အခုအပတ္ မွာေတာ့ ဥေရာပထိပ္တန္း လိဂ္ ပြဲစဥ္ေတြကို ရပ္နားထားျပီး ႏိုင္ငံတကာ ပြဲစဥ္ေတြကို က်င္းပေနခဲ႔တာျဖစ္ပါတယ္။ ယေန႔ညမွာ ေဘာလံုးပရိသတ္ေတြ ျကည့္ရွဳ အားေပးရမယ့္ ပြဲေကာင္းတပြဲအျဖစ္ေတာ့ နာမည္ျကီး အဂၤလန္ နဲ႔ ဘူလ္ေဂးရီးယားတို႔ရဲ႕ ယူရို ၂၀၂၀ ေျခစစ္ပြဲစဥ္ ရွိေနပါတယ္။

ဒီႏွစ္သင္းဟာ အုပ္စု A အတြင္းအတူက်ေရာက္ေနတာျဖစ္ျပီး အဂၤလန္အသင္းက အမွတ္ေပးဇယားကို ဦးေဆာင္ေနေပမယ့္ ဘူလ္ေဂးရီးယား အသင္းကေတာ့ အမွတ္ေပးဇယားေအာက္ဆံုးအထိက်ေရာက္ေနတာျဖစ္ပါတယ္။ဒါ့အျပင္ ဒီႏွစ္သင္း ေနာက္ဆံုးေတြ႔ဆံုထားတဲ႔ ၁၀ ပြဲမွာ အဂၤလန္တို႔ ရွံုးပြဲမရွိထားသလို ေပးဂိုးကလည္း ၂ဂိုးသာခြင့္ျပဳထားခဲ႔ရတာျဖစပါတယ္။

လတ္တေလာ အေနအထားေကာ အစဥ္အလာပိုင္းမွာပါ အဂၤလန္ တို႔ အျပတ္အသတ္ အသာရေနေပမယ့္ ေဘာလံုးမွာ မထင္မွတ္တာေတြ လည္းျဖစ္တတ္တယ္ လို႕ ပရီးမီးယားလိဂ္ရဲ႕ နာမည္ျကီး တိုက္စစ္မွဴးေဟာင္းတဦးျဖစ္တဲ႔ ဘူလ္ေဂးရီးယားသား ဘာဘာေတာ့ဗ္က ဆိုလိုက္ပါတယ္။

ဘူလ္ေဂးရီးယားအသင္းဟာ ရလဒ္ဆိုးေတြ ျကံုေတြ႔ေနတဲ႔ အသင္းတသင္းျဖစ္ျပီးယူရို ေျခစစ္ပြဲ ေလးပြဲ အပါအဝင္ ေနာက္ဆံုး ၉ပြဲဆက္ ႏိုင္ပြဲေပ်ာက္ေနခဲ႔တာျဖစ္ပါတယ္။ဒါေပမယ့္ ဘာဘာေတာ့ဗ္ကေတာ့ မထင္မွတ္တာေတြျမင္ရဖို႔ ေမ်ွာ္လင့္ေနပံုပါပဲ။

အင္တာဗ်ဴးတခု မွာ ဘာဘာေတာ့ဗ္က – ” ယေန႔ ညပြဲ မွာ အိမ္ရွင္ အဂၤလန္ အသင္းက လံုးဝပိုျပီး ေရပန္းစားေနပါလိမ့္မယ္။ဘာေျကာင့္လည္းဆိုေတာ့ သူတို႔ မွာ ကမၻ႓ာ့အဆင့္ ကစားသမားေတြ အမ်ားျကီးရွိထားလို႔ ျဖစ္ပါတယ္။ဒါေပမယ့္ ေဘာလံုးမွာမထင္မွတ္တဲ႔ အံ့ျသစရာေတြျဖစ္တတ္ပါတယ္။

က်ြန္ေတာ္ကေတာ့ ကုိယ္ႏိုင္ငံ ကိုယ္ အားေပးမွာျဖစ္ပါတယ္။က်ြန္ေတာ့္တို႕အသင္းရဲ႕ ကစားသမားေတြကလည္း အေကာင္းဆံုးေပးဆပ္ျကမယ္ဆိုတာသိပါတယ္။ဒါေပမယ့္ ေအာက္အသင္းျဖစ္လို႕ လြယ္ေတာ့ မလြယ္ပါဘူး။

လက္ရွိ ဘူလ္ေဂးရီးယား အသင္းနဲ႔ ပတ္သက္ျပီး က်ြန္ေတာ္ အႏွစ္သက္ဆံုးအရာကေတာ့ သူတို႔ရဲ႕ အ့ံမခန္း တိုက္ပြဲဝင္ စိတ္ဓာတ္ျဖစ္ပါတယ္။အဂၤလန္ အသင္းဟာ အတိတ္မွာကတည္းက ဝင္ဘာေလ ကြင္းမွာ ဖိအားမရွိကစားထားႏိုင္ခဲ႔တဲ႔ အသင္းျဖစ္ပါတယ္။

ဒါေပမယ့္ ဘူလ္ေဂးရီးယားတို႔ကလည္းအဂၤလန္ အသင္းရဲ႕ ဘယ္လို အမွားမ်ိဳးကိုမဆို တုန္႔ျပန္အသံုးခ်သြားႏိုင္မယ္ လို႔ က်ြန္ေတာ္ထင္ပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

ဘူလ္ေဂးရီးယားအသင္းကို ကိုင္တယ္ေနတဲ နည္းျပ ဘယ္လာေကာ့ဗ္ဟာ ၁၉၉၄ ကမၻာ့ဖလားမွာ ဘူလ္ေဂးရီးယားအသင္းကို ဆီမီးဖိုင္နယ္ေရာက္ေအာင္စြမ္းေဆာင္ေပးခဲ႕ဖူးတဲ႔ သူရဲေကာင္းတဦးျဖစ္ပါတယ္။ဘယ္လာေကာ့ဗ္အေပၚ ဘာဘာေတာ့ဗ္က –

” သူဟာ က်ြန္ေတာ္တို႕ ႏိုင္ငံရဲ႕ ဂႏၲဝင္ျကီး တဦးျဖစ္ပါတယ္။အေမရိကန္ မွာ က်င္းပခဲ႔တဲ႕ ၉၄ ကမၻာ့ဖလားမွာ စတုတၲ ေနရာရရွိခဲ႔တဲ႔ အသင္းသားတဦးလည္းျဖစ္ပါတယ္။က်ြန္ေတာ္တို႔ ႏိုင္ငံရဲ႕ အျကီးက်ယ္အခန္းနားဆံုး ကစားသမားေတြထဲ ကတဦးလည္းျဖစ္ပါတယ္။

သူ႔နဲ႔ က်ြန္ေတာ္ ေကာင္းေကာင္းသိပါတယ္။သူနဲ႔ တြဲဖက္ကစားခဲ႔ရတာကလည္း ျကည္ႏူးစရာေကာင္းပါတယ္။သူဟာအခုႏွစ္မွာ မွနည္းျပအျဖစ္တာဝန္ယူတာျဖစ္လို႔လည္း အကဲျဖတ္ဖို႔ ေစာပါေသးတယ္။ဒါေပမယ့္က်ြန္ေတာ္ကေတာ့ သူ႔ကိုဒီအလုပ္မွာ ေအာင္ျမင္ေစခ်င္ပါတယ္ ” လို႔ေျပာသြားခဲ႕ပါတယ္။

SPORTS MYANMAR

Unicode

ယနေ့ညမှာကစားဖို့ရှိနေတဲ့ အင်္ဂလန် vs ဘူလ်ဂေးရီးယားပွဲစဉ်အပေါ် ခန့်မှန်းပေးလိုက်တဲ့ #ဘာဘာတော့ဗ်
===================================

အခုအပတ် မှာတော့ ဥရောပထိပ်တန်း လိဂ် ပွဲစဉ်တွေကို ရပ်နားထားပြီး နိုင်ငံတကာ ပွဲစဉ်တွေကို ကျင်းပနေခဲ့တာဖြစ်ပါတယ်။ ယနေ့ညမှာ ဘောလုံးပရိသတ်တွေ ကြည့်ရှု အားပေးရမယ့် ပွဲကောင်းတပွဲအဖြစ်တော့ နာမည်ကြီး အင်္ဂလန် နဲ့ ဘူလ်ဂေးရီးယားတို့ရဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ် ရှိနေပါတယ်။

ဒီနှစ်သင်းဟာ အုပ်စု A အတွင်းအတူကျရောက်နေတာဖြစ်ပြီး အင်္ဂလန်အသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့် ဘူလ်ဂေးရီးယား အသင်းကတော့ အမှတ်ပေးဇယားအောက်ဆုံးအထိကျရောက်နေတာဖြစ်ပါတယ်။ဒါ့အပြင် ဒီနှစ်သင်း နောက်ဆုံးတွေ့ဆုံထားတဲ့ ၁၀ ပွဲမှာ အင်္ဂလန်တို့ ရှုံးပွဲမရှိထားသလို ပေးဂိုးကလည်း ၂ဂိုးသာခွင့်ပြုထားခဲ့ရတာဖြစပါတယ်။

လတ်တလော အနေအထားကော အစဉ်အလာပိုင်းမှာပါ အင်္ဂလန် တို့ အပြတ်အသတ် အသာရနေပေမယ့် ဘောလုံးမှာ မထင်မှတ်တာတွေ လည်းဖြစ်တတ်တယ် လို့ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး တိုက်စစ်မှူးဟောင်းတဦးဖြစ်တဲ့ ဘူလ်ဂေးရီးယားသား ဘာဘာတော့ဗ်က ဆိုလိုက်ပါတယ်။

ဘူလ်ဂေးရီးယားအသင်းဟာ ရလဒ်ဆိုးတွေ ကြံုတွေ့နေတဲ့ အသင်းတသင်းဖြစ်ပြီးယူရို ခြေစစ်ပွဲ လေးပွဲ အပါအဝင် နောက်ဆုံး ၉ပွဲဆက် နိုင်ပွဲပျောက်နေခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဘာဘာတော့ဗ်ကတော့ မထင်မှတ်တာတွေမြင်ရဖို့ မျှော်လင့်နေပုံပါပဲ။

အင်တာဗျူးတခု မှာ ဘာဘာတော့ဗ်က – ” ယနေ့ ညပွဲ မှာ အိမ်ရှင် အင်္ဂလန် အသင်းက လုံးဝပိုပြီး ရေပန်းစားနေပါလိမ့်မယ်။ဘာကြောင့်လည်းဆိုတော့ သူတို့ မှာ ကမ္ဘ႓ာ့အဆင့် ကစားသမားတွေ အများကြီးရှိထားလို့ ဖြစ်ပါတယ်။ဒါပေမယ့် ဘောလုံးမှာမထင်မှတ်တဲ့ အံ့သြစရာတွေဖြစ်တတ်ပါတယ်။

ကျွန်တော်ကတော့ ကိုယ်နိုင်ငံ ကိုယ် အားပေးမှာဖြစ်ပါတယ်။ကျွန်တော့်တို့အသင်းရဲ့ ကစားသမားတွေကလည်း အကောင်းဆုံးပေးဆပ်ကြမယ်ဆိုတာသိပါတယ်။ဒါပေမယ့် အောက်အသင်းဖြစ်လို့ လွယ်တော့ မလွယ်ပါဘူး။

လက်ရှိ ဘူလ်ဂေးရီးယား အသင်းနဲ့ ပတ်သက်ပြီး ကျွန်တော် အနှစ်သက်ဆုံးအရာကတော့ သူတို့ရဲ့ အ့ံမခန်း တိုက်ပွဲဝင် စိတ်ဓာတ်ဖြစ်ပါတယ်။အင်္ဂလန် အသင်းဟာ အတိတ်မှာကတည်းက ဝင်ဘာလေ ကွင်းမှာ ဖိအားမရှိကစားထားနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။

ဒါပေမယ့် ဘူလ်ဂေးရီးယားတို့ကလည်းအင်္ဂလန် အသင်းရဲ့ ဘယ်လို အမှားမျိုးကိုမဆို တုန့်ပြန်အသုံးချသွားနိုင်မယ် လို့ ကျွန်တော်ထင်ပါတယ် ” လို့ပြောခဲ့ပါတယ်။

ဘူလ်ဂေးရီးယားအသင်းကို ကိုင်တယ်နေတဲ နည်းပြ ဘယ်လာကော့ဗ်ဟာ ၁၉၉၄ ကမ္ဘာ့ဖလားမှာ ဘူလ်ဂေးရီးယားအသင်းကို ဆီမီးဖိုင်နယ်ရောက်အောင်စွမ်းဆောင်ပေးခဲ့ဖူးတဲ့ သူရဲကောင်းတဦးဖြစ်ပါတယ်။ဘယ်လာကော့ဗ်အပေါ် ဘာဘာတော့ဗ်က –

” သူဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ဂန္တဝင်ကြီး တဦးဖြစ်ပါတယ်။အမေရိကန် မှာ ကျင်းပခဲ့တဲ့ ၉၄ ကမ္ဘာ့ဖလားမှာ စတုတ္တ နေရာရရှိခဲ့တဲ့ အသင်းသားတဦးလည်းဖြစ်ပါတယ်။ကျွန်တော်တို့ နိုင်ငံရဲ့ အကြီးကျယ်အခန်းနားဆုံး ကစားသမားတွေထဲ ကတဦးလည်းဖြစ်ပါတယ်။

သူ့နဲ့ ကျွန်တော် ကောင်းကောင်းသိပါတယ်။သူနဲ့ တွဲဖက်ကစားခဲ့ရတာကလည်း ကြည်နူးစရာကောင်းပါတယ်။သူဟာအခုနှစ်မှာ မှနည်းပြအဖြစ်တာဝန်ယူတာဖြစ်လို့လည်း အကဲဖြတ်ဖို့ စောပါသေးတယ်။ဒါပေမယ့်ကျွန်တော်ကတော့ သူ့ကိုဒီအလုပ်မှာ အောင်မြင်စေချင်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

SPORTS MYANMAR