လာလီဂါ ျပိဳင္ပြဲရဲ႕ ဥကၠဌျကီးဂ်ာဗီးယားတီဘက္စ္က စပိန္ေဘာလံုး ေလာကမွာေမာ္ရင္ဟိုနဲ႔ ေရာ္နယ္ဒိုတို႔ ႏွစ္ဦးကို ျပန္ျမင္ေတြ႔ခ်င္မိတယ္လို႕ ဝန္ခံလိုက္ပါတယ္။ဒီဆရာတပည့္ ႏွစ္ေယာက္ ဟာ စပိန္ ထိပ္သီး ရီးရဲလ္ အသင္းမွာ တြဲဖက္ခဲ႔ဖူးေပမယ့္ အခုခ်ိန္မွာေတာ့ စပိန္ေျမကိုျပန္လာႏိုင္ေျခနည္းပါးေနတာျဖစ္ပါတယ္။

Laliga President

ေပၚတူဂီ အိုင္ကြန္ ေရာ္နယ္ဒိုဟာ ရီးရဲလ္ အသင္းရဲ႕ ထာဝရဂိုးအမ်ားဆံုး ကစားသမား တဦးျဖစ္ျပီး ျပိဳင္ပြဲစံု မွာ၄၅၁ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ႔ပါတယ္။ဒါ့အျပင္ လာလီဂါ ခ်န္ပီယံဆု၂ ျကိမ္နဲ႔ ခ်န္ပီယံလိဂ္ ဖလား ၄လံုးအပါအဝင္ ေအာင္ျမင္မွဳေတြအမ်ားအျပားဆြတ္ခူးႏိုင္ခဲ႔ပါတယ္။

ဘာေနဗ်ဴး မွာအံ့မခန္း ေတာက္ပတဲ႔ ကစားသမား ဘဝကို ပိုင္ဆိုင္ခြင့္ရခဲ႔ျပီး ဘလြန္းဒီေအာဆု ေလးျကိမ္အထိ ပိုင္ဆိုင္ႏိုင္ခဲ႔တဲ႔ ေရာ္နယ္ ဒိုဟာ ၂၀၁၈ ေႏြရာသီမွာေတာ့ ရီးရဲလ္ အသင္းကို စြန္႔ခြာျပီး အီတလီ ထိပ္သီး ဂ်ဴဗီ အသင္းကို ေျပာင္းေရႊ႕ေရာက္ရွိေနခဲ႔တာျဖစ္ပါတယ္။

ေပၚတူဂီ နာမည္ေက်ာ္ နည္းျပတဦးျဖစ္တဲ႔ ေမာ္ရင္ဟုိနဲ႔ ပတ္သက္ရင္ေတာ့ ရီးရဲလ္ ပရိသတ္ေတြျကားမွာမတူညီတဲ႔ အျမင္ေတြရွိေနပါတယ္။သူဟာဘာေနဗ်ဴးမွာ ရွိေနခဲ႔တဲ႔ ၃ႏွစ္တာကာအတြင္းအဓိကဆုဖလားအျဖစ္ လာလီဂါ ခ်န္ပီယံဆု တျကိမ္သာရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ႔တာေျကာင့္ျဖစ္ပါတယ္။

သူဟာ လတ္တေလာမွာေတာ့ အသင္းလက္မဲ႔ျဖစ္ေနျပီး ယူႏိုက္တက္ အသင္းကေန ထုတ္ပယ္ခံခဲ႔ရအျပီးကတည္းကနည္းျပေလာကအတြင္းျပန္လည္ဝင္ေရာက္ျခင္း မရွိေသးတာျဖစ္ပါတယ္။ေရာ္နယ္ဒိုနဲ႕ ေမာ္ရင္ဟိုဆရာတပည့္ အေပၚရီးရဲလ္ပရိသတ္ေတြျကားမွာ မတူညီတဲ႔ အျမင္ေတြရွိေနေပမယ့္ တီဘက္စ္ကေတာ့ သူတို႔ ႏွစ္ဦးကို စပိန္ေျမကိုျပန္လာေစခ်င္ေနပံုပါပဲ။

Canal 11 နဲ႔ အင္တာဗ်ဴးမွာ တီဘက္စ္က – ” ေရာ္နယ္ဒိုကို လာလီဂါ ျပိဳင္ ပြဲမွာ ျပန္ျမင္ခ်င္မိပါတယ္။ေမာ္ရင္ဟိုကိုလည္း စပိန္ ကလပ္ အသင္းတသင္းကိုကိုင္တြယ္ေစခ်င္ပါတယ္။သူဟာ ျကီးက်ယ္ခန္းနားတဲ႔ နည္းျပျကီးတဦးျဖစ္ျပီး က်ြန္ေတာ္တို႕ လာလီဂါျပိဳင္ပြဲျကီးရဲ႕ ပံုရိပ္ကို ျမွင့္တင္ေပးႏိုင္သူလည္းျဖစ္ပါတယ္” လို႔ေျပာခဲ႔တာျဖစ္ပါတယ္။

အီတလီ ေျမကို ေရာ္နယ္ဒို ေျပာင္းေရႊ႕ခဲ႔တာကို ျမင္ေတြ႔ခဲ႔ရတာ ဟာ စိတ္ပ်က္စရာေကာင္းတယ္လို႕ လည္း တီဘက္စ္က ဝန္ခံခဲ႔ပါတယ္။ဒါေပမယ့္ ဥေရာပထိပ္တန္း လိဂ္ တခုျဖစ္တဲ႔ လာလီဂါ ျပိဳင္ပြဲရဲ႕ ကမၻာ့ေဘာလံုးေလာကအတြင္း ထင္ေပၚမွဳကိုေတာ့ ဒီအေျပာင္းအေရႊ႕ တခုတည္းက ေႏွာက္ယွက္ႏိုင္မွာ မဟုတ္ဘူးသူက ယံုျကည္ေနပါတယ္။

ဒီအေျကာင္းနဲ႔ ပတ္သက္ျပီး တီဘက္စ္က – ” အရိုးသားဆံုးဝန္ခံရ ရင္ေတာ့ ေရာ္နယ္ဒို ရဲ႕ ထြက္ခြာသြားမွဳ ဟာက်ြန္ေတာ္တို႔အေပၚ သက္ေရာက္မွဳေတြ အမ်ားျကီး ရွိခဲ႔ပါတယ္။သို႔ေပမယ့္ ေရာ္နယ္ဒို မရွိလည္း လာလီဂါ ျပိဳင္ပြဲျကီးက ရွိေနမွာပါပဲ။

ပရီးမီးယားလိဂ္ ျပိဳင္ပြဲမွာဆိုရင္ ဘလြန္းဒီေအာဆုရွင္ ကစားသမားေတြ မရွိခဲ႔ တာ ႏွစ္ေတြ အေတာ္ျကာေနျပီျဖစ္ပါတယ္။ဒါေပမယ့္ က်ြန္ေတာ္တို႔ လာလီဂါ ျပိဳင္ပြဲကေတာ့ ကမၻာ့အေကာင္းဆံုးအျဖစ္ ရွိေနဆဲ ပဲျဖစ္ပါတယ္။အဆင့္အတန္းအမ်ိဳးမ်ိဳးမွာ အံ့မခန္းအရာေတြကို လုပ္ေဆာင္ထားႏိုင္ခဲ႔ပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

SPORTS MYANMAR

Unicode

မော်ရင်ဟိုနဲ့ ရော်နယ်ဒိုတို့ ဆရာတပည့်နှစ်ဦးကိုစပိန်မှာ ပြန်မြင်ချင်တယ်လို့ဖွင့်ဟလိုက်တဲ့ #လာလီဂါအကြီးအကဲ
=================================

လာလီဂါ ပြိုင်ပွဲရဲ့ ဥက္ကဌကြီးဂျာဗီးယားတီဘက်စ်က စပိန်ဘောလုံး လောကမှာမော်ရင်ဟိုနဲ့ ရော်နယ်ဒိုတို့ နှစ်ဦးကို ပြန်မြင်တွေ့ချင်မိတယ်လို့ ဝန်ခံလိုက်ပါတယ်။ဒီဆရာတပည့် နှစ်ယောက် ဟာ စပိန် ထိပ်သီး ရီးရဲလ် အသင်းမှာ တွဲဖက်ခဲ့ဖူးပေမယ့် အခုချိန်မှာတော့ စပိန်မြေကိုပြန်လာနိုင်ခြေနည်းပါးနေတာဖြစ်ပါတယ်။

ပေါ်တူဂီ အိုင်ကွန် ရော်နယ်ဒိုဟာ ရီးရဲလ် အသင်းရဲ့ ထာဝရဂိုးအများဆုံး ကစားသမား တဦးဖြစ်ပြီး ပြိုင်ပွဲစုံ မှာ၄၅၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါ့အပြင် လာလီဂါ ချန်ပီယံဆု၂ ကြိမ်နဲ့
ချန်ပီယံလိဂ် ဖလား ၄လုံးအပါအဝင် အောင်မြင်မှုတွေအများအပြားဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘာနေဗျူး မှာအံ့မခန်း တောက်ပတဲ့ ကစားသမား ဘဝကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီး ဘလွန်းဒီအောဆု လေးကြိမ်အထိ ပိုင်ဆိုင်နိုင်ခဲ့တဲ့ ရော်နယ် ဒိုဟာ ၂၀၁၈ နွေရာသီမှာတော့ ရီးရဲလ် အသင်းကို စွန့်ခွာပြီး အီတလီ ထိပ်သီး ဂျူဗီ အသင်းကို ပြောင်းရွှေ့ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီ နာမည်ကျော် နည်းပြတဦးဖြစ်တဲ့ မော်ရင်ဟိုနဲ့ ပတ်သက်ရင်တော့ ရီးရဲလ် ပရိသတ်တွေကြားမှာမတူညီတဲ့ အမြင်တွေရှိနေပါတယ်။သူဟာဘာနေဗျူးမှာ ရှိနေခဲ့တဲ့ ၃နှစ်တာကာအတွင်းအဓိကဆုဖလားအဖြစ် လာလီဂါ ချန်ပီယံဆု တကြိမ်သာရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

သူဟာ လတ်တလောမှာတော့ အသင်းလက်မဲ့ဖြစ်နေပြီး ယူနိုက်တက် အသင်းကနေ ထုတ်ပယ်ခံခဲ့ရအပြီးကတည်းကနည်းပြလောကအတွင်းပြန်လည်ဝင်ရောက်ခြင်း မရှိသေးတာဖြစ်ပါတယ်။ရော်နယ်ဒိုနဲ့ မော်ရင်ဟိုဆရာတပည့် အပေါ်ရီးရဲလ်ပရိသတ်တွေကြားမှာ မတူညီတဲ့ အမြင်တွေရှိနေပေမယ့် တီဘက်စ်ကတော့ သူတို့ နှစ်ဦးကို စပိန်မြေကိုပြန်လာစေချင်နေပုံပါပဲ။

Canal 11 နဲ့ အင်တာဗျူးမှာ တီဘက်စ်က – ” ရော်နယ်ဒိုကို လာလီဂါ ပြိုင် ပွဲမှာ ပြန်မြင်ချင်မိပါတယ်။မော်ရင်ဟိုကိုလည်း စပိန် ကလပ် အသင်းတသင်းကိုကိုင်တွယ်စေချင်ပါတယ်။သူဟာ ကြီးကျယ်ခန်းနားတဲ့ နည်းပြကြီးတဦးဖြစ်ပြီး ကျွန်တော်တို့ လာလီဂါပြိုင်ပွဲကြီးရဲ့ ပုံရိပ်ကို မြှင့်တင်ပေးနိုင်သူလည်းဖြစ်ပါတယ်” လို့ပြောခဲ့တာဖြစ်ပါတယ်။

အီတလီ မြေကို ရော်နယ်ဒို ပြောင်းရွှေ့ခဲ့တာကို မြင်တွေ့ခဲ့ရတာ ဟာ စိတ်ပျက်စရာကောင်းတယ်လို့ လည်း တီဘက်စ်က ဝန်ခံခဲ့ပါတယ်။ဒါပေမယ့် ဥရောပထိပ်တန်း လိဂ် တခုဖြစ်တဲ့ လာလီဂါ ပြိုင်ပွဲရဲ့ ကမ္ဘာ့ဘောလုံးလောကအတွင်း ထင်ပေါ်မှုကိုတော့ ဒီအပြောင်းအရွှေ့ တခုတည်းက နှောက်ယှက်နိုင်မှာ မဟုတ်ဘူးသူက ယုံကြည်နေပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး တီဘက်စ်က – ” အရိုးသားဆုံးဝန်ခံရ ရင်တော့ ရော်နယ်ဒို ရဲ့ ထွက်ခွာသွားမှု ဟာကျွန်တော်တို့အပေါ် သက်ရောက်မှုတွေ အများကြီး ရှိခဲ့ပါတယ်။သို့ပေမယ့် ရော်နယ်ဒို မရှိလည်း လာလီဂါ ပြိုင်ပွဲကြီးက ရှိနေမှာပါပဲ။

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာဆိုရင် ဘလွန်းဒီအောဆုရှင် ကစားသမားတွေ မရှိခဲ့ တာ နှစ်တွေ အတော်ကြာနေပြီဖြစ်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့ လာလီဂါ ပြိုင်ပွဲကတော့ ကမ္ဘာ့အကောင်းဆုံးအဖြစ် ရှိနေဆဲ ပဲဖြစ်ပါတယ်။အဆင့်အတန်းအမျိုးမျိုးမှာ အံ့မခန်းအရာတွေကို လုပ်ဆောင်ထားနိုင်ခဲ့ပါတယ် ” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR