ေတာ့တင္ဟမ္ အသင္းရဲ့ တိုက္စစ္မွူးေဟာင္း ဒါရင္းန႔္ က အာဆင္နယ္ အသင္း လူငယ္ ကြင္းလယ္လူ ဂြမ္ဒူဇီ ဟာ အသက္ ၂၀ အရြယ္နဲ႔ မလိုက္ဖက္ေအာင္ ေျခစြမ္းၿပ ကစားေနတဲ့သူ ျဖစ္ေၾကာင္း ခ်ီးက်ဴး စကားဆိုလိုက္ၿပီး ေနာက္ဆယ္စုႏွစ္ တစ္ခုအထိ ဂန္းနားတို႔ရဲ့ ကြင္းလယ္မွာ ေျခစြမ္းျပနိုင္လိမ့္မယ္လို႔ ဆိုပါတယ္။

အသက္ ၂၀ အရြယ္ ရွိၿပီျဖစ္တဲ့ ဂြမ္ဒူဇီဟာ ၿပီးခဲ့တဲ့ ရာသီကမွ ေလာ္ရီယန႔္ အသင္းကေန အာဆင္နယ္ အသင္းကို ေျပာင္းေရႊ႕ေရာက္ရွိလာသူပါ။ဂြမ္ဒူဇီ ဟာ အာဆင္နယ္ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၅၂ ပြဲ ကစားခြင့္ ရထားသလို ဒီရာသီမွာလည္း အဖြင့္ပြဲစဥ္ ေလးပြဲဆက္ ပြဲခ်ိန္ျပည့္ ပါဝင္ ကစားခြင့္ ရထားပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္မွာ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသထားနိုင္တဲ့ ဂြမ္ဒူဇီ ဟာ အယ္ေဘးနီးယား ၊အန္ဒိုရာ တို႔နဲ႔ ယူရို ေျခစစ္ပြဲ ကစားမယ့္ ျပင္သစ္ လက္ေရြးစင္ အသင္းႀကီးမွာ ပထမဆုံး အႀကိမ္ ေရြးခ်ယ္ ခံခဲ့ရပါယ္။ဂြမ္ဒူဇီ အတြက္ေတာ့ အာဆင္နယ္ အသင္းကို ေျပာင္းေရႊ႕လာၿပီး တစ္ႏွစ္ေက်ာ္ ကာလ အတြင္းမွာ ျပင္သစ္ လက္ေရြးစင္ အသင္းမွာ ပါဝင္ခြင့္ ရသြားတာပါ ။

ဂြမ္ဒူဇီ ဟာ ေတာ့တင္ဟမ္ အသင္း နဲ႔ လန္ဒန္ဒါဘီပြဲမွာ အူဘာမီယန္း ရဲ့ သြင္းဂိုးကို အကြက္ျမင္ျမင္ နဲ႔ ဖန္တီး ေပးပို႔နိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြ၊ကစားသမားေဟာင္းေတြရဲ့ ခ်ီးက်ဴး အားေပးမွုကိုလည္း ရရွိခဲ့ပါတယ္ ။

ေတာ့တင္ဟမ္ တိုက္စစ္မွူးေဟာင္း ဒါရင္းဘန္႔က Football Insider မွာ ဂြမ္ဒူဇီ ရဲ့ ေျခစြမ္းနဲ႔ ပတ္သက္ၿပီး ” သူ႔ရဲ့ ကစားပုံက အာဆင္နယ္ အသင္းမွာ ႏွစ္ေတြ အမ်ားႀကီး ကစားခဲ့သလိုမ်ိဳး ကစားေနတာပါ။အသက္က ၂၀ ပဲ ရွိေသးေတာ့ ေနာက္ထပ္ ၁၀ ႏွစ္ေလာက္ အာဆင္နယ္ ကြင္းလယ္မွာ ေကာင္းေကာင္း ကစားနိုင္ဦးမွာပါ ။ ”

” သူက​ ေဘာလုံး ကိုင္ကစားရတာ အားသန္ၿပီး ေဘာလုံး ေပးလိုက္ရင္လည္း ျပန္လက္ခံဖို႔ အျမဲ အသင့္ျဖစ္ေနတဲ့သူပါ ။ သူ႔လိုမ်ိဳး ေဘာလုံး ရဲရဲကိုင္ကစားနိုင္တဲ့ အရည္အေသြးက သင္ေပးလို႔ မရပါဘူး ၊ နဂိုထဲက သူ႔မွာ ပါလာၿပီးသားပါ ။ ” လို႔ ခ်ီးက်ဴး သြားခဲ့ပါတယ္ ။

အဂၤလန္ တိုက္စစ္မွူးေဟာင္း တစ္ဦး ျဖစ္တဲ့ ဂယ္ရီလိုင္နီကာ ကလည္း ျပင္သစ္ လက္ေရြးစင္ အသင္းႀကီးမွာ ဂြမ္ဒူဇီ ေရြးခ်ယ္ ခံခဲ့ရတဲ့ အေပၚ မအံ့ဩမိေၾကာင္း နဲ႔ ဂြမ္ဒူဇီ ဟာ အရည္အေသြးေကာင္းေတြ ရွိတဲ့ လူငယ္ ကစားသမား တစ္ဦး ျဖစ္ေၾကာင္း ဆိုပါတယ္။

ဒါ့အျပင္ ေကာ္လီမိုး ကလည္း ဂြမ္ဒူဇီ ဟာ ရွာကာထက္ စည္းကမ္းပိုင္းဆိုင္ရာ ပိုမိုေကာင္းမြန္တဲ့ ကစားသမား ၊ေတာ္ရီးယား ထက္ ခႏၶာကိုယ္ ႀကံ့ခိုင္ ေတာင့္တင္းတဲ့ ကစားသမားေတြနဲ႔သာ ကြင္းလယ္မွာ တြဲကစားရရင္ စူပါစတား ကစားသမား တစ္ဦး ျဖစ္လာလိမ့္မယ္လို႔ ခ်ီးက်ဴး သြားခဲ့ပါတယ္။

SPORTS MYANMAR

Unicode

အာဆင်နယ် အသင်း ကွင်းလယ်မှာ ဆယ်စုနှစ်တစ်ခုလောက် ခြေစွမ်းပြနိုင်မယ့် လူငယ်ကြယ်ပွင့်နာမည်ကို ထုတ်ဖော်လိုက်တဲ့ ဒါရင်းဘန့်
==================================

တော့တင်ဟမ် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဒါရင်းန့် က အာဆင်နယ် အသင်း လူငယ် ကွင်းလယ်လူ ဂွမ်ဒူဇီ ဟာ အသက် ၂၀ အရွယ်နဲ့ မလိုက်ဖက်အောင် ခြေစွမ်းပြ ကစားနေတဲ့သူ ဖြစ်ကြောင်း ချီးကျူး စကားဆိုလိုက်ပြီး နောက်ဆယ်စုနှစ် တစ်ခုအထိ ဂန်းနားတို့ရဲ့ ကွင်းလယ်မှာ ခြေစွမ်းပြနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

အသက် ၂၀ အရွယ် ရှိပြီဖြစ်တဲ့ ဂွမ်ဒူဇီဟာ ပြီးခဲ့တဲ့ ရာသီကမှ လော်ရီယန့် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိလာသူပါ။ဂွမ်ဒူဇီ ဟာ အာဆင်နယ် အသင်းအတွက် ပြိုင်ပွဲစုံ ၅၂ ပွဲ ကစားခွင့် ရထားသလို ဒီရာသီမှာလည်း အဖွင့်ပွဲစဥ် လေးပွဲဆက် ပွဲချိန်ပြည့် ပါဝင် ကစားခွင့် ရထားပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ ဂွမ်ဒူဇီ ဟာ အယ်ဘေးနီးယား ၊အန်ဒိုရာ တို့နဲ့ ယူရို ခြေစစ်ပွဲ ကစားမယ့် ပြင်သစ် လက်ရွေးစင် အသင်းကြီးမှာ ပထမဆုံး အကြိမ် ရွေးချယ် ခံခဲ့ရပါယ်။ဂွမ်ဒူဇီ အတွက်တော့ အာဆင်နယ် အသင်းကို ပြောင်းရွှေ့လာပြီး တစ်နှစ်ကျော် ကာလ အတွင်းမှာ ပြင်သစ် လက်ရွေးစင် အသင်းမှာ ပါဝင်ခွင့် ရသွားတာပါ ။

ဂွမ်ဒူဇီ ဟာ တော့တင်ဟမ် အသင်း နဲ့ လန်ဒန်ဒါဘီပွဲမှာ အူဘာမီယန်း ရဲ့ သွင်းဂိုးကို အကွက်မြင်မြင် နဲ့ ဖန်တီး ပေးပို့နိုင်ခဲ့တာကြောင့် ပရိသတ်တွေ၊ကစားသမားဟောင်းတွေရဲ့ ချီးကျူး အားပေးမှုကိုလည်း ရရှိခဲ့ပါတယ် ။

တော့တင်ဟမ် တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က Football Insider မှာ ဂွမ်ဒူဇီ ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ” သူ့ရဲ့ ကစားပုံက အာဆင်နယ် အသင်းမှာ နှစ်တွေ အများကြီး ကစားခဲ့သလိုမျိုး ကစားနေတာပါ။အသက်က ၂၀ ပဲ ရှိသေးတော့ နောက်ထပ် ၁၀ နှစ်လောက် အာဆင်နယ် ကွင်းလယ်မှာ ကောင်းကောင်း ကစားနိုင်ဦးမှာပါ ။ ”

” သူက​ ဘောလုံး ကိုင်ကစားရတာ အားသန်ပြီး ဘောလုံး ပေးလိုက်ရင်လည်း ပြန်လက်ခံဖို့ အမြဲ အသင့်ဖြစ်နေတဲ့သူပါ ။ သူ့လိုမျိုး ဘောလုံး ရဲရဲကိုင်ကစားနိုင်တဲ့ အရည်အသွေးက သင်ပေးလို့ မရပါဘူး ၊ နဂိုထဲက သူ့မှာ ပါလာပြီးသားပါ ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

အင်္ဂလန် တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ ဂယ်ရီလိုင်နီကာ ကလည်း ပြင်သစ် လက်ရွေးစင် အသင်းကြီးမှာ ဂွမ်ဒူဇီ ရွေးချယ် ခံခဲ့ရတဲ့ အပေါ် မအံ့ဩမိကြောင်း နဲ့ ဂွမ်ဒူဇီ ဟာ အရည်အသွေးကောင်းတွေ ရှိတဲ့ လူငယ် ကစားသမား တစ်ဦး ဖြစ်ကြောင်း ဆိုပါတယ်။

ဒါ့အပြင် ကော်လီမိုး ကလည်း ဂွမ်ဒူဇီ ဟာ ရှာကာထက် စည်းကမ်းပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်တဲ့ ကစားသမား ၊တော်ရီးယား ထက် ခန္ဓာကိုယ် ကြံ့ခိုင် တောင့်တင်းတဲ့ ကစားသမားတွေနဲ့သာ ကွင်းလယ်မှာ တွဲကစားရရင် စူပါစတား ကစားသမား တစ်ဦး ဖြစ်လာလိမ့်မယ်လို့ ချီးကျူး သွားခဲ့ပါတယ်။

SPORTS MYANMAR