* ယူရို ယူ-၂၁ ေျခစစ္ပြဲ အျဖစ္ တူရကီ ယူ-၂၁ အသင္း နဲ႔ အဂၤလန္ ယူ-၂၁ အသင္းတို႔ ကစားခဲ့ၾကတဲ့ ပြဲမွာ အာဆင္နယ္ အသင္း ကစားသမားေတြျဖစ္တဲ့ အန္ခီတီးယား က ႏွစ္ဂိုး ၊ နယ္လ္ဆင္ က တစ္ဂိုး သြင္းယူ ခဲ့ၾကပါတယ္ ။အန္ခီတီးယား ဟာ အဂၤလန္ ယူ-၂၁ အသင္းအတြက္ ပြဲခ်ိန္ျပည့္ ပါဝင္ ကစားေပးခဲ့ၿပီး နယ္လ္ဆင္ ကေတာ့ ပြဲခ်ိန္ ၇၉ မိနစ္ အထိ ကစားကာ အနိုင္ရေစမယ့္ဂိုးကို သြင္းယူ ေပးခဲ့ပါတယ္။

* နီကိုလပ္စ္ ပီပီ ဟာ ဒဏ္ရာ ျပႆနာ အနည္းငယ္ ရွိေနတာေၾကာင့္ အိုင္ဗရီကိုစ့္ လက္ေရြးစင္ အသင္း လူစာရင္း ကေန ႏွုတ္ထြက္လိုက္ပါတယ္ ။ ပီပီ ရဲ့ ဒဏ္ရာ ျပႆနာဟာ စိုးရိမ္စရာ မရွိဘဲ ႀကိဳတင္ ကာကြယ္တဲ့ အေနနဲ႔ ႏွုတ္ထြက္လိုက္တာ ျဖစ္ၿပီး ဝက္ဖိုဒ့္ အသင္းနဲ႔ ပြဲအမွီ ႀကံ့ခိုင္မွု ျပန္လည္ ျပည့္ဝလာေအာင္ ေလ့က်င့္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

* ဂြမ္ဒူဇီ က သူဟာ ျပင္သစ္ လက္ေရြးစင္ အသင္းႀကီးမွာ ေရြးခ်ယ္ ခံရတာဟာ ထိုက္တန္မွု ရွိေၾကာင္း သက္ေသျပဖို႔ ကိုယ့္ကိုယ္ကို ယုံၾကည္မွု အျပည့္ ရွိေၾကာင္း ေျပာၾကား လိုက္ပါတယ္ ။ဒါ့အျပင္ ဂြမ္ဒူဇီ က သူဟာ အခု အခ်ိန္မွာ အာဆင္နယ္ အသင္းကို ေရာက္စတုန္းကထက္ အမ်ားႀကီး ရင့္က်က္ ေကာင္းမြန္လာၿပီလို႔ ဆိုပါတယ္။

* အာဆင္နယ္ အသင္းရဲ့ ဩဂုတ္လ တစ္လတာ အေကာင္းဆုံး ကစားသမားဆုေကာ အေကာင္းဆုံးသြင္းဂိုးဆုေကာကို တိုက္စစ္မွူး အူဘာမီယန္း က ဆြတ္ခူး ရရွိ သြားခဲ့ပါတယ္ ။

* လိဒ္ယူနိုက္တက္ အသင္းကို တစ္ရာသီအငွား သြားေရာက္ ကစားေနတဲ့ အန္ခီတီးယား က နည္းၿပ အမ္မရီ ဟာ သူ႔ကို အသင္းမွာ ဆက္လက္ ထိန္းသိမ္းထားခ်င္ေပမယ့္ သူ႔အတြက္ အေကာင္းဆုံး ျဖစ္မယ့္ အရာကို ေရြးခ်ယ္ ဆုံးျဖတ္ေပးခဲ့တာ ျဖစ္ေၾကာင္း ဆိုပါတယ္ ။

* အာဆင္နယ္ အသင္းရဲ့ ဘရာဇီး လူငယ္ ၾကယ္ပြင့္ မာတီနယ္လီ က သူ အသင္းမွာ အထိုင္က်ဖို႔ အတြက္ နည္းၿပ အူနိုင္း အမ္မရီ နဲ႔ နည္းစနစ္ ဒါရိုက္တာ အီဒူး တို႔က အမ်ားႀကီး အကူအညီ ေပးခဲ့ၾကေၾကာင္း ဖြင့္ဟ ေျပာၾကား သြားခဲ့ပါတယ္ ။

* လီဗာပူး ကစားသမားေဟာင္း ေကာ္လီမိုး က ဂြမ္ဒူဇီ ဟာ ရွာကာထက္ စည္းကမ္းပိုင္းဆိုင္ရာ ပိုမိုေကာင္းမြန္တဲ့ ကစားသမား ၊ေတာ္ရီးယား ထက္ ခႏၶာကိုယ္ ႀကံ့ခိုင္ ေတာင့္တင္းတဲ့ ကစားသမားေတြနဲ႔သာ ကြင္းလယ္မွာ တြဲကစားရရင္ စူပါစတား ကစားသမား တစ္ဦး ျဖစ္လာလိမ့္မယ္လို႔ ခ်ီးက်ဴး လိုက္ပါတယ္။

* ျပင္သစ္ နည္းၿပ ဒက္စ္ခ်မ့္က ဂြမ္ဒူဇီ ရဲ့ တက္ႂကြတဲ့ စိတ္ဓတ္ နဲ႔ အသင္း အတြက္ ေပးဆပ္ ကစားလိုစိတ္ ျပင္းျပမွု အေပၚ အားရ ေက်နပ္ ေနၿပီး တျခား ျပင္သစ္ လူငယ္ကစားသမားေတြလည္း ဂြမ္ဒူဇီလို စိတ္ဓတ္မ်ိဳး ရွိဖို႔ ေမၽွာ္လင့္ေၾကာင္း ေျပာၾကား သြားခဲ့ပါတယ္။

* အီတီဟက္ ကြင္းမွာ ကြန္ပနီ ႏွုတ္ဆက္ပြဲ အျဖစ္ မန္စီးတီး ဂႏၲဝင္ အသင္း နဲ႔ ပရီးမီးယားလိဂ္ all star အသင္းတို႔ ကစားၾကမယ့္ ရန္ပုံေငြပြဲမွာ အာဆင္နယ္ အသင္း ကစားသမားေဟာင္းေတြ ျဖစ္တဲ့ အြန္နရီ၊ ဗန္ပါစီ၊ ဖာဘရီဂက္စ္ တို႔ ပါဝင္ ကစားၾကမယ္လို႔ သိရပါတယ္ ။

* အာဆင္နယ္ အသင္းဟာ တိုက္စစ္မွူး အူဘာမီယန္း ​ကို စာခ်ဳပ္ သက္တမ္းတိုးနိုင္လိမ့္မယ္ညလို႔ ယုံၾကည္မွု အျပည့္ ရွိေနေၾကာင္း Football London က ဆိုပါတယ္ ။ အူဘာမီယန္း ဟာ အာဆင္နယ္ အသင္းနဲ႔ စာခ်ဳပ္ သက္တမ္း ႏွစ္ႏွစ္အထိ က်န္ရွိေနပါေသးတယ္။

SPORTS MYANMAR

Unicode

အာဆင်နယ် သတင်းတိုများ
===================

* ယူရို ယူ-၂၁ ခြေစစ်ပွဲ အဖြစ် တူရကီ ယူ-၂၁ အသင်း နဲ့ အင်္ဂလန် ယူ-၂၁ အသင်းတို့ ကစားခဲ့ကြတဲ့ ပွဲမှာ အာဆင်နယ် အသင်း ကစားသမားတွေဖြစ်တဲ့ အန်ခီတီးယား က နှစ်ဂိုး ၊ နယ်လ်ဆင် က တစ်ဂိုး သွင်းယူ ခဲ့ကြပါတယ် ။အန်ခီတီးယား ဟာ အင်္ဂလန် ယူ-၂၁ အသင်းအတွက် ပွဲချိန်ပြည့် ပါဝင် ကစားပေးခဲ့ပြီး နယ်လ်ဆင် ကတော့ ပွဲချိန် ၇၉ မိနစ် အထိ ကစားကာ အနိုင်ရစေမယ့်ဂိုးကို သွင်းယူ ပေးခဲ့ပါတယ်။

* နီကိုလပ်စ် ပီပီ ဟာ ဒဏ်ရာ ပြဿနာ အနည်းငယ် ရှိနေတာကြောင့် အိုင်ဗရီကိုစ့် လက်ရွေးစင် အသင်း လူစာရင်း ကနေ နှုတ်ထွက်လိုက်ပါတယ် ။ ပီပီ ရဲ့ ဒဏ်ရာ ပြဿနာဟာ စိုးရိမ်စရာ မရှိဘဲ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ နှုတ်ထွက်လိုက်တာ ဖြစ်ပြီး ဝက်ဖိုဒ့် အသင်းနဲ့ ပွဲအမှီ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာအောင် လေ့ကျင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

* ဂွမ်ဒူဇီ က သူဟာ ပြင်သစ် လက်ရွေးစင် အသင်းကြီးမှာ ရွေးချယ် ခံရတာဟာ ထိုက်တန်မှု ရှိကြောင်း သက်သေပြဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် ရှိကြောင်း ပြောကြား လိုက်ပါတယ် ။ဒါ့အပြင် ဂွမ်ဒူဇီ က သူဟာ အခု အချိန်မှာ အာဆင်နယ် အသင်းကို ရောက်စတုန်းကထက် အများကြီး ရင့်ကျက် ကောင်းမွန်လာပြီလို့ ဆိုပါတယ်။

* အာဆင်နယ် အသင်းရဲ့ ဩဂုတ်လ တစ်လတာ အကောင်းဆုံး ကစားသမားဆုကော အကောင်းဆုံးသွင်းဂိုးဆုကောကို တိုက်စစ်မှူး အူဘာမီယန်း က ဆွတ်ခူး ရရှိ သွားခဲ့ပါတယ် ။

* လိဒ်ယူနိုက်တက် အသင်းကို တစ်ရာသီအငှား သွားရောက် ကစားနေတဲ့ အန်ခီတီးယား က နည်းပြ အမ်မရီ ဟာ သူ့ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားချင်ပေမယ့် သူ့အတွက် အကောင်းဆုံး ဖြစ်မယ့် အရာကို ရွေးချယ် ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ကြောင်း ဆိုပါတယ် ။

* အာဆင်နယ် အသင်းရဲ့ ဘရာဇီး လူငယ် ကြယ်ပွင့် မာတီနယ်လီ က သူ အသင်းမှာ အထိုင်ကျဖို့ အတွက် နည်းပြ အူနိုင်း အမ်မရီ နဲ့ နည်းစနစ် ဒါရိုက်တာ အီဒူး တို့က အများကြီး အကူအညီ ပေးခဲ့ကြကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ် ။

* လီဗာပူး ကစားသမားဟောင်း ကော်လီမိုး က ဂွမ်ဒူဇီ ဟာ ရှာကာထက် စည်းကမ်းပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်တဲ့ ကစားသမား ၊တော်ရီးယား ထက် ခန္ဓာကိုယ် ကြံ့ခိုင် တောင့်တင်းတဲ့ ကစားသမားတွေနဲ့သာ ကွင်းလယ်မှာ တွဲကစားရရင် စူပါစတား ကစားသမား တစ်ဦး ဖြစ်လာလိမ့်မယ်လို့ ချီးကျူး လိုက်ပါတယ်။

* ပြင်သစ် နည်းပြ ဒက်စ်ချမ့်က ဂွမ်ဒူဇီ ရဲ့ တက်ကြွတဲ့ စိတ်ဓတ် နဲ့ အသင်း အတွက် ပေးဆပ် ကစားလိုစိတ် ပြင်းပြမှု အပေါ် အားရ ကျေနပ် နေပြီး တခြား ပြင်သစ် လူငယ်ကစားသမားတွေလည်း ဂွမ်ဒူဇီလို စိတ်ဓတ်မျိုး ရှိဖို့ မျှော်လင့်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

* အီတီဟက် ကွင်းမှာ ကွန်ပနီ နှုတ်ဆက်ပွဲ အဖြစ် မန်စီးတီး ဂန္တဝင် အသင်း နဲ့ ပရီးမီးယားလိဂ် all star အသင်းတို့ ကစားကြမယ့် ရန်ပုံငွေပွဲမှာ အာဆင်နယ် အသင်း ကစားသမားဟောင်းတွေ ဖြစ်တဲ့ အွန်နရီ၊ ဗန်ပါစီ၊ ဖာဘရီဂက်စ် တို့ ပါဝင် ကစားကြမယ်လို့ သိရပါတယ် ။

* အာဆင်နယ် အသင်းဟာ တိုက်စစ်မှူး အူဘာမီယန်း ​ကို စာချုပ် သက်တမ်းတိုးနိုင်လိမ့်မယ်ညလို့ ယုံကြည်မှု အပြည့် ရှိနေကြောင်း Football London က ဆိုပါတယ် ။ အူဘာမီယန်း ဟာ အာဆင်နယ် အသင်းနဲ့ စာချုပ် သက်တမ်း နှစ်နှစ်အထိ ကျန်ရှိနေပါသေးတယ်။

SPORTS MYANMAR