ဒီရာသီ ပရီးမီးယားလိဂ္မွာ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသထားနိုင္တဲ့ အာဆင္နယ္ လူငယ္ ကြင္းလယ္လူ ဂြမ္ဒူဇီ ဟာ အယ္ေဘးနီးယား ၊အန္ဒိုရာ တို႔နဲ႔ ယူရို ေျခစစ္ပြဲ ကစားမယ့္ ျပင္သစ္ လက္ေရြးစင္ အသင္းႀကီးမွာ ပထမဆုံး အႀကိမ္ ေရြးခ်ယ္ ခံခဲ့ရပါယ္။

ဂြမ္ဒူဇီ အတြက္ေတာ့ အာဆင္နယ္ အသင္းကို ေျပာင္းေရႊ႕လာၿပီး တစ္ႏွစ္ေက်ာ္ ကာလ အတြင္းမွာ ျပင္သစ္ လက္ေရြးစင္ အသင္းမွာ ပါဝင္ခြင့္ ရသြားတာပါ ။ျပင္သစ္ လက္ေရြးစင္ နည္းၿပ ဒက္စ္ခ်မ့္ဟာ ဒဏ္ရာ ျပႆနာေၾကာင့္ လူစာရင္းကေန ႏွုတ္ထြက္သြားတဲ့ ေပါ့ဘာ ေနရာမွာ ဂြမ္ဒူဇီ ကို အစားထိုး ေရြးခ်ယ္လိုက္တာလည္း ျဖစ္ပါတယ္။

ဂြမ္ဒူဇီ အတြက္ေတာ့ သူ အသက္ ၂၀ အရြယ္မွာပဲ သူ႔ရဲ့ အျမဲတမ္း အိပ္မက္ ျဖစ္တဲ့ ျပင္သစ္ လက္ေရြးစင္ အသင္းႀကီးမွာ ပါဝင္ ကစားခ်င္တဲ့ ရည္မွန္းခ်က္ကေတာ့ ျပည့္​ေျမာက္ သြားခဲ့ၿပီ ျဖစ္ပါတယ္။

ဂြမ္ဒူဇီ က သူဟာ ျပင္သစ္ လက္ေရြးစင္ အသင္းႀကီးမွာ ေရြးခ်ယ္ ခံရတာဟာ ထိုက္တန္မွု ရွိေၾကာင္း သက္ေသျပဖို႔ ကိုယ့္ကိုယ္ကို ယုံၾကည္မွု အျပည့္ ရွိေၾကာင္း ေျပာၾကား လိုက္ပါတယ္ ။ဒါ့အျပင္ ဂြမ္ဒူဇီ က သူဟာ အခု အခ်ိန္မွာ အာဆင္နယ္ အသင္းကို ေရာက္စတုန္းကထက္ အမ်ားႀကီး ရင့္က်က္ ေကာင္းမြန္လာၿပီလို႔ ဆိုပါတယ္။

” တစ္ေန႔တစ္ခ်ိန္မွာ လက္ေရြးစင္ အသင္းႀကီးမွာ ကစားခြင့္ရဖို႔က က်ေနာ့္ရဲ့ အျမဲတမ္း အိပ္မက္ပါပဲ။အသက္ ၁၆ ႏွစ္ေလာက္ကတည္းက သက္တမ္း အလိိုက္ ၿပိဳင္ပြဲေတြမွာ ေတာက္ေလၽွာက္ ပါဝင္ ကစားခြင့္ ရခဲ့ပါတယ္။ အခုလို ျပင္သစ္ လက္ေရြးစင္ အသင္းႀကီးမွာ ေရြးခ်ယ္ခံရဖို႔ အျပင္းအထန္ ႀကိဳးစား ခဲ့ရတာပါ ။ ”

” က်ေနာ့္ အိပ္မက္ေတြ အခုလို ျမန္ျမန္ဆန္ဆန္ အေကာင္အထည္ ေပၚလာတာေၾကာင့္ အားလုံးက အံ့ဩသင့္ေနၾကပါတယ္။ဒါေပမယ့္ အာဆင္နယ္ အသင္းမွာ ျပသခဲ့တဲ့ စြမ္းေဆာင္ရည္ေတြေၾကာင့္အခုလို ေရြးခ်ယ္ ခံခဲ့ရတယ္ဆိုတာ သိပါတယ္၊ ဒီအခြင့္အေရးကို က်ေနာ္ အမိအရ ဖမ္းဆုပ္သြားမွာပါ။ ” လို႔ ဆိုပါတယ္။

ဆက္လက္ၿပီး ဂြမ္ဒူဇီ က ” က်ေနာ္က စိတ္ဓတ္ႀကံ့ခိုင္တဲ့ ကစားသမားတစ္ဦးပါ။ကိုယ့္အရည္အခ်င္း အေပၚလည္း ယုံၾကည္မွု အျပည့္ ရွိပါတယ္။ ဘယ္အရာမွ အလြယ္တကူ မရဘူးဆိုတာကို ႏွလုံးသြင္းထားတာေၾကာင့္ အျပင္းအထန္ ႀကိဳးစားၿပီး ဒီအဆင့္ကို ေရာက္လာခဲ့တာပါ ။ ”

” မႏွစ္ကထက္ အမ်ားႀကီး တိုးတက္ ေကာင္းမြန္လာတယ္လို႔ ကိုယ့္ကိုယ္ကို ခံစားမိပါတယ္။ ပိုမို ရင့္က်က္လာၿပီး ကစားကြက္ ၊ နည္းစနစ္ ပိုင္းနဲ႔ ပိုမို အသားက်လာပါၿပီ ။ ႀကံ့ခိုင္မွု အပိုင္းလည္း ပိုမို အားေကာင္းလာပါၿပီ ။ ကစားသမား ဘဝ ေနာက္တစ္ဆင့္ တက္နိုင္ခဲ့ပါတယ္ ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္ ။

အသက္ ၂၀ အရြယ္ ရွိၿပီျဖစ္တဲ့ ဂြမ္ဒူဇီဟာ ၿပီးခဲ့တဲ့ ရာသီကမွ ေလာ္ရီယန႔္ အသင္းကေန အာဆင္နယ္ အသင္းကို ေျပာင္းေရႊ႕ေရာက္ရွိလာသူပါ။ဂြမ္ဒူဇီ ဟာ အာဆင္နယ္ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၅၂ ပြဲ ကစားခြင့္ ရထားသလို ဒီရာသီမွာလည္း အဖြင့္ပြဲစဥ္ ေလးပြဲဆက္ ပြဲခ်ိန္ျပည့္ ပါဝင္ ကစားခြင့္ ရထားပါတယ္။

SPORTS MYANMAR

Unicode

ပြင်သစ် လက်ရွေးစင် အသင်းကြီးမှာ ရွေးချယ် ခံရတာဟာ ထိုက်တန်မှု ရှိကြောင်း သက်သေပြသွားမယ်လို့ ကြွေးကြော်လိုက်တဲ့ ဂွမ်ဒူဇီ
==================================

ဒီရာသီ ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ အာဆင်နယ် လူငယ် ကွင်းလယ်လူ ဂွမ်ဒူဇီ ဟာ အယ်ဘေးနီးယား ၊အန်ဒိုရာ တို့နဲ့ ယူရို ခြေစစ်ပွဲ ကစားမယ့် ပြင်သစ် လက်ရွေးစင် အသင်းကြီးမှာ ပထမဆုံး အကြိမ် ရွေးချယ် ခံခဲ့ရပါယ်။

ဂွမ်ဒူဇီ အတွက်တော့ အာဆင်နယ် အသင်းကို ပြောင်းရွှေ့လာပြီး တစ်နှစ်ကျော် ကာလ အတွင်းမှာ ပြင်သစ် လက်ရွေးစင် အသင်းမှာ ပါဝင်ခွင့် ရသွားတာပါ ။ပြင်သစ် လက်ရွေးစင် နည်းပြ ဒက်စ်ချမ့်ဟာ ဒဏ်ရာ ပြဿနာကြောင့် လူစာရင်းကနေ နှုတ်ထွက်သွားတဲ့ ပေါ့ဘာ နေရာမှာ ဂွမ်ဒူဇီ ကို အစားထိုး ရွေးချယ်လိုက်တာလည်း ဖြစ်ပါတယ်။

ဂွမ်ဒူဇီ အတွက်တော့ သူ အသက် ၂၀ အရွယ်မှာပဲ သူ့ရဲ့ အမြဲတမ်း အိပ်မက် ဖြစ်တဲ့ ပြင်သစ် လက်ရွေးစင် အသင်းကြီးမှာ ပါဝင် ကစားချင်တဲ့ ရည်မှန်းချက်ကတော့ ပြည့်​မြောက် သွားခဲ့ပြီ ဖြစ်ပါတယ်။

ဂွမ်ဒူဇီ က သူဟာ ပြင်သစ် လက်ရွေးစင် အသင်းကြီးမှာ ရွေးချယ် ခံရတာဟာ ထိုက်တန်မှု ရှိကြောင်း သက်သေပြဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် ရှိကြောင်း ပြောကြား လိုက်ပါတယ် ။ဒါ့အပြင် ဂွမ်ဒူဇီ က သူဟာ အခု အချိန်မှာ အာဆင်နယ် အသင်းကို ရောက်စတုန်းကထက် အများကြီး ရင့်ကျက် ကောင်းမွန်လာပြီလို့ ဆိုပါတယ်။

” တစ်နေ့တစ်ချိန်မှာ လက်ရွေးစင် အသင်းကြီးမှာ ကစားခွင့်ရဖို့က ကျနော့်ရဲ့ အမြဲတမ်း အိပ်မက်ပါပဲ။အသက် ၁၆ နှစ်လောက်ကတည်းက သက်တမ်း အလိိုက် ပြိုင်ပွဲတွေမှာ တောက်လျှောက် ပါဝင် ကစားခွင့် ရခဲ့ပါတယ်။ အခုလို ပြင်သစ် လက်ရွေးစင် အသင်းကြီးမှာ ရွေးချယ်ခံရဖို့ အပြင်းအထန် ကြိုးစား ခဲ့ရတာပါ ။ ”

” ကျနော့် အိပ်မက်တွေ အခုလို မြန်မြန်ဆန်ဆန် အကောင်အထည် ပေါ်လာတာကြောင့် အားလုံးက အံ့ဩသင့်နေကြပါတယ်။ဒါပေမယ့် အာဆင်နယ် အသင်းမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့်အခုလို ရွေးချယ် ခံခဲ့ရတယ်ဆိုတာ သိပါတယ်၊ ဒီအခွင့်အရေးကို ကျနော် အမိအရ ဖမ်းဆုပ်သွားမှာပါ။ ” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဂွမ်ဒူဇီ က ” ကျနော်က စိတ်ဓတ်ကြံ့ခိုင်တဲ့ ကစားသမားတစ်ဦးပါ။ကိုယ့်အရည်အချင်း အပေါ်လည်း ယုံကြည်မှု အပြည့် ရှိပါတယ်။ ဘယ်အရာမှ အလွယ်တကူ မရဘူးဆိုတာကို နှလုံးသွင်းထားတာကြောင့် အပြင်းအထန် ကြိုးစားပြီး ဒီအဆင့်ကို ရောက်လာခဲ့တာပါ ။ ”

” မနှစ်ကထက် အများကြီး တိုးတက် ကောင်းမွန်လာတယ်လို့ ကိုယ့်ကိုယ်ကို ခံစားမိပါတယ်။ ပိုမို ရင့်ကျက်လာပြီး ကစားကွက် ၊ နည်းစနစ် ပိုင်းနဲ့ ပိုမို အသားကျလာပါပြီ ။ ကြံ့ခိုင်မှု အပိုင်းလည်း ပိုမို အားကောင်းလာပါပြီ ။ ကစားသမား ဘဝ နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အသက် ၂၀ အရွယ် ရှိပြီဖြစ်တဲ့ ဂွမ်ဒူဇီဟာ ပြီးခဲ့တဲ့ ရာသီကမှ လော်ရီယန့် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိလာသူပါ။ဂွမ်ဒူဇီ ဟာ အာဆင်နယ် အသင်းအတွက် ပြိုင်ပွဲစုံ ၅၂ ပွဲ ကစားခွင့် ရထားသလို ဒီရာသီမှာလည်း အဖွင့်ပွဲစဥ် လေးပွဲဆက် ပွဲချိန်ပြည့် ပါဝင် ကစားခွင့် ရထားပါတယ်။

SPORTS MYANMAR

Unicode