အာဂ်င္ တီးနား ျပည္တြင္း ကလပ္ အသင္း တစ္သင္း ျဖစ္တဲ့ အာဂ်င္ တီႏို ဂ်ဴနီယာ ဟာ သူတို႔ အသင္း မွာ ကစား သြားခဲ့ တဲ့ ဂႏၳ၀င္ ေဘာလံုး သမား ႀကီး ဒီေယဂို မာရာဒိုနာ အတြက္ ထူးျခား တဲ့ ဂုဏ္ျပဳ မႈ တစ္ခု ျပဳလုပ္ ေပးခဲ့ ပါတယ္ ။ အသင္း သားေတြ ကြင္းအတြင္း ၀င္ေရာက္ တဲ့ ဥမင္ ကို မာရာဒိုနာ ေလမႈတ္ အရုပ္ႀကီး ရဲ႕ ရင္ဘတ္ ကေန ျဖတ္သန္း ျပဳလုပ္ ေပး ထားခဲ့ တာပဲ ျဖစ္ ပါတယ္ ။

မာရာဒိုနာ ဟာ ပေရာ္ဖက္ရွင္ ကစား သမား ဘ၀ ကို အာဂ်င္ တီႏို ဂ်ဴနီယာ အသင္း မွာ အသက္ ၁၆ ႏွစ္ အရြယ္ နဲ႔ စတင္ ခဲ့ သူ ျဖစ္ ပါတယ္ ။ အဆိုပါ အသင္း မွာ မာရာဒိုနာ ဟာ ၁၉၇၆ ကေန ၁၉၈၁ ခုႏွစ္ အထိ ကစား ေပး ခဲ့ၿပီး ၁၆၇ ပြဲ မွာ ၁၁၆ ဂုိး သြင္းယူ ေပး ခဲ့ ပါတယ္ ။

ဒီလုိ ေက်ာ္ၾကား လာ အၿပီး မွာေတာ့ မာရာဒိုနာ ဟာ သူ႔ရဲ႕ ဘ၀ ေျခလွမ္း သစ္ အျဖစ္ အာဂ်င္တီးနား ရဲ႕ နာမည္ ေက်ာ္ ကလပ္ ဘုိကာ ဂ်ဴနီယာ ကို ေျပာင္းေရႊ႕ သြားခဲ့ ပါတယ္ ။ မာရာဒိုနာ ဟာ အာဂ်င္တီးနား အသင္း ကို ကမၻာ့ ဖလား ခ်န္ပီယံ ၂ ႀကိမ္ ျဖစ္ေအာင္ စြမ္းေဆာင္ ေပးႏုိင္ ခဲ့သလို ေဘာလံုး သမိုင္း တစ္ေလ်ာက္ အေကာင္းဆံုး ကစား သမား ေတြ ထဲ ကတစ္ဦး အျဖစ္ လည္း သတ္မွတ္ ခံ ခဲ့ရ ပါတယ္ ။

ဒီလို ခမ္းနား ႀကီးက်ယ္ ခဲ့တဲ့ မာရာဒိုနာ ကို ဂုဏ္ျပဳ တဲ့ အေနနဲ႔ အာဂ်င္တီႏို ဂ်ဴနီယာ ဟာ သူတို႔ ရဲ႕ ကြင္းႀကီး ကို “El Diego Stadium” လုိ႔ အမည္ ေျပာင္းလဲ မွည့္ ေခၚခဲ့ ၿပီး ျဖစ္ ပါတယ္ ။ ဒါေပမယ့္ ယခု ေနာက္ ထပ္ တဖန္ မာရာဒိုနာ ကို ဂုဏ္ျပဳ တဲ့ အေနနဲ႔ ေလမႈတ္ ေဖာင္းၾကြ ဥမင္ ကို ျပဳလုပ္ ခဲ့ျပန္ ပါတယ္ ။

ႀကီးမား လွတဲ့ မာရာဒိုနာ ေလမႈတ္ အရုပ္ႀကီး ဟာ ေဘာလံုး သမားေတြ အ၀တ္လဲ ခန္းထဲ ကေန ကြင္းအတြင္း ၀င္ေရာက္ ရာမွာ ဥမင္ အျဖစ္ အသံုးျပဳ မွာ ျဖစ္ၿပီး မာရာဒိုနာ ရဲ႕ ရင္ဘတ္ ကို ဥမင္ ေပါက္ အျဖစ္ ျပဳလုပ္ ထားတာ ျဖစ္ ပါတယ္ ။

မာရာဒိုနာ ဟာ အာဂ်င္တီႏို ကလပ္ ရဲ႕ အနီေရာင္ Adidas ဂ်ာစီ ကို ၀တ္ဆင္ ထားၿပီး လက္သီးဆုပ္ ကာ ေအာင္ပြဲ ခံ ေနဟန္ ျပဳလုပ္ ထားတာ ျဖစ္ ပါတယ္ ။ အဆုိပါ ေလမႈတ္ ဥမင္ ကို ၿပီး ခဲ့တဲ့ တနလၤာေန႔ က ကစား ခဲ့ တဲ့ ျပည္တြင္း ပြဲစဥ္ မွာ စတင္ မိတ္ဆက္ သြားခဲ့ ပါတယ္ ။

ဒီလုိ ခမ္းနားလွတဲ့ ကစား သမား ေဟာင္း တစ္ဦး ရဲ႕ ပံုရိပ္ ေတြ နဲ႔ လႊမ္းၿခဳံ ထားခဲ့ ေပမယ့္ အာဂ်င္တီႏို ဂ်ဴနီယာ ဟာ အာဂ်င္ ျပည္တြင္း လိဂ္ မွာ အေျခအေန မေကာင္း ျဖစ္ ေနခဲ့ ပါတယ္ ။ တနလၤာေန႔ က ဂုိး မရွိ သေရ က်ခဲ့ တဲ့ ပြဲ အၿပီး မွာ ဂ်ဴနီယာ အသင္း ဟာ အာဂ်င္တိုင္း လိဂ္ ရဲ႕ ေအာက္ဆံုး ကေန ဒုတိယ ေနရာ မွာ ရွိ ေနခဲ့ ၿပီး တန္းမဆင္း ရ ေရး အတြက္ ရုန္းကန္ ေနခဲ့ ရ ပါတယ္ ။

SPORTS MYANMAR

Unicode

အာဂျင်တီးနား ဂန္ထဝင်ကြီး မာရာဒိုနာ ကို ထူးခြားတဲ့ နည်းလမ်းနဲ့ ဂုဏ်ပြုခဲ့တဲ့ အသင်းဟောင်း

==========================================

အာဂျင် တီးနား ပြည်တွင်း ကလပ် အသင်း တစ်သင်း ဖြစ်တဲ့ အာဂျင် တီနို ဂျူနီယာ ဟာ သူတို့ အသင်း မှာ ကစား သွားခဲ့ တဲ့ ဂန္ထဝင် ဘောလုံး သမား ကြီး ဒီယေဂို မာရာဒိုနာ အတွက် ထူးခြား တဲ့ ဂုဏ်ပြု မှု တစ်ခု ပြုလုပ် ပေးခဲ့ ပါတယ် ။ အသင်း သားတွေ ကွင်းအတွင်း ၀င်ရောက် တဲ့ ဥမင် ကို မာရာဒိုနာ လေမှုတ် အရုပ်ကြီး ရဲ့ ရင်ဘတ် ကနေ ဖြတ်သန်း ပြုလုပ် ပေး ထားခဲ့ တာပဲ ဖြစ် ပါတယ် ။

မာရာဒိုနာ ဟာ ပရော်ဖက်ရှင် ကစား သမား ဘဝ ကို အာဂျင် တီနို ဂျူနီယာ အသင်း မှာ အသက် ၁၆ နှစ် အရွယ် နဲ့ စတင် ခဲ့ သူ ဖြစ် ပါတယ် ။ အဆိုပါ အသင်း မှာ မာရာဒိုနာ ဟာ ၁၉၇၆ ကနေ ၁၉၈၁ ခုနှစ် အထိ ကစား ပေး ခဲ့ပြီး ၁၆၇ ပွဲ မှာ ၁၁၆ ဂိုး သွင်းယူ ပေး ခဲ့ ပါတယ် ။

ဒီလို ကျော်ကြား လာ အပြီး မှာတော့ မာရာဒိုနာ ဟာ သူ့ရဲ့ ဘဝ ခြေလှမ်း သစ် အဖြစ် အာဂျင်တီးနား ရဲ့ နာမည် ကျော် ကလပ် ဘိုကာ ဂျူနီယာ ကို ပြောင်းရွှေ့ သွားခဲ့ ပါတယ် ။ မာရာဒိုနာ ဟာ အာဂျင်တီးနား အသင်း ကို ကမ္ဘာ့ ဖလား ချန်ပီယံ ၂ ကြိမ် ဖြစ်အောင် စွမ်းဆောင် ပေးနိုင် ခဲ့သလို ဘောလုံး သမိုင်း တစ်လျောက် အကောင်းဆုံး ကစား သမား တွေ ထဲ ကတစ်ဦး အဖြစ် လည်း သတ်မှတ် ခံ ခဲ့ရ ပါတယ် ။

ဒီလို ခမ်းနား ကြီးကျယ် ခဲ့တဲ့ မာရာဒိုနာ ကို ဂုဏ်ပြု တဲ့ အနေနဲ့ အာဂျင်တီနို ဂျူနီယာ ဟာ သူတို့ ရဲ့ ကွင်းကြီး ကို “El Diego Stadium” လို့ အမည် ပြောင်းလဲ မှည့် ခေါ်ခဲ့ ပြီး ဖြစ် ပါတယ် ။ ဒါပေမယ့် ယခု နောက် ထပ် တဖန် မာရာဒိုနာ ကို ဂုဏ်ပြု တဲ့ အနေနဲ့ လေမှုတ် ဖောင်းကြွ ဥမင် ကို ပြုလုပ် ခဲ့ပြန် ပါတယ် ။

ကြီးမား လှတဲ့ မာရာဒိုနာ လေမှုတ် အရုပ်ကြီး ဟာ ဘောလုံး သမားတွေ အဝတ်လဲ ခန်းထဲ ကနေ ကွင်းအတွင်း ၀င်ရောက် ရာမှာ ဥမင် အဖြစ် အသုံးပြု မှာ ဖြစ်ပြီး မာရာဒိုနာ ရဲ့ ရင်ဘတ် ကို ဥမင် ပေါက် အဖြစ် ပြုလုပ် ထားတာ ဖြစ် ပါတယ် ။

မာရာဒိုနာ ဟာ အာဂျင်တီနို ကလပ် ရဲ့ အနီရောင် Adidas ဂျာစီ ကို ၀တ်ဆင် ထားပြီး လက်သီးဆုပ် ကာ အောင်ပွဲ ခံ နေဟန် ပြုလုပ် ထားတာ ဖြစ် ပါတယ် ။ အဆိုပါ လေမှုတ် ဥမင် ကို ပြီး ခဲ့တဲ့ တနင်္လာနေ့ က ကစား ခဲ့ တဲ့ ပြည်တွင်း ပွဲစဉ် မှာ စတင် မိတ်ဆက် သွားခဲ့ ပါတယ် ။

ဒီလို ခမ်းနားလှတဲ့ ကစား သမား ဟောင်း တစ်ဦး ရဲ့ ပုံရိပ် တွေ နဲ့ လွှမ်းခြုံ ထားခဲ့ ပေမယ့် အာဂျင်တီနို ဂျူနီယာ ဟာ အာဂျင် ပြည်တွင်း လိဂ် မှာ အခြေအနေ မကောင်း ဖြစ် နေခဲ့ ပါတယ် ။ တနင်္လာနေ့ က ဂိုး မရှိ သရေ ကျခဲ့ တဲ့ ပွဲ အပြီး မှာ ဂျူနီယာ အသင်း ဟာ အာဂျင်တိုင်း လိဂ် ရဲ့ အောက်ဆုံး ကနေ ဒုတိယ နေရာ မှာ ရှိ နေခဲ့ ပြီး တန်းမဆင်း ရ ရေး အတွက် ရုန်းကန် နေခဲ့ ရ ပါတယ် ။

SPORTS MYANMAR