ခ်ယ္လ္ဆီး အသင္း ရဲ႕ အသက္ ၂၀ အရြယ္သာ ရွိေသးတဲ့ ကြင္းလယ္ တိုက္စစ္ ကစားသမား ေမဆင္ေမာင့္ ဟာ ယေန႕ည မွာ ကစားမယ့္ ဘူလ္ေဂးရီးယား လက္ေရြးစင္ အသင္း နဲ႕ ယူရို ၂၀၂၀ ေျခစစ္ ပြဲစဥ္ အတြက္ အဂၤလန္ လက္ေရြးစင္ အသင္း မွာ ပထမဆံုး အၾကိမ္ အေရြးခ်ယ္ ခံခဲ့ ရပါတယ္ ။ ဒါဟာ ေမဆင္ေမာင့္ ရဲ႕ အိပ္မက္ ဆႏၵ တခု ျပည့္ေျမာက္ လာခဲ့တာ ျဖစ္ပါတယ္ ။

ေမာင့္ ဟာ လက္ေရြးစင္ အသင္း မတိုင္မီ က သက္ဆိုင္ရာ အသက္ အလိုက္ ျပိဳင္ပြဲ ေတြမွာ အဂၤလန္ အတြက္ ေျခစြမ္း ျပ ကစား ေပးႏိုင္ခဲ့သလို ၊ ဒီႏွစ္ ေဘာလံုး ရာသီ မွာေတာ့ ၄င္းရဲ႕ မိခင္ ကလပ္ ခ်ယ္လ္ဆီး အသင္း အတြက္ ပထမဆံုး ကစားေပးေနျပီး ပရီးမီးယားလိဂ္ သြင္းဂိုး ၂ဂိုး လည္း ရရွိထားျပီ ျဖစ္ပါတယ္ ။

ဘူလ္ေဂးရီးယား နဲ႕ ပြဲ မတိုင္မီ ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ ေမဆင္ေမာင့္ က သူ အခုလို အဂၤလန္ လက္ေရြးစင္ အသင္း အတြက္ ပထမဆံုး ကစားခြင့္ ရရွိေတာ့မယ့္ အတြက္ အတိုင္းမသိ ဝမ္းသာ စိတ္လႈပ္ရွား ရေၾကာင္း ၊ ၄င္းရဲ႕ ဆရာ အရင္း ျဖစ္တဲ့ လမ္းပတ္ ဟာ ျပီးခဲ့တဲ့ ရာသီ မွာ ၄င္း အဂၤလန္ လက္ေရြးစင္ အသင္း အတြက္ ေလ့က်င့္ေရး ဆင္းခြင့္ ရခဲ့စဥ္ ကတည္းက အားေပးမႈ ေတြ လုပ္ခဲ့ေၾကာင္း နဲ႕ အခု အခါမွာလည္း ထိုနည္း ၄င္းပဲ ျဖစ္ေၾကာင္း ဖြင့္ဟ ေျပာၾကား ခဲ့ပါတယ္ ။

ေမာင့္ က ” မႏွစ္ က ကြ်န္ေတာ္ ဒါဘီ အသင္း မွာ ကစား ခဲ့တုန္းက အဂၤလန္ လက္ေရြးစင္ အသင္း နဲ႕ အတူ ေလ့က်င့္ဖို႕ အတြက္ ဆင့္ေခၚ ခံခဲ့ရေတာ့ ဖရန္႕ ဟာ ကြ်န္ေတာ့ ကို ရုံးခန္း ထဲ ေခၚျပီး ကြ်န္ေတာ္ လက္ေရြးစင္ အတြက္ အေရြးခံ ခဲ့ရတယ္ လို႕ အေၾကာင္းၾကား လာခဲ့ပါတယ္ ။ အဲ့ဒီ အခ်ိန္တုန္းက ကြ်န္ေတာ့ အတြက္ အေတာ္ေလး ၾကီးက်ယ္တဲ့ အခိုက္အတန္႕ ျဖစ္ခဲ့ပါတယ္ ။ ”

” အခု တခါ ကြ်န္ေတာ္ လက္ေရြးစင္ အတြက္ အေရြးခံ ခဲ့ရေတာ့ ဖရန္႕ က ကြ်န္ေတာ့ ကို ‘ မင္း ခ်ယ္လ္ဆီး မွာ ၾကိဳးစား အလုပ္လုပ္တဲ့ အတိုင္း အဂၤလန္ လက္ေရြးစင္ အတြက္ ေပးဆပ္ ကစားပါ ။ ” လို႕ ေျပာခဲ့ပါတယ္ ။ အဲ့ဒီေနာက္ သူနဲ႕ ကြ်န္ေတာ္ စကား နည္းနည္းပါးပါး ထပ္ေျပာ ျဖစ္ခဲ့သလို သူ႕ဆီကေန လည္း အၾကံဉာဏ္ တခ်ိဳ႕ ေတာင္းခံ ခဲ့ပါေသးတယ္ ။ ကြ်န္ေတာ္ သူနဲ႕ စကား ေျပာျဖစ္တဲ့ အခါတိုင္း ျပည္တြင္းလိဂ္ အေၾကာင္း ေတြပဲ ေျပာျဖစ္တာ မ်ားပါတယ္ ။ ”

” အခုလို လက္ေရြးစင္ မွာ အေရြးခံ ရတာနဲ႕ ပတ္သက္ျပီး စကား နည္းနည္းပါးပါး ေျပာျဖစ္ခဲ့တဲ့ ေနရာ မွာေတာ့ သူဟာ ကြ်န္ေတာ့ အတြက္ အေတာ္ေလး ဂုဏ္ယူ ေက်နပ္ မိတဲ့ ပံုေပၚ ေနပါတယ္ ။ ဒါ့အျပင္ သူဟာ ကြ်န္ေတာ့ ကို ႏိုင္ငံ လက္ေရြးစင္ အတြက္ ေက်ေက်နပ္နပ္ နဲ႕ လက္လႊတ္ ေပးလိုက္သလိုပါပဲ ။ ” လို႔ ေျပာၾကား ခဲ့ပါတယ္ ။

ဆက္လက္ျပီး ေမဆင္ေမာင့္ က ၄င္းဟာ ခ်ယ္လ္ဆီး အသင္း မွာ ပံုမွန္ ေလ့က်င့္ေရး အစီအစဥ္ ျပီးတိုင္း ဖရန္႕ လမ္းပတ္ နဲ႕ အတူ ဂိုးသြင္း ေလ့က်င့္မႈ ေတြ ျပဳလုပ္ ေလ့ရွိေၾကာင္း ၊ အျမဲတမ္း သူ႕ဆီက သင္ယူ ေနရတာ ျဖစ္လို႕ ဖရန္႕ ေလာက္ သူ႕ အေပၚ ေကာင္းတဲ့ ဆရာ ရွိမွာ မဟုတ္ဘူး လို႕ ဖြင့္ဟ ခဲ့ပါတယ္ ။

ေမာင့္ က ” ကြ်န္ေတာ္ တို႕ရဲ႕ တေန႕တာ အတြက္ ေလ့က်င့္မႈ ေတြ ျပီးရင္ တခ်ိဳ႕ တခ်ိဳ႕ေသာ အခ်ိန္ ေတြမွာ ဖရန္႕ နဲ႕ ကြ်န္ေတာ္ လည္း ဂိုးသြင္း ေလ့က်င့္မႈ ေတြ လုပ္ျဖစ္ ခဲ့ၾကပါတယ္ ။ အထူးသျဖင့္ ပြဲစဥ္ တပြဲ ျပီးတဲ့ အခါတိုင္း အဲ့ဒီ ပြဲ အေၾကာင္း နဲ႕ ပတ္သက္ျပီး ဖရန္႕ နဲ႕ အျမဲ ေဆြးေႏြး ျဖစ္ပါတယ္ ။ ဖရန္႕ ဆီကေန ေန႕တိုင္း သင္ယူ လို႕ ရသမွ် အရာ ေတြ အားလံုး ကြ်န္ေတာ္ သင္ယူ ႏုိင္ဖို႕ ၾကိဳးစား ပါတယ္ ။ ဖရန္႕ ေလာက္ ကြ်န္ေတာ့ အေပၚ ေကာင္းတဲ့ ဆရာ ရွိႏိုင္မယ္ လို႕ ကြ်န္ေတာ္ မထင္မိပါဘူး ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

အင်္ဂလန် လက်ရွေးစင် အသင်း မှာ ပထမဆုံး အရွေးခံခဲ့ရပြီးနောက် လမ်းပတ် သူ့ကို ဘာပြော ခဲ့လဲ ဆိုတာ ထုတ်ဖော် ပြောဆို လိုက်တဲ့ #မေဆင်မောင့်

ချယ်လ်ဆီး အသင်း ရဲ့ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ကွင်းလယ် တိုက်စစ် ကစားသမား မေဆင်မောင့် ဟာ ယနေ့ည မှာ ကစားမယ့် ဘူလ်ဂေးရီးယား လက်ရွေးစင် အသင်း နဲ့ ယူရို ၂၀၂၀ ခြေစစ် ပွဲစဉ် အတွက် အင်္ဂလန် လက်ရွေးစင် အသင်း မှာ ပထမဆုံး အကြိမ် အရွေးချယ် ခံခဲ့ ရပါတယ် ။ ဒါဟာ မေဆင်မောင့် ရဲ့ အိပ်မက် ဆန္ဒ တခု ပြည့်မြောက် လာခဲ့တာ ဖြစ်ပါတယ် ။

မောင့် ဟာ လက်ရွေးစင် အသင်း မတိုင်မီ က သက်ဆိုင်ရာ အသက် အလိုက် ပြိုင်ပွဲ တွေမှာ အင်္ဂလန် အတွက် ခြေစွမ်း ပြ ကစား ပေးနိုင်ခဲ့သလို ၊ ဒီနှစ် ဘောလုံး ရာသီ မှာတော့ ၄င်းရဲ့ မိခင် ကလပ် ချယ်လ်ဆီး အသင်း အတွက် ပထမဆုံး ကစားပေးနေပြီး ပရီးမီးယားလိဂ် သွင်းဂိုး ၂ဂိုး လည်း ရရှိထားပြီ ဖြစ်ပါတယ် ။

ဘူလ်ဂေးရီးယား နဲ့ ပွဲ မတိုင်မီ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ မေဆင်မောင့် က သူ အခုလို အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ပထမဆုံး ကစားခွင့် ရရှိတော့မယ့် အတွက် အတိုင်းမသိ ဝမ်းသာ စိတ်လှုပ်ရှား ရကြောင်း ၊ ၄င်းရဲ့ ဆရာ အရင်း ဖြစ်တဲ့ လမ်းပတ် ဟာ ပြီးခဲ့တဲ့ ရာသီ မှာ ၄င်း အင်္ဂလန် လက်ရွေးစင် အသင်း အတွက် လေ့ကျင့်ရေး ဆင်းခွင့် ရခဲ့စဉ် ကတည်းက အားပေးမှု တွေ လုပ်ခဲ့ကြောင်း နဲ့ အခု အခါမှာလည်း ထိုနည်း ၄င်းပဲ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား ခဲ့ပါတယ် ။

မောင့် က ” မနှစ် က ကျွန်တော် ဒါဘီ အသင်း မှာ ကစား ခဲ့တုန်းက အင်္ဂလန် လက်ရွေးစင် အသင်း နဲ့ အတူ လေ့ကျင့်ဖို့ အတွက် ဆင့်ခေါ် ခံခဲ့ရတော့ ဖရန့် ဟာ ကျွန်တော့ ကို ရုံးခန်း ထဲ ခေါ်ပြီး ကျွန်တော် လက်ရွေးစင် အတွက် အရွေးခံ ခဲ့ရတယ် လို့ အကြောင်းကြား လာခဲ့ပါတယ် ။ အဲ့ဒီ အချိန်တုန်းက ကျွန်တော့ အတွက် အတော်လေး ကြီးကျယ်တဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ် ။ ”

” အခု တခါ ကျွန်တော် လက်ရွေးစင် အတွက် အရွေးခံ ခဲ့ရတော့ ဖရန့် က ကျွန်တော့ ကို ‘ မင်း ချယ်လ်ဆီး မှာ ကြိုးစား အလုပ်လုပ်တဲ့ အတိုင်း အင်္ဂလန် လက်ရွေးစင် အတွက် ပေးဆပ် ကစားပါ ။ ” လို့ ပြောခဲ့ပါတယ် ။ အဲ့ဒီနောက် သူနဲ့ ကျွန်တော် စကား နည်းနည်းပါးပါး ထပ်ပြော ဖြစ်ခဲ့သလို သူ့ဆီကနေ လည်း အကြံဉာဏ် တချို့ တောင်းခံ ခဲ့ပါသေးတယ် ။ ကျွန်တော် သူနဲ့ စကား ပြောဖြစ်တဲ့ အခါတိုင်း ပြည်တွင်းလိဂ် အကြောင်း တွေပဲ ပြောဖြစ်တာ များပါတယ် ။ ”

” အခုလို လက်ရွေးစင် မှာ အရွေးခံ ရတာနဲ့ ပတ်သက်ပြီး စကား နည်းနည်းပါးပါး ပြောဖြစ်ခဲ့တဲ့ နေရာ မှာတော့ သူဟာ ကျွန်တော့ အတွက် အတော်လေး ဂုဏ်ယူ ကျေနပ် မိတဲ့ ပုံပေါ် နေပါတယ် ။ ဒါ့အပြင် သူဟာ ကျွန်တော့ ကို နိုင်ငံ လက်ရွေးစင် အတွက် ကျေကျေနပ်နပ် နဲ့ လက်လွှတ် ပေးလိုက်သလိုပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး မေဆင်မောင့် က ၄င်းဟာ ချယ်လ်ဆီး အသင်း မှာ ပုံမှန် လေ့ကျင့်ရေး အစီအစဉ် ပြီးတိုင်း ဖရန့် လမ်းပတ် နဲ့ အတူ ဂိုးသွင်း လေ့ကျင့်မှု တွေ ပြုလုပ် လေ့ရှိကြောင်း ၊ အမြဲတမ်း သူ့ဆီက သင်ယူ နေရတာ ဖြစ်လို့ ဖရန့် လောက် သူ့ အပေါ် ကောင်းတဲ့ ဆရာ ရှိမှာ မဟုတ်ဘူး လို့ ဖွင့်ဟ ခဲ့ပါတယ် ။

မောင့် က ” ကျွန်တော် တို့ရဲ့ တနေ့တာ အတွက် လေ့ကျင့်မှု တွေ ပြီးရင် တချို့ တချို့သော အချိန် တွေမှာ ဖရန့် နဲ့ ကျွန်တော် လည်း ဂိုးသွင်း လေ့ကျင့်မှု တွေ လုပ်ဖြစ် ခဲ့ကြပါတယ် ။ အထူးသဖြင့် ပွဲစဉ် တပွဲ ပြီးတဲ့ အခါတိုင်း အဲ့ဒီ ပွဲ အကြောင်း နဲ့ ပတ်သက်ပြီး ဖရန့် နဲ့ အမြဲ ဆွေးနွေး ဖြစ်ပါတယ် ။ ဖရန့် ဆီကနေ နေ့တိုင်း သင်ယူ လို့ ရသမျှ အရာ တွေ အားလုံး ကျွန်တော် သင်ယူ နိုင်ဖို့ ကြိုးစား ပါတယ် ။ ဖရန့် လောက် ကျွန်တော့ အပေါ် ကောင်းတဲ့ ဆရာ ရှိနိုင်မယ် လို့ ကျွန်တော် မထင်မိပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR