ ”

” ပိုျပီး ေျခစြမ္း တိုးတက္ ေကာင္းမြန္ လာဖို႕ ဆိုတာ လူငယ္ ကစားသမား တေယာက္ အေနနဲ႕ အမွား တခုခု က်ဴးလြန္ရဲ ရပါမယ္ ။ ေအဘရာဟမ္ မွာ အမွားတခ်ိဳ႕ ျဖစ္ခြင့္ ရွိပါေသးတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ လက္ရွိ မွာ ေအဘရာဟမ္ ဟာ ေနာင္ေတာ္ အသင္းေဖာ္ တိုက္စစ္မွဴး ၂ဦး ျဖစ္တဲ့ အိုလီဗီယာ ဂ်ရူး ၊ မစ္ခ်ီ ဘတ္ရွဴဝါရီ တို႕ထက္ ဦးစားေပး ခံေနရေပမယ့္ လာမယ့္ ပြဲစဥ္ ေတြမွာ သူ႕ရဲ႕ ေျခစြမ္းေကာင္း ကို စဥ္ဆက္မျပတ္ ထိန္းႏိုင္ဖို႕ေတာ့ လိုေနပါတယ္ ။

ဆက္လက္ျပီး ကာဆီရာဂီ က လက္ရွိ ခ်ယ္လ္ဆီး အသင္း ကို ကိုင္တြယ္ ေနတဲ့ ဂႏၲဝင္ ကြင္းလယ္လူ ေဟာင္း ဖရန္႕ လမ္းပတ္ ရဲ႕ အေနအထား နဲ႕ ပတ္သက္ျပီး ” လမ္းပတ္ မွာ တကယ့္ မဟာ အခြင့္အေရးၾကီး ရွိေနပါတယ္ ။ သူ႕မွာ ဘာတခုမွ ဆံုးရႈံး စရာ မရွိပဲနဲ႕ သူ စိတ္ၾကိဳက္ အကြက္ ေတြကို ေရႊ႕ပိုင္ခြင့္ ရွိပါတယ္ ။ ”

” အလုပ္ အျမဲ ၾကိဳးစား ေနတာေၾကာင့္ သူဟာ နည္းျပ အေနနဲ႕ပါ ခ်ယ္လ္ဆီး အသင္း မွာ ေအာင္ျမင္မယ္ လို႕ ကြ်န္ေတာ္ ထင္ပါတယ္ ။ သူဟာ လူငယ္ ကစားသမား ေတြကို ၾကိဳက္ႏွစ္သက္ သလို ၊ အသင္း အတြက္ ကိုယ္စားျပဳခြင့္ ေတြ ၊ အခြင့္အေရး ေတြ အျမဲ ေပးေလ့ ရွိပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ဝေဖန်သူ တွေရဲ့ စကား ကို နားမယောင်မိစေဖို့ အေဘရာဟမ် ကို တိုက်တွန်း ပြောဆို လိုက်တဲ့ #ကာဆီရာဂီ

လက်ရှိ အချိန် မှာ အင်္ဂလန် လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီး အသင်း ရဲ့ အထောင် တိုက်စစ်ကို ဦးဆောင် နေပြီး အသင်း အတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၄ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့ပြီ ဖြစ်ပါတယ် ။ လီဗာပူး နဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲ မှာ ပင်နယ်တီ လွဲချော် ခဲ့လို့ ဝေဖန် ခံခဲ့ရပေမယ့် အေဘရာဟမ် ဟာ ထို ဖိအား တွေကို သွင်းဂိုး တွေနဲ့ ချေဖျက် ပြနေပြီ ဖြစ်ပါတယ် ။

နည်းပြသစ် ဖရန့် လမ်းပတ် ရောက်ရှိလာခြင်း က အေဘရာဟမ် ကို ပွဲထွက်ခွင့် ၊ ပွဲကစားခွင့် တွေ ပိုမို ရရှိ စေတယ် ဆိုပေမယ့် အေဘရာဟမ် ဟာ အဆုံးသတ် ကောင်းတဲ့ တိုက်စစ်မှူး တဦး ဆိုတာ အရှေ့ ဘောလုံး ၃ရာသီ အတွင်း မှာ ကစား ခဲ့တဲ့ ဘရစ္စတိုးလ် စီးတီး ၊ အက်စတွန် ဗီလာ အသင်း တွေမှာ ရရှိ ခဲ့တဲ့ သွင်းဂိုး အရေအတွက် တွေကို ကြည့်ရင် သိနိုင်ပါတယ် ။

နောက်ပိုင်း နှစ်တွေမှာ ချယ်လ်ဆီး အသင်း ရဲ့ အထောင် တိုက်စစ်ပိုင်း က သွင်းဂိုး တွေနဲ့ ပတ်သက်ပြီး အားရ စရာ အချက်အလက် နည်းပါး နေတာကြောင့် အခုလို အေဘရာဟမ် လို အတိုးအလှုပ် ကောင်းကောင်း ၊ ကစားကွက် နဲ့ လိုက်ပါ လှုပ်ရှား နိုင်တဲ့ တိုက်စစ်မှူး တဦး ကို ပိုင်ဆိုင် ထားတာ အတော်လေး အဆင်ပြေတယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ အီတလီ တိုက်စစ်မှူးဟောင်း တိုနီ ကာဆီရာဂီ က အေဘရာဟမ် အနေနဲ့ အခု အချိန် မှာ အရည်အသွေးကောင်း တွေနဲ့ အတူ ခြေစွမ်းပြ ထားနိုင်တယ် ဆိုပေမယ့် ဝေဖန်သူ တွေ ပေါလွန်းတာကြောင့် သူ့လို အသက်ငယ်ငယ် နဲ့ တခြားသူ တွေရဲ့ စကား ကို ကြားယောင်ပြီး လမ်းမှား မရောက်မိစေဖို့ လိုကြောင်း တိုက်တွန်း ပြောဆို ခဲ့ပါတယ် ။

Daily Mail နဲ့ အင်တာဗျူး မှာ ကာဆီရာဂီ က ” အေဘရာဟမ် ဟာ ချယ်လ်ဆီး အသင်း နဲ့ အတူ ဒီနှစ် ဘောလုံး ရာသီ ကို မှတ်တမ်းကောင်း တွေနဲ့ စတင် ထားနိုင်ခဲ့ပါတယ် ။ ဒါကြောင့်မို့ ဒီနှစ် ဘောလုံး ရာသီ တခုလုံး မှာ ဒီလို ပုံစံကောင်းမျိုး ဆက်လက် ထိန်းသိမ်း သွားဖို့ ကျွန်တော် မျှော်လင့် မိပါတယ် ။ အေဘရာဟမ် ဟာ လူငယ် ကစားသမား တယောက် ဖြစ်တာကြောင့် ဝေဖန်သံတွေ နားထဲ မရောက်မိစေဖို့ နားပိတ်ပြီး ကြိုးစားဖို့ လိုပါတယ် ။ ”

” ပိုပြီး ခြေစွမ်း တိုးတက် ကောင်းမွန် လာဖို့ ဆိုတာ လူငယ် ကစားသမား တယောက် အနေနဲ့ အမှား တခုခု ကျူးလွန်ရဲ ရပါမယ် ။ အေဘရာဟမ် မှာ အမှားတချို့ ဖြစ်ခွင့် ရှိပါသေးတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ လက်ရှိ မှာ အေဘရာဟမ် ဟာ နောင်တော် အသင်းဖော် တိုက်စစ်မှူး ၂ဦး ဖြစ်တဲ့ အိုလီဗီယာ ဂျရူး ၊ မစ်ချီ ဘတ်ရှူဝါရီ တို့ထက် ဦးစားပေး ခံနေရပေမယ့် လာမယ့် ပွဲစဉ် တွေမှာ သူ့ရဲ့ ခြေစွမ်းကောင်း ကို စဉ်ဆက်မပြတ် ထိန်းနိုင်ဖို့တော့ လိုနေပါတယ် ။

ဆက်လက်ပြီး ကာဆီရာဂီ က လက်ရှိ ချယ်လ်ဆီး အသင်း ကို ကိုင်တွယ် နေတဲ့ ဂန္တဝင် ကွင်းလယ်လူ ဟောင်း ဖရန့် လမ်းပတ် ရဲ့ အနေအထား နဲ့ ပတ်သက်ပြီး ” လမ်းပတ် မှာ တကယ့် မဟာ အခွင့်အရေးကြီး ရှိနေပါတယ် ။ သူ့မှာ ဘာတခုမှ ဆုံးရှုံး စရာ မရှိပဲနဲ့ သူ စိတ်ကြိုက် အကွက် တွေကို ရွှေ့ပိုင်ခွင့် ရှိပါတယ် ။ ”

” အလုပ် အမြဲ ကြိုးစား နေတာကြောင့် သူဟာ နည်းပြ အနေနဲ့ပါ ချယ်လ်ဆီး အသင်း မှာ အောင်မြင်မယ် လို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ လူငယ် ကစားသမား တွေကို ကြိုက်နှစ်သက် သလို ၊ အသင်း အတွက် ကိုယ်စားပြုခွင့် တွေ ၊ အခွင့်အရေး တွေ အမြဲ ပေးလေ့ ရှိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR