မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ဂႏၶဝင္ ကစားသမား ေဟာင္း ျဖစ္သူ ဂယ္ရီ နဗီးလ္ က အသင္းေဖာ္ ေဟာင္း ရြိဳင္ကိန္းရဲ့ ယူနုိက္တက္ ကစားသမား ဘဝ ဟာ ေသခ်ာေပါက္ ကုန္ဆံုး ေတာ့မယ္ ဆုိတာ အတိအက် သိခဲ့ လိုက္ ရတဲ့ အခိုက္အတန့္ တစ္ခု ကို ျပန္ေျပာင္း ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ဒီ ဇာတ္လမ္း က ရြိဳင္ကိန္း ဟာ MUTV နဲ့ အင္တာဗ်ဴး ခဲ့ရာ မွ စတင္ ခဲ့တာ ပဲ ျဖစ္ပါတယ္ ။ အဆုိပါ အင္တာဗ်ဴး ကို 2004 ခုနွစ္ တုန္းက ျပဳလုပ္ ခဲ့တာ ျဖစ္ျပီး အသင္း ရဲ့ အတြင္းေရး ဆုိင္ရာ ျပသနာ ျဖစ္ေစ နုိင္မယ့္ ရြိဳင္ကိန္း ရဲ့ ေျပာစကား ေတြ ပါဝင္ ခဲ့တာ ေၾကာင့္ ထုတ္လႊင့္ ျခင္း မရွိခဲ့ ပါဘူး ။

အဲ့ဒီ အင္တာဗ်ဴး မွ ေျပာစကား ေတြ အရ ရြိဳင္ကိန္း ဟာ ယူနုိက္တက္ အသင္း မွ အသင္း ေဖာ္ ကစားသမား အစုအဖြဲ့ ေတြကို ေဝဖန္ ထုိးႏွက္ ခဲ့တာ ေတြ ၊ ပုတ္ခတ္ ခဲ့တာ ေတြ ပါဝင္ ခဲ့တဲ့ အတြက္ နည္းျပၾကီး ဆာ အဲလပ္စ္ မွ အထူး ေဒါသူပုန္ ထခဲ့ ရ ပါတယ္ ။

ဒါ့ေၾကာင့္ နည္းျပ ဖာဂူဆန္ က ရြိဳင္ကိန္း အပါအဝင္ အသင္း ရဲ့ ကစား သမား တုိင္းကို ေခၚယူ ေတြ့ဆံု ခဲ့ျပီး အဆုိပါ ဗြီဒီယုိ ဖုိင္ကို ျပသ ခဲ့ေၾကာင္း နဗီးလ္ က ဖြင့္ဟ သြားခဲ့ ပါတယ္ ။ အဆုိပါ ဗြီဒီယို ကို ၾကည့္ အျပီး မွာေတာ့ အားလံုး က ‘ ေၾကာက္မက္ဖြယ္ပဲ ‘ လို႔ ကိုယ္စီ မွတ္ခ်က္ ေပးခဲ့ ၾကတဲ့ အထိ ကိန္းရဲ့ စကားလံုး ေတြက ျပင္းထန္ ခဲ့ရ ပါတယ္ ။

” လြန္ခဲ့တဲ့ 6 လ ၊ 8 လ ေလာက္က ေဒးဗစ္ ဘက္ခမ္း နဲ့ ပတ္သက္ လို့ ဆာ အဲလပ္စ္ အဲ့လို ေဒါသ ျဖစ္ခဲ့ ဖူးတာ ကို က်ြန္ေတာ္ တုိ့ ျမင္ေတြ့ ခဲ့ၾက ရ ပါတယ္ ။ အခုေတာ့ နည္းျပ နဲ့ ရြိဳင္း အၾကား မွာလည္း အဲ့ဒီလို ျဖစ္လာ ဖုိ့ အခြင့္ အေရး တစ္ခု ေပၚေပါက္ လာခဲ့ ျခင္း ပါပဲ ”

” မန္ေနဂ်ာ ဟာ အသင္းရဲ့ အဝတ္ လဲလန္း ထဲကို ေရာက္လာ ခဲ့ျပီး အဲ့ဒီ အခ်ိန္ မွာပဲ မင္းတုိ႔ ေတြ ‘ ဒီ ဗြီဒီယို ၾကည့္ဖုိ႔ လိုအပ္တယ္ ‘ ဆုိတဲ့ စကား ကို ေျပာၾကား သြားခဲ့ ပါတယ္ ။ ဇာတ္လမ္း ေတာ့ စျပီဟ ဆိုျပီး က်ြန္ေတာ္ ေတြးေန ခဲ့ ပါတယ္ ။ က်ြန္ေတာ္ မန္ေနဂ်ာ ကို ေကာင္းေကာင္း သိသလို ရြိဳင္း ကိုလည္း သိတယ္ ေလ ။ ဒီလို ျဖစ္လာ လိမ့္မယ္ လို့ က်ြန္ေတာ္ သေဘာ ေပါက္ခဲ့ ပါတယ္ ”

” က်ြန္ေတာ္ တုိ႔ ဗီြဒီယုိ ၾကည္ေန ခ်ိန္မွာ ေတြ့ဆံု မွဳက ေၾကာက္မက္ဖြယ္ ေကာင္းေန ခဲ့ ပါတယ္ ။ အဲ့တာ က ဟာသ မွ မဟုတ္ပဲ ၊ တစ္ကယ့္ ကို ေၾကာက္မက္ဖြယ္ ျဖစ္ခဲ့ ရ ပါတယ္ ။ အသင္း မွာ 10 နွစ္ ၊ 15 ႏွစ္ေလာက္ ရွိခဲ့ ဖူး ၾကတဲ့ သူတုိင္း က ဒါဟာ တစ္ကယ့္ ကို ေၾကာက္စရာ ပဲလို႔ မွတ္ခ်က္ ေပးခ့ဲ ၾက ပါတယ္ ”

” က်ြန္ေတာ္ တုိ့ ဘာဆုိ ဘာမွ မေျပာနိုင္ ခဲ့ၾက ပါဘူး ။ က်ြန္ေတာ္ တုိ့ အားလံုး က ‘ ေ-ာက္ တလြဲ ပဲဟ ‘ လို့ ေတြးေန ခဲ့ၾက ပါတယ္ ။ ကစားသမား တစ္ဦး တစ္ေယာက္ ရဲ့ အျမင္ အေန နဲ့ က်ြန္ေတာ္ တုိ့ ဖက္က အဲ့ဒီ ဗြီဒီယုိ နဲ့ ပတ္သက္လို႔ ျပသနာ ျဖစ္စရာ ေတာ့ မရွိ ခဲ့ ပါဘူး ” လို့ ဂယ္ရီ နဗီးလ္ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

2014 တုန္းက သူ့ရဲ့ စာအုပ္ ထုတ္ေဝ ခဲ့စဥ္ တုန္းက ကိန္းက သူ့ရဲ့ အင္တာဗ်ဴး နဲ့ ပတ္သက္လို႔ …

” အခု ထက္ထိ ေတာင္ အခ်ိဳ့ လူေတြ က အဲ့ဒီ ဗြီဒီယို ဖုိင္ကို ဖ်က္ပစ္ လိုက္ဖုိ႔ ေျပာဆုိ ေနၾက ဆဲ ပါပဲ ။ သူတုိ့ ေျပာေန ပံုက မသိရင္ အဲ့တာ ၾကီးက နယူကလီယား ဗံုး လိုလို ၊ အျခား တစ္ခုခု လိုလို ပါပဲ ” လို့ ေရးသား ခဲ့ပါ ေသးတယ္ ။ အဲ့ဒီ ကတည္းက သူ့ရဲ့ ဗြီဒီယို ဟာ အဲ့ေလာက္ အထိ အုတ္အုတ္က်က္က်က္ ျဖစ္ဖုိ့ မလိုဘူး လို့ ထင္ေၾကာင္း ကိန္းက ေျပာခဲ့ ပါ ေသးတယ္ ။

” က်ြန္ေတာ္ အ့ဲဒီ တုန္းက ေပးခဲ့ ရတဲ့ ဂိုးေတြ ထဲက တစ္ဂိုး နဲ့ ပတ္သက္ လို့ က်ြန္ေတာ့္ မိန္းမ ေတာင္ ဒါးရင္း ( ဖလက္ခ်ာ ) ထက္ ပိုျပီး ျပိဳင္ဖက္ ဆီက ဒီ ေဘာလံုး ကို လုယူ နုိင္ခဲ့ လိမ့္မယ္ ဆုိတဲ့ စကား မ်ိဳးပဲ ေျပာၾကား ခဲ့တာ ပါ ။ က်ြန္ေတာ္ က သူ အဲ့တာ နဲ့ ပတ္သက္ ျပီး အိုေက ပါတယ္ လို့ ေျပာခဲ့ သင့္ ပါတယ္ ”

” ဒါေပမယ့္ ျဖစ္ခ်င္ ေတာ့ က်ြန္ေတာ္ ရဲ့ အင္တာဗ်ဴး အေနာက္ မွာ မန္ေနဂ်ာ နဲ့ ကားလို့စ္ တုိ႔ ရွိေန ခဲ့ၾက ျပီး ဒါကို နားစြန္ နားဖ်ား ၾကားခဲ့ ၾက ပါတယ္ ။ ဒါကို မန္ေနဂ်ာ က ‘ တစ္ကယ့္ ကို က်က္သေရ တုန္းတာ ပဲ ၊ ေ-ာက္ ဗြီဒီယုိ တစ္ခု ပဲ ‘ လို့ ေပါက္ကြဲ ခဲ့ ပါတယ္ ”

” က်ြန္ေတာ္ က အင္တာဗ်ဴး ဖုိ့ လာတာ ေလ ။ က်ြန္ေတာ္ စိတ္ထဲ ရွိတာ ကို ေျပာရမွာ ပါပဲ ။ က်ြန္ေတာ္ ဘယ္ ကစားသမား နဲ့ ပတ္သက္ လို့ စိတ္ပ်က္ ခဲ့ သလဲ ဆုိတာ ေမးေတာ့ MUTV ကို ေျဖရမွာ ပါပဲ ။ ဒါဟာ ကလပ္ အတြင္း သတင္း ( ျပင္ပ ဆီ မလုိအပ္ ပဲ ေပါက္ၾကား ခြင့္ မရွိ တဲ့ သတင္း ) ေတြကို ယူတဲ့ ေနရာ တစ္ခု ေလ ။ ဒါ့ေၾကာင့္ က်ြန္ေတာ္ အင္တာဗ်ဴး လုပ္ခဲ့ ရတာပါ ” လို့ ရြိဳင္ကိန္း က ထုတ္ေဖာ္ ေျပာၾကား ခဲ့တာ ပဲ ျဖစ္ပါတယ္ ။

#Sports_Myanmar

Unicode

ရွိုင်းကိန်းရဲ့ ယူနိုက်တက် ကစားသမားဘဝ ကုန်ဆုံး စေခဲ့တဲ့ အဓိက ပြသနာကို ထုတ်ဖော် ဖွင့်ဟလိုက်တဲ့ #ဂယ်ရီနဗီးလ်

=================

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ် က အသင်းဖော် ဟောင်း ရွိုင်ကိန်းရဲ့ ယူနိုက်တက် ကစားသမား ဘဝ ဟာ သေချာပေါက် ကုန်ဆုံး တော့မယ် ဆိုတာ အတိအကျ သိခဲ့ လိုက် ရတဲ့ အခိုက်အတန့် တစ်ခု ကို ပြန်ပြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒီ ဇာတ်လမ်း က ရွိုင်ကိန်း ဟာ MUTV နဲ့ အင်တာဗျူး ခဲ့ရာ မှ စတင် ခဲ့တာ ပဲ ဖြစ်ပါတယ် ။ အဆိုပါ အင်တာဗျူး ကို 2004 ခုနှစ် တုန်းက ပြုလုပ် ခဲ့တာ ဖြစ်ပြီး အသင်း ရဲ့ အတွင်းရေး ဆိုင်ရာ ပြသနာ ဖြစ်စေ နိုင်မယ့် ရွိုင်ကိန်း ရဲ့ ပြောစကား တွေ ပါဝင် ခဲ့တာ ကြောင့် ထုတ်လွှင့် ခြင်း မရှိခဲ့ ပါဘူး ။

အဲ့ဒီ အင်တာဗျူး မှ ပြောစကား တွေ အရ ရွိုင်ကိန်း ဟာ ယူနိုက်တက် အသင်း မှ အသင်း ဖော် ကစားသမား အစုအဖွဲ့ တွေကို ဝေဖန် ထိုးနှက် ခဲ့တာ တွေ ၊ ပုတ်ခတ် ခဲ့တာ တွေ ပါဝင် ခဲ့တဲ့ အတွက် နည်းပြကြီး ဆာ အဲလပ်စ် မှ အထူး ဒေါသူပုန် ထခဲ့ ရ ပါတယ် ။

ဒါ့ကြောင့် နည်းပြ ဖာဂူဆန် က ရွိုင်ကိန်း အပါအဝင် အသင်း ရဲ့ ကစား သမား တိုင်းကို ခေါ်ယူ တွေ့ဆုံ ခဲ့ပြီး အဆိုပါ ဗွီဒီယို ဖိုင်ကို ပြသ ခဲ့ကြောင်း နဗီးလ် က ဖွင့်ဟ သွားခဲ့ ပါတယ် ။ အဆိုပါ ဗွီဒီယို ကို ကြည့် အပြီး မှာတော့ အားလုံး က ‘ ကြောက်မက်ဖွယ်ပဲ ‘ လို့ ကိုယ်စီ မှတ်ချက် ပေးခဲ့ ကြတဲ့ အထိ ကိန်းရဲ့ စကားလုံး တွေက ပြင်းထန် ခဲ့ရ ပါတယ် ။

” လွန်ခဲ့တဲ့ 6 လ ၊ 8 လ လောက်က ဒေးဗစ် ဘက်ခမ်း နဲ့ ပတ်သက် လို့ ဆာ အဲလပ်စ် အဲ့လို ဒေါသ ဖြစ်ခဲ့ ဖူးတာ ကို ကျွန်တော် တို့ မြင်တွေ့ ခဲ့ကြ ရ ပါတယ် ။ အခုတော့ နည်းပြ နဲ့ ရွိုင်း အကြား မှာလည်း အဲ့ဒီလို ဖြစ်လာ ဖို့ အခွင့် အရေး တစ်ခု ပေါ်ပေါက် လာခဲ့ ခြင်း ပါပဲ ”

” မန်နေဂျာ ဟာ အသင်းရဲ့ အဝတ် လဲလန်း ထဲကို ရောက်လာ ခဲ့ပြီး အဲ့ဒီ အချိန် မှာပဲ မင်းတို့ တွေ ‘ ဒီ ဗွီဒီယို ကြည့်ဖို့ လိုအပ်တယ် ‘ ဆိုတဲ့ စကား ကို ပြောကြား သွားခဲ့ ပါတယ် ။ ဇာတ်လမ်း တော့ စပြီဟ ဆိုပြီး ကျွန်တော် တွေးနေ ခဲ့ ပါတယ် ။ ကျွန်တော် မန်နေဂျာ ကို ကောင်းကောင်း သိသလို ရွိုင်း ကိုလည်း သိတယ် လေ ။ ဒီလို ဖြစ်လာ လိမ့်မယ် လို့ ကျွန်တော် သဘော ပေါက်ခဲ့ ပါတယ် ”

” ကျွန်တော် တို့ ဗွီဒီယို ကြည်နေ ချိန်မှာ တွေ့ဆုံ မှုက ကြောက်မက်ဖွယ် ကောင်းနေ ခဲ့ ပါတယ် ။ အဲ့တာ က ဟာသ မှ မဟုတ်ပဲ ၊ တစ်ကယ့် ကို ကြောက်မက်ဖွယ် ဖြစ်ခဲ့ ရ ပါတယ် ။ အသင်း မှာ 10 နှစ် ၊ 15 နှစ်လောက် ရှိခဲ့ ဖူး ကြတဲ့ သူတိုင်း က ဒါဟာ တစ်ကယ့် ကို ကြောက်စရာ ပဲလို့ မှတ်ချက် ပေးခဲ့ ကြ ပါတယ် ”

” ကျွန်တော် တို့ ဘာဆို ဘာမှ မပြောနိုင် ခဲ့ကြ ပါဘူး ။ ကျွန်တော် တို့ အားလုံး က ‘ ေ-ာက် တလွဲ ပဲဟ ‘ လို့ တွေးနေ ခဲ့ကြ ပါတယ် ။ ကစားသမား တစ်ဦး တစ်ယောက် ရဲ့ အမြင် အနေ နဲ့ ကျွန်တော် တို့ ဖက်က အဲ့ဒီ ဗွီဒီယို နဲ့ ပတ်သက်လို့ ပြသနာ ဖြစ်စရာ တော့ မရှိ ခဲ့ ပါဘူး ” လို့ ဂယ်ရီ နဗီးလ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

2014 တုန်းက သူ့ရဲ့ စာအုပ် ထုတ်ဝေ ခဲ့စဉ် တုန်းက ကိန်းက သူ့ရဲ့ အင်တာဗျူး နဲ့ ပတ်သက်လို့ …

” အခု ထက်ထိ တောင် အချို့ လူတွေ က အဲ့ဒီ ဗွီဒီယို ဖိုင်ကို ဖျက်ပစ် လိုက်ဖို့ ပြောဆို နေကြ ဆဲ ပါပဲ ။ သူတို့ ပြောနေ ပုံက မသိရင် အဲ့တာ ကြီးက နယူကလီယား ဗုံး လိုလို ၊ အခြား တစ်ခုခု လိုလို ပါပဲ ” လို့ ရေးသား ခဲ့ပါ သေးတယ် ။ အဲ့ဒီ ကတည်းက သူ့ရဲ့ ဗွီဒီယို ဟာ အဲ့လောက် အထိ အုတ်အုတ်ကျက်ကျက် ဖြစ်ဖို့ မလိုဘူး လို့ ထင်ကြောင်း ကိန်းက ပြောခဲ့ ပါ သေးတယ် ။

” ကျွန်တော် အဲ့ဒီ တုန်းက ပေးခဲ့ ရတဲ့ ဂိုးတွေ ထဲက တစ်ဂိုး နဲ့ ပတ်သက် လို့ ကျွန်တော့် မိန်းမ တောင် ဒါးရင်း ( ဖလက်ချာ ) ထက် ပိုပြီး ပြိုင်ဖက် ဆီက ဒီ ဘောလုံး ကို လုယူ နိုင်ခဲ့ လိမ့်မယ် ဆိုတဲ့ စကား မျိုးပဲ ပြောကြား ခဲ့တာ ပါ ။ ကျွန်တော် က သူ အဲ့တာ နဲ့ ပတ်သက် ပြီး အိုကေ ပါတယ် လို့ ပြောခဲ့ သင့် ပါတယ် ”

” ဒါပေမယ့် ဖြစ်ချင် တော့ ကျွန်တော် ရဲ့ အင်တာဗျူး အနောက် မှာ မန်နေဂျာ နဲ့ ကားလို့စ် တို့ ရှိနေ ခဲ့ကြ ပြီး ဒါကို နားစွန် နားဖျား ကြားခဲ့ ကြ ပါတယ် ။ ဒါကို မန်နေဂျာ က ‘ တစ်ကယ့် ကို ကျက်သရေ တုန်းတာ ပဲ ၊ ေ-ာက် ဗွီဒီယို တစ်ခု ပဲ ‘ လို့ ပေါက်ကွဲ ခဲ့ ပါတယ် ”

” ကျွန်တော် က အင်တာဗျူး ဖို့ လာတာ လေ ။ ကျွန်တော် စိတ်ထဲ ရှိတာ ကို ပြောရမှာ ပါပဲ ။ ကျွန်တော် ဘယ် ကစားသမား နဲ့ ပတ်သက် လို့ စိတ်ပျက် ခဲ့ သလဲ ဆိုတာ မေးတော့ MUTV ကို ဖြေရမှာ ပါပဲ ။ ဒါဟာ ကလပ် အတွင်း သတင်း ( ပြင်ပ ဆီ မလိုအပ် ပဲ ပေါက်ကြား ခွင့် မရှိ တဲ့ သတင်း ) တွေကို ယူတဲ့ နေရာ တစ်ခု လေ ။ ဒါ့ကြောင့် ကျွန်တော် အင်တာဗျူး လုပ်ခဲ့ ရတာပါ ” လို့ ရွိုင်ကိန်း က ထုတ်ဖော် ပြောကြား ခဲ့တာ ပဲ ဖြစ်ပါတယ် ။

#Sports_Myanmar