အင်္ဂလန် နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ကလပ် အသင်းပြိုင်ပွဲကြီး ဖြစ်တဲ့ ပထမတန်း ပြိုင်ပွဲကို ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲ ကျင်းပလာခဲ့တာ ၂၇ နှစ် တာကာလအတွင်းကို ရောက်ရှိလာပြီဖြစ်ပါတယ်။ဒီအတောအတွင်းမှာ ကစားသမားကောင်းတွေ အများအပြားကို အားလုံးက မြင်တွေ့ခဲ့ရပြီးလည်းဖြစ်ပါတယ်။

အဆိုပါကာလအတွင်းမှာပြိုင်ပွဲဝင် အသင်းတွေကို ကိုင်တွယ်ခဲ့ကြတဲ့နည်းပြ ပေါင်းဟာ လည်း စုစုပေါင်း ၄၀၀ ကျော်အထိ ရှိနေခဲ့ပြီဖြစ်ပါတယ်။ QPR အသင်းကို တရက်သာကိုင်တွယ်ခွင့်ရခဲ့တဲ့ မက်ဘိုဝင်၊ စပါးအသင်းကို တရက်သာနည်းပြခွင့်ရခဲ့တဲ့ ကလစ်ဗ်အလန် တို့လို နည်းပြတွေကိုမြင်တွေ့ထားခဲ့ရသလို အာဆင်နယ်အသင်းကို ၈၂၈ပွဲအထိ ကိုင်တွယ်ခွင့်ရခဲ့တဲ့ နည်းပြတွေလည်းရှိခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် သမိုင်းမှာ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ယူနိုက်တက်ရဲ့နည်းပြ ဟောင်း ဆာအဲလက်စ်ကို အအောင်မြင်ဆုံးနည်းပြ လို့ ယေဘုယျသတ်မှတ်နိုင်ပေမယ့် သူ့နည်းတူ ဘယ်နည်းပြတွေက အကြီးကျယ်အခန်းနားဆုံးဆိုတာကို အောက်ပါအတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပထမပိုင်းမှာတော့ အဆင့် ၁၀နေရာကနေ အဆင့်၆ အတွင်းမှာရှိနေတဲ့ ပိုချက်တီနို ၊ ကွန်တီ ၊ ဒဲလ်ဂလစ်ခ်ျ ၊ ရာနေးရီ ၊ ကလော့ပ် တို့ရဲ့ အကြောင်းကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။အခုဒုတိယပိုင်း မှာ ပါဝင်နေသူတွေကတော့ –

၅။ ဘင်နီတက်ဇ် ( နယူးကာဆယ် )

အန်ဖီးလ် ကိုသူရောက်ရှိတဲ့ အဖွင့်ရာသီ
မှာ လီဗာပူး အသင်းကို ချန်ပီယံ လိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါ့အပြင် လီဗာပူး အသင်းရဲ့ သမိုင်းမှာ ပထမဆုံး ပရီးမီးယား လိဂ် ချန်ပီယံ ဆုကို ရယူပေးနိုင်လုနီးပါးအထိ စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဘင်နီတက်ဇ်ရဲ့ နယူးကာဆယ်အသင်းအတွက်စွမ်းဆောင်ပေးမှုဟာ အန်ဖီးလ်မှာထက်ပိုခဲ့တာဖြစ်ပါတယ်။သူဟာ ၂၀၁၆ မတ်လမှာ နယူးကာဆယ်အသင်းကို စတင်တာဝန်ယူခဲ့တာဖြစ်ပြီး တန်းကျန်အောင်မစွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် နောက်ရာသီကုန်မှာပဲ တန်းပြန်တက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

၎။ မော်ရင်ဟို ( ချဲဆီးလ် )

ယူနိုက်တက်ဖန်တွေ ကတော့ ဒီစာရင်းမှာ မော်ရင်ဟို ပါဝင်နေတာကို သိပ်တော့သဘောတူချင်ပုံမရပါဘူး။ဒါပေမယ့် စတန်းဖို့ဒ်ဘရစ်ခ်ျကို သူရောက်လာခဲ့တဲ့ ပထမဆုံး၂ ရာသီဆက်မှာပဲ ပရီးမီးယားလိဂ် ဖလား ၂လုံးရယူပေးနိုင်ခဲ့ပါတယ်။၁၉၅၅ နောက်ပိုင်း ချဲဆီးလ်တို့ ပြည်တွင်း လိဂ်မှာပထမဆုံး ပြန်ပြီးဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်အသင်းပိုင်ရှင် အေဘရာမိုဗစ်ရဲ့ထုတ်ပယ်ခြင်းခံခဲ့ရပြီး ၂၀၁၆ မှာတော့ ယူနိုက်တက် အသင်းနဲ့အတူ အင်္ဂလန် ဘောလုံးလောကကို ပြန်ရောက်လာခဲ့ပါတယ်။ယူနိုက်တက် အသင်းကို လိဂ်ဖလားနဲ့ယူရိုပါလိဂ်ဖလားတွေ ရယူပေးအပြီးမှာလည်းထပ်မံထုတ်ပယ်ခံခဲ့ရပါတယ်။

၃။ အာဆင်ဝင်းဂါး ( အာဆင်နယ် )

ပရီးမီးယားလိဂ် သမိုင်း မှာ သက်တမ်းအကြာဆုံး နည်းပြတဦးဖြစ်ပြီး အာဆင်နယ် အသင်းကို စုစုပေါင်း လိဂ်ပွဲ ၈၂၈ ပွဲအထိ ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။အာဆင်နယ်အသင်းကို စတင်ရောက်ခဲ့တဲ့ အဖွင့် ရာသီ ၂၀ ဆက် ထိပ်ဆုံးလေးသင်းဝင်ရောက်နိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ၂၀၀၃ – ၀၄ ရာသီမှာရယူပေးနိုင်ခဲ့တဲ့ ရွှေဖလား အပါအဝင် ပရီးမီးယားလိဂ် ချန်ပီယံဆု၃ ကြိမ်ရယူပေးနိုင်ခဲ့ပါတယ်။သူ့ရဲ့ အံ့မခန်းစွမ်းဆောင်တွေကြောင့် ကျေနပ်စရာဖြစ်ခဲ့ပေမယ့်
နောက်ဆုံး ၃နှစ်ဆက် ချန်ပီယံလိဂ်ဝင်ခွင့်တောင် ရအောင် မယူပေးနိုင်တဲ့ သူ့ကို
စိတ်ပျက်နေသူတွေလည်းရှိနေပါတယ်။

၂။ ဂွာဒီယိုလာ ( မန်စီးတီး )

စပိန်၊ ဂျာမန် မြေတွေမှာဘုရင်ဖြစ်ခဲ့တဲ့ ဂွာဒီယိုလာရဲ့ အင်္ဂလန်မြေ အဖွင့်ရာသီမှာ မန်စီးတီး အသင်းတတိယနေရာသာ
ရရှိခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီနောက် ၂ရာသီဆက် ပရီးမီးယားလိဂ်ချန်ပီယံဆုတွေကို ရယူပေးထားနိုင်ခဲ့ပြီးစုစုပေါင်း ရမှတ် ၁၉၈ မှတ်အထိ ရယူပေးနိုင်ခဲ့ပါတယ်။တရာသီအတွင်းရမှတ် ၁၀၀ ၊ ရမှတ် ၉၈ မှတ်တွေနဲ့ ချန်ပီယံ
ဆုရယူနိုင်တာ ဟာ သမိုင်းတလျှောက် အမြင့်ဆုံးတွေ လည်းဖြစ်ပါတယ်။ဂွာဒီယိုလာလက်ထက် မှာ မန်စီးတီး အသင်း
ငွေသုံးကြမ်းတယ်လို့ ဆိုနိုင်ပေမယ့် သူ့ရဲ့ အသင်းကလည် ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးအသင်းတွေထဲမှာ ပါဝင်နေပြီဖြစ်ပါတယ်။

၁။ ဆာအဲလက်စ် ( ယူနိုက်တက် )

ယူနိုက်တက် အသင်းကိုတာဝန်ယူခဲ့တဲ့ ၂၁ ရာသီအတွင်း ပရီးမီးယားလိဂ်ချန်ပီယံ ၁၃ ကြိမ်အထိ ရယူပေးထားတဲ့ ဆာအဲလက်စ် ထက် ဘယ်သူ့ကိုများ သမိုင်းတလျှောက် အကောင်းဆုံးနည်းပြအဖြစ် သတ်မှာနိုင်မှာပါလဲ? ။ ခေတ်အဆက်ဆက် မှာ ဥရောပတဝန်းကနာမည်ကြီးနည်းပြ တွေ အင်္ဂလန်မြေကို ရောက်လာခဲ့ပေမယ့် ဆာအဲလက်စ်ကတော့ ယူနိုက်တက် အသင်းကို ဆုဖလားတွေ လက်နဲ့ မပြတ်ဆိုသလို ရယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းသူ့ကိုပရီးမီးယားလိဂ်မှာသာမကပဲ ဘောလုံးသမိုင်းရဲ့အကြီးကျယ်အခန်းနားဆုံး နည်းပြတဦးအဖြစ် မှတ်ယူနိုင်တာဖြစ်ပါတယ်။

SM